Wednesday, November 26, 2008

ပိုးမီးစုန်း

ပိုးမီးစုန်း
======
တန်းဆောင်ဘုန်းလပြည့်နိ
အာကာထက်မှာ ကြယ်ချေလက်လက်
ဝင်းခြံဒေါင့်မှာ
ပိုးမီးစုန်းလည်းအရောင်ထွက်
မီးပုံးချေပိုင် ပျံလို့တက်
တဖြက်ဖြက် တဖြက်ဖြက် --။

(သာလှဦး)
 

Wednesday, November 12, 2008

အဆိပ်ခွက်

အဆိပ်ခွက်
======
အချေခါ ကြားနီကျစကား
မျောက်လက်ထဲမှာ သပြာရယှောင် --။

အခု
မျောက်လက်ထဲမှာ
မောက်စ့်ရလားခဗျာ --။

(သာလှဦး)

Sunday, November 9, 2008

Jungle Age

အခါတပါး တောနက်ကြီးတခုတွင် ခြင်္သေ့မင်းတကောင်သည် မင်းမူကျက်စားလျှက်ဟိ၏။ ထိုအခါ တောတွင်းရှိ ကျားသစ်၊ ၀က်ဝံ။ မျောက်၊ ခွီး၊ ခဲဝါ အားလုံးသောတိရိစ္ဆာန်များက နိစဉ်နိတိုင်း နှစ်စဉ်နှစ်တိုင်း ခြင်္သေ့မင်းအား အခွန်ဆက်သကြရသည်။ သို့ကြောင့် တချို့သောတိရိစ္ဆာန်များသည် ခြင်္သေ့မင်းအား မလိုမုန်းတီးခြင်းဖြစ်သည်။ သို့သော် တချို့သောတရိစ္ဆာန်များသည်ကား ချစ်ခင်လေးမြတ်သည်။ ခြင်္သေ့မင်းအားမုန်းတီးသူများမှာ ကျား၊ ကျားသစ်၊ ကျားသစ်နက်။ တောကြောင်၊ ခွီး၊ ခဲဝါအစဟိသော သားစားသတ္တ၀ါများဖြစ်၍ ခြင်္သေ့မင်းအားချစ်ခင်သူအပေါင်းမှာ သမင်၊ ဂျီ၊ ဒရယ်၊ ဆတ်၊ နွား၊ ကျွဲ၊ ၀က်။ မြင်း၊ ဆင်အစဟိသော မြက်စားသတ္တ၀ါများဖြစ်သည်။

သားစားသတ္တ၀ါများမုန်းတီးရသောအကြောင်းမှာ သူရို့ဖမ်းမိသော အမဲသတ္တ၀ါများအား ခြင်္သေ့မင်းအားဦးဦးဖျားဖျားဆက်သရခြင်း၊ ခြင်္သေ့မင်း၏စားကြွင်းအရိုးအကျန်များကိုသာလျှင် သုံးဆောင်ရခြင်း အစဟိသောအကြောင်းများကြောင့်ဖြစ်သည်။ သူရို့သည်လည်း ခြင်္သေ့မင်းကဲ့သို့ သန်မာဖြတ်လတ်သည်။ အမဲများကို လျှင်မြန်စွာ ခုန်အုပ်ဖမ်းအုပ်နိုင်သည်။ ကျားသစ်ဆိုလျှင် ခြင်္သေ့မင်း၏သုံးဆလျှင်သောအမြန်နှုံးဖြင့် သားကောင်များကို ဖမ်းအုပ်နိုင်သည်။ ခြင်္သေ့မင်းမတက်နိုင်သော သစ်ပင်မြင့်ဖျားသို့တိုင် တက်ရောက်နိုင်သည်။ သို့သော် ခြင်္သေ့မင်းသည် ခွန်အားတည်းဟူသော အင်အားကိုအသုံးပြုလျှက် သူရို့အားမတရားမင်းမူထားသည်။ ထို့ကြောင့် သားစားသတ္တ၀ါများက အခွင့်အခါသာတိုင်း ခြင်္သေ့မင်းအားပုန်ကန်ရန် လုပ်ကြံကြိုးစားလျှက်ဟိသည်။

မြက်စားသတ္တ၀ါများက ခြင်္သေ့မင်းအားချစ်ခင်ရခြင်းအကြောင်းရင်းမှာ ခြင်္သေ့မင်းအုပ်စိုးထားသဖြင့်သာလျှင် ငါရို့မြက်စားသတ္တ၀ါများ ယခုတိုင် အသက်ရှင်ကျန်ဟိနီခြင်းဖြစ်သည်။ သို့မဟုတ်ပါက ကျား၊ ခွီး၊ ခဲဝါ၊ တောကြောင်စသော ကသားငါးရာအုပ်စိုးသည်ဟိသော် ငါရို့မြက်စားသတ္တ၀ါများ အမျိုးပြုန်းတီးလားနိုင်သည်။ ခြင်္သေ့မင်းအား တနိတကောင်ဆက်သပူဇော်ရခြင်းသည်ကား အကြောင်းမဟုတ်။ ကျား၊ ခွီး၊ ခဲဝါ၊ တောကြောင် ကသားငါးရာများကိုဆက်သရသည်ဟိသော် မြက်စားသတ္တ၀ါများအနာဂါတ် ရင်လီးစရာဖြစ်သည်။ ထို့ကြောင့် ခြင်္သေ့မင်း၏အကာအကွယ်ယူလျှက် မြက်စားသတ္တ၀ါများမှာ ရှင်သန်ကျက်စားကြရသည်။ ခြင်္သေ့မင်းဟိရာအရပ်သို့ ကျား၊ ခွီး၊ ခဲဝါ၊ တောကြောင်များအနားမသန်းရဲ လုံခြုံအီးချမ်းသည်။ ထို့ကြောင့် ခြင်္သေ့မင်းအား မြက်စားသတ္တ၀ါများက ချစ်ခင်လေးမြတ်သည်။ ကိုးစားယုံကြည်သည်။

တရက်နိသောအခါ သားစားသတ္တ၀ါအပေါင်းသည် ခြင်္သေမင်းအားလုပ်ကြံရန် အရေးပေါ်အစည်းအဝေးတရပ်ခေါ်ယူကျင့်ပသည်။ တက်ရောက်သူပေါင်းတွင် ကျား၊ ကျားသစ်၊ ကျားသစ်နက်၊ တောကြောင်၊ ခွီး၊ ခဲဝါ၊ ခွီးတူဝက်တူ စသေားစားသတ္တ၀ါနှင့် မျောက်၊ ၀က်ဝံစသော သားစားမြက်စား အစုံစားသတ္တ၀ါအပေါင်းစုံလင်စွာတက်ရောက်သည်။ အစည်းအဝေးတွင် ကျားနှင့်ကျားသစ်၊ ကျားသစ်နက်ရို့က ခြင်္သေ့မင်းအားလုပ်ကြံရန်အဆိုပြုသည်။

ကျားနှင့်ကျားသစ်၊ ကျားသစ်နက်ရို့က (အိုအဆွေသားရဲတိရိစ္ဆာန်အပေါင်း ဤနိဤရက်သည် အလွန်ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံသော အခါသမယဖြစ်သည်။ ဤအခါသမယတွင် အကျွန်ုရို့၏ဘ၀တူသားစားသတ္တ၀ါအပေါင်း၏ ရသင့်ရထိုက်သော အခွင့်အရေး၊ တန်းတူညီမျှရေး၊ ဘ၀တိုးတက်ဖြစ်ပေါ်ရေးအစဟိသော တရားမျှတသောအခွင့်အရေးများအတွက် အကျွန်ုပ်ရို့အား မတရားအမြတ်ထုတ် ခြယ်လည်သွီးစုတ် နိုင်ထက်မင်းမူ ဆူပူသောင်းကျန်း ယုတ်ကြမ်းသော ခြင်္သေ့မင်းအား ဂေါင်းငုံ့မခံ ခုခံတော်လှန်မှဖြစ်မည်။ သို့မဟုတ်ပါက အကျွန်ုပ်ရို့ ဘ၀တူသားစားတ္တ၀ါအပေါင်းသည် မည်သည့်အခါမျှ တန်းတူအခွင့်အရေးမရနိုင်ဘဲ အဖိနှိပ်ခံကျွန်ဘ၀နှင့် တသက်လုံးလူလုံးမလှ ဘ၀နိဂုဏ်းချုပ်ရလိမ့်မည်။ ယခုခေတ်ကာလသည်း မတရားမှုအပေါင်းအား ဂေါင်းငုံခံ ငြိမ်ခံနီရမည့်ကာလမဟုတ်။ အမှန်တရားဖက်၊ ဥပဒေဖက်က မားမားရပ်လျှက် သားစားပြည်သူအပေါင်း (၁) အဖိနှိပ်ခံကျွန်ဘ၀မှလွတ်မြောက်ရေး၊ (၂) တိရိစ္ဆာန်နိုင်ငံတော်ကြီး၏အချုပ်အချာအာဏာ အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး၊ (၃) အမျိုးဘာသာသာသနာနှင့် ၀ံသာနုရက္ခိတတည်းဟူသော လောကပါလဗြဟ္မစိုရ်တရားများရှင်သန်ပြန့်ပွားရေး ကြီးလေးသော တို့တာဝန်အရေးသုံးပါးအား အမြဲဂုရု အလေးအမြတ်ပြု ဦးထိပ်ရွက်ပန်လျှက် လွတ်လတ်ရေးတည်းဟူသော မြင့်မြတ်သောဦးတည်ချက်ပန်းတိုင်သို့ မမှိတ်မသုဉ် အရောက်ချီတက် လျှောက်လှမ်းကြရမည်။ သို့ပါသော်လည်း နီမ၀င်အင်ပါယာကြီးသခင် အသျှင်ခြင်္သေ့မင်းအား လုပ်ကြံတိုက်ထုတ်ရန်မှာ အမှန်အလွယ်ကူသောအလုပ်မဟုတ်။ အကျွန်ုပ်ရို့သည် အချိန်အခါနှင့်အခွင့်အရေးကို မျက်ခြည်ပြတ်မခံ ကောင်းမွန်စွာအသုံးချတတ်ရမည်။ ခြင်္သေ့များသည်လည်း တခါတရီတွင် မသင့်မမြတ်ဖြစ်တတ်သည်။ ထိုအခွင့်အခါအား လုံးဝလက်လွှတ်ဆုံးယှုံးမခံဘဲ အကျိုးဟိဟိ ကွက်တိအသုံးချတတ်ရန်လိုအပ်သည်။ သူရို့အချင်းချင်း ခိုက်ရန်ဖြစ်ပွားသောအခါ အကျွန်ုပ်ရို့ကကြားဝင်၍ သူရို့အား အလိုက်ချောင်းအငိုက်ဖမ်း တိုက်ခိုက်သတ်ဖြတ်ကြရမည်။ စသည်ဖြင့်) လေးနက်သော ဗဟုသံ ဂဟုသံဖြင့် အဆိုတင်သွင်းသည်။

ထိုအခါ ခွီးနှင့်ခဲဝါက (အိုအသျှင် ကျားနှင့် ကျားသစ်၊ ကျားသစ်နက်မင်းများခင်ဗျား၊ အသင်ရို့တိုက်ခိုက်သောအခါ အကျွန်ုပ်ရို့သည်လည်း မနားမနီ ခြင်္သေ့မင်း၏ကန်ကောက်နှင့် ၀မ်းဗိုက်ကို ကိုက်ဖောက်ပါမည်။ လိုင်ဖင်းနှင့် လိုင်ဂုတ်ကိုဖမ်းအုပ်ပါမည်။ နံရိုးနှင့်ကြောကုန်းကို ထောင်းထုပါမည်။) ကတိက၀တ်ပြုကြသည်။ ခြင်္သေ့မင်းအားလုပ်ကြံရန်အဆိုကို တောကြောင်၊ ခွီး၊ ခဲဝါနှင့် ခွီးတူဝက်တူများက ထောက်ခံမဲပီးသည်။ သားစားမြက်စားအစုံစားသတ္တ၀ါများက ကြားနီမဲဖြင့် ကန့်ကွက်မည့်သူမဟိ အစည်းအဝေးတက်ရောက်သူပေါင်း (၉၉) ရာခိုင်နှုန်းဖြင့် ခြင်္သေမင်းအားလုပ်ကြံမည့်အစည်းအဝေး ထမြောက်အောင်မြင်စွာပြီးစီးသည်။

အခါတပါးတွင် ခြင်္သေ့မင်းအချင်းချင်း နယ်မြီလုရာမှ အချင်းချင်းမပြေမလည် မသင့်မမြတ်ဖြစ်ကာ ခိုက်ရန်ဖြစ်ပွား၏။ ခြင်္သေ့မင်းအချင်းချင်းအကြိတ်အနှယ် ဘတပြန်ကျားတပြန် သူနိုင်ငါနိုင် ယှဉ်ပြိုင်ထိုးသတ်ကြ၏။ ခြင်္သေ့မင်းများ၏မာန်ဖီဟိန်းဟောက်သံများသည် တော်ငလျှင်ပြိုကွဲသံ၊ မိုးကြိုးပစ်သံ၊ မုန်တိုင်းသံအလား ဟိမ၀န္တာတောသုံးထောင်အား ထစ်ချုံးမြည်ဟီး တုန်လှုပ်လားစီသည်။ ကျီးငှက်သတ္တ၀ါအပေါင်းသည်လည်း ကြောက်ကြီးသံဖက်ဝင်၍ ငြိမ်ကုတ်နီကြရသည်။ သစ်ပင်ဝါးပင်ကြီးများသည်လည်း တအုံးအုံးတဘုန်းဘုန်း လဲကျပြိုကျကုန်သည်။ ကမ္ဘာမြီပြင်တခုလုံး သိမ့်သိမ့်တုန်လျှက် ဖုံအဆောင်းဆောင်း၊ မြုံအဆောင်းဆောင်းဖြင့် ကွင်းပြင်တခုလုံး မြီဇာမျက်ပေါင်းသည်လည်း ထောင်းထောင်းညက်ကြီ ပြားပြားလဲမှောက်ဖြစ်ကုန်သည်။ ခြင်္သေ့မင်းများ၏ကျွီးအော်သံ၊ မာန်ဖီဟိန်းဟောက်သံများကိုကြားရသောအခါ ကျား၊ ကျားသစ်၊ ကျားသစ်နက်၊ တောကြောင်၊ ခွီး၊ ခဲဝါ၊ ခွီးတူဝက်တူ၊ မျောက်၊ ၀ံအစဟိသော သားစား၊ သားမြက်စား၊ အစုံစားသတ္တ၀ါများသည် အိုးစည်ဗုံမောင်းတီးခတ်လျှက် လက်သီးလက်မောင်းတန်းလျှက် ခြင်္သေ့မင်းအားစစ်ထိုးရန် ချီတက်လာကြသည်။

ရှိဦးအယင် ကျားသစ်နက်သည် ခြင်္သေ့မင်း၏လိုင်ဖင်းကိုခုန်အုပ်လိုက်သည်။ ကျားသစ်မင်းက ခြင်္သေ့မင်း၏ရန်သူအား သူ၏ချွန်ထက်သော လက်သဲခြီသဲဖြင့် ကုတ်ခြစ်လိုက်သည်။ ထိုအခါ ခွီး၊ ခဲဝါများက ခြင်္သေ့မင်းများ၏၀မ်းဗိုက်အအူများကို ဆွဲနှုတ်ကြသည်။ တောကြောင်များက မျက်လုံးအစုံကို ထိုးဖောက်သည်။ မျောက်ဝံများက မျောက်ခြောက်ခြောက်လျှက် ဟန်ရေးပြလျှက်ဟိသည်။ ခွီးတူဝက်တူများက ငြာသံပီးလျှက်၊ ဗြိန်းစောင်းသံမပြတ်တီးခတ်လျှက် စိတ်ဓါတ်စစ်ဆင်ရေးပြုလုပ်သည်။ လင်းဋငှက်များက ကင်းထောက်လှမ်းရေးပြုသည်။ တောဝက်များက နောက်ကနီပြီး ခြင်္သေ့မင်းများအား အစွယ်ဖြင့် ထိုးပင့်သည်။ ခြင်္သေ့မင်းများမှာ အငိုက်မိခံလိုက်ရသည်ကတကြောင်း၊ စစ်ပန်းနီသည်ကတကြောင်း၊ စစ်ကူရောက်မလာသည်ကတကြောင်း၊ ရိက္ခာပြတ်လပ်သည်ကတကြောင်း အကြောင်းအမျိုးမျိုးကြောင့် သွီးထွက်သံယို အနာဒါဏ်ချက်များစွာဖြင့် လက်ခကျည်းထွက်ပြီးကြရသည်၊

၎င်းစစ်မြီပြင်၌ပင်လျှင် ကျား၊ ကျားသစ်၊ ကျားသစ်နက်ရို့ဦးစီးလျှက် အသင့်ယူဆောင်လာသော ရွှေကွပ်ထားသော တိရိစ္ဆာန်နိုင်ငံတော်ကြီး၏လွတ်လပ်ရေးကြေငြာစာတန်းကို ဆိုင်းငံ့မကြာဖတ်ကြားခြင်းပြုသည်။

