Tuesday, June 15, 2010

ရွှေတူငွေတူ


ရွှေတူငွေတူ
========

တခွန်းခေါ် ခေါ်လို့မထူး
နှစ်ခွန်းခေါ် ခေါ်လို့မထူး
တရွာနီ တပြည်သားကို စိတ်ခြားလို့လား
မချစ်ဆို မလိုလို့လား --။

ဇာက လာကေ
ဇာရွာသားရောင်
စကားအရာ
ပျားသကာ
ချိုပါရေကား
ပျိုသက်ထားလေ --။

မောင့်လက်ကိုကိုင်
မေ့လက်ကိုဆွဲ
ငွေတူပင်မှာ
ရွှေတူရစ်ယောင်
ရစ်ပစ်ကတ်မည် --။

မျက်စိကမြင် ဝမ်းကကြင်
စိတ်တွင်ကချစ်
ပုချေမောင်ကို မိတ္တာရစ်လို့
အချစ်စွဲကာ ကြားကလူ
အောင်သူဖျက်လို့ ဖျက်ရဖို့လား --။

ဆံစကေညို
လှနဂိုလေ ပျိုနှမမှာ
ကိုယ့်ရပ်ရွာ ကိုယ့်ရွာထက်မှာ
လက်ဖျားတင် ကြင်သူများက
ဟိထားရေလား --။

သခြင်းဆို လူပျိုမောင်ယေ
ကိုယ့်ရပ်ရွာ ကိုယ့်ရွာထက်မှာ
လက်ဖျားတင် ကြင်သူများက
ဟိမထားပါ --။

ဒေတောခေါင် ဒေတောင်ယေကြားမှာ
စကားသာချို ဒေမေဆို ပျိုစကား
ကြားရရေခါ စိတ်ဝမ်းသာ
ထဗျာကလို့ ကြည့်ရဖို့ယာ --။

ဥဒေါင်းယေကြိုးကြာ သာရကာကေ
ဟင်္သာငှက်မ
အခါခါ မောင့်ကိုတမ်းလို့
လွမ်းတငိုခါ မောင်ရောက်ရာ
ထဗျာကလို့ ကြည့်ရဖို့ယာ --။

မှတ်ချက် ။ ။ ကျောက်ဖြူမြို့တည် (၁၈၀) ပြည့်အထိမ်းအမှတ် “ကျောက်ဖြူ” ၂၀၀၉ မဂ္ဂဇင်း “ဇာနီအောင် (ရမ္မာဝတီ)” ရွီးသားပြုစုသည့် “ရမ်းဗြဲကျွန်းက ချစ်ခွန်းတီတာ တေးကဗျာ” ဆောင်းပါးက ဇမ်းကဗျာကို တင်ပြပီးလိုက်ပါသည်။

http://rongthweechay.blogspot.com/2010/06/blog-post.html မှ ကူးယူဖော်ပြသည်။