Sunday, May 18, 2025

တပင်တိုင်နန်းက ပန်းသဇင်

တပင်တိုင်နန်းက ပန်းသဇင်
=================

စကားအရာ ပျားသကာသို့
ချိုသာအီးအီး
နန်းတော်ဝင်လေ သဇင်ပန်းပိုင်
ကြိုင်ကြိုင်မွှီးကေ ရခိုင်သွီးလေ။

စိတ်ထားကြည်ဖြူ
ဇမ္ဗူထင်ရှား လေးစားစံတင်
တပင်တိုင်လေ
ရခိုင်နန်းက ပန်းဘုရင်။

ဂုဏ်အင်ထူးမြတ် အထွဋ်ထိပ်သီး
မိနှင့်ဖမှာ ချစ်လို့မွီးကေ
နတ်သမီး။

မျိုးမြတ်သာကီ နန်းသိင်္ဂီ
ဒေဝီမိဘုရား
အလှစန္ဒာ မြသန္တာမှာ
ဝင်ကာစားကေ ဖွားမြင်ရေလား။

မက်မပြေ သက်ရွှေခဲ
ခြောက်ပြစ်ကင်း သဲလည်းစင်
တမ်းတမ်းစွဲကေ ဝမ်းထဲကြင်။

ကြက်သရေနှင့်
ထက်အာကာက ပမာလသို့
ချစ်ဖို့လွန်ကောင်း
ရခိုင်သူလေ ဖြူနွှဲ့နှောင်းကို
ပေါင်းရပါစီ
မုနိမဟာ မြတ်သျှင်ကျော်လေ
ထံတော်ပါးမှာ
ဆုတောင်းလီလည်း ဆုတောင်းလီ။

အောင်သာလှ (နတ်ဆိတ်)



No comments:

Post a Comment