(အို အချုပ်အချာအဏာ လွတ်လပ်သောတိရိစ္ဆာန်နိုင်ငံတော်ကြီး၏ တိရိစ္ဆာန်ပြည်သူပြည်သားအပေါင်းရို့ ယခုအခါ အကျွန်ုပ်ရို့ တိရိစ္ဆာန်နိုင်ငံတော်ကြီးသည် တက်သစ်စနီဝန်းပမာ ကျက်သရေမင်္ဂလာ ထွန်းလင်းရောင်ခြည်ဖြာလျှက် အမှောင်တည်းဟူသော မကောင်းဆိုးရွားသော တိရိစ္ဆာန်အချင်းချင်း မတရားစိုးမိုးဗိုလ်ကျ ညှင်းပန်းနှိပ်စက် အနိုင်ကျင့်ကျွန်ပြုအုပ်ချုပ်မှုတည်းဟူသော အနိဌာရုံကျွန်စနစ်ဆိုးကြီးအောက်မှ လုံးဝလွတ်မြောက်နိုင်ပြီးဖြစ်သည်။ ယခုအခါ အကျွန်ုပ်ရို့တိရိစ္ဆာန်များသည် မိမိရို့၏နှလုံးအိမ်ထဲ၌ အနှစ်နှစ်အလလ မျှော်လင့်စောင့်စားခရသော လွတ်လပ်သောတိရိစ္ဆာန်နိုင်ငံတော်ကြီး၏အချုပ်အချာအာဏာကို မိမိရို့လက်ဝယ် ဒိဌလက်ငြင်းရယူပိုင်ဆိုင်နိုင်ပြီးဖြစ်သည်။ သို့ဖြစ်ပါသဖြင့် အကျွန်ုပ်ရို့သည် လွတ်လပ်သောတိရိစ္ဆာန်နိုင်ငံတော်ကြီး၏ လွတ်လပ်သော တိရိစ္ဆာန်ပြည်သူများအဖြစ် လွတ်လပ်စွာ ဥဒါန်းကျူးရင့်နိုင်ပြီးဖြစ်သည်။ ဤနိဤရက်မှစ၍ လွတ်လပ်သော အချုပ်အချာအဏာပိုင်ဆိုင်သော တိရိစ္ဆာန်နိုင်ငံတော်ကြီး၌ တိရိစ္ဆာန်အချင်းချင်း မတရားစိုးမိုးအုပ်ချုပ်ကျွန်ပြုခြင်း၊ ဂုတ်သွီးစုတ်အမြတ်ထုတ်ခြင်း၊ နိုင်ထက်မင်းမူပြုကျင့်ခြင်း အလျှင်းလုံးဝမဟိစီရ။ တိရိစ္ဆာန်အချင်းချင်းချင်း တဦးကိုတဦး တမိတည်းဖွား ညီကိုမောင်နှမရင်းချာများပမာ ချစ်ချစ်ခင်လျှက် အနာဂါတ်တိရိစ္ဆာန်နိုင်ငံတော်ကြီး တည်ဆောက်ရေးကို မနားမနီလုံးပန်းကြိုးကုတ် တည်ဆောက်ကြရမည်။ တိရိစ္ဆာန်ပြည်သားပြည်သူများသည် ခွီးလည်းခွီးအလျှောက်၊ ခဲဝါလည်းခဲဝါအလျှောက်၊ ကြောင်လည်းကြောင်အလျှောက် ကျားတကျပ်၊ ခွီးတကျပ်၊ ခဲဝါတကျပ်၊ ခွီးတူဝက်တူတကျပ်၊ ၀က်တကျပ်၊ ၀ံတကျပ်၊ မျောက်တကျပ် တယောက်တကျပ်ကျစီ ဒုက္ခသုခအပေါင်းကို ညီတူညီမျှ မျှဝီခံစားနိုင်ပြီးဖြစ်သည်။ ဤနိဤရက်မှစ၍ အကျွန်ုပ်ရို့တိရိစ္ဆာန်နိုင်ငံတော်ကြီးကို လွတ်လပ်သော အချုပ်အချာအဏာပိုင်ဆိုင်သော စည်းလုံးသော တန်းတူသော တိရိစ္ဆာန်ပြည်ထောင်စုသမတနိုင်ငံတော်ကြီးအဖြစ်ကြေညာလိုက်သည်။)

လက်ခုပ်သြဘာသံများ ကမ္ဘာမြီပြင်တခွင်လုံးသို့ ထိမ့်ကြိုးရိုက်ခတ် တုန်လှုပ်မြည်ဟီးလားစီသည်။ တိရိစ္ဆာန်အချင်းချင်းလက်ဆွဲနှုတ်ဆက် ပွေ့ဖက်အူမြူးကြသည်။ မိုးထက်ကောင်းခင် စက္ကြာဝဌာခွင်သို့ အမြောက်ကြီး (၁၂) ချက် မီးရှုးမီးပန်းများပစ်ဖောက်လျှက် တိရိစ္ဆာန်ပြည်ထောင်စုသမတနိုင်ငံတော်ကြီး၏လွတ်လပ်ရေးကို ၀မ်းသာဝမ်းမြောက်ကြိုဆိုကြသည်။

သို့သော် ရက်များမကြာ တိရိစ္ဆာန်ဇာတိနာပေါ်လာသည်။

Sunday, October 19, 2008

တောဝက်၊ ခဲဝါနှင့် ခြင်္သေ့မင်း

အခါတပါးတွင် ခဲဝါတကောင်နှင့်တောဝက်တကောင်သည် အဆွေခင်ပွန်းဖြစ်ကြ၏။ တရက်နိသောအခါ ခဲဝါက တောဝက်အား တောထဲတွင် အတူတူအစာရှာလားရန်ဖိတ်ခေါ်၏။(အဆွေတောဝက် သင်၏ခွန်အားသည်ကား အလွန်ကြီးမားပါပေ၏။ ပြီးလျှင် သင့်၌ထက်သောအစွယ်လည်းဟိ၏။ အကျွန်ုပ်ကား သင့်လောက်အင်အားမဟိ။ သို့သော် အကျွန်ုပ်သည်ကား အလွန်အပြီးသန်၏။ ပြီးလျှင် ရပ်ဝီး၌ဟိသော သင်ကြိုက်သောအစားအစားများကို အကျွန်ုပ်၏အနံ့အာရုံဖြင့် ရှာဖွေလမ်းညွှန်ပီးနိုင်၏။ အကျွန်ုပ်အမဲလိုက်သောအခါ အသင်က အကျွန်ုပ်အားကူညီပီးပါ။ အမဲပြီးရာလမ်းကစောင့်လျှက် အသင်၏ချွန်ထက်သောအစွယ်ဖြင့် ထွက်ပြီးလာသော သားကောင်များကိုထိုးပင့်၍ ဖမ်းဆီးကူညီပီးပါ။ ထိုကျေးဇူးအတွက် အကျွန်ုပ်သည်ကား သင့်အတွက် ၀က်ဝဲဥ၊ ၀က်ရံဥ၊ တောနပျိုးပင်များဟိရာအရပ်သို့ လမ်းညွှန်ပီးပါမည်။) ဆို၏။ ၀က်ထီးလည်း ခဲဝါစကားကိုယုံကြည်လျှက် နှစ်ယောက်အတူတူ အစာရှာထွက်ရန်သဘောတူလိုက်၏။

တောနက်ထဲသို့ရောက်သောအခါ ခဲဝါသည် တစုံတခုအားအနံ့ခံမိ၏။ လှမ်းမျှော်ကြည့်လိုက်သောအခါ တောင်ကမူတခုထက်တွင် မြက်အုပ်တခုအားအကာအကွယ်ပြုလျှက် အလိုက်ချောင်းနီသော ခြင်္သေ့တကောင်အား လှမ်းမြင်၏။ ပြီး၍မလွတ်မှန်းသိသောအခါ ခဲဝါက အကြံထုတ်လျှက် (အသင်တောဝက် သင်ဤနီရာက တချက်စောင့်ပါ။ အကျွန်ုပ်သည် တောင်ကုန်းထက် ခဏတက်၍ ကျောက်ဆောင်နားတွင် အပေါ့စွန့်လိုပါ၏) ဆိုပြီးလျှင် ခြင်္သေ့မင်းဟိရာ ချဉ်းကပ်လားလီ၏။

ခြင်္သေ့မင်းနားသို့ရောက်သောအခါ ခဲဝါက (အသင်ခြင်္သေ့မင်း အကျွန်ုပ်၏အသက်ကို ချမ်းသာပီးပါ။ ထိုကျေးဇူးအတွက် အသင်သည် ဆူဖြိုးသောတောဝက်သားကို မုချအကယ် အေကနိ သုံးဆောင်ရပါလိမ့်မည်။) ဆို၏။ ထိုအခါ ခြင်္သေ့မင်းက (ဟေ ခဲဝါ ငါသည်ကား ဆူဖြိုးသောတောဝက်သားကို မစားရသည်မှာ အလွန်ကြာမြင့်ပြီးဖြစ်သည်။ အကယ်၍ သင်သည် တောဝက်သားကို ငါ့အတွက် အေကနိ ရှာဖွေပီးနိုင်အံ့သည်ဖြစ်သော် သင့်အသက်ကို ငါချမ်းသာပီးမည်) ကတိပြု၏။

ထိုအခါ ခဲဝါက (အသျှင်ခြင်္သေ့မင်း အကျွန်ုသည် အကျွန်ုပ်၏မိတ်ဆွေတောဝက်အား ယာခင်းဟိရာ ခေါ်ဆောင်လားပါမည်။ ယင်းတွင် ယာကြီးသခင်၏ကြော့ကွင်းဟိပါ၏။ တောဝက်သည် ကြော့ကွင်းကိုနင်းမိလျှက် ခြီလက်အစုံပူးချိုင်မိသည်ဖြစ်သော် သင်သည်သူ့လိုင်ပင်းကိုအုပ်လျှက် တောဝက်သားကို မြိန်ယှက်စွာသုံးဆောင်နိုင်ပါ၏) ဆို၏။ ထိုအခါ ခြင်္သေ့မင်းက (ကောင်း၏ ခဲဝါ။ သင်၏ကတိစကားတည်အံ့။ သို့မဟုတ်မူ အေကနိအဖို့ ဟင်းလျှာအဖြစ် သင့်အသားကိုပင် ငါသုံးဆောင်ရလိမ့်မည်) ဆို၏။ (စိတ်ချပါ ခြင်္သေ့မင်း အကျွန်ုပ်၏အသက်ကိုသာလျှင် ချမ်းသာပီးပါ။ သင်သည် တောဝက်သားကို မုချအကယ် သုံးဆောင်ရပါလိမ့်မည်) ပြောပြီးလျှင် ခဲဝါသည် တောဝက်ဟိရာ ပြန်လာလတ်၏။ တောဝက်နားသို့ရောက်သောအခါ ခဲဝါက (အိုအဆွေ တောဝက် အကျွန်ုပ်သည် ယခုပင်လျှင် ထိုတောင်ဖက်အရပ်က မွှီးကြိုင်သောအနံ့တခုရပါ၏။ ထိုရှိက တောင်စောင်းနား မလှမ်းမကမ်းသော ယာခင်းတွင် ရွှေဝါစပါးများ သီးမှည့်လျှက်ဟိပါ၏။ ၄င်းယာခင်းထဲတွင် သခွါး၊ ဖရုံ၊ နန္ဒရာ၊ နပျိုး သီးမျိုးစုံလည်း သီးမှည့်လျှက်ဟိပါ၏။ အကျွန်ုပ်သည် သင့်အား လမ်းပြပြီးပါမည်) ဆို၏။ ထိုအခါ တောဝက်က ခဲဝါစကားကိုယုံလျှက် (ကောင်းယင့်အဆွေ ခဲဝါ။ အသင်အကျွန်ုပ်အား လမ်းပြပီးပါ။ သင်အမဲဖမ်းသောအခါ အကျွန်ုပ်သည် သင့်အမဲများထွက်ပြီးရာလမ်းကစောင့်လျှက် အကျွန်ုပ်၏ချွန်ထက်သောအစွယ်ဖြင့် ထိုးပင့်လျှက် ကူညီပီးပါမည်) ကတိစကားဆို၏။

သို့ဖြင့် ခဲဝါသည် တောဝက်အား မာယာဥပါယ်ဖြင့် ယာကြီးသခင်ထောင်ထားသော ကြော့ကွင်ဟိရာအရပ်သို့ မျှားခေါ်ယူလား၏။ ပြီးလျှင် (အဆွေ တောဝက် ထိုနောက်တန်းခါးပေါက်ဝသည်ကား ယာခင်းထဲသို့ လျှို့ဝှက်ဝင်ရာလမ်းဖြစ်၏။ ထိုအပေါက်မှဝင်၍ သင်သုံးဆောင်လိုသော အရသာဟိသော သီးမျိုးစုံကို စိတ်ချလက်ချသုံးဆောင်နိုင်ပါ၏၊ အကျွန်ုပ်သည် သင့်အား ဤနီရာမှနီ၍ ကင်းစောင့်ပီးပါမည်။ ယာကြီးသခင်လာသည်ဟိသော် အကျွန်ုပ်သည် အူမြူးလျှက် သင့်အားအသံပြုပါမည်။ ထိုအခါ သင်သည် ယာခင်းထဲက အလျှင်အမြန်ထွက်လတ်ပါ) ဆို၏။ တောဝက်လည်း ခဲဝါစကားကိုယုံလျှက် ကြော့ကွင်းထောင်ထားရာအရပ်သို့ ၀င်မိသည်ဟိသော် ကြော့ကွင်းတွင်မိလျှက် ခြီလက်အစုံပူးချိုင်မိလီ၏။ ထိုအခါ တောဝက်က ၀က်ဘာသာဖြင့် (ကူပါကယ်ပါအော်၏။)

ထိုအသံကို ကြားသောအခါ ခြင်္သေ့မင်းသည်အပြီးရောက်လာ၏။ ခြင်္သေ့မင်းသည် တောဝက်အားခြီလက်အစုံပူးချိုင်မိနီသည်ကိုမြင်၍ စိတ်ချရပြီးဖြစ်သောအခါ ခဲဝါကို အယင်ခုန်အုပ်ဖမ်းဆီးလိုက်၏။ ခဲဝါသားကို သုံးဆောင်ပြီးနောက် ဆူဖြိုးသောတောဝက်သားကို မြိန်ယှက်စွာသုံးဆောင်၏။ ထိုကနိအဖို့ ခြင်္သေ့မင်းသည် ခဲဝါသားနှင့်တောဝက်သားကို တထပ်တည်းနှင့်နှစ်ကောင် သုံးဆောင်ရသည်ဖြစ်၍ အလွန်ကျေနပ်အားရခြင်းဖြစ်၏။ ၀မ်းခေါင်းတွင်းက ကျေးဇူးသိတတ်သော ခဲဝါငယ်အား သာထုသုံးကြိမ်ခေါ်ဆိုလျှက် အမျှဝီခြင်းပြု၏။

Sunday, October 12, 2008

ပြည်တွင်းက စာတစောင်


ရခိုင်မျိုးဖျောက်စီမံကိန်း
=============

ဆရာခိုင်မြတ်ကျော်

ကျွန်တော် ရခိုင်ပိုင်ရွီးစွာကို ခွင့်လွှတ်ပါ။ လူတိုင်းနားလည်စီချင်ရေ စေတနာနန့်ပါ။ စလုံးယေစ မြန်မာပြည်ကိုအုပ်ချုပ်နီရေ ဖက်ခွက်အစိုးရက တနိုင်ငံလုံးကို ဗမာဖြစ်အောင် စီမံကိန်းချလုပ်ဆောင်နီစွာကို စပြောပါမည်။

ကျွန်တော်ရွီးရေနိဒါန်းကို လူမျိုးရေးသွီးခွဲ ပြည်ထောင်စုပြိုကွဲအောင်လုပ်တေလို့ယူဆက ဆရာရို့ နရဉ္စရာမြန်မာသတင်းမှာ မဖော်ပြဘဲထားလို့ရပါရေ။ ယေကလေဲ့ စာကိုတော့ ဆုံးအောင်ဖတ်စီချင်ပါရေ။ ကျွန်တော်က ရခိုင်သားဖြစ်လို့ ရခိုင်ပြည်အကြောင်းရာ သိပါရေ။ တခြားပြည်နယ်တိမှာလည်း ကျွန်တော်ရို့ ရခိုင်ပြည်မှာအတိုင်း ဟိလီဖို့လို့ထင်ပါရေ။ ကျွန်တော် အလယ်တန်းကျောင်းသားဘ၀မှာ ကျွန်တော်ရို့နယ်ကို ဖက်ခွက်တပ်တိ ရောက်လာပါရေ။ (ခ.မ.ရ၊ ခ.လ.ရ၊ C.O.D ၊ တ.ဗ.ဟ ၊ ပ.ည.ရ) ဖက်ခွက်တပ်တိမှာ လက်နက်နန့်လူပဲပါရေ။ မြီမပါပါ။ ဖက်ခွက်တပ်ထိုင်ဖို့ ရခိုင်သားပိုင်လယ်တိကို အားလုံးသိမ်းပါရေ၊ တချို့ရွာတိဆို ဖက်ခွက်တပ်နန့် နီးရေဆိုဗျာ ပြောင်းခိုင်းပါရေ။ ဖက်ခွက်တိမလာခင် ကျွန်တော်ရို့နယ်စွာ ကောင်းကောင်းအီးချမ်းပါရေ။ လုံခြုံရေးအတွက် ရဲစခန်းတခုဆို လုံလောက်ပါရေ။ ယင်းကို ဖက်ခွက်တပ် (၅) ခု ချထားပါရေ။ သူရို့ ဖက်ခွက်တပ်က လယ်သိမ်းယူလားလို့ ရခိုင်သားမှာ လုပ်စားစရာမဟိ မွဲပါရေ။ ယေဇု ၀မ်းရေးအဆင်ပြေဖို့ နီရာသစ်သို့ပြောင်းကတ်ရပါရေ။ နီရာသစ်ပြောင်းရေဆိုစွာ ရခိုင်ပြည်တွင်း ပြောင်းစွာမဟုတ်ပါ။ ရခိုင်ပြည်က ဗမာပြည်ကို ပြောင်းလားခရစွာကို ပြောစွာပါ။ အေချင့်လည်း လူမျိုးဖျောက်တေနည်းတမျိုးပါ။

(၂)ပြောင်းလာရေ ဖက်ခွက်ဗိုလ်မယားတိက ကျောင်းဆရာမများပါရေ။ ကျောင်းဆရာမဆို အချေတိကို စာသင်ပါရေ။ ယင်းချင့်က ကောင်းပါရေ။ ပြဿနာက ဘာသာစကားပါ။ စာသင်ရေခါ ဗမာစကားပြောခိုင်းပါရေ။ ဗမာစကားပြောလို့မပီကေ အသတ်ခံရပါရေ။ ဗမာဆရာမတယောက် နာမည်က (ခင်နွဲ့မူ) ပါ။ သူ့အတန်းပိုင်ဆရာမလုပ်ခါ ကျောင်းသားနာမည်ခေါ်ပါရေ။ ကျွန်တော်ရို့ ရခိုင်သားထုံးစိုင် (ရောက်ပါရေ) လို့ထူးပါရေ။ ယင်းကို ယင်းဆရာမက ယောက်ကျားချေဆို (ရှိပါတယ် ခင့်ည) မိမ္မချေဆို (ရှိပါတယ် ရှင့်) ထူးခိုင်းပါရေ။ တရက်နိ နာမည်ခေါ်ခါ ကျောင်းသားတယောက် (ရှိပါတယ် ခင်ရှင့်) ထူးပါရေ။ ယေခါ တတန်းလုံး ၀ိုင်းရယ်ကတ်ပါရေ။ ဆရာမ ကောင်းကောင်းမာန်ပါပါရေ။ (ဗမာစကားကို ဘာထင်သလဲ) ဆိုဗျာ ကြိမ်တုတ်နန့်သတ်ပါရေ။ ပြီးကေ တတန်းလုံးကိုပြောပါရေ။ (မင်းတို့ (၁၀) တန်းအောင်ဘွဲ့ရ ပညာတတ်ရင်လည်း ဗမာစကားမတတ်ရင် အလကားဘဲ) လို့ပြောပါရေ။ ဗမာစကားရာ အခရာဆိုရေသဘောပါ။ အေချင့်လည်း ရခိုင်အချေတိကို ဗမာစကားပြောအောင်လုပ်ပျာ လူမျိုးဖျောက်တေနည်းတမျိုးပါ။

