Tuesday, September 24, 2013

အကုသိုလ်အပြစ် (၁၀) ပါး


အကုသိုလ်အပြစ် (၁၀) ပါး
===================
(၁) သူ့အသက်ကို ညှဉ်းဆဲ၊ သတ်ဖြတ်ခြင်း။
(၂) သူ့ဥစ္စာကို မတရား ခိုးယူခြင်း။
(၃) မှားယွင်းသော မေထုံမှုကို ပြုကျင်ြ့ခင်း။
(၄) မဟုတ်မမှန် လိမ်ညာပြောဆိုခြင်း။
(၅) ကုန်းတိုက်စကား၊ သွီးခွဲစကားပြောဆိုခြင်း။
(၆) ကြမ်းတမ်းစကား၊ ညစ်ညမ်းဆဲရေးစကား ပြောဆိုခြင်း။
(၇) အဓိပ္ပါယ်မဟိသောစကား၊ အနှစ်မဟိသောစကား ပြောဆိုခြင်း။
(၈) မောဟဖုန်းလွှမ်း၍ အမှန်တရားကို မသိမြင်နိုင်ခြင်း။
(၉) ရန်လို အမုန်းပွားခြင်း။
(၁၀) အယူအဆလွဲမှားခြင်း။
There are ten (10) Akusala Kammas (sinful actions) caused by action, speech and mind).
Three (3) sinful actions:
Paanaatipaata (Killing) Both Human and Animalls
Adinnaadaana (Stealing, Robbing)
Kaameesumichchaachaara (Wrong sexuality)

Four (4) sinful action by speech:
Musaavaada (Lying)
Pisunaavaacha (Slandering)
Pharushaavaacha (Harsh speech)
Samphapphalaapa (Useless speech)

Three (3) sinful actions by mind:
Avidyaa or Abhijjaa (Not seeing the truth)
Vyaapaada (Hate)
Michchaaditthi (Wrong belief)


Monday, September 9, 2013

(၃၈) သုံးဆယ့်သျှစ်ဖြာ မင်္ဂလာ ဒေသနာမြတ်တရားတော်


ကမ္ဘာသူ ကမ္ဘာသားအားလုံး ကောင်းစွာမှတ်သားကျင့်ကြံအပ်သော ခုဒ္ဒကပါဠိတော်လာ
ဘုရားသခင် ဗုဒ္ဓမြတ်စွာ၏ဆုံးမသြ၀ါဒလမ်းညွှန်


(၃၈) သုံးဆယ့်သျှစ်ဖြာ မင်္ဂလာ ဒေသနာမြတ်တရားတော်
==================================


