Sunday, May 18, 2025

ပန်းမြတ်သဇင်

ပန်းမြတ်သဇင်
=========

ပန်းမြတ်သဇင် ပန်းသဇင်
သဇင်ပေါ်စ
နှင်းဝီဝီကေ နတ်တော်လ --။

ပြိုင်းတောင်ကျော်လမ်း
ခမောင်းပင်မှာ သဇင်ပန်း --။

ဆွတ်ခီဆွတ်ခီ
မယ်နှမမှာ သဇင်ပန်းကို
ပန်ရစီ --။

နှမပန်ချင်
ပျိုတိုင်းကြိုက်တေ ပန်းသဇင်
မယ်ကြင်မောင်ဝေ တက်လို့ဆွတ်ကေ
ရေခရ --။

ပန်းပွင့်သဇင်
မယ့်ဂေါင်းထက်မှာ လှလို့ပင် --။

တဝက်ကိုပန် တတန်နောင်ကျိုး
ပွင့်ဝီဝီကေ ညောင်ရီအိုးမှာ
အပြည့်ထိုး --။

မောင်နှင့်နှမ
သဇင်ပန်းကို အရင်းတည်
မောင်မယ်နှစ်ဝ
အခါတန် သင်္ကြန်လမှာ
ပေါင်းရပါစီ
ဆံတော်ရှင်လေ စေတီရင်းမှာ
ဆုတောင်းလီလေ ဆုတောင်းလီ --။

(ရှာဖွေတင်ပြသူ ခိုင်ဇေယျ)




No comments:

Post a Comment