(၃)ဖက်ခွက်တပ်တိရောက်လာလို့ လုပ်နိုင်ကိုင်နိုင်ရခိုင်သားတိ အလုပ်မဟိ ဗမာပြည်သို့ထွက်လား၊ ကျန်အချေတိက ဗမာစကားပြောနီပါယာ။ မိမ္မတရွီကျန်ပါရေ။ ဖက်ခွက်တပ်မှာ အိမ်ထောင်ကျဟိရေပိုင် လူပျိုလူလွတ်ဖက်ခွက်တိလည်း အများကြီးပါ။ ဇာလူမျိုးပင်ဖြစ်ဖြစ် ဖက်ခွက်တပ်ထဲဝင်ကေ ဗမာစကားပြောရပါရေ။ တပ်ကဖက်ခွက်နန့် ရခိုင်သမရကတ်စွာ ရွီလို့မကျပါ။ ရခိုင်သမတိဗမာစကားပြောလို့ အားလုံးဗမာဖြစ်လားပါယာ။ တချို့ရခိုင်သားတိ ဗမာကိုအထင်ကြီးလာပါရေ။ အထင်ကြီးအောင်လည်း လုပ်ထားပါရေ၊ တခါက ကျွန်တော်ရို့သူငယ်ချင်းတစု သင်္ကြန်ချဖို့ ဗမာပြည်နန့်နီးရေ နယ်စပ်မြို့တမြို့ကို လားခီပါရေ။ ယင်းမှာ ရခိုင်ရိုးရာသင်္ကြန်ပွဲ ကကောင်းပျော်ဖို့ကောင်းပါရေ။ ကျွန်တော်ရို့ တည်းနီရေအိမ်နန့်ကပ်လျှက် အိမ်တဆောင်က ကျွန်တော်ရို့ကို မုန့်လုံးရီပေါ်ခေါ်ကျွေးပါရေ။ မုန့်လုံးရီပေါ်စားယင်း သူရို့ကလည်း သူရို့မြို့အကြောင်းပြော။ ကျွန်တော်ရို့ ကလည်း ကျွန်တော်ရို့မြို့အကြောင်းပြော စကားလက်ဆုံကျပါရေ။ ယင်းစကားဝိုင်းမှာ မြို့ခံတယောက်က (ငါရို့မြို့ ရခိုင်ပြည်ထဲမှာရှိစွာမကောင်း၊ ဗမာပြည်ထဲပါလားကေ ကောင်းဖို့) ပြောပါရေ၊ ကျွန်တော်က သူ့ကို (ဇာဖြစ်လို့လဲ) မီးရေခါ သူက (ဗမာပြည်ထဲက မြို့တိဆိုကေ လျှပ်စစ်မီးရရေ။ လမ်းပန်းဆက်သွယ်ရေးကောင်းရေ။ စစ်တပ်က အနိုင်မကျင့်။ စီးပွားရေး ရခိုင်ပြည်ထက် အဆင်ပြေရေ) စသည်ဖြင့် ထောက်ပြပါရေ။ ဟုတ်လည်းဟုတ်ပါရေ။ အားကျဖို့ဆိုကေ အားကျလောက်ပါရေ။ ယေကေလဲ့ ရခိုင်ပြည်ထဲကမြို့ကို ဗမာပြည်ထဲပါအောင်ထည့်ချင်ရေ “စိတ်ဓါတ်” ရခိုင်သားတိ ဇာလောက်များနီဗျာလဲလို့တွေးယင်း သင်္ကြန်မှာပျော်စွာ အားလုံးပျောက်လားပါရေ။ လူဆိုစွာ အကောင်းကို နှစ်သက်ပါရေ။ ယင်းပိုင် ဗမာပြည်ကမြို့တိနန့် ရခိုင်ပြည်ကမြို့တိ ခြားအောင်လုပ်ထားစွာက ဗမာပြည်နန့်ဗမာလူမျိုးကို အထင်ကြီးအောင်လုပ်ဗျာ ရခိုင်လူမျိုးပျောက်အောင် မြူဆွယ်ဖြားယောင်းနည်းတမျိုးပါ။

(၄)ဖက်ခွက်အစိုးရစွာ အခုလယ်သမားတိဘားက တင်းစပါးမ၀ယ်ပါယာ။ သာမန်ကြည့်ကေ ကောင်းပါရေ။ လယ်သမားတိ အခွင့်အရေးရရေ။ ကိုယ်လယ်မြေကထွက်တေစပါးဆန်ကို ကာလပေါက်ဈီးနန့်ရောင်းလို့ရပါရေ။ စီးပွားရေးအဆင်ပြေရေ။ ယေကေလဲ့ ယင်းအခွင့်ကို ရခိုင်လယ်သမားတိ မခံစားရပါ။ ဇာကြောင့်လဲ။ အထက်မှာ ပြောခရေပိုင် ဖက်ခွက်တပ်လာကေ လူနန့်လက်နက်ရာပါရေ။ မြီကို ရခိုင်သားဘားက သိမ်းရေ။ နည်းနည်းနောနောမဟုတ်ပါ။ ဖက်ခွက်တပ်တတပ်သိမ်းထားရေလယ်စွာ တပ်ရင်းတရင်း တနှစ်ဝမ်းစာပိုပါရေ။ ရခိုင်ပြည်မှာ စစ်တပ်ပေါင်း ဇာလောက်ဟိရေလဲ။ ရခိုင်သားပိုင်လယ်တိ ဇာလောက်ဆုံးလားခဗျာလဲ။ ကောင်းကောင်းအများကြီးပါ။ ဗမာပြည်ဘက်မှာ ဖက်ခွက်တပ်က လယ်သိမ်းရေလို့ မကြားဖူးပါ။ ဗမာပြည်က လယ်သမားတိ နွီစပါးစိုက်နိုင်အောင် တာတမံရီလှောင်ကန် ဆည်တိဆောက်ပီးထားစွာ အများကြီးပါ။ ရခိုင်လယ်သမားတိကိုလည်း ဖက်ခွက်တပ်က အားဓမ္မနွီစပါးစိုက်ခိုင်းပါရေ။ ဗမာပြည်မှာပိုင် တာတမံ ရီလှောင်ကန်မဟိဘဲ ဇာပိုင်စိုက်ဖို့လဲပြောခါ (၁၀) ပေပတ်လည် ကန်တိတူးခိုင်းပါရေ။ ကန်ရီနန့်စိုက်ခိုင်းပါရေ။ စိုက်မအောင်ရေအပြင် မျိုးစပါးတိအားလုံးဆုံးပါရေ။ ယင်းပိုင် စီးပွားရေးကျပ်တေကြား လုပ်အားပီးခိုင်း၊ ကြက်ဆူပင်စိုက်ခိုင်း ကြာလာကေ ရခိုင်ပြည်မှာနီရစွာညီးဗျာ ဗမာပြည်ကိုပြောင်းလားခရေ ရခိုင်သားတိ အလှိုင်းလှိုင်း အလှိုင်းလှိုင်းပါ။ အေစွာလည်း သူရို့နယ်ချဲ့ဝါဒအောင်မြင်ရေး ရခိုင်လူမျိုးဖျောက်ရေး နည်းတမျိုးပါ။


(၅) ဆရာခိုင်မြတ်ကျော် ရခိုင်ပြည်မှာတိုးစွာဆိုလို့ ဖက်ခွက် (နတလ) ရွာရာ ဟိပါရေ။ နတလ ရွာဆိုစွာ ဖက်ခွက်တပ်က ခြီပြတ် လက်ပြတ် အကျိုးအကန်း၊ ဗမာပြည်ထဲက အိုးမဲ့အိမ်မဲ့တိကို စုတည်ထားရေ ဗမာရွာတိပါ။ အေရွာတိစွာ ရခိုင်ပြည်ကို ဗမာပြည်ဖြစ်အောင်လုပ်ဖို့ အကြံနန့်ပါ။ ယင်းပိုင် ရခိုင်ပြည်က ရခိုင်သားကိုနှင်ထုတ်၊ ရခိုင်သမကို ဖက်ခွက်နန့်ရအောင်လုပ်၊ ရခိုင်သားအချေတိကို ဖက်ခွက်စကားသင် မကြာခင် ရခိုင်လူမျိုး ပျူပိုင်ယှောင်ပျောက်ဖို့ ရင်လီးဖို့ကောင်းပါရေ။

ကျွန်တော် စစ်တွေနယ်ဖက်က ကျောင်းသားတယောက်ပါ။
နိစွဲရက်မှတ်။ ။ စက်တင်္ဘာ (၂၂) ရက်၊ ၂၀၀၈ ခုနှစ်

Friday, October 10, 2008

ရခိုင်သူရဲကောင်းကျော်ရွှေမောင် မြန်မာဖက်ခွက်စစ်တပ်အရှာဟိနှစ်ဦးကိုပစ်သတ်

ရန်ကုန်တိုင်း တိုက်ကြီးမြို့ခြီစိုက်တပ်ရင်းတခုမှ မြန်မာဖက်ခွက်စစ်တပ်အရာဟိနှစ်ဦးကို မကျေနပ်၍ သတ်ဖြတ်ထွက်ပြီးသူ တပ်သားကျော်ရွှေမောင်မှာ မြန်မာဖက်ခွက်စစ်သားများနှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် ကျည်ဆံထိမှန်သီဆုံးလားသည်။

ကျော်ရွှေမောင်မှာ ရန်ကုန်တိုင်းတိုက်ကြီးမြို့ ခြီစိုက် မြန်မာဖက်ခွက်စစ်တပ် ခမရ ၇၀၇ မှ တပ်သားတဦးဖြစ်သည်။သူသည် မြန်မာဖက်ခွက်စစ်တပ်အရာဟိနှစ်ဦးအား သတ်ဖြတ်ပြီးနောက် ပြည်မြို့ဘက်သို့ ဆိုင်ကယ်ဖြင့်ထွက်အပြီး လမ်းတလျှောက် အသင့်စောင့်နီသော မြန်မာဖက်ခွက်စစ်သား၊ ရဲသားများနှင့် အုတ်ဖိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားသည်။

တိုက်ပွဲအတွင်း မြန်မာဖက်ခွက်စစ်တပ် ခမရ ၆ တပ်ရင်းမှ ဗိုလ်မှူးတဦးနှင့် တခြားတပ်သားတဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး ကျော်ရွှေမောင်သည်လည်း ကျည်ဆံ ၇ ချက်ထိမှန်ပြီး အဆိုပါနီရာ၌ပင် သူရဲကောင်းပီပီ ကျဆုံးလားသည်။ အဆိုပါ ပစ်ခတ်သတ်ဖြတ်မှုမှာ လွန်ခသည့် စနီနိ (အောက်တိုဘာလ ၄ ရက်) နိက ဖြစ်ပွားခြင်းဖြစ်သည်။

ကျော်ရွှေမောင်မှာ ရခိုင်သားတဦးဖြစ်ပြီး ကျော်ရွှေမောင်ထံမှ အမ်အေ ၀မ်း ၁ လက်၊ နိုင်းမမ ပီစတိုတလက်၊ လက်ပစ်ဗုံးတလုံးနှင့် ကျဉ်ဆန် ၁၉၀ တောင့် သိမ်းဆည်းရကြောင်း သိရသည်။

ယခုကဲ့သို့ မြန်မာဖက်ခွက်စစ်တပ်အရာဟိများကို ပစ်ခတ်သတ်ဖြတ်သည်မှာ မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို အတိအကျမသိရသိမ့်သော်လည်း ရခိုင်သားများအပေါ် မြန်မာဖက်ခွက်စစ်တပ်က လူမျိုးရေးအရ ချိုးနှိမ်စော်ကားသဖြင့် ယခုကဲ့သို့ သတ်ဖြတ်ခြင်းဖြစ်သည်ဟု များမကြာမှီက စစ်တပ်မှနယ်စပ်သို့ ထွက်ပြီးလာသူ တဦးကပြောသည်။

(နိရဉ္စရာသတင်း) (10/8/2008)

ကျော်ရွှေမောင်ကဲ့သို့ ရခိုင်သားသူရဲကောင်းများကို ထာဝရမမိမပျောက် ဂုဏ်ပြုကြိုဆိုရမည်ဖြစ်သည်။ ရခိုင်သားလောကတွင် ကျော်ရွှေမောင်ကဲ့သို့ ရခိုင်သူရဲကောင်း အမြောက်အများစွာပေါ်ထွန်းရန်လိုအပ်သည်။ ဤထက်မကသော ဂေါင်ထိပ်သီးများကို တယောက်စီတယောက်စီ အမှည့်ခြွီပစ်ကတ်ရမည်ဖြစ်သည်။ နီရဲသော ရခိုင်သွီးကို ရခိုင်သားသူရဲကောင်းကျော်ရွှေမောင်က ဤနီရာတွင် ရဲရင့်စွာပြသလိုက်ခြင်းသည် နောင်လာနောက်သား ရခိုင်သားများအတွက် အလွန်ဝမ်းမြောက်ဂုဏ်ယူစရာဖြစ်သည်။

အကြောင်းအမျိုးမျိုးကြောင့် မြန်မာဖက်ခွက်စစ်တပ်ထဲသို့ရောက်လားရသော်လည်း ရခိုင်သွီးပီသလျှင် ရန်သူ့လက်နက်ကို ကိုယ့်လက်နက်အဖြစ်အသုံးချနိုင်သည်ကို ရခိုင်သူရဲကောင်းကျော်ရွှေမောင်က သွီးဖြင့်သက်သီပြလိုက်ခြင်းဖြစ်သည်။ ရခိုင်သူရဲကောင်း ကျော်ရွှေမောင်အား အာဇာနီသူရဲကောင်းအဖြစ် အကျွန်ုပ်ရို့ ထိုက်ထိုက်တန်တန် ဦးညွတ်ဂုဏ်ပြုအပ်သည်။

ဤနီရာတွင် မြန်မာစကားဖြင့် အမျိုးချစ်ပြနီသည်မှာ ကကောင်းရှက်ဖို့ကောင်းသောအလုပ်ဖြစ်သည်။ ရခိုင်သားမျက်နှာကို ဇာမှာထားရခန့်လဲ။ အသွီးအသားထဲကဖြစ်လာသော်လည်း သွီးဆိုးသွီးယုတ်များကို ဖောက်ထုတ်ပစ်ရမည်ဟု မြတ်ဗုဒ္ဓကမိန့်ကြားခသည်။ မျိုးချစ်နာမည်ခံအမျိုးသားသစ္စာဖောက်များကို ယောက်ကျားမိမ္မမဟူ အမြစ်ဖြုတ်သုတ်သင်ခြီမှုန်းရန် အချိန်တန်ဗျာယ်ဖြစ်ပါကြောင်း ရွာလည်မောင်းခတ် ကြေငြာအပ်ပါသည်။

Friday, September 12, 2008

ဓည၀တီနိဂုံးရွာများသမိုင်းသာခြင်းကို လေ့လာဆန်းစစ်ခြင်း

ရခိုင်ပြည်ကျဆုံးပြီးနောက်ပိုင်း ရခိုင်စာပီအပေါ် မြန်မာစာလွှမ်းမိုးလာမှုကို သိသာထင်ရှားစွာ တွိမြင်နိုင်ပါသည်။ တချို့စာများမှာ ဗမာတ၀က် ရခိုင်တ၀က် ဥပမာ တန်းခိုးဆရာထွန်း၏သာခြင်းများ၊ ဒေ၀န်းအောင်ကျော်ရွှီ၏ရတုများ။ တချို့ကဗျာလင်္ကာများမှာ လုံးဝမြန်မာအတိုင်းဖြစ်ပါသည်။ ယှားယှားပါးပါး မြန်မာစာလွှမ်းမိုးခြင်းမခံခရသော သာခြင်းတပုဒ်ကို အကျွန်ုပ်လားတွိခီပါသည်။

ကိုယ်တော်ပညာသာရပါးကရသော သာခြင်းဖြစ်ပါသည်။ သာခြင်းတပုဒ်လုံးအပြည့်အစုံကို မရပါသိမ့်။ တတိယပိုင်းကိုရာ ရထားစွာဖြစ်ပါသည်။ သာခြင်း၏အဆုံးပိုဒ်မှာ (သက္ကရာဇ် ၁၁၁၆ ခု ပြာသိုလဆန်း (၁၀) ရက် ၂လာ စနီ မွန်းလွဲချိန်တွင် ရွီးကူးပြီးသည်။ ရွှီလုံးလက်ရွီး ပုဒိအာနှင့် ပြည့်စုံရပါလို၏) ဟု ပါပါသည်။ ၄င်းအထက်က သက္ကရာဇ်ကို လင်္ကာဖြင့်မှတ်တမ်းတင်ရာတွင် (ကောဇာရောက်လစ်၊ သက္ကရာဇ်ကေ၊ မှတ်ပိုက်သင်္ချာ၊ တွက်စစ်ခါဝယ်၊ ဧကာဒွယ၊ ခန့်ရူပတွင်၊ မိဿရာသီ၊ ပုဏ္ဏမီကေ၊ တိထီရက်စိ) ဟု ပါပါသည်။

