==================
(တစ်)
ငါတယောက်တည်း
ကြောက်တေ
တဆီလည်းခြောက်တေ။
ယင်းလောက်စွာမှာ
လူတယောက်
တန်းခါးကိုလာခေါက်
အဘာလေး ကြောက်တေ။
မီးခွက်လည်းမှိတ်
လူသံတိတ် လို့
အိပ်လို့မပျော်
သန်းခေါင်ကျော်မှာ
အော်သံတိလည်းကြားရေ။
ငှက်ဆိုးမြည်သံ
ဒီးဒုတ်သံနှင့်
သန်းခေါင်ယံညည့်
လိုက်ဖို့ခေါ် ပေါ်မလာကဲ့။
မလားမလား
မလိုက်မလိုက်
မဖြစ်မဖြစ်
အဘာလေး ဖျစ်တေ။
ကြောက်ကြီးသံဖက်
လက်သဲဝှက်နှင့်
မျက်နှာကိုလည်း ခြစ်တေ။
ထားပစ် ခ ထားပစ် ခ
ယူလားလို့မရ
မျက်ရည်ကျ
ခွဲ ရဖို့ယာ။
ကယ်ဖို့လူ ကူသူမဟိ
အပုယေ ဇာဝယ်မသိ
မျက်စိကန်းယောင် နားပင်းယောင်လေ
အကွန်ဆောင်နီကတ်တေ။
မခွဲမခွာ တသက်တာ
အစဉ်ထာဝရ
ကမ္ဘာမက ချစ်တေဆို။
ငှက်ပိုင်ယှောင် အတောင်ဖြန့်လို့
မောင်လားရာ ပျံကာဝဲလို့
ဇာကိုလားလား တဖဝါး မကွါ
မခွာမခွဲ လိုက်ဖို့ဆို။
ကြောက်တေ
တဆီလည်းခြောက်တေ။
ယင်းလောက်စွာမှာ
လူတယောက်
တန်းခါးကိုလာခေါက်
အဘာလေး ကြောက်တေ။
မီးခွက်လည်းမှိတ်
လူသံတိတ် လို့
အိပ်လို့မပျော်
သန်းခေါင်ကျော်မှာ
အော်သံတိလည်းကြားရေ။
ငှက်ဆိုးမြည်သံ
ဒီးဒုတ်သံနှင့်
သန်းခေါင်ယံညည့်
လိုက်ဖို့ခေါ် ပေါ်မလာကဲ့။
မလားမလား
မလိုက်မလိုက်
မဖြစ်မဖြစ်
အဘာလေး ဖျစ်တေ။
ကြောက်ကြီးသံဖက်
လက်သဲဝှက်နှင့်
မျက်နှာကိုလည်း ခြစ်တေ။
ထားပစ် ခ ထားပစ် ခ
ယူလားလို့မရ
မျက်ရည်ကျ
ခွဲ ရဖို့ယာ။
ကယ်ဖို့လူ ကူသူမဟိ
အပုယေ ဇာဝယ်မသိ
မျက်စိကန်းယောင် နားပင်းယောင်လေ
အကွန်ဆောင်နီကတ်တေ။
မခွဲမခွာ တသက်တာ
အစဉ်ထာဝရ
ကမ္ဘာမက ချစ်တေဆို။
ငှက်ပိုင်ယှောင် အတောင်ဖြန့်လို့
မောင်လားရာ ပျံကာဝဲလို့
ဇာကိုလားလား တဖဝါး မကွါ
မခွာမခွဲ လိုက်ဖို့ဆို။
မေ့ကိုယုံ ပုံလို့ထား
ယုံတမ်းစကား
မှားခယာလား။
မလားမလား မကြိုက် မကြိုက်
မဖြစ် မဖြစ်
ညည့်သိုင်ခေါင်လေ မှောင်ကာမိုက်
မလိုက်ဝံ့ယေ
အဘာလေး ကြောက်တေ။
မေသက်လျာ မောင့်အသဲကို
ခွဲလိုခွာ ကွာကာခြား
မလားလိုပါ။
ကိန္နရီ ကိန္နရာ ဟင်္သာဖိုမ
တစက္ကန့်ကို ဆံမွှာခြား
တားလို့မရ။
မောင့်ဘဝ မေ့နှင့်သာ ထာဝရ
ချစ် လို့ မ၀။
မလားလိုပါ မခေါ်ပါကဲ့
ပြန်လှည့်လီပါ။
မျက်ရည်ယို ငိုမိပါယင့်
တောင်းကာပန် ဝန်ခံပါယင့်
အဂယင့် ကြောက်တေ။
တက်သီးခေါက်ကေ