၁။ အသေ၀နာစ ဗာလာနံ = လူမိုက်နှင့် မပေါင်းခြင်းသည် မင်္ဂလာဟိ၏..။
၂။ ပဏ္ဍိတာနဉ္စ သေ၀နာ = ပညာဟိကို ဆည်းကပ်ခြင်းသည် မင်္ဂလာဟိ၏..။
၃။ ပူဇာစ ပူဇနေယျာနံ = ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည် မင်္ဂလာဟိ၏..။
၎။ ပတိရူပဒေသ ၀ါသောစ =သင့်တင့်သောအရပ်၌ နီထိုင်ရခြင်းသည် မင်္ဂလာဟိ၏..။
၅။ ပုဗ္ဗေစ ကတပုညတာ = ပြုခဖူးသော ကောင်းမှုဟိခြင်းသည် မင်္ဂလာဟိ၏..။
၆။ အတ္တသမာပဏီဓိ = မိမိကိုယ်ကို ကောင်းစွာ ဆောက်တည်ခြင်းသည် မင်္ဂလာဟိ၏..။
၇။ ဗာဟုဿစ္စ = အကြားအမြင်များခြင်းသည် မင်္ဂလာဟိ၏..။
၈။ သိပ္ပ = သိပ္ပံအတတ်ပညာကို တတ်ခြင်းသည် မင်္ဂလာဟိ၏..။
၉။ ၀ိနယောစ သုသိက္ခိတော = စည်းကမ်းဟိခြင်းသည် မင်္ဂလာဟိ၏..။
၁၀။ သုဘာသိတ၀ါစာ = အပြောအဆိုလိမ္မာခြင်းသည် မင်္ဂလာဟိ၏..။
၁၁။ မာတာပိတု ဥပဋ္ဌာန = အမိအဘကို လုပ်ကျွေးခြင်းသည် မင်္ဂလာဟိ၏..။
၁၂။ ပုတ္တဒါရဿသင်္ဂဟ = မိသားစုအား ထောက်ပံ့ခြင်းသည် မင်္ဂလာဟိ၏..။
၁၃။ အနာကုလ ကမ္မန္တာ = အကျိုးမဟိသော အလုပ်ကို မလုပ်ခြင်းသည် မင်္ဂလာဟိ၏..။
၁၄။ ဒါနဉ္စ = ပီးကမ်းစွန့်ကြဲတတ်ခြင်းသည် မင်္ဂလာဟိ၏..။
၁၅။ ဓမ္မစရိယ = အကျင့်ကောင်းခြင်းသည် မင်္ဂလာဟိ၏..။
၁၆။ ဉာတကာနဉ္စ သင်္ဂဟ = ဆွီမျိုးများအား ထောက်ပံ့ခြင်းသည် မင်္ဂလာဟိ၏..။
၁၇။ အန၀ဇ္ဇာနိကမ္မာနိ = အပြစ်မဟိသော အမှုကို ပြုခြင်းသည် မင်္ဂလာဟိ၏..။
၁၈။ ပါပ အာရတီ = မကောင်းမှုမှ ၀ီးစွာ ယှောင်ယှားခြင်းသည် မင်္ဂလာဟိ၏..။
၁၉။ ပါပ ၀ိရတီ = မကောင်းမှုမှ အထူး ယှောင်ကြည်ခြင်းသည် မင်္ဂလာဟိ၏..။
၂၀။ မဇ္ဇပါန သံယမော = မသောက်စား မမူးယစ်ခြင်းသည် မင်္ဂလာဟိ၏..။
၂၁။ အပ္ပမာဒေါစ ဓမ္မေသု = ကောင်းမှုပြုရန် မမိ မပေါ့လျော့ခြင်းသည် မင်္ဂလာဟိ၏..။
၂၂။ ဂါရ၀ = ရိုသေထိုက်သူကို ရိုသေခြင်းသည် မင်္ဂလာဟိ၏..။
၂၃။ နိဝါတ = ထောင်လွှားခြင်း မဟိခြင်းသည် မင်္ဂလာဟိ၏..။
၂၄။ သန္တုဋ္ဌီ = ရောင့်ရဲလွယ်ခြင်းသည် မင်္ဂလာဟိ၏..။
၂၅။ ကတညုတ = ကျေးဇူးသိတတ်ခြင်းသည် မင်္ဂလာဟိ၏..။
၂၆။ ကာလေန ဓမ္မဿဝန = သင့်တင့်လျောက်ပတ်သောအခါ၌ တရားနာရခြင်းသည် မင်္ဂလာဟိ၏..။
၂၇။ ခန္တီ = သည်းခံခြင်းသည် မင်္ဂလာဟိ၏..။
၂၈။ သောဝစဿတာ = သူတော်ကောင်းစကားကို နာလွယ်ခြင်းသည် မင်္ဂလာဟိ၏..။
၂၉။ သမဏာနဉ္စဒဿန = သီလဖြူစင်သူအား ဖူးမြင်ရခြင်းသည် မင်္ဂလာဟိ၏..။
၃၀။ ကာလေန ဓမ္မသာကစ္ဆာ = သင့်တင့်လျောက်ပတ်သောအခါ၌ တရားဒေသနာ ဆွေးနွေးရခြင်းသည် မင်္ဂလာဟိ၏..။
၃၁။ တပေါ = ခြိုးခြံစွာ ကျင့်ကြံခြင်းသည် မင်္ဂလာဟိ၏..။
၃၂။ ဗြဟ္မစရိယ = မြတ်သောအကျင့်ကို ကျင့်ခြင်းသည် မင်္ဂလာဟိ၏..။
၃၃။ အရိယသစ္စာနဒဿန = အမှန်တရားကို သိမြင်တတ်ခြင်းသည် မင်္ဂလာဟိ၏..။
၃၄။ နိဗ္ဗာန သစ္ဆိကိရိယာ = စိတ်နှလုံးချမ်းသာရခြင်းသည် မင်္ဂလာဟိ၏..။
၃၅။ နကမ္ပတိ = လောကဓံတရားနှင့် တွိကြုံသော်လည်း မတုန်လှုပ်ခြင်းသည် မင်္ဂလာဟိ၏..။
၃၆။ အသောက = လောကဓံတရားနှင့် တွိကြုံသော်လည်း မစိုးရိမ်တတ်ခြင်းသည် မင်္ဂလာဟိ၏..။
၃၇။ ၀ရဇံ = လောကဓံတရားနှင့် တွိကြုံသော်လည်း စိတ်မညစ်ညူးခြင်းသည် မင်္ဂလာဟိ၏..။
၃၈။ ခေမံ = လောကဓံတရားနှင့် တွိကြုံသော်လည်း စိတ်သောက မရောက်ခြင်းသည် မင်္ဂလာဟိ၏..။

(ခုဒ္ဒကပါဠိတော်လာ ကမ္ဘာသူ ကမ္ဘာသားအားလုံး ကောင်းစွာမှတ်သားကျင့်ကြံအပ်သော ဘုရားသခင် ဗုဒ္ဓမြတ်စွာ၏ဆုံးမသြ၀ါဒလမ်းညွှန်)