အကျွန်ုပ် ပါဠိမကျွမ်းပါ။ ဆရာတော် ဥူးစက္ကိန္ဒရို့နှင့် ဆွေးနွေးတိုင်ပင်ကြည့်က အဖြေမှန်ကို ရနိုင်ပါလိမ့်မည်။ ဂဏန်းသက္ကရာဇ်အလိုအရဆိုလျှင် ရခိုင်ပြည် ဗမာလက်အောက်မကျခင် နှစ်ပေါင်း ၃၀ တိတိအလို ၁၁၁၆ ခုနှစ်ဖြစ်ပါသည်။ ဖြစ်နိုင်ပါသည်။ ပဇာကြောင့်ဆိုသော် ဤသာခြင်း၌ ဗမာစာလွှမ်းမိုးခြင်းကို လုံးဝမတွိရ၍ဖြစ်ပါသည်။ ယေဒါလဲ့ အကြောင်းအရာက ကကောင်းအဆင့်မြင့်သည့်အတွက် ယင်းအချိန်ကဖြစ်နိုင်ဖို့လား၊ အင်္ဂလိပ်လက်ထက်က ရွီးစွာမဖြစ်နိုင်လားဆိုဗျာ စောဒကတက်စရာ အကြောင်းဟိပါသည်။

(ဧကာဒွယ) ကို (တစ်နှစ်လုံး) ဟုယူသော် ၁၁၁၆ ခုဖြစ်ပါသည်။ ဒွယကို (နှစ်) ဟု ယူသော် ၁၂၁၆ ခုရပါသည်။ ပါဠိကျွမ်းကျင်သော ဆရာတော်ကြီးများကရာ တိကျသောအဖြေ ပီးနိုင်ပါလိမ့်မည်။ အကျွန်ုပ်တင်ပြလိုသည်မှာ စာပီဏ္ဍ၌စိတ်ဝင်စားသော ပညာသျှင်များ စိုင်းစားတွေးခေါ်ဖို့ရအောင် ဆွေးနွေးတင်ပြရခြင်းဖြစ်ပါသည်။ ၁၂၁၆ ခုနှစ်ဟုယူသော်လည်း ဤသာခြင်းသည် အေဒီ ၁၈၅၄ ခုနှစ် အထက်ဗမာပြည် အင်္ဂလိပ်လက်အောက်ကိုမကျခင် နှစ်ပေါင်း ၃၀ အလို (သို့မဟုတ်) ရခိုင်ပြည် အင်္ဂလိပ်လက်အောက်ကိုရောက်ပြီး အနှစ် ၂၀ အကြာက ရွီးစပ်ခသော သာခြင်းတပုဒ်ဖြစ်ပါသည်။

ယေဒါလဲ့ ဤသာခြင်း၌ ဗမာစာလွှမ်းမိုးခြင်းကို လုံးဝမတွိရသည့်အတွက် ပီစောင်မှာပါသည့်အတိုင်း သက္ကရာဇ် ၁၁၁၆ ခုနှစ် အချိန်ကလည်း အများကြီးဖြစ်နိုင်ပါသည်။ သာခြင်းပထမပိုင်းမှာ ခရိယာန်ဘာသာကိုလည်း ဝေဖန်သုံးသပ်ထားပါသည်။ ဒုတိယပိုင်းမှာ ငှက်ဖျားသည် ခြင်ကြောင့်ဖြစ်ရသည်ဟု တင်ပြထားပါသည်။ ဤအကြောင်းအရာနှစ်ချက်သည် အလွန်တရာ ခေတ်မှီနီသဖြင့် အင်္ဂလိပ်လက်ထက် ရွီးခစွာများ မဖြစ်နိုင်လားဆိုဗျာ စောဒကတက်စရာဟိပါသည်။

ပထမအကြောင်းအရာဖြစ်သော ခရိယာန်ဘာသာအယူဝါဒ သုံးသပ်ချက်ကိုကြည့်ခြင်းဖြင့် အင်္ဂလိပ်လက်ထက်ဖြစ်မည်ဟု တထစ်ချကောက်ချချဖို့လည်း မဖြစ်နိုင်ပါ။ သိရိသုဓမ္မရာဇာ မင်းလက်ထက် ခရိယာန်ဘုန်းတော်ကြီးမန်နရိတ်ကိုယ်တိုင် မြောက်ဦးရွှေနန်းတော်ကို ရောက်ဖူးပါသည်။ မြောက်ဦးခေတ်တွင် ဒေခ်ျပေါ်တူဂီ ရခိုင်ပြည်နှင့် ကုန်ကူးသန်းရောင်ဝယ်မှု ဟိပါသည်။ ဒေခ်ျစက်ရုံတရုံ မြောက်ဦးမြို့တွင် တည်ဖူးပါသည်။

ယေဇုနှင့် ခရိယာန်အယူဝါဒနှင့် ရခိုင်ပြည်သူပြည်သားများ ထိတွိဆက်ဆံမှုမှာ ရခိုင်ပြည်ဗမာလက်အောက် မကျခင်ကပင်ဖြစ်ပါသည်။ ထို့ကြောင့် ခရစ်ယာန်အကြောင်းအရာပါတိုင်း အင်္ဂလိပ်လက်ထက်ကဖြစ်ဖို့ဆိုဗျာ တရားသီယူဆဖို့လည်း မဖြစ်နိုင်ပါ။ အထက်ကပြောခရေပိုင် မြောက်ဦးခေတ်ကပင် ရခိုင်ပြည်သူ ပြည်သားများသည် ခရိယာန်ဘာသာဝင်များနှင့် ကူးလူးဆက်ဆံမှုဟိသည့်အတွက် ပီစောင်တွင်ပါသည့်အတိုင်း မြောက်ဦးခေတ်တွင် ရွီးစပ်သည်မှာလည်း အများကြီးဖြစ်နိုင်ပါသည်။

နောက်အကြောင်းအရာတခုမှာ ငှက်ဖျားကိစ္စဖြစ်ပါသည်။ သာခြင်းတွင်ပါသည့်အတိုင်း ရခိုင်သက္ကရာဇ် ၉၀၀ ခုနှစ်မှာ ရခိုင်ပြည်၌ ငှက်ဖျားရောဂါကြောင့် သီဆုံးခရသူ လူပေါင်း ၁၂၄၀၂၄ (တသိန်းနှစ်သောင်း လေးထောင်နှစ်ဆယ့်လေး) ယောက်ဖြစ်သည်ဟု အတိအကျဆိုပါသည်။

ထပ်လို့တဖန် မြဒိုးဝေရွီးသော ရှိဟောင်းကျမ်းစာအုပ်မှာပါသည်ဟု ဆိုပါသည်။ ထိုအခါ ဘုရင်က သမားတော်ကြီးပေါ်ထွန်းအောင်ကို ပဇာကြောင့်ဖြစ်ရရေလဲလို့ စီးစစ်ခိုင်းပါသည်။ အစပိုင်းမှာ ချမ်း၍ခန္ဓာတုန်ပြီး ဖျားသောအနာကို ငှက်ဖျားခေါ်ရေဟု ဆိုထားပါသည်။ ငှက်ဖျားသည် (Malaria) ကိုခေါ်သော ရခိုင်ဝေါဟာရစစ်စစ်ဖြစ်ပါသည်။ ရခိုင်သားများသည် ယင်းခါကပင် ငှက်ဖျားကို တွိထားပြီးသားဖြစ်လီစွာလား မိန်းခွန်းထုတ်စရာဟိပါသည်။

သာခြင်းတွင်ပါသော မြဒိုးဝေ၏မှတ်တမ်းအရ သမားတော်ကြီးသည် ခြင်ကောင်များကို စီးစစ်သောအခါ ခြင်ငါးမျိုးကိုတွိရပါသည်။ ယင်းခြင်ငါးမျိုးမှာ ခြင်ဝါ၊ ခြင်စောက်၊ ခြင်ပြောက်၊ ခြင်ကျား၊ ခြင်ကုလားရို့ဖြစ်ပါသည်။ ခြင်စောက်ကောင်၏ဂေါင်းအောက်၌ပါသော အဆိပ်ဓါတ်ကြောင့် ငှက်ဖျားဖြစ်ရသည်ဟု ဆိုပါသည်။ ကျန်ခြင်လေးမျိုးဖြစ်သော ခြင်ဝါ၊ ခြင်ပြောက်၊ ခြင်ကျား၊ ခြင်ကုလားရို့ကိုက်သောအခါ ဖျားအနာမှာ များစွာမဖြစ်သော်လည်း ငှက်ဖျားဟိသော လူတယောက်ကို ကိုက်ဖောက်သောအခါ ငှက်ဖျားနာကူးစက်ပြန့်ပွားရသည်ဟု ဆိုပါသည်။

ဤအကြောင်းအရာသည် အလွန်ခေတ်မှီနီသည့်အတွက် ငှက်ဖျားသည် ခြင်ကဖြစ်တေဆိုစွာ ရခိုင်သားက အယင်သိထားစွာလား ယေမှမဟုတ် အင်္ဂလိပ်ရောက်ပြီးမှ သိစွာလားဆိုသည်ကို သုတေသနပြုလုပ်ဖို့ လိုအပ်ပါမည်။ ဤအကြောင်းရာနှစ်ချက်သည် သာခြင်းရွီးစပ်သော ခုနှစ်သက္ကရာဇ်နှင့်ဆက်စပ်နီသဖြင့် စာဖတ်သူများစိုင်းစားဆင်ခြင်နိုင်ရန် တင်ပြရခြင်းဖြစ်ပါသည်။

နောက်ပိုင်းတွင် သာခြင်းကာရံယူပုံစနစ်ကို အနည်းငယ်ဆွေးနွေးပါမည်။

သာခြင်းစလုံးယေစချင်း (ပြောပြမည်လေ၊ ထွေထွေရပ်ရပ်၊ မောင်ကညွှန်၍၊ မှန်အမှားနှင့်၊ စကားရပ်ကို၊ သိကတ်လီယောင်၊ ရောက်လာသူလေ၊ ပျိုဖြူများမှာ၊ ရွှီနားထောင်ပါ) ဟု ဆိုထားပါသည်။ (ရပ်) နှင့် (ကတ်) ကာရံယူထားသည်ကို တွိရပါသည်။ (ကတ်) ဆိုသောဝေါဟာရသည် ရခိုင်ဝေါဟာရစစ်စစ် ဖြစ်ပါသည်။

ရှိဟောင်းစာပီများတွင် (ကတ်) အသုံးအနှုံးအလွန်နည်းပါသည်။ အကျွန်ုပ် ဤသာခြင်း၌ရာ တွိဖူးပါသည်။ ထို့ကြောင့် ဤသာခြင်းသည် ရခိုင်စာပီကဏ္ဍအတွက် အလွန်အရေးကြီးပါသည်။

ထိုသို့ဆိုရခြင်းအတွက် ကျန်အချက်အလက်များကိုလည်း ညာဏ်မှီသလောက်၊ လက်လှမ်းမှီသလောက် ဆွေးနွေးပါမည်။

မှတ်သားရန်တချက်မှာ ရှိဟောင်းပီစာများ၌ (နန့်) ကို (နှင့်) ဟု ရွီးပါသည်။ အသံထွက်သောအခါ ရမ်းပြည့်သံဖြင့် (နှင့်) သို့မဟုတ် (နာင့်) သို့မဟုတ် (နန့်) ဟု အသံထွက်ပါသည်။ ထို့ကြောင့် အကျွန်ုပ်ရို့ (နှင့်) ကို ဖတ်သောအခါ (နှင့်) သို့မဟုတ် (နာင့်) သို့မဟုတ် (နန့်) ဟု ဖတ်နိုင်ပါသည်။

ဤသာခြင်းတွင် (ကတ်) တခုတည်းမဟုတ်ပါ၊ (ကြ) အသုံးအနှုံးကိုလည်း တွိရပါသည်။ ထောက်ပြပါမည်။ (ပူဇာဝန္တ၊ ဆယ်ချောင်းရုံ၍၊ လက်စုံမိုးကေ၊ ရှိခိုးကြလည်း) ဤအပိုဒ်တွင် (၀န္တ) နှင့် (ကြ) ကို ကာရံယူထားသည်ကို တွိရပါသည်။

နောက်တပိုဒ်မှာ (ကျေးဇုဟုန်နှင့်၊ ဂုဏ်ကြီးမြတ်၍၊ အထွဋ်တင်ကြ၊ အနန္တဟု) ဆိုရာတွင်လည်း (ကြ) ကို တွိရပါသည်။ (ကြ) နှင့် (ကတ်) မှာ အဓိပ္ပါယ်အတူတူဖြစ်ပါသည်။ ရှိဟောင်းပီစာများ၌ (ကြ) ကို ပိုအသုံးများပါသည်။

နောက်တပိုဒ်တွင် (တသီးမှတ်ကြ၊ စွန့်ကြဲလှုကေ၊ ဟူသမျှကား၊ ကာမာဝါစရ၊ ကျမ်းကပြဆို) ဟု (ကြ) နှင့် (မျှ) ကာရံယူထားသည်ကို တွိရပါသည်။

နောက်တပိုဒ်တွင် (အဖြာဖြာနှင့်၊ ဘာသာကွဲကြ၊ စိတ်အယူမှာ၊ မတူကြဘဲ၊ ဗုဒ္ဓဟောကြား) ဆိုပြီး (ကြ) နှင့် (ဗုဒ္ဓ) ကာရံယူထားသည်ကို တွိရပါသည်။

နောက်တပိုဒ်တွင် (ဗုဒ္ဓဘာသာ၊ စိုင်အလာမှာ၊ ခိုင်မာယူကြ၊ စရဏဟု) ၄င်း၊

(နောက်ထပ်)

(၁) ဥတုအဟာရ၊ အီးအပူလျှင်၊ ညီတူမျှ၍၊ ပေါင်းကြစပ်ခါ၊
(၂) ဓါတ်အစာကို၊ ချိန်ခါနိည၊ မမုန်းအောင်ပင်၊ သုံးဆောင်ကြ၍၊ ပါစကပူဓါတ်၊
(၃) အတူတကွ၊ သန့်ယှင်းယောင်လျှင်၊ လုပ်ဆောင်ကြသော်၊
(၄) ရှည်ကြာသမျှ၊ ထဲဘ၀င်မှာ၊ စွဲဝင်ကြဖို့၊
(၅) ရှိဝယ်ကာလ၊ ပေါရဏဖြင့်၊ ပြောကြတုံလစ်၊
(၆) ထဲဘ၀င်မှာ၊ မရွှင်မပျ၊ ပဒုမ္မာလေ၊ ရွှီကြာပန်းကို၊ နီလှမ်းကြယောင်၊
(၇) ခြင်ကုလားရို့၊ ကိုက်ငြားကြပြန်၊
(၈) ဖျားပြန်ကုန်ကြ၊ လက္ခဏာကို၊ ခွဲကာခြား၍၊ ရွီးသားပြလည်း၊ ရောက်ကြနားခံ၊
(၉) ပေါင်းသဟာလေ၊ လာသမျှရို့၊ မှတ်ကြပေ၍၊
(၁၀) မြဲထွေနိစ္စ၊ ခြင်ဆိုးရန်ကို၊ မကျန်ကြွင်းအောင်၊ နှိမ်နင်းကြဖို့
(၁၁) အများသူလေ၊ ဖြူနှမရို့၊ မှတ်ကြပေနှောင်း၊
(၁၂) တတ်ပညာကို၊ ကြီးစွာလုလ’၊ ဇွဲစိတ်ထူ၍၊ သင်ယူကြဖို့၊ မောင်ကပြောမည်၊
(၁၃) ဖိုးတန်လှစွာ၊ သမိုင်းလာနှင့်၊ ပညာသိပ္ပ၊ အဖုံဖုံလေ၊ ပျောက်ကုန်ဆုံးကေ၊ ပျက်ပြုန်းကြလို့၊ သိပ္ပများစွာ၊
(၁၄) ပေါကြွယ်သုတ၊ အဖုံဖုံနှင့်၊ ပြည့်စုံကြသော်၊ ညာဏပဏ္ဍိ၊
(၁၅) ရွှီရခိုင်လေ၊ ယိုင်နှမရို့၊ သိကြစီရန်၊
(၁၆) အရာတဖုံ၊ သပြာဂုဏ်နှင့်၊ ပြည့်စုံကြဖို့၊ ညွှန်ပြအံ့ငှာ၊
(၁၇) ၀ိရိယညာဏ်၊ အရင်းခံ၍၊ လုပ်ကြံပြီးမှ၊ ဓနဟုံနှင့်၊ ပြည့်စုံကြသော်၊
(၁၈) တ၀မ်းမူကေ၊ တအူဖွားသို့၊ စကားနှုတ်ချို၊ မမုန်းကြဘဲ၊ ဆုမ္မဆိုလို့၊
(၁၉) မွီးဖဘုန်းမို၊ နန်းမညိုက၊ အလိုစမ်းကြ၊ ပမာဆိုကေ၊ ထိုအခဏ်းနှင့်၊ တူလွန်းလှရေ စသည်ဖြင့်
(ကြ) ကာရံအရွီးအသားများကို တွိရပါသည်။

(ကတ်) ကို
(ပြည်နိဗ္ဗူကို၊ ဆုယူညောင်းလို့၊ တောင်းကတ်ရမည်)၊ (ယုံကြည်လက်ခံ၊ သက်ဝင်သူရို့၊ အယူမှတ်ကေ၊ ဟိကတ်ပြန်ရေ) ဟု တွိရပါသည်။ ဤနီရာတွင် (မှတ်) နှင့် (ကတ်) ကာရံယူထားသည့်အတွက် (ကတ်) အရွီးအသား လုံးဝအစစ်အမှန်ဖြစ်ပါသည်။

ပြီးလျှင် နောက်ထပ်

(၁) (မချွတ်ဧကန်၊ လူများစွာ၏၊ ကျမ္မာမှုကို၊ ပြုကတ်ပြန်ဟု) ဟူ၍၄င်း၊
(၂) (အများခင်မှာ၊ နားဆင်လတ်ကေ၊ မှတ်ကတ်ပေနှောင်း) ဟု၍၄င်း၊ ဤနီရာတွင် (လတ်) နှင့် (ကတ်) ကာရံယူထားပါသည်။
(၃) ဆီးမရသော်၊ အစာများနှင့်၊ ကုစားကတ်ပါ၊
(၄) (မျိုးရခိုင်ရို့၊ စိုင်မပြတ်လျှင်၊ သင်ကတ်ပေ၍) ဤနီရာတွင် (ပြတ်) နှင့် (ကတ်) ကာရံယူထားပါသည်။
(၅) (ကြီးသောသူက၊ ငယ်သူများကို၊ သနားကတ်၍၊ အလတ်ရွယ်တူ၊ ချင်းချင်းမူလေ) ဤနီရာတွင် (ကတ်) နှင့် (လတ်) ကာရံယူထားပါသည်။