ကြောက်တေ။
တန်းခါးခေါက်ကေ
ကြောက်တေ။
တဆီခြောက်ကေ
ကြောက်တေ။
ခြီသံကြားကေ
အသဲယားရေ ကြောက်တေ။
(နှစ်)
ရာဇပလ္လင်ထက်က ငါ့ကို
အလိုမတူဘဲ
(လူတိ) ထမ်းချလာကတ်တေ။
ထလို့မရအောင်
ခြီမကို ပူးချိုင်ထားကတ်တေ။
ပါးစက ကတိုးခ
ငါးပြားကျရေ။
ခွဆုံဒေါင့်မှာ
ဆောင့်ပျာခုန်ပျာ ပက်ခုံးထမ်းလို့
ဗုံတီးနှဲမှုတ်
ဖုတ်ကြမ်းတလား ကကတ်တေ။
သူရို့က ပျော်လို့ နာသာကေလည်း
ငါ့က ကမ္ဘာပျက်ယှောင် မှတ်တေ။
ငါ့အသဲက ဆံပင်ဖရိုဖရဲ
အဘာလေး အဘာလေးနှင့်
ရင်ကိုခွဲလို့ ငိုရေ။
လူတိလက်မှာ
ပုဝါချေနှင့် ယတ်တောင်နှင့်
အေသူချေ တော်ရေနှင့် တတ်တေနှင့်
နှမျိုးကောင်းထမန်း
ချီမွှမ်းကတ်တေ။
အေသူချေ လိမ္မာလိုက်တေနှင့်
အလှူအတန်းလည်း လက်မနှေး
ပီးကမ်းစွန့်ကြဲတတ်တေ။
ဂန္တဝင်ကဗျာ
စာတိလည်း ရွီးရေ။
လက်ရာမြောက်တေနှင့်
ပန်းချီလည်း ဆွဲရေ။
ဘွဲ့ရ စာတတ်ပီတတ်
တမိပေါက် တယောက်ထွန်း
ပြည်တန်ပတ္တမြား
လမ်းပြကြယ်
ရာဇ၀င်တတ် ကျမ်းတတ်ချေ။
တောင်ပေါက်ကြီးကျောက်စာ
ဒိုးဝေရာဇ၀င် ဝိမလရာဇ၀င်
ပျာသတ်ရာဇင် အင်းစောက်ရာဇ၀င်
ရာဇ၀င်တော်ကြီး ရာဇ၀င်တော်ချုပ်
ကျမ်းအသီးသီး ပီအသီးသီးက ကောက်နှုတ်
စာအုပ်တအုပ်လည်း ထုတ်ထားရေ။
လုံးချင်းကဗျာစာအုပ်
သုံးအုပ်ထုတ်ထားရေ။
လျှာသွက်အာသွက်
သွားတက်ချေနှင့် ပါးချိုင့်ချေနှင့်
ချစ်ဖို့ကောင်းရေ။
စကားပြောကေ "အကျွန်" "အကျွန်" နှင့်
လူကြီးသူမတိကိုလည်း
ကောင်းကောင်း ကျိုးနွံရေ။
အသားကလည်းဖြူ
အရုပ်ချေက လှ
အဂယင့် သူက လူနှင့် လိုက်ဖက်တေ။
တိုင်းပြည်နှင့် လူမျိုး
အများအကျိုးအတွက်
ကိုယ်ကျိုးမဖက်
အလှူဒါန စေတနာ ဗလဝနှင့်
ပရဟိတလည်း လုပ်တေ။
စေတနာ ဝါသနာ
အနစ်နာ ဝိပဿနာ
နာ (လေး) နာနှင့်
ဘာသာရေးလည်း လိုက်စားရေ။
မသောက် မစား
မယှုတ်မပွီ မမှန်မလုပ်
မဟုတ်မခံ မမှန်မပြော
သဘောလည်းကောင်း
အကျင့်ကောင်း စာရိတ္တကောင်း
စိတ်ကောင်းနှလုံးကောင်း
အလှပလှ သူတော်ကောင်း။
ဆရာကောင်း သမားကောင်း
မိကောင်းဖခင်သားသမီး
အမျိုးမြတ် ရက္ခိတ သာကီနွယ်
အာရီယံနွယ် မျိုးချစ်အာဇာနည်
ငယ်ငယ်ရွယ်ရွယ်နှင့် အသီစော
နှမြောလိုက်တေ။
ညကသိမ့်အကောင်း
နီကောင်းပါလား ကျမ္မာလားနှင့်
မျက်နှာပြလို့
နှုတ်ဆက်ခသိမ့်ရေ။
ငါရို့တိက ဝါကြီးဝါကြီးမ
