Tuesday, May 13, 2025

ကျောက်ဆစ်လက်ရာ

ကျောက်ဆစ်လက်ရာ
============

တခဏကောင်း
ရောင်းပန်းလှလည်း
နှစ်လကြာကြာ
တာရှည်မခံ တပွဲပြန်။

ရညှိစွတ်စို ညိုညိုမဲမဲ
အရောင်မွဲလည်း
လောကဓံကို အံခဲကြိတ်ခံ
သူ၏မာန်။

ကျောက်ကိုထုဆစ်
ကျောက်ဆစ်လက်ရာ
အသဲမာသည်
နီပူပူ မိုးရွာရွာ။

ချွေးပေါက်ကျ၍
လှသည့်ပန်း
လမ်းမထက်က
ဂန္ဓမာပန်း။ ။

March 24, 2023 (Friday)(သောက္ကြာနိ)




No comments:

Post a Comment