ထိုသို့ (ကတ်) အသုံးနှုံးများကိုလည်း တွိရပါသည်။

ဤနီရာတွင် စာရွီးသူ တစိချေတင်ပြလိုသည်မှာ အခုခေတ်လူငယ်များသည် (ကတ်) ကို အသံလိုက်ပြီး (ဂတ်) ဟု ရွီးနီကတ်သည်ကို တွိရပါသည်။ ထိုသို့ရွီးခြင်းသည် မှားသည်ဟုဆိုချင်ပါသည်။

(ကတ်) ကို အသံထွက်သောအခါ ရှိကစကားလုံးကိုလိုက်၍ (ကတ်) (သို့မဟုတ်) (ဂတ်) ဆိုဗျာ အသံထွက်ပါသည်။ ထိုသို့ နှစ်သံထွက်စာလုံးများကို ရွီးသောအခါ (က၊ ခ၊ ဂ၊ ဃ၊ င) အုပ်စုငါးလုံး၏ ပင်ရင်းကိုယူပြီး ရွီးရပါသည်။ သို့မဟုတ်ပါက တနီရာတွင် (ကတ်) တနီရာတွင် (ဂတ်) ဟု ရွီးမည်ဆိုလျှင် ကကောင်း အရုပ်ဆိုးပါသည်။ အမျိုးမျိုးအဖုံဖုံဖြစ်လားပါသည်။

၎င်းကို ယှောင်ကွင်းနိုင်ရန် ရှိပညာဟိများက အမြော်အမြင်ဖြင့် စိုင်းစားရွီးသားခခြင်းဖြစ်ပါလိမ့်မည်။

ဥပမာပြရမည်ဆိုလျှင် (စားပြီး သောက်ပြီးပျာယ်လား) ဆိုသော မိမိရို့ပြောနီကျစကားကို အသေအချာ လေ့လာကြည့်စီချင်ပါသည်။

(စားဗြီး၊ သောက်ပြီး) ဟု အသံထွက်သည်ကို တွိရပါမည်။ (စား) နောက်က (ဗြီး) သံထွက်ပြီးလျှင် (သောက်) နောက်က (ပြီး) မူရင်းအတိုင်းသံထွက်ပါသည်။ သို့သော် စာရွီးသောအခါ အဓိပ္ပါယ်တူသောစာလုံးများကို ကွဲပြားမှုမဟိအောင်၊ ထိုတမျိုးဒေတမျိုးမဖြစ်အောင် (ပြီး) တခုကို မူတည်ထားပြီး ရွီးကတ်ရပါသည်။

အခုသေက ပြောခသည့်အတိုင်း (ပ၊ ဖ၊ ဗ၊ ဘ၊ မ) ဆိုသော အုပ်စုငါးလုံး၏ ပင်ရင်းကို ပုံသီထားရပါသည်။ ထို့ကြောင့် မြန်မာစာမှာသော်၎င်း၊ ရခိုင်စာမှာသော်၎င်း ပင်ရင်း (ပ) ကို ပုံသီထားပြီး (ဗြီး) ကိုပါယ် (ပြီး) ကို သုံးရခြင်းဖြစ်ပါသည်။

သို့သော် (ဗြီး) (Run) ကြိယာအတွက်မူကား (ဗြီး) ဟု သုံးစွဲ၍ မှာမည်မထင်ပါ။ (ပြီးမြောက်တေ) ဟုအဓိပ္ပါယ်ရသော (ပြီး) မှာသာလျှင် (ဗြီး) (ပြီး) ဟု နှစ်သံကွဲလာသည့်အတွက် ပင်ရင်း (ပ) ကိုအရင်းပြု၍ (ပြီး) ဟု ပုံသီထား ရွီးရခြင်းဖြစ်ပါသည်။

၎င်းကို သင်္ခန်းစာယူပြီးလျှင် အကျွန်ုပ်ရို့၏ (ကတ်) နှင့် (ဂတ်)၊ (ပျာယ်) နှင့် (ဗျာယ်) ပြဿနာကို ပြေလည်အောင် ဖြေယှင်း၍ရပါသည်။ ယေမှရာ ခေတ်သစ်ရခိုင်စာကို နောင်လာလတ္တံသောသူများ အရှည်တည်တံ့လက်ခံပါလိမ့်မည်။

သို့မဟုတ်ပါက မြန်မာစာရာကောင်းရေ စနစ်ကျရေဆိုဗျာ သူတပါးအထင်ကြီးဝါဒ၊ မိမိကိုယ်မိမိ မလေးမစား အထင်သေးဝါဒနှင့် သူများနောက် ကောက်ကောက်ပါလားပါလိမ့်မည်။ ရခိုင်သားမှာ တိုင်းလည်းပျောက်၊ ပြည်လည်းပျောက်၊ စာလည်းပျောက်၊ လူမျိုးပါပျောက်ဖို့ကိန်း ဆိုက်ပါလိမ့်မည်။

ဆက်၍ဆွေးနွေးရမည်ဆိုပါသော် အခုသေကပြောခသော (သောက်ပြီး စားပြီးပျာယ်လား) ဆိုသည့်နီရာတွင် ဇာဖြစ်လို့ (သောက်) နောက်က (ပြီး) ဟု အသံထွက်ပြီး (စား) နောက်က (ဗြီး)၊ (ပြီး) နောက်က (ဗျာယ်) ဟု အသံထွက်ရပါသနည်း။

ဤနီရာတွင် တစိကေ ဆွေးနွေးချင်ပါသည်။ ရခိုင်စာမှာ ဗျည်းသုံးဆယ့်သုံးလုံးကို စနစ်တကျ ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ ဗြန်းစိကာရ ဖွဲ့စည်းထားခြင်းမဟုတ်ပါ။

(ဥပမာ)

(၁) က၊ ခ၊ ဂ၊ ဃ၊ င
(၂) စ၊ ဆ၊ ဇ၊ စ်၊ ည
(၃) တ၊ ထ၊ ဒ၊ ဓ၊ န
(၄) ပ၊ ဖ၊ ဗ၊ ဘ၊ မ
(၅) ယ၊ ရ၊ လ၊ ၀၊ သ

ဆိုသောဖွဲ့စည်းမှုတွင် ပထမအတန်း၌ အစအဆုံး (က) နှင့် (င)၊ ဒုတိယအတန်း၌ အစအဆုံး (စ) နှင့် (ည)၊ တတိယအတန်း အစအဆုံး (တ) နှင့် (န) စတုတအတန်း အစအဆုံး (ပ) နှင့် (မ) ပဉ္စမအတန်း အစအဆုံး (ယ) နှင့် (သ) စာလုံးများသည် အသတ်စာလုံးများဖြစ်ပါသည်။

ဥပမာ- (ကြက်၊ ချောင်း၊ ချစ်၊ ပြည်၊ တတ်၊ ကန်၊ ချပ်၊ လမ်း) ဟု တွိရပါလိမ့်မည်။

ပိုယှင်းအောင် (က၊ စ၊ တ၊ ပ) ကို အကျွန်ုပ် (ရှိတန်းအသတ်) ဟု သုံးပြီး (င၊ ည၊ န၊ မ) ကို (နောက်တန်းအသတ်) ဟု သုံးပါမည်။

အထက်တွင်ပြောခသည့် (သောက်ပြီး စားပြီးပျာယ်လား) ဆိုသည့်နီရာတွင် ဇာဖြစ်လို့ (သောက်) နောက်က (ပြီး) ဟု အသံထွက်ပြီး (စား) နောက်က (ဗြီး) ဟု အသံထွက်ရပါသနည်း။

(အဖြေက)

(က၊ စ၊ တ၊ ပ) (ရှိတန်းအသတ်) နောက်ကပါလာသော (ပြီး) ကို မူရင်းအတိုင်း (ပြီး) ဟု အသံထွက်ပြီး (င၊ ည၊ န၊ မ) (နောက်တန်းအသတ်) နောက်ကပါလာသော် (ပြီး) ကို (ဗြီး) ဟု အသံထွက်ပါသည်။

ဇာဖြစ်လို့လဲဆိုသော် (က၊ စ၊ တ၊ ပ) (ရှိတန်းအသတ်) များသည် သံတိုသံပြတ်ဖြစ်ပါသည်။ (င၊ ည၊ န၊ မ) (နောက်တန်းအသတ်) များသည် သံရှည်သံပွားပါသည်။

(က၊ စ၊ တ၊ ပ) သံတိုသံပြတ်အသတ်သည် သုံးသံမပွားပါ။ (င၊ ည၊ န၊ မ) သံရှည်သံပွားအသတ်သည် သုံးသံပွားပါသည်။

(ဥပမာ)

(ကြက်၊ ကြက့်၊ ကြက်း) (ချစ်၊ ချစ့်၊ ချစ်း) (တတ်၊ တတ့်၊ တတ်း) (ချပ်၊ ချပ့်၊ ချပ်း) ဟု သုံးသံပွား၍ မရပါ၊ သို့သော် (င၊ ည၊ န၊ မ) (နောက်တန်းအသတ်) (ချောင်၊ ချောင့်၊ ချောင်း) (ပြည်၊ ပြည့်၊ ပြည့်) (ကန်၊ ကန့်၊ ကန်း) (လမ်၊ လမ့်၊ လမ်း) များသည် သုံးသံပွား၍ရပါသည်။

(သုံးသံပွား၍မရသော) သံတိုသံပြတ် အသတ်များနောက်ကပါလာသော (ပြီး) သည် မူရင်းအတိုင်း (ပြီး) ဟု အသံထွက်ပြီး (သုံးသံပွား၍ရသော) သံရှည်သံပွားအသတ်၊ (သို့မဟုတ်) (အ၊ အိ၊ အု၊ အေ၊ အဲ၊ သြ၊ အံ၊ အို) သရသျှစ်လုံးနှင့် ယင်း၏မူပွားများနောက်ကပါလာသော (ပြီး) သည် (ဗြီး) ဟု အသံပြောင်းထွက်ပါသည်။

ဥပမာ။ (သတ်ပြီး ခွတ်ပြီး သုတ်သင်ဗြီးလို့ စားဗြီး) လားခဗျာယ်။

(သတ်) နှင့် (ခွတ်) သည် သံတိုသံပြတ်အသတ်ဖြစ်သည့်အတွက် (ပြီး) ဟု မူရင်းအတိုင်းအသံထွက်ပြီး (သင်) သည် သံရှည်သံပွား (စား) သည်သရဖြစ်သည့်အတွက် (ဗြီး) ဟု အသံပြောင်းထွက်ပါသည်။

ထို့ကြောင့် စာရွီးသောအခါ အသံထွက်ကိုကျည်းလိုက်၍ ရွီးလို့မဖြစ်ပါ။ ပညာဟိ သတိဖြစ်ခဲ နှလုံးမူဖို့လိုပါသည်။

(၅) (ယ၊ ရ၊ လ၊ ၀၊ သ) အတန်းရာ ချွင်းချက်ဖြစ်ပါသည်။ ပဇာကြောင့်ဆိုသော် (ယ) သည် သံရှည်သံပွားအသတ်ဖြစ်သောကြောင့်ဖြစ်ပါသည်။

အထက်ကပြခသည့် ဥပမာပိုင် (ကတ်) နှင့် (ဂတ်) (ပျာယ်) နှင့် (ဗျာယ်) ပြဿနာကိုလည်း ထိုနည်းအတိုင်း ယှင်း၍ဖြစ်ပါသည်။

(က၊ စ၊ တ၊ ပ) သံတိုသံပြတ် (ရှိတန်းအသတ်) များနောက်ကပါလာသော (ကတ်) ကို (ကတ်)၊ (ပျာယ်) ကို (ပျာယ်) ဟု မူရင်းအတိုင်းအသံထွက်ပြီး (င၊ ည၊ န၊ မ) သံရှည်သံပွား (နောက်တန်းအသတ်) နှင့် (အ အိ အု အေ အဲ သြ အံ အို) သရသျှစ်လုံးနှင့် ယင်း၏မူပွားနောက်ကပါလာသော (ကတ်) ကို (ဂတ်)၊ (ပျာယ်) ကို (ဗျာယ်) ဟု အသံပြောင်းထွက်ပါသည်။

(ဥပမာ)

(စားဂတ် သောက်ကတ်ပါ)

(စား) သည် သရဖြစ်သည့်အတွက် (ဂတ်) ဟု အသံထွက်ပြီး (သောက်) သည် သံတိုသံပြတ် ဖြစ်သည့်အတွက် (သောက်) နောက်ကပါလာသော (ကတ်) ကို မူရင်းအသံထွက်အတိုင်း (ကတ်) ဟု အမှန်အသံထွက်ပါသည်။

ထို့ကြောင့် စာရွီးသောအခါ ပင်ရင်း (က) အက္ခရာကိုပုံသီထားပြီး (စားကတ် သောက်ကတ်ပါ) ဟု ရွီးရခြင်းဖြစ်ပါသည်။

ထိုနည်း၎င်း (စားဗျာယ် သောက်ပျာယ် အိပ်နီဂတ်ပျာယ်) ဆိုသောစကားတွင်လည်း
(စား) သည် သရဖြစ်၍ (ဗျာယ်) ဟု အသံထွက်ပြီး (သောက်) သည် သံတိုသံပြတ်ဖြစ်သည့်အတွက် (ပျာယ်) ဟု မူရင်းအတိုင်း အသံထွက်ရခြင်းဖြစ်ပါသည်။

(အိပ်နီကတ်ပျာယ်) ဟူသော စကားတွင် (နီ) သည် သရဖြစ်၍ နီနောက်ကပါလာသော (ကတ်) ကို (ဂတ်) ဟု အသံပြောင်းထွက်ပါသည်။

(ကတ်) သည် သံတိုသံပြတ်ဖြစ်သည့်အတွက် (ကတ်) နောက်က (ပျာယ်) သည် မူရင်းအတိုင်း (ပျာယ်) ဟု အသံထွက်ရခြင်းဖြစ်ပါသည်။

ထို့ကြောင့် စာရွီးသောအခါ

(စားပျာယ် သောက်ပျာယ် အိပ်နီကတ်ပျာယ်) ဟု ပင်ရင်းအက္ခရာများနှင့် ရွီးရခြင်းဖြစ်ပါသည်။

ဖတ်သောအခါ (စားဗျာယ် သောက်ပျာယ် အိပ်နီဂတ်ပျာယ်) ဟု အသံထွက်လားပါလိမ့်မည်။ (အသံထွက်အတိုင်း လိုက်ရွီးနီစရာမလိုအပ်ပါ။)

(ကတ်) အရွီးအသားနှင့်ပတ်သက်၍ ဓည၀တီနိဂုံးရွာများသာမိုင်းသာခြင်းမှ ဥပမာပြရပါသော်

(၁) (မချွတ်ဧကန်၊ လူများစွာ၏၊ ကျမ္မာမှုကို၊ ပြုကတ်ပြန်ဟု) ဆိုသော ၀ါကျ၌ (ကတ်) သည် (ဂတ်) ဟု အသံထွက်ပါသည်။ ပဇာကြောင့်ဆိုသော် (ကတ်) ရှိက (ပြု) သည် သရဖြစ်သောကြောင့်ဖြစ်ပါသည်။

(၂) (အများခင်မှာ၊ နားဆင်လတ်ကေ၊ မှတ်ကတ်ပေနှောင်း) ဆိုသောဝါကျ၌ (ကတ်) သည် (ကတ်) ဟု မူရင်းအတိုင်း အသံထွက်ပါသည်။ ပဇာကြောင့်ဆိုသော (ကတ်) ရှိက (မှတ်) သည် သံတိုသံပြတ်ဖြစ်သောကြောင့်ဖြစ်ပါသည်။

(၃) (ဆီးမရသော်၊ အစာများနှင့်၊ ကုစားကတ်ပါ) ဆိုသည့်ဝါကျ၌ (ကတ်) သည် (ဂတ်) ဟု အသံထွက်ပါသည်။ (ကတ်) ရှိက (စား) သည် သရဖြစ်သောကြောင့်ဖြစ်ပါသည်။

(၄) (မျိုးရခိုင်ရို့၊ စိုင်မပြတ်လျှင်၊ သင်ကတ်ပေ၍) ဆိုသောနီရာတွင်လည်း (ကတ်) သည် (ဂတ်) ဟု အသံထွက်ပါသည်။ (ကတ်) ရှိက (သင်) သည် သံရှည်သံပွားဖြစ်သောကြောင့်ဖြစ်ပါသည်။

ယလောက်ဆိုလျှင် (ဂတ်) ပြဿနာနှင့်ပတ်သက်၍ လုံလောက်မည်ဟုထင်ပါသည်။

စာရွီးသောအခါ (ကတ်) ဟု ပင်ရင်းသံဖြင့် ရွီးကတ်ရမည်ဖြစ်ပါသည်။ (ဂတ်) ဟု မရွီးအပ်ပါ။ ကောင်းစွာမှတ်သင့်ပါသည်။

(နောက်တခု သိရန်တချက်မှာ)

ရခိုင်စကားတွင် စကားပြောသောအခါ ရိုးရိုးဝါကျများ၌ (တေ) သို့မဟုတ် (ရေ) နှင့် အဆုံးသတ်သည်ကို သတိပြုမိပါလိမ့်မည်။

ဥပဒေသက အထက်ကပြခသည့်အတိုင်း သံတိုသံပြတ်အသတ်နှင့်ဆုံးသောဝါကျသည် (တေ) နှင့်ဆုံးပြီးလျှင် သံရှည်သံပွားအသတ် (သို့မဟုတ်) သရသျှစ်လုံး၊ ယင်း၏မူပွားများနှင့် ဆုံးသောဝါကျများသည် (ရေ) နှင့် အဆုံးသတ်ပါသည်။

(ဥပမာ)
ဓည၀တီနိဂုံးရွာများသမိုင်းသာခြင်းမှ (ရေ) နှင့်ဆုံးသော ၀ါကျများကို တင်ပြပါမည်။

