======
မိနှင့်ဘမှာ
တယုတယ တော့လို့ခေါ်ကေ
ပု ယေ ဖ
မြက်ကောင်းကျွေးလို့ မွီးစပ်ထားရေ
ခြံပေါက်ကေရာလည်း ဂြိုလိမ်
အိမ်မှာဆို ချင်းချင်းချေလည်း အငြိမ်မနီ
ဆလိမ်ခြုံလေ သပေါက်စာခြုံအောက်
ရောက်ပျာလားကေ စားနီရေလား။
ရွှီခြီထောက်မှာ
အတောင်ပေါက်လို့ ပျောက်လားခရေ
အပုယေလေ ဖယေမောင်ကြီး
ဖုန်းသျှင်ကြီးကို
မေထွီးယေမှာ အတွက်ရလီ
ဝမ်းနည်းလီ။
စာလည်းမလာ ပီလည်းမကမ်း
သတင်းစကား ဆောင်းပါးမရောက်
စုန်းစုန်းပျောက်တေ။
မိုးသောက်ညဇာ မျှော်ပါသော်လည်း
ပေါ်လို့မလာ
သဘောက်ဖျာမှာ ဘယ်ညာလှူးကေ
ရူးဖို့ယာ။
သားကြီးမောင်ဖြူ
တကြူကြူကေ ငိုတတ်ယာ။
သမီးမေထွီး
ပြိုင်းကြီးပေါက်ကေ လားတတ်ယာ။
သင်္ကြန်လွန်ကေ ပြန်လို့လာလတ်
နဖူးစာမှာ ပါသည့်ဝဋ် ကျွတ်ပါစီ။
မေနှင့်မောင်မှာ
မခွဲမခွာ အနှစ်ရာကျော်
ပေါင်းကာဖော်ကေ ပျော်ရစီကြောင်း
ဘုန်းကြီးကျောင်းမှာ ဆွမ်းကြီးလောင်း
ဆုတောင်းကတ်မေ။
သာလှဦး (မြောက်ဦး)
No comments:
Post a Comment