Sunday, May 18, 2025

အိမ်မက်ကမ္ဘာ



အိမ်မက်ကမ္ဘာ
========

မီးလောင်တစပြင်က
ပန်းခင်းကြီးတိဖြစ်လို့။

ကုန်းခေါင်ခေါင်က
ကျောက်တုံးကြီးတိ အရည်ပျော်ကျ
စမ်းချောင်းကြီးတိ စီးလို့။

ငိုကျွီးသံတိ ဆိတ်သုဉ်း
အပြုံး ပကတိ
အမုန်းမဟိ ကမ္ဘာမှာ
ဂီတာတလက်နှင့်
တကမ္ဘာလုံးသားကြားအောင်
သခြင်းတပုဒ်ကို
ဇကုန်အော်လို့ ဆိုလိုက်ချင်ရေ ငါ။

ဒုဗ္ဘိကန္တရကပ်ဆိုက်လို့
ပဋာမြီလူး
ရင်ကွဲနီရေ မိခင်တိ၏မျက်ရည်
ခမ်းခြောက်။

အမင်လာမချော့လို့
သိမ်ငယ်နီရေ အချေတိ၏မျက်နှာ
ဝင်းပ။

လီထလို့ ကြွီကျလားခရရေ
ဝိညာဉ်တိ ပြန်လည်နိုးထ
ရှင်သန်လာဖို့။

စစ်မဲ့အနာဂါတ်ကမ္ဘာကို
မျှော်နီမိရေ ငါ။

ရန်ငြိုးရန်စ အာဃာတတရား
"သင်ပုန်းချေပါ လက်စားမချေပါကဲ့"
သီအိုရီကို လက်တွိကျကျ
သက်သီပြနိုင်ရေ တနိ
ငါ မျှော်နီမိရေ။

သာလှဧူး (မြောက်ဧူး)
May 14, 2025 (ဗုဒ္ဓူးနိ)




No comments:

Post a Comment