(၁) ကိုးပါးဂုဏ်ကို၊ အာရုံမှတ်လို့၊ ခိုးအပ်ပါရေ။
(၂) စိတ်ဘ၀င်မှာ၊ ထင်အောင်ပွားကေ၊ ထားသင့်ပေရေ။
(၃) လက်ဆယ်ဖြာကို၊ ထိပ်မှာမိုးကေ၊ ရှိခိုးကောင်းရေ။
(၄) ဘ၀ကွယ်၍၊ သင်္ချေခြားလည်း၊ ဖော်စားနိုင်ရေ။
(၅) ရုပ်နှင့်နာမ်လျှင်၊ ဖန်ဖန်ထပ်လို့၊ ဖြစ်တတ်ပါရေ။
(၆) မလွဲရန်ကေ၊ နည်းမှန်ကျဖို့၊ ပြောရရေနှောင်း။
(၇) ယုံကြည်လက်ခံ၊ သက်ဝင်သူရို့၊ အယူမှတ်ကေ၊ ဟိကတ်ပြန်ရေ။
(၈) ကြီးမြင့်ချမ်းသာ၊ အလီလီကေ၊ စည်းစိမ်မြတ်ကို၊ ရအပ်ပါရေ။
(၉) စောဗုဒ္ဓာက၊ မြွက်ခါကြားကေ၊ ဟောထားရေလေ။
(၁၀) အယူမှန်ကို၊ တဖန်လိုက်လို့၊ လုပ်ထိုက်ပေရေ။
(၁၁) ကျမ္မာမှုသည်၊ မှန်မချွတ်ကေ၊ ဖြစ်တတ်ပေရေ။
(၁၂) ရှိဟောင်းပီစာ၊ မြဒိုးဝေ၏၊ ရွီးသည့်ကျမ်းမှာ၊ ညွှန်းလို့ပါရေ။
(၁၃) ရှည်ဝီးကြာတင်၊ ရှိဆရာရို့၊ သညာထားကေ၊ ငှက်ဖျားတွင်ရေ။
(၁၄) သိန်းသောင်းချီ၍၊ ခြင်ရွီများမှာ၊ ငါးမျိုးတွိရေ။
(၁၅) ကျမ္မာသူလေ၊ လူတယောက်ကို၊ ကိုက်ဖောက်သောခါ၊ ငှက်ဖျားနာလျှင်၊ ဖြစ်တတ်ပါရေ။
(၁၆) ရှိသူမွန်ရို့၊ ကျမ်းဂန်များမှာ၊ ညွှန်းထားရေလေး။
(၁၇) ရှည်လျှားကာလ၊ မပျက်နိုင်ဘဲ၊ စိုင်မပြတ်ကေ၊ သိမှတ်ရရေ။
(၁၈) ကောင်းမွန်စိတ်ကေ၊ စာရိတ္တနှင့်၊ ပြည့်ဝညီစွာ၊ ကြီးတသွယ်လေ၊ ငယ်အလတ်ရို့၊ လုပ်အပ်ပါရေ။
(၁၉) မွီးဖဘုန်းမို၊ နန်းမညိုက၊ အလိုစမ်းကြ၊ ပမာဆိုကေ၊ ထိုအခဏ်းနှင့်၊ တူလွန်းလှရေ။
(၂၀) ဆီးကွမ်းယာကို၊ လှမ်းကာစားကေ၊ ရပ်နားရေလေး။
(၂၁) နောက်နောင်လာကေ၊ ပညာဟိရို့၊ တွိသောခါတွင်၊ ပြန်ကာဖာထီး၊ ပြုပျင်ရန်ကို၊ ကျွန်ခွင့်ပီးရေ။

စုစုပေါင်း (၂၁) ကြောင်းကို တွိရပါသည်။

(တေ) ကို သုံးသော ၀ါကျများကို ထုတ်ပြရလျှင်

(၁) ကမ္ဘာပြင်ကို၊ အသျှင်မြတ်မှာ၊ စိုးလတ်တေဟု၊
(၂) ယင်ကြောင့်သာလျှင်၊ ရောဂါညှက်မှာ၊ ကူးစက်တေနှောင်း။
(၃) လူသားအန္တရာယ်၊ ခြင်ကိုက်မူလျှင်၊ အပူများ၍၊ ဖျားတတ်တေဇု၊
(၄) ကျားထက်ပင်လေ၊ ခြင်ရန်ဖီးမှာ၊ ကြီးလတ်တေဟု၊
(၅) အနည်းငယ်လျှင်၊ သံခေပဖြင့်၊ ပြောပြလိုက်တေ။
(၆) အမှိုက်ပုံနှင့်၊ တောခြုံများလည်း၊ ခြင်ပွားတတ်တေ။
(၇) တခြားပြည်ရွာ၊ လူများစွာ၏၊ ဘာသာစကား၊ အက္ခရာနှင့်၊ ပညာများပါ၊ သင်ကြားအပ်တေ။

စုစုပေါင်း (၇) ကြောင်းကို တွိရပါသည်။

သုံးသပ်ရမည်ဆိုပါသော် (ရေ) နှင့်ဆုံးသော ၀ါကျများမှာ (ရေ) ရှိကပါလာသော (၁) ပါ (၂) ပေ (၃) ကောင်း (၄) နိုင် (၅) ပါ (၆) ရ (၇) ပြန် (၈) ပါ (၉) ထား (၁၀) ပေ (၁၁) ပေ (၁၂) ပါ (၁၃) တွင် (၁၄) တွိ (၁၅) ပါ (၁၆) ထား (၁၇) ရ (၁၈) ပါ (၁၉) လှ (၂၀) နား (၂၁) ပီး ဆိုသောစကားလုံးများကို သတိထားမိပါလိမ့်မည်။

(ပါ၊ ပေ၊ ရ၊ ပါ၊ ထား၊ တွိ၊ လှ၊ နား၊ ပီး) ဆိုသောစကားလုံးများသည် သရဖြစ်ပြီး (ကောင်း၊ နိုင်၊ ပြန်၊ တွင်) ဆိုသောစကားလုံးများသည် သံရှည်သံပွားအသတ်များဖြစ်သည့်အတွက် ၄င်းဝါကျများသည် (ရေ) နှင့် အဆုံးသတ်ရခြင်းဖြစ်ပါသည်။

(တေ) နှင့်ဆုံးသော ၀ါကျများတွင် (တေ) ရှိကပါလာသော

ဝါကျ (၁) လတ် (၂) စက် (၃) တတ် (၄) လတ် (၅) လိုက် (၆) တတ် (၇) အပ် ဆိုသော စကားလုံးများကို တွိရပါလိမ့်မည်။

(လတ်၊ စက်၊ တတ်၊ လိုက်၊ အပ်) ဆိုသောစကားလုံးများသည် သံတိုသံပြတ်ဖြစ်သည့်အတွက် ၄င်းဝါကျများသည် (တေ) နှင့် အဆုံးသတ်ရခြင်းဖြစ်ပါသည်။

ဇာဖြစ်လို့ (တေ) နှင့် (ရေ) မှာ (တေ) အသုံးနည်းရေလဲဆိုပါသော် (တေ) သည် သံတိုသံပြတ်နောက်တွင် သုံးသဖြင့် ဦးရေတွက်စစ်သော် သံတိုသံပြတ်အသတ်သည် သံရှည်သံပွားကဲ့သို့ သုံးသံပွားမရသဖြင့် ဦးရေသုံးဆနည်းရခြင်းဖြစ်ပါသည်။

နောက်တချက်က (ရေ) ကို သရစာလုံးနောက်က တွဲသုံးသည့်အတွက် (ရေ) မှာ (တေ) ထက် ဦးရေပိုများခြင်းဖြစ်ပါသည်။

ယင်းလောက်ဆိုလျှင် ရခိုင်စာတွင် (ပြီး) (ကတ်) (ပျာယ်) (တေ) (ရေ) ဆိုသောအသုံးများကို ယှင်းပြီးဖြစ်ပါလိမ့်မည်။

(ဂတ်၊ ဗျာယ်) လက်တွိကြုံနီရသောပြဿနာ (နှစ်ပါး) ကိုလည်း ဖြေယှင်ပြီးဖြစ်ပါလိမ့်မည်။

(ဆက်လက်ဆွေးနွေးချက်)

မြန်မာမှုပြု၍မရသော ရခိုင်ကာရံများ။

(၁) (ကျမ္မာဖို့ရီး၊ တတ်လိမ္မာကေ၊ ပညာရီးတည်း၊ တသီးထိုမှ)

ဤအပိုဒ်ကိုကြည့်ခြင်းအားဖြင် အခု အကျွန်ုပ်ရို့သုံးစွဲနီသော (ကျမ္မာရေး၊ ပညာရေး) ကို အယင်က (ကျမ္မာရီး၊ ပညာရီး) ဟု သုံးစွဲသည်ကို သိမြင်နိုင်ပါသည်။ ပဇာကြောင့်ဆိုသော် (ရီး) နှင့် (သီး) ကာရံယူထား၍ဖြစ်ပါသည်။ (ရေး) ဆိုလျှင် (တသေးထိုမှ) ဖြစ်လားပါမည်။

(၂) (ထိုကုသိုလ်လျှင်၊ မဂ်ကိုမဆိုက်၊ ကာမဟူကေ၊ ဘုံဆယ့်တစ်မှာ)

ဤနီရာတွင် (ဆိုက်) နှင့် (တစ်) ကို ကာရံယူထားသဖြင့် ရခိုင်သားမှာ (တစ်) ကို (တိုက်) ဟု အသံထွက်သည်ကို တွိရပါမည်။ ယင်းကို အတတ်ဆန်း၍ (တိုက်) ဟု ရွီး၍မဖြစ်ပါ။

(၃) (တိရိစ္ဆာန်ကေ၊ ပိုးနှံကစ၊ ဤကမ္ဘာမှာ၊ မြင်ကာတွိကေ၊ ဟိသမျကို)

ဤနီရာတွင် (တွိ) နှင့် (ဟိ) ကို ရခိုင်ကာရံစစ်စစ်ယူထားပါသည်။ ၄င်းကို အများနားလည်အောင်အကြောင်းပြချက်ဖြင့် မြန်မာမှုပြု၍ ရလိမ့်မည်မဟုတ်ပါ။ ပဇာကြောင့်ဆိုသော် (မြင်ကာတွေ့သည့်၊ ရှိသမျကို) ဟု ဖြစ်လားပါမည်။ (တွေ့) နှင့် (ရှိ) ကာရံလွတ်လားပါလိမ့်မည်။ ထို့ကြောင့် ၄င်းကာရံများသည် မြန်မာမှုပြု၍မရသော ရခိုင်ကာရံစစ်စစ်များဖြစ်ပါသည်။ ဤနီရာတွင် (တွိ) လား (တွေ့) လားဆိုသည်ကို ယှင်းယှင်းလင်းလင်း သိမြင်နိုင်ပါသည်။

(၄) (အပြစ်ဒါဏ်ကို၊ ကိုယ်ခံစမြဲ၊ ဘုံလောကီလေ၊ ဌာနီထဲမှာ)

ဤနီရာတွင် (ကီ) နှင့် (နီ) ရခိုင်ကာရံယူထားပါသည်။ ၄င်းကို မြန်မာမှုပြုလျှင် (ဘုံလောကေလေ၊ ဌာနေထဲမှာ) ဟု ဖြစ်လားပါသည်။ ရယ်ဖို့မကောင်းပါလား။

(၅) (သားတစ်ရိုးရီ၊ အခြင်ဆီသို့၊ တူညီသီးသီး၊ ဝေါယောမျောင်၍၊ ပို့ဆောင်ပီးက၊ ထွာကြီးသန်မာ)

ဤနီရာတွင် (သီး) (ပီး) (ကြီး) ရခိုင်ကာရံစစ်စစ်ကို တွိရပါသည်။

တန်းခိုးဆရာထွန်းသာခြင်းများတွင် (ပေး) ဟု မြန်မာဝေါဟာရကို ခိုးယူသုံးစွဲထားသည်ကို တွိရပါသည်။

ဤနီရာတွင် မြန်မာမှုပြုမည်ဆိုပါက (တူညီသေးသေး၊ ၀ါယောမျောင်၍၊ ပို့ဆောင်ပေးက၊ ထွားကြေးသန်မာ) ဆိုပြီးရပါလိမ့်မည်။ (ကကောင်း ရယ်ဖို့ကောင်းပါဖို့။ (ထွားကြေး) ဟု မြန်မာစာတွင်လည်း မဟိပါ။

(၁) (မုချအကယ်၊ ကျမ္မာခြင်းမှာ၊ အရင်းတည်လို့)

ဤနီရာတွင် (အကယ်) ဆိုသော ဝေါဟာရကို တွိရပါသည်။ မြန်မာက (တကယ်) ရခိုင်က (အကယ်) ဟု သုံးပါသည်။ ဖားပြုတ်ကေ၀တ္ထုတွင် (အကယ်စင်စစ်၊ ဤသို့ဖြစ်မူ) ဟု တွိရပါသည်။

(၂) (ရာဇ၀င်မှာ၊ စာတင်ဟိကေ၊ မတွိဖူးဘဲ)

(ဟိ) နှင့် (တွိ) ရခိုင်ကာရံယူထားသည်ကို တွိရပါမည်။ ၄င်းကိုထောက်၍ (တွိ) လား (တွေ့) လား ခွဲခြားနိုင်ပါသည်။ ၄င်းကို အတတ်ဆန်း၍ အများနားလည်အောင်ဆိုဗျာ (ရာဇ၀င်မှာ၊ စာတင်ရှိသည်၊ မတွေ့ဖူးဘဲ) ဟု မြန်မာမှုပြုပါက ကာရံလုံးဝလွတ်ကင်းလားပါလိမ့်မည်။

(၃) (အရင်းခံကေ၊ မှန်သနစ်ကို၊ စီးစစ်ရယောင်၊ ပေါ်ထွန်းအောင်ဟု)

ဤနီရာတွင် ရခိုင်ဝေါဟာရစစ်စစ် (ယောင်) ကို သုံးနှုံးထားပါသည်။

(၉) (ဓါတ်အာကာလျှင်၊ ပတ်ကာဆီးကေ၊ အအီးပတ်လို့)

ဤနီရာတွင် (ဆီး) နှင့် (အီး) ရခိုင်ကာရံစစ်စစ်ယူထားပါသည်။ ၄င်းကို မြန်မာမှုပြုသော် (ပတ်ကာဆေးကေ၊ အအေးပတ်လို့) ဟု ရပါလိမ့်မည်။ ရယ်ဖို့ကောင်းပါသည်။ မြန်မာစာတွင် (ကာဆေး) ဟူ၍ မဟိပါ။ (ကာဆီး) ဟုရာ ဟိပါသည်။

(၁၀) (နှလုံးအိမ်မှာ၊ ခံကာထောင်းကေ၊ ဂေါင်းလည်းညီးလို့၊ ရှည်ဝီးကြာတင်)

(ညီး) နှင့် (၀ီး) ကို ရခိုင်ကာရံစစ်စစ်ယူထားပါသည်။ (ဂေါင်းညီးရေ) ဆိုသည်မှာ ရခိုင်ဝေါဟာရ စစ်စစ်ဖြစ်ပါသည်။ ဤနီရာတွင် (၀ီး) ဟု ရခိုင်ဝေါဟာရစစ်စစ်ကို တွိရပါသည်။ (အဝေးသို့) (အဝေးရောက်) စသဖြင့် ယခုအခါ ရခိုင်များက မြန်မာဝေါဟာရများကို ငှားယူသုံးစွဲနီသည်များကို တွိရပါသည်။

(၁၁) (လက္ခဏာကို၊ ရှာကာတွိကေ၊ တိအကျဖြင့်)

(တွိ) နှင့် (တိ) ကို ကာရံယူထားပါသည်။ ထို့ကြောင့် (တွိ) ရာအမှန်လား (တွေ့) ရာ အမှန်လား ခွဲခြားနိုင်ပါသည်။ ၄င်းကို မြန်မာမှုပြုလျှင် (ရှာကာတွေ့လျှင်၊ တေ့အကျဖြင့်) ဟု ရပါသည်။

(၁၂) (သိန်းသောင်းချီ၍၊ ခြင်ရွီများမှာ၊ ငါးမျိုးတွိရေ၊ မှတ်သိအပ်ရာ)

ဤနီရာတွင် (တွိ) နှင့် (သိ) ကို ကာရံယူထားပါသည်။ ထို့ကြောင့် (တွိ) ရာ ရခိုင်စာဖြစ်ပါသည်။ (တွေ့) မှာ မြန်မာစာဖြစ်ပါသည်။ ၄င်းကို မြန်မာမှုပြုလျှင် (ငါးမျိုးတွေ့သည်၊ မှတ်သေ့အပ်ရာ) ဆိုပြီးရပါသည်။

(၁၃) (ကျားထက်ပင်လေ၊ ခြင်ရန်ဖီးမှာ၊ ကြီးလတ်တေဟု)

ဤနီရာတွင် (ဖီး) နှင့် (ကြီး) ကို ကာရံယူထားပါသည်။ မြန်မာမှုပြုလျှင် (ခြင်ရန်ဘေးမှာ၊ ကြေးလတ်သည်ဟု) ဆိုပြီးရပါလိမ့်မည်။ (ကြေးသည်) ဟု မြန်မာစာတွင်လည်း မဟိပါ။

(၁၄) (မောင်မေစုံညီ၊ ရှိခိုးချီ၍။ စာပီပညာ၊ အက္ခရာကို)

ဤနီရာတွင် (ညီ) (ချီ) (ပီ) ကာရံယူထားပါသည်။ (စာပေ) လား (စာပီ) လားဟူသည်ကို ဤကာရံကိုကြည့်၍ ဆုံးဖြတ်နိုင်ပါသည်။ မြန်မာမှုပြုလျှင် (မောင်မေစုံညီ၊ ရှိခိုးချီ၍၊ စာပေပညာ) ဟု ရပါသည်။ ကာရံမလွတ်လားပါသည်။

(၁၅) (စစ်ပညာကေ၊ ဒိုင်းကာအတတ်၊ သိုင်းအတတ်နှင့်၊ ဒါးခွတ်လှံထိုး)

ဤနီရာတွင် (တတ်) နှင့် (ခွတ်) ကို ကာရံယူထားပါသည်။ ၄င်းကို မြန်မာမှုပြုက (သိုင်းအတတ်နှင့်၊ ဒါးခုတ်လှံထိုး) ဟု ရပါသည်။ ကာရံမလွတ်လားပါသည်။

