Sunday, May 11, 2025

ပဒကာသီးလက်သုပ်ကဗျာ အမှတ် (၂)



ပဒကာသီးလက်သုပ်ကဗျာ အမှတ် (၂)
========================

ငါ၏ကဗျာ
ပဒကာသီးလက်သုပ်တပွဲလောက်
တန်ဖိုးမဟိ။

USA က
မမချေတယောက်
ပို့တင်ပီးလိုက်တေ
စားကတ်ဖို့လားအမျိုး
ပဒကာသီးလက်သုပ်တပွဲ
Like သိန်းသန်းကုဋေ
Love ပေါင်း ကုဋေကုဋာ
Share အသိန်းအသန်း။

နောက်တခါ ကဗျာတင်ကေ
ငရုပ်သီးပေါက်ပေါက်နှင့်
ပဒကာသီးလက်သုပ်တပွဲ
အလကားကျွေးဖို့
မုန့်တီဟင်းရည်တခွက်
အလှောက်ပါဖို့။

တော်လှန်ရီးပြီးလို့
ရခိုင်ပြည်ပြန်ရောက်ကေ
ပဒကာသီးလက်သုပ်နန့်
မုန့်တီရောင်းလို့စားဖို့။

ယင်းခါတချက်
လာအားပီးကတ်ပါ ဟရို့။

မနာလို ဝန်တို
ဣသာမစ္ဆရိယနှင့် ရွီးလိုက်တေကဗျာ
ဝိမုတ္တိရသ မမြောက်ကေလည်း
ဝိဘစ္ဆရသ မြောက်ဖို့က ထင်ယင့်။

သာလဧူး (မြောက်ဧူး)
January 2, 2023 (တလင်္လာနိ)



No comments:

Post a Comment