ဂြာအိုကျ ခါးကုန်း
ဂိတ်ဆုံးလားယာ။
အာဏာရ ဒူလာပါဒရ ပကန္တရ ဆောင်းမိုးရ
ရ (လေး) ရ ရကေလည်း
အသုံးမကျ အကျုံးမဝင်
ကုန်းထက်မှာ တုံးတင်လားခယာ။
ကြီးလီချဉ်လီ သံဖရာသီးခွဆုံက
ဝါကြီးတိပိုင် ဆီးဖြစ်ဝါးဖြစ် ထင်းဖြစ်
မီးဆိုက်ဖို့တောင်မရ
ဂြင်းကပ် ကြပ်လိုက် ညောင်ကြက်လို့
မှိုတက်လားခယာ။
ဘုလုံးထီးထီး
အနာဖီးနှင့်
ကျီးပေါင်းလိုက်လားခယာ။
သွားကျိုးလို့ အရိုးမွားမရ
မျက်စိက မှုံ
ဒူးတုန်နီယာ။
နားထိုင်းလို့ ခါးကိုင်း
နှစ်ပိုင်းလည်းကျိုး
ပါးရိုးကတွန့်
စစန့်သီနီယာ။
ဖြစ်နိုင်ကေ သူ့တက်စား
ငါရာ သီပစ်ချင်ရေ
ယင်းလောက်ထိ ချစ်တေ။
(သုံး)
အလိုမတူဘဲ
(လူတိ) ထမ်းချလာကတ်တေ။
ထလို့မရအောင်
ခြီမကို ပူးချိုင်ထားကတ်တေ။
ပါးစက ကတိုးခ
ငါးပြားကျရေ။
ခွဆုံဒေါင့်မှာ
ဆောင့်ပျာခုန်ပျာ ပက်ခုံးထမ်းလို့
ဗုံတီးနှဲမှုတ်
ဖုတ်ကြမ်းတလား ကကတ်တေ။
သူရို့က ပျော်လို့ နာသာကေလည်း
ငါ့က ကမ္ဘာပျက်ယှောင် မှတ်တေ။
ငါ့အသဲက ဆံပင်ဖရိုဖရဲ
အဘာလေး အဘာလေးနှင့်
ရင်ကိုခွဲလို့ ငိုရေ။
လူတိလက်မှာ
ပုဝါချေနှင့် ယတ်တောင်နှင့်
အေသူချေ တော်ရေနှင့် တတ်တေနှင့်
နှမျိုးကောင်းထမန်း
ချီမွှမ်းကတ်တေ။
အေသူချေ လိမ္မာလိုက်တေနှင့်
အလှူအတန်းလည်း လက်မနှေး
ပီးကမ်းစွန့်ကြဲတတ်တေ။
ဂန္တဝင်ကဗျာ
စာတိလည်း ရွီးရေ။
လက်ရာမြောက်တေနှင့်
ပန်းချီလည်း ဆွဲရေ။
ဘွဲ့ရ စာတတ်ပီတတ်
တမိပေါက် တယောက်ထွန်း
ပြည်တန်ပတ္တမြား
လမ်းပြကြယ်
ရာဇ၀င်တတ် ကျမ်းတတ်ချေ။
တောင်ပေါက်ကြီးကျောက်စာ
ဒိုးဝေရာဇ၀င် ဝိမလရာဇ၀င်
ပျာသတ်ရာဇင် အင်းစောက်ရာဇ၀င်
ရာဇ၀င်တော်ကြီး ရာဇ၀င်တော်ချုပ်
ကျမ်းအသီးသီး ပီအသီးသီးက ကောက်နှုတ်
စာအုပ်တအုပ်လည်း ထုတ်ထားရေ။
လုံးချင်းကဗျာစာအုပ်
သုံးအုပ်ထုတ်ထားရေ။
လျှာသွက်အာသွက်
သွားတက်ချေနှင့် ပါးချိုင့်ချေနှင့်
ချစ်ဖို့ကောင်းရေ။
စကားပြောကေ "အကျွန်" "အကျွန်" နှင့်
လူကြီးသူမတိကိုလည်း
ကောင်းကောင်း ကျိုးနွံရေ။
အသားကလည်းဖြူ
အရုပ်ချေက လှ
အဂယင့် သူက လူနှင့် လိုက်ဖက်တေ။
တိုင်းပြည်နှင့် လူမျိုး
အများအကျိုးအတွက်
ကိုယ်ကျိုးမဖက်
အလှူဒါန စေတနာ ဗလဝနှင့်
ပရဟိတလည်း လုပ်တေ။
စေတနာ ဝါသနာ
အနစ်နာ ဝိပဿနာ
နာ (လေး) နာနှင့်
ဘာသာရေးလည်း လိုက်စားရေ။
