Saturday, May 17, 2025

ဝါကြီးခြံ



ဝါကြီးခြံ
=====

ငါသီလားသော်
ငါကားတခုမယူနိုင်။

ယေဒါလည်းသင့်
နီပူချစ်ချစ် ချွေးပြစ်ပြစ်နှင့်
ငါစိုက်လို့ပျိုး ရွက်သွင်သွင်ကေ
ပင်နပျိုးနှင့် --။

နံရိုးပြိုင်းပြိုင်း ခါးစိုင်းစိုင်းကေ
ကိုင်းလို့လည်းသီး ကွမ်းသီးအုန်းပင်
ကျွဲကောပင်လေ ဂရင်ပိန္နဲ
ရင်ကွဲသရက် ငါ့ခြံထွက်ကို
သားစိုင်မြီးဆက်စားကတ်လီ --။

အသီးမျိုးစုံ ပန်းမျိုးစုံသည်
လူ့ဘုံလောက လှပဖို့တွက်
ရယူချင်ဇော လောဘမဲ့ကင်း
ပီးဆပ်ခြင်းနှင့် သန့်ယှင်းဖြူစင်
အသက်ရှင်သည်
လွန်ပင်ကျေးဇူးကြီးစွတကား --။

သာလှဦး (မြောက်ဦး)





No comments:

Post a Comment