(၁၆) (နောက်နောင်လာကေ၊ ပညာဟိရို့၊ တွိသောခါတွင်၊ ပြန်ကာဖာထီး၊ ပြုပျင်ရန်ကို၊ ကျွန်ခွင့်ပီးရေ၊ သို့ပြီးမှသာ)

ဤနီရာတွင် (ဟိ) နှင့် (တွိ)၊ (ထီး) (ပီး) (ပြီး) ဟု (ပီး) (တွိ) ရခိုင်ကာရံစစ်စစ် ရခိုင်ဝေါဟာရစစ်စစ်များကို တွိရပါသည်။ ၄င်းကို မြန်မာမှုပြုသော် (ပညာရှေ့တို့၊ တွေ့သောခါတွင်၊ ပြန်ကာဖာထေး၊ ပြုပြင်ရန်ကို၊ ကျွန်ခွင့်ပေးသည်၊ သို့ပြေးမှသာ) ဟူ၍ ရပါသည်။ (ပြေး) ဆိုလျှင် မြန်မာစာပီ၌လည်း (သို့ပြေး) ဟူ၍ မဟိပါ။ (သို့ပြီး) ရာ ဟိပါသည်။ မြန်မာစာပီ၌ (ပညာရှေ့) ဟူ၍လည်းမဟိပါ။ ၀တီခိုင်၏ (နောက်မေး) ပိုင် ဖြစ်လားပါလိမ့်မည်။ (ပီး) နှင့် (ပြီး) ကို ကာရံယူထားသည့်အတွက် (ပီး) ရာ ရခိုင်လား (ပေး) ရာ ရခိုင်လားဆိုသည်မှာ ယှင်းနီပါသည်။

ယခုအခါ ရခိုင်စာရွီးဆရာအားလုံးနီးပါး ကဗျာ၊ ၀တ္ထူ၊ ဆောင်းပါးများရွီးသောအခါ မြန်မာဝေါဟာရများကို ငှားယူသုံးစွဲလျှက်ဟိပါသည်။

အားလုံးကို လေးစားပါသည်။

သာလှဦး
(January 17, 2004)

(မှတ်ချက်)
ပြုပျင်ဖြည့်စွက်စရာဟိသည်များကို တွိပါက အကြံပီးကတ်ပါ။ အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ပါမည်။ ကဗျာစပ်ဆိုသော သက္ကရာဇ်နှင့်ပတ်သက်၍ အထောက်အထားရထားပါဗျာ။ နောက်မှ ဖြည့်စွက်ပီးပါမည်။ ဤဆောင်းပါးသည် ဓည၀တီနိဂုံးရွာများသမိုင်းသာခြင်း (တတိယ) ပိုင်းကို သုံးသပ်ထားခြင်းဖြစ်ပါသည်။ ဤဆောင်းပါးကို ရွီးချိန်တွင် (ပထမပိုင်း) နှင့် (ဒုတိယပိုင်း) ကို မရသိမ့်ပါ။ အခုအခါ အပြည့်အစုံကို ရထားပြီးဖြစ်ပါသည်။ သာခြင်းတပုဒ်လုံးကို နောက်မှ အချိန်အားမှ အပြည့်အစုံသုံးသပ်ပါမည်။ ဤသာခြင်းသည် ရခိုင်စာပီသမိုင်းတွင် စံထားရမည့်သာခြင်းတပုဒ်ဖြစ်ပါသည်။ ထို့ကြောင့် အထူးဂရုပြုလေ့လာပါရန် ရိုးသားစွာ အကြံပြုလိုပါသည်။

Thursday, September 11, 2008

လမ်းဖောက်သူ (နှင့်) လမ်းလျှောက်သူ


လမ်းဖောက်သူ (နှင့်) လမ်းလျှောက်သူ
==========================

လမ်းဖောက်သူ
ကြိမ်စူးလည်းစူး
သွီးလူးလူး --။

လမ်းလျှောက်သူ
ဘုရားလည်းဖူး
လိပ်ဥတူး --။

(သာလှဦး)

Tuesday, September 9, 2008

နပျိုးသီးကျာကျာ


နပျိုးသီးကျာကျာ မှည့်လတ်ယာ
====================

နပျိုးသီးကျာကျာ မှည့်လတ်ယာ
ကြာဇံလင်လျှာ ဆိုလတ်ယာ
ထီးနန့်ထမ်းစင် အယင်ယူခ
စံရဖွေ အိမ်နောက်က --။

အိမ်နောက်အိမ်သျှင်
မကျည်းပင်
ပင်လီပင်သွတ်
ကပိုင်ရွာမှာ
လီသွတ်သွတ်လေ လီသွတ်သွတ် --။

Sunday, September 7, 2008

ဆရာတော်အား ပန်ကြားခြင်း

ဆရာတော်အား ပန်ကြားခြင်း
=============

ဆရာတော်ကို မသီခင်က
ခွီးပုတ်လောက်ကျ ပြောကတ်ပြီးမှ
အခု ငိုပြနီကတ်တေ --။

ဘုန်းကြီးဆိုဝါ နိုင်ငံရေးနန့်
ပဇာဆိုင်လဲ ကဲ့ရဲ့ကတ်ပြီး
အခုမှ ချီကျူးနီကတ်တေ --။

နိုင်ငံရေးလုပ်ချင်ကေ
စစ်တွေကိုမလာကဲ့
မြန်မာပြည်သို့လား
နှင်ထုတ်ထားပြီးမှ
အခု ကြီးရုပ်ထုလို့ ကိုးကွယ်ကတ်တေ --။

သံဝေဂရဖို့ကောင်းပါရေဆရာတော်
နိုင်ငံတကာ ပြည်မြန်မာကို
ချောင်းပေါက်အောင်လားလို့
အာပေါက်အောင် တရားဝှေါပြီးခါမှ
ညောင်ကုန်းကျောင်းနားက အမှိုက်ပုံဘေးမှာ
ဒုံးပေါက်ဆောက်လို့ သီရပါရေ --။

တမလွန်ဘ၀မှာ
အသက်ရှင်လို့ဟိနီသိမ့်ကေ
အေရခိုင်သားအဆွီးတိကို
တခေါက်ပြန်လာလို့
ဆုံးမခလိုက်ပါ ဆရာတော် --။

(သာလှဦး)

Sunday, August 31, 2008

ရခိုင်ဖားပြုတ်ကေ၀တ္ထု

ဖားပြုတ်ကေတကောင်၊ အုံးဘောင်စီးလျှက်၊ ဖြားရီတက်တွင်၊ ချောင်းကိုဝင်၍လာလတ္တံ။ ထိုရောအခါ၊ ချောင်းကမ်းသာတွင်၊ ပြားဇီးပင်တကိုင်းတွင်နားလျှက်၊ ပန်ဇင်းငှက်က၊ ခင်ပွန်းမိတ်ဆွေ၊ ဖားပြုတ်ကေ၊ ဇာပြည်ဇာရွာ၊ ဇာကလာဟု၊ သေချာစစ်စစ်မိန်းလတ္တံ။ ပန်ဇင်းမိန်းလေ၊ ဖားပြုတ်ကေက၊ တိုင်းပြည်မြို့ရွာ၊ လှည့်လို့လာဟု ဖြေလတ္တံ။

ထိုသို့ဖြေခါ၊ တိုင်းပြည်မြို့ရွာ၊ ကြားခပါသည်၊ ပဇာသတင်းထူးသနည်းဟု မိန်းလတ္တံ။ ထိုသို့မိန်းခါ၊ ဖြေသည်မှာကား၊ သမုဒ္ဒရာ၊ သီတာရီမြီ၊ မိုးလီမုန်တိုင်း၊ အုံမှိုင်းမှိုင်းနှင့်၊ တော်လဲပဲ့တင်၊ ငလျှင်မြီကြီးလှုပ်လတ္တံ။ ထိုသို့လှုပ်ခါ၊ ကျွန်းဒီပါမှာ၊ ကမ္ဘာကျောက်ကြီးကွဲလတ္တံ။ ထိုသို့ကွဲခါ၊ တွင်းမှာမြောက်တောင့်၊ ခုနှစ်တောင့်လည်းကျိုးလတ္တံ။ လူလည်းလေးစု ကွဲလတ္တံ။

ထိုသို့ဖြေခါ၊ ပန်ဇင်းငှက်ကမိန်းပြန်သည်မှာ၊ အိုအိုမိတ်ဆွေ၊ ဖားပြုတ်ကေ၊ အကယ်စင်စစ်၊ ထိုသို့ဖြစ်မူ၊ ငရို့သူငါ၊ ပဇာပြုလုပ်ရမည်နည်းဟု မိန်းလတ္တံ။ ထိုသို့မိန်းခါ၊ ဖားပြုတ်ကေက၊ အိုအိုမိတ်ဆွေ၊ ပန်ဇင်းငယ်၊ အကယ်စင်စစ်၊ ထိုသို့ဖြစ်မူ၊ ကြီးသူဝမ်းခေါင်း၊ ငယ်သူအောင်း၊ တကြောင်းထိုတွင်၊ ချမ်းသာအင်ကိုမြင်လိမ္မည်ဟု ဖြေလတ္တံ။ ထိုရောခါဝယ်၊ ပန်ဇင်းငယ်က၊ ကြောက်ဘွယ်စရာ၊ ကြားရပါသည်၊ ညခါတိုင်ပြီး၊ ကြောက်အားကြီး၍၊ ငှက်ကြီးရောင်းရင်၊ အိပ်ရာတွင်၌၊ ၀မ်းတွင်းဝင်မည်ကြံလတ္တံ။

ကြံစည်ထိုခါ၊ ပြုသောခါတွင်၊ ရောင်းရင်ငှက်ကြီး၊ လန့်အားကြီး၍၊ သံကြီးကျော်ကျော်အော်လတ္တံ။ သံကြီးကျော်ကျော်၊ မြည်ဟစ်အော်က၊ မျောက်ကျော်မက္ကဋ၊ နီထသစ်ပင်၊ သပြုပင်၌၊ လက်တွင်ကိုင်ပြီး၊ သပြုသီးကို၊ စားမည်ပြုထ၊ လန့်ကြောက်လှ၍၊ လက်မှလွတ်သော်၊ အောက်တွင်နီထ၊ တောဆတ်မ၏၊ နောက်ကုန်းပေါ်တွင်ကျလတ္တံ။

ထိုသို့ကျလျှင်၊ နာကြင်လန့်ကြောက်၊ ခြီစုံပေါက်၍၊ လားမြောက်ပြီးခုန်၊ နွယ်ခြုံပေါင်းမြက်၊ တောကြက်သာယာ၊ ဥပေါက်ခါဖြင့်၊ နီရာသိုက်မြုံ၊ ပြစ်ပြစ်ကုန်အောင်၊ နင်းတုံဖြိုဖျက်၊ ထောင်းထောင်းညက်၍၊ တောကြက်မမှာ၊ စိတ်ပူဆာ၍၊ လမ်းမှတွိဆုံ၊ တောခြအုံကို၊ ပြစ်ပြစ်ကုန်က၊ ပြိုတုံခြပေါင်း၊ ထောင်သောင်းမက၊ တောဝက်မ၏၊၊ ၀ပ်ထနီရာ၊ ရောက်လီပါသော်၊ ၀မ်းမှာရင်ဖတ်၊ မလွတ်နို့သီး၊ ခြကြီးခြငယ်၊ ကိုက်လေကုန်က၊ ပြီးတုံလူးလာ၊ ၀က်မမှာလည်း၊ နာကြင်အီးလတ်၊ ပြီးမလွတ်သော်၊ ဆာမွတ်ဝမ်းစာ၊ တောင်ယာလုပ်ရင်း၊ စပါးခင်းကို၊ ၀င်၍ထိုခါစားလတ္တံ။

ဝင်၍စားကာ၊ နီတုံပါက၊ ယာတွင်ထွင်လုပ်၊ ငမဲတုတ်လျှင်၊ တွိလီမြင်သော်၊ ယာသျှင်တသီး၊ ယာသူကြီးကို၊ အပြီးတိုင်ကြားပြောလတ္တံ။ အပြီးတိုင်မြောက်၊ ငမဲတုတ်ရောက်က၊ ငမဲတုတ်ကျာ၊ ယာကလာကေ၊ ယာမှာစပါး၊ မှည့်ဗျာလားဟု မိန်းလတ္တံ။ မိန်းငြားသောခါ၊ မဲတုတ်ကျာက၊ မှည့်ကားမှည့်ယက်၊ အစပတ်လည်၊ မျောက်ဖျက်တေ၊ အလယ်တရိုး၊ ၀က်ငယ်တိုးဟု ပြောလီသောခါ၊ တောင်ယာပိုင်နင်း၊ သူကြီးမင်းက၊ ချက်ချင်းမကြာ၊ ယာမှာစားလျှက်၊ ထိုဝက်မကို၊ ဖမ်းရယူခီ၊ လားကတ်လီဟု စေလတ္တံ။

ဖမ်းရယူခီ၊ လားကတ်လီက၊ ယာတွင်ထွင်လုပ်၊ ငမဲတုတ်က၊ သုတ်သုတ်ပြန်လာ၊ ယာမှာစားထ၊ တောဝက်မကို၊ ကြော့ကွင်းထောင်လျှက်၊ လက်ရဖမ်းယူ၊ ယာမူပိုင်နင်း၊ သူကြီးမင်းကို၊ လျှင်မြန်မနှေးပီးလတ္တံ။

ပီးအပ်လီကေ၊ လုပ်ထွေကိုင်ခင်း၊ ယာပိုင်မင်းက၊ တောတွင်းနီထ၊ တောဝက်မကို၊ ငါသာပိုင်နင်း၊ စပါးခင်းကို၊ ပဇာတွက်ကြောင့်၊ စားသနည်းဟု မိန်းလတ္တံ။ မိန်းလီသောခါ၊ ဘာသာဘာဝ၊ ကျွန်ဝက်မသည်၊ အိပ်ထနီရာ၊ ခြများစွာလျှင်၊ ရောက်လာဆိတ်ဆွ၊ ကိုက်ခဲကြ၍၊ ပြီးထယှောင်ခွာ၊ မလွတ်သာကေ၊ ရောက်ရာရောက်မိ၊ ဟိစီဘိဟု၊ ပြီးလီသောခါ၊ လမ်းမှာတွိပြီး၊ တောမျောက်ထီးက၊ အဆွေဝက်မ၊ ပဇာကြောင်းကြောင့်၊ ပြီးသနည်းဟု မိန်းသောကာလ၊ ကျွန်ဝက်မမှာ၊ ခြကိုက်ပါသည်၊ ပြောလီသောခါ၊ တောင်ယာလုပ်ခင်း၊ စပါးခင်းကို၊ ၀င်၍တလီ၊ စားပါခီဟု၊ ဆိုခြင်းပြုက၊ မချိခန္ဓာ၊ နွမ်းရိပါ၍၊ ၀မ်းမှာဆာမွတ်၊ တွိလတ်အစာ၊ စပါးယာကို၊ ၀င်ကာမသွေ၊ စားမိသည်ဟု ဖြေလတ္တံ။

ဖြေဆိုတုံက၊ စစ်ချက်ရ၍၊ ခြမကိုခေါ်၊ မိန့်ဆိုအာဏာ ပီးလတ္တံ။ ပီးလီသောခါ၊ မကြာခဏ၊ တောခြမနှင့်၊ များလှခြပေါင်း၊ ထောင်းသောင်းမက၊ ရောက်လာကြ၍၊ စစ်မမိန်းခါ၊ ကျွန်မမှာလျှင်၊ များစွာစုပုံ၊ ခြသိုက်အုံကို၊ အကုန်ဖြိုဖျက်၊ တောကြက်ယက်၍၊ ပျက်လီထောင်သောင်း၊ ခြအပေါင်းရို့၊ နီဖို့နီရာ၊ မဟိပါ၍၊ လားလာကုန်က၊ တောဝက်မ၏၊ အိပ်ထနီရာ၊ ရောက်လီပါ၍၊ ကိုက်ရသည်သာ၊ ဖြစ်ပါသည်ဟု ဆိုလတ္တံ။

မှန်ရာကိုပင်၊ စစ်တန်းဝင်၍၊ သို့စင်ဖြစ်ထ၊ တောဝက်မကို၊ အရခေါ်ခီ၊ အပြင်းစေက၊ တောနီကြက်မ၊ ခေါ်ထလာရောက်၊ ရှိတော်မှောက်သို့ ရောက်လတ္တံ။ ရှိမှောက်မသွေ၊ ရောက်တုံပေက၊ ဟေတောကြက်မ၊ ခြများနီရာ၊ အုံကိုသာလျှင်၊ ပဇာကြောင်းကြောင့်၊ ယက်သနည်းဟု မိန်းလတ္တံ။ မိန်းလီသောခါ၊ တောမှာနီထ၊ တောကြက်မက၊ ကျွန်မမှန်စွာ၊ ကြက်ဘာသာဖြင့်၊ သိုက်မှာဥပေါက်၊ ဥများမြောက်ကို၊ စောင့်ယှောက်နီရာ၊ ဆတ်မလာ၍၊ မညှာမထောက်၊ ခြီကျောက်ကန်လန်၊ မှောက်လှန်အသိုက်၊ ဖျက်ဆီးပစ်က၊ ကျွန်ကြက်မမှာ၊ စိတ်ကပူဆာ၊ မနီသာကေ၊ လားလာတွိကြုံ၊ တောခြအုံကို၊ အကုန်ပြစ်ပြစ်၊ ယက်ဖြိုပစ်ဟု ဖြေလတ္တံ။ ထိုသို့ဖြေခါ၊ တောဆတ်မကို၊ အရဖမ်းခီ၊ ဆင့်လီအာဏာ၊ စေသောခါလျှင်၊ မကြာခဏ၊ တောဆတ်မလျှင်၊ ရှိတော်ပြင်သို့ ရောက်လတ္တံ။

ရောက်လီသောခါ၊ မိန်းစစ်ရာတွင်၊ အသင်ဆတ်မ၊ ပဇာကြောင်းကြောင့်၊ ကြက်မနီတုံ၊ ဥသိုက်မြုံကို၊ အကုန်ပြစ်ပြစ်၊ နင်း၍ပစ်သည်၊ ဖြေရမည်ဟု ဆိုလတ္တံ။ ဆိုလီသောခါ၊ ဆတ်ရို့ဘာသာ၊ ညအခါတွင်၊ တောမှာပေါက်ရောက်၊ ကြီးမြောက်သစ်ပင်၊ သပြုပင်အောက်၊ အိပ်မည်ဟုပင်၊ နီလီကျင်သော်၊ သစ်ပင်ထက်က၊ မက္ကဋဟု၊ မျောက်ကနီပြီး၊၊ သပြုသီးနှင့်၊ အပြီးထိုခါ၊ ချပစ်ပါသော်၊ ကျွန်တော်မ၏၊ ကျောက်သားနောက်ကုန်း၊ ဘုံးဘုံးကျရာ၊ လန့်ကြောက်ကာဖြင့်၊ ပြီးလာခုန်ထွက်၊ တောကြက်သိုက်မြုံ၊ နင်းမိတုံက၊ ပျက်စီးရသည်၊ ဒေါသစိတ်ထွက်၊ နင်းဖျက်သည်သာ၊ မဟုတ်ပါဟု၊ ကြောင်းရာစကားပြောလတ္တံ။ ပြောငြားလီက၊ မက္ကဋကို၊ အရရှိတော်၊ ခေါ်ရမည်ဟု၊ အပြင်းတခါ စေလတ္တံ။

မျောက်ကိုတဖန်၊ ခေါ်ခီပြန်က၊ မိန်းမြန်းစစ်ချက်၊ မျောက်ဆိုချက်မှာ၊ ကျွန်တော့်ဘာသာ၊ ညဥ့်အခါတွင်၊ သပြုပင်၌၊ ကိုင်တွင်နီပြီး၊ သပြုသီးကို၊ စားမည်ပြုခါ၊ နီလီပါသော်၊ သံဝါကြီးလှ၊ ရောင်းရင်မက၊ လန့်ကြောက်စရာ၊ ဟစ်အော်ပါက၊ လန့်ကြောက်လှ၍၊ လက်မှာကိုင်ပြီး၊ သပြုသီးလျှင်၊ လက်မှလွတ်ကာ၊ ကျလီပါက၊ နာကြင်ရ၏၊ ဒေါသစိတ်ထွက်၊ ရည်ရွယ်ချက်ကား၊ မဟုတ်ပါဟု ဆိုလတ္တံ။

ထိုသို့ဆိုခါ၊ တောင်ယာပိုင်သျှင်၊ ယာသခင်က၊ သံလျှင်ကြီးလှ၊ ရောင်းရင်မကို၊ အရခေါ်ခီ၊ စေလတ္တံ။ ထိုသို့စေခါ၊ သံဝါကြီးလှ၊ ရောင်းရင်မလည်း၊ ယာသျှင်ရှိမှောက် ရောက်လတ္တံ။ ထိုသို့ရောက်ခါ၊ မိန်းစစ်ရာတွင်၊ သင်ရောင်းရင်မ၊ ကြီးလှအသံ၊ တောလုံးညံအောင်၊ ပဇာဖြစ်၍၊ အော်သနည်းဟု မိန်းလတ္တံ။

ထိုသို့မိန်းခါ၊ သံဝါကြီးထ၊ ရောင်းရင်မက၊ ငှက်ရို့ဘာသာ၊ သစ်ပင်ထက်မှာ၊ အိပ်ပျော်နီဆိုက်၊ ထိုအခိုက်တွင်၊ ငှက်ငယ်ပန်ဇင်း၊ ကျွန့်ဝမ်းတွင်းသို့၊ ၀င်မည်ဟုပင်၊ ပြုပျင်သောခါ၊ ကြောက်လန့်စွာဖြင့်၊ အော်ရပါသည်၊ သတ္တ၀ါများမြောင်၊ ကြောက်လန့်အောင်ဟု၊ ကြံဆောင်ခြင်းကား၊ မဟုတ်ပါဟု ဆိုလတ္တံ။

ထိုသောခါဝယ်၊ ပန်ဇင်းငယ်ကို၊ ရှိတော်မှောက်သို့၊ အရောက်ထိုခါ၊ ခေါ်လတ္တံ။ ယာသျှင်ရှိမှောက်၊ ပန်ဇင်းရောက်က၊ သင်ပန်ဇင်း၊ ငှက်ရို့ဘာသာ၊ မဟုတ်ပါဘဲ၊ သံဝါကြီးထ၊ ရောင်းရင်မ၏၊ ၀မ်းတွင်းကိုသာ၊ ၀င်ဖို့ရှာသည်၊ ပဇာကြောင်းရင်း၊ ဟိသနည်းဟု မိန်းလတ္တံ။

မိန်းလီသောခါ၊ ဖြေသည်မှာကား၊ ကျွန်တော့်ဘာသာ၊ ချောင်းသာမြစ်နား၊ ဇီးကိုင်းဖျားတွင်၊ နီပါသောခါ၊ ကျွန့်မှာမိတ်ဆွေ၊ ဖားပြုတ်ကေက၊ ဖြားရီတက်မှာ၊ အုံးဘောင်စီးလျှက်၊ ၀င်၍လာကေ၊ အဆွေဖားပြုတ်၊ ဇာပြည်ဇာရွာ၊ ဇာကလာကေ၊ ဇာဇာသတင်း၊ ထူးသနည်းဟု၊ မိန်းလီသောခါ၊ ကျွန်တော့်မိတ်ဆွေ၊ ဖားပြုတ်ကေက၊ သမုဒ္ဒရာ၊ သီတာရီမြီ၊ မိုးလီမုန်တိုင်း၊ အုံးမှိုင်းမှိုင်းနှင့်၊ တော်လဲပဲ့တင်၊ ငလျှင်မြီကြီးလှုပ်လိမ္မည်၊၊ ထိုသို့လှုပ်ခါ၊ ကျွန်းဒီပါမှာ၊ တွင်းမှာမြောက်တောင့်၊ ခုနှစ်တောင့်လည်း၊ ကျိုးလိမ္မည်၊၊ လူလည်းလေးစု၊ ကွဲလိမ္မည်၊၊ ကြီးသူဝမ်းခေါင်း၊ ငယ်သူအောင်း၊ တကြောင်းထိုတွင်၊ ချမ်းသာအင်ကို၊ မြင်လိမ္မည်ဟု၊ ပြောလီသောခါ၊ ကြောက်သည်အားနှင့်၊ ကြီးသူရှာကေ၊ ရောင်းရင်ဝမ်းသို့၊ ၀င်ဖို့အမှန်၊ ကြံပါသည်ဟု ဆိုလတ္တံ။

ထိုသို့ဆိုခါ၊ ယာကိုစိုးနင်း၊ ယာပိုင်မင်းက၊ ဖားပြုတ်မိုက်ကို၊ ခေါ်ရမည်ဟု စေလတ္တံ။ စေလီသောခါ၊ ဖားပြုတ်ထံသို့၊ တမန်ထိုခါ လားလတ္တံ။ တမန်ရောက်လစ်၊ ဖားပြုတ်မိုက်က၊ ထိုကိုယောင်ယောင်၊ ဒေယောင်ယာင်နှင့် နီလတ္တံ။

ထပ်ခါထပ်ခါ၊ ခေါ်များလာ၍၊ မနီသာကေ၊ ခုန်ကာစိုက်စိုက်၊ လိုက်၍လည်းလာ၊ ရှိမှာရောက်၍၊ စစ်မိန်းပါကေ၊ မာယာပရိယာယ်၊ လွန်ဆန်းကြယ်၍၊ ရယ်ဘွယ်စရာ၊ ပြုသည်မှာကား၊ ခြီလက်ပြောင်းပြန်၊ မျက်ဆံသီသုတ်၊ ဖားပြုတ်ကေမှာ၊ လျှာကိုထုတ်လို့၊ သီရုပ်ပျင်ကာ၊ အဖြာဖြာနှင့်၊ မာယာပရိယာယ်၊ ညာဏ်ဆန်းကြယ်စွာ၊ ပြလီသောခါ၊ ယာကြီးသခင်၊ စပါးသျှင်က၊ အမြင်ကတ်ကေ၊ ဖားပြုတ်ကေကို၊ လိမ်လည်ပြောမှု၊ ကျောက်နှင့်ထုဟု၊ ပီးသည့်အာဏာ၊ လက်မရွန့်ရို့၊ ထုပြန်ပါကေ၊ ကျောက်နှင့်ထုယင့်၊ ဖားပြုတ်ကေမှာ၊ ကြောတက်ယင့်လည်း တက်လတ္တံ။

ထိုသည်အခါ၊ ပါးစခံတွင်း၊ ဖားပြုတ်ကေမှာ၊ သွီးဖျင်းဖျင်းနှင့်၊ ခုန်ကာခုန်ကာ၊ လားလီပါကေ၊ လမ်းမှာတွိငြား၊ လူအများက၊ အဆွေဖားပြုတ်၊ နီလွန်းလှပါ၊ ဇာကလာဟု၊ မိန်းခါကာလ၊ သူကြီးမြီတိုင်း၊ ကျေးကိုင်းရွာစား၊ အိမ်သို့လား၍၊ ကွမ်းစားရသည်၊ အိုမိတ်ဆွေဟု၊ ဖားပြုတ်ကေကဆိုလတ္တံ။ ။

(ဤတွင် ဖားပြုတ်ကေ၀တ္ထုဆုံးပါလီ၏။ မဆုံးသိမ့်ကေ ကျန်ရေလူတိဆက်ပြောပါလီ။)

ရှိဟောင်းပီမူ ရခိုင်အချစ်ရတု


သာကြည်ယုယ
မပျော်ရသည်ကြာလှပြီ အသျှင့်သား
အရွှီသည် ပန်းနှင့်တူစွ
စန္ဒာဖြူသည်
ကြိုးကြာမယ်ထက်ပူ၍
တကြူကြူလွမ်းရုတ
မောင်ကြောင့်ပူဆာ
မခံသာသည်
များစွာဝဋ်ဒုက္ခတည်း --။

ပူခြင်းလှသည်ကြီး၍ပေ
ဦးဂေါင်းထိပ်ပြင်
လက်စုံတင်ကေ
ကျွန်လျှင်ကန်တော့ပေ၏ --။

ကြောင်းခြင်းစစ် မှာလိုက်မည်
စက္ကြာပိုင်သား
မေ့သက်ထားသည်
ရွှီနားတဖန်တည်လော့ --။

ရှိက၀ယ်ကုသိုလ်ဟောင်း
ဘုရားစိန္ဒေ
မြတ်ဗုဒ္ဓေမှာ
ညောင်ရည်ပန်းသာလောင်း၍
ဆုပန်တောင်းပြုခမည်
ကြမ္မာကျိုးစက်
ဒါနဖက်ကေ
မပျက်သစ္စာလွယ်၍
ဤလူ့ပြည်ဤဌာန
မောင်နှင့်အတူ
တောင်းဆုယူကေ
နှစ်ဆူပေါင်းဖော်ကြ၍
အော် - တူတကွသည် နီစိုင်တွင်
အလှယင့်ယူ
ချစ်သူသားဖခင်လည်း
ဝီးရပ်ခွင်သည်တိုင်းတပါး
သူ့တိုင်းပြည်ကို
လားသည်ဤကြောင်းလျားကြောင့်
အို ၀မ်းနည်းသည် စားသောက်မခြီ
ညည့်နှင့်နိသည်
ခြောက်ဆယ်ပေါင်းနာရီတွင်
လွမ်းသက်ဝီညှိုးနှမ
ကမ်ဖာခိုးထူ
မှိုင်းမှိုင်းလူသည်
နှစ်ဆူနီနှင့်လကို
တောင့်တဘိ နီစိုင်တွင်
အချစ်မပြီ
မောင့်သက်ဝီကေ
ဒါလီမောင်ပန်းပင်ကို
လွန်ကြည်ညိုသည်
လူကိုမပြော
ချစ်တေအားကို
မေလျှင်ဝမ်းတွင်ထား၏ --။

ဂြိုးလှညို ရွှီငှက်မ
နိညမဆို
တောမြိုင်ညိုမှာ
ဖိုကိုလွမ်းရို့တ၍
နိည၀ယ်အပြန်ပြန်
နာရီခတ်တွင်
မောင့်ကိုတွက်ကျပြန်ကာ
ကေသာဆံ သျှောင်အုံးလုံး
ပန်းကုံးမဆင်
ဆီမပျင်ကေ
မေလျှင်ဖြစ်နီပါ၏ --။

နှလုံးသည် စိတ်ဝီဆာ
နံသာဆီကြိုင်
ကတိုးရိုင်လည်း
နှမကိုယ်နှင့်ကွာ၍
မောင်ကြောင့်သာ စိတ်ဆိုးညစ်
ပတင်းညိုကေ
လီချိုသလွန်သာက
ငိုစိတ်ဖြစ် နီစိုင်ခါ
ဥသြဖိုးခေါင်
ကုက္ကလောင်ကေ
ဝါရောင်ကျူးမြည်လာလည်း --။

တသင်္ကြန်လွန်လီမြောက်
အို - ရတုတဖန်
ရာသီပြန်ကေ
ဝဿန်မိုးဦးရောက်၍
တောင်မြောက်ရပ်သျှစ်မျက်နှာ
စိမ်းမြညိုဝီ
ကမ်ဖာမြီမှာ
ရီလျှင်အီးမြမြနှင့်
အင်းအိုင်ထဲဖားများစွာ
မစဲအသံ
တကြံကြံသည်
ဝဿန်မိုးကိုခေါ်၍
ထက်အာကာဘုံတရိုး
ကြီးလှအသံ
တညံညံကေ
ရုံလျှင်ဟစ်ကာကြိုး၍
တဖြိုးဖြိုးသွန်းကျလာ
ဝဿန်ရာသီ
မိုးဦးချီသော်
တောင်လီဖျူးကာကာနှင့်
မေလျှင်ရင်လုံးအီး
နဂရစ်တောင်ယောင်
ဝင်းလင်းပြောင်သည်
မေကမပျော်ဘိလည်း --။

တယောက်တည်း မေ့တကိုယ်
ဟိလတ်မနော်
စက်တော်ခေါ်ကေ
မေကမပျော်လိုလည်း --။

တယောက်တည်း လုံးချင်းသာ
ခန်းမဆယ်တောင်
တိုက်ခန်းဆောင်မှာ
မောင့်ကိုယ်ကိုမွှီ၍စမ်း
မောင်ကိုယ်ငွိ
မတွိသောခါ
မေရို့မှာကေ
တုံစွာတချမ်းချမ်းနှင့်
တ,နိုးနိုးကြက်သီးဝှန်
ပူပန်ပျောင်းပျ
မောင့်ကိုတကေ
အလှရင်လုံးနွမ်၍
မိုးသောက်ပြန်ထတုံသောခါ
ဗိမှာန်အိမ်နား
ပန်းစံကားသည်
သစ်ဖျားအခက်မှာကား
ငှက်ရွှီဝါကေ တတွတ်တွတ်
(ရောက်ပျာ ရောက်ပျာ)
တြင်းငြာကေ
ကျူးကာနမိတ်ဖတ်၍
မြည်တမ်းရွတ်သည် ငှက်ရွှီဝါ
နိညမဟူ
မောင့်ချစ်သူလေ
မေဖြူကြားလီပါက
အဂယင့်သာ ဟုတ်စနိုး
ချစ်မိုးစုံလင်
ရာသက်ကြင်သည်
အယင်မောင်ရောက်ဖို့ဟု
လွမ်းစိတ်ဖြစ်နီစိုင်တွင်
ပဉ္စင်တူရိယာ
နှဲခရာကေ
ညီညာတီးမှုတ်ကျင်၍
လွန်ပျော်ရွှင် လူအများ
ဇကြော့ကခြီ
ရုပ်မျိးစီကေ
အညီယိုးဒယားနှင့်
သဘင်များပွဲရံရာ
လက်ဖျားကိုချီ
သူ့သက်ဝီသည်
ကိုယ်စီသားနှင့်လာ၍
မိပျော်ငြားဖသက်နှံ
မောင်ဇံပူဆာ
ဖကိုရှာကေ
မြီမှာလှူးကာပြန်၍
တကြံကြံ ငိုလိုက်လတ်က
အလှယင့်ယူ
မေဖြူစိတ်ပူဆာလည်း --။

ပြောစရာ ဆိုမတတ်
မြီးမိခင္မွာ
ရင်ကိုထုထောင်းသတ်၍
ဖခင်တွက်မည်ကြောင့်
မွီးမေအသက်ပင်
သီလျှင်တော့မည်ဟူ၍
အူသဲခြီ တုံလို့ချိ
ဆီးဝါးဂါထာ
မရသာသော်
ပြင်းစွာလောင်သည့်မီးကို
စောင့်ထိမ်းသည် ငြိမ်းသက်အောင်
စေတနာကေ
မိတ္တာဆွမ်းဖြင့်လောင်း၍
(-- ပီပျောက် --)

တိုင်းရပ်မြီ မိဇ္ဈိမ
မိဘဌာန
ရောက်လတ်သောခါ
နှစ်ပါးမောင်နှံ
ဆရာ့ထံမှာ
ဝပ်စင်းလျှောက်တောင်းပန်၍
ဇေတ၀န်မြတ်ကျောင်းတော်
လုပ်လတ်ပြီးခါ
တိုင်းသူပြည်သား
ကောင်းမှုဖက်ကေ
မိတ္တာရီစက်ချ၍
ဝသုမ်ဒရီမြီစောင့်နတ်
ဘော်သျှင်မနတ်လူဗြဟ္မာ
ကောင်းချိမ့်ပြုကေ
နတ်လူသာထုခေါ်စီသောဝ်လည်း --။

(နာမည်မသိ စာဆို)

မျည်းမတ်တိ

လူဆိုစွာ
ကမ္ဘာကိုမှီ (23 1/2) ဒီဂရီ
အောက်ခြီကပင် တိမ်းစောင်းနီရေလတ် --။


ဖြတ်လမ်းလိုက်လူလိုက်
နဖူးသိုက်တူးလူက တူးပနာ
မာနကိုခ၀ါချ
ခံယူချက်ကို ဆီးဆိုး
မိုးခါးရီ သောက်လူကသောက် --။

တယောက်
နှစ်ယောက်
သုံးယောက်
ရွီမလောက် --။

ကျောက်ဆောင်ကို အားကျ
ဂျောင်ထဲက ဖွဲရာကျချေတရွီ
ဆကြွီဒဿနတိနန့် ကျင်ကