Tuesday, May 13, 2025

သက်မဲ့

သက်မဲ့
=====

ခြင်္သေ့က ခြင်္သေ့
မဟာမုနိ ဘုရားရှိတည့်တည့် ခြင်္သေ့
လှည့်လည်းမလှည့် ကြည့်လည်း မကြည့်။

ကျားက ကျား
ဘုရားဇောင်းတန်းနားက ကျား
လားလည်းမလား စားလည်း မစား။

ကျုတ်ကို မီးဖုတ် အုဋ်အရုပ်
နီဝင်မိုးချုပ် တကုတ်ကုတ်
ငုတ်တုတ် မလှုပ်။

သာလှဧူး (မြောက်ဧူး)



No comments:

Post a Comment