မသောက် မစား
မယှုတ်မပွီ မမှန်မလုပ်
မဟုတ်မခံ မမှန်မပြော
သဘောလည်းကောင်း
အကျင့်ကောင်း စာရိတ္တကောင်း
စိတ်ကောင်းနှလုံးကောင်း
အလှပလှ သူတော်ကောင်း။
ဆရာကောင်း သမားကောင်း
မိကောင်းဖခင်သားသမီး
အမျိုးမြတ် ရက္ခိတ သာကီနွယ်
အာရီယံနွယ် မျိုးချစ်အာဇာနည်
ငယ်ငယ်ရွယ်ရွယ်နှင့် အသီစော
နှမြောလိုက်တေ။
ညကသိမ့်အကောင်း
နီကောင်းပါလား ကျမ္မာလားနှင့်
မျက်နှာပြလို့
နှုတ်ဆက်ခသိမ့်ရေ။
ငါရို့တိက ဝါကြီးဝါကြီးမ
ဂြာအိုကျ ခါးကုန်း
ဂိတ်ဆုံးလားယာ။
အာဏာရ ဒူလာပါဒရ ပကန္တရ ဆောင်းမိုးရ
ရ (လေး) ရ ရကေလည်း
အသုံးမကျ အကျုံးမဝင်
ကုန်းထက်မှာ တုံးတင်လားခယာ။
ကြီးလီချဉ်လီ သံဖရာသီးခွဆုံက
ဝါကြီးတိပိုင် ဆီးဖြစ်ဝါးဖြစ် ထင်းဖြစ်
မီးဆိုက်ဖို့တောင်မရ
ဂြင်းကပ် ကြပ်လိုက် ညောင်ကြက်လို့
မှိုတက်လားခယာ။
ဘုလုံးထီးထီး
အနာဖီးနှင့်
ကျီးပေါင်းလိုက်လားခယာ။
သွားကျိုးလို့ အရိုးမွားမရ
မျက်စိက မှုံ
ဒူးတုန်နီယာ။
နားထိုင်းလို့ ခါးကိုင်း
နှစ်ပိုင်းလည်းကျိုး
ပါးရိုးကတွန့်
စစန့်သီနီယာ။
ဖြစ်နိုင်ကေ သူ့တက်စား
ငါရာ သီပစ်ချင်ရေ
ယင်းလောက်ထိ ချစ်တေ။
(သုံး)
ဇရပ်မှာ ဘုန်းကြီးက
ကမ္မာဝါစာဖတ်လို့
သာထုခေါ်ခါ
လူတိက အော်ကတ်တေ
"ကောင်းရာသုဂတိ လားပါစီ" လတ်
စမ်းဖီစမ်းဖတ် အိုးစားပြတ်။
ဗရဗရေ ကျမိကျရာ ဂျီဝါဂျီဝိ
လမ်းမွိနီရေ ခွီးယှောင်
ဇာကိုလားလို့ ဇာကိုလှမ်း
မှန်းလို့မကျ။
ခဲဝါက အူ
ငှက်တိဆူလို့
လူတိလည်း ပြန်ကတ်ယာ။
ဂါထာ ဖတ်လို့
ပရိတ် ရွတ်လို့
သံစည်တီးလို့
ပုတီးစိပ်လို့
အိပ်ကတ်ယာ။
ကြက်လည်းမတွန် ကြယ်လည်းမလင်း
လီလည်းမတိုက် လလည်းမထွက်
အီးစက်စက်နှင့်
ညည့်နက်သိုင်ခေါင် အမိုက်မှောင်မှာ
တကောင်တည်းငါ
Covid-19 နှင့် လစန့်ကောင်လားယာ။
အလားနှင့်အလာ
အလာနှင့် အလား
ပရမတ္တတရားတိ ကြားမှာ
ဝိသမတ်မျှဉ်း ခြားလို့
ပညတ်တရားနှင့် မှားရလီခြင်း။
သင်္ချိုင်းခေါင်းတိုင်ဝက မီးခိုးတိ တလိပ်လိပ်တက်လို့
ငါ၏ ဂုဏ်ထူးဝိသသေ ပကာသန အတ္တမာန
ခဝါချ တစတစ အရည်ပျော်ကျ မရဏ
အာဏာ သိက္ခာ ပါဝါ ပြာ။
(သာလှဦး)
September 13, 2021 (Monday) (တလင်္လာနိ)
(သာလှဦး)
September 13, 2021 (Monday) (တလင်္လာနိ)
No comments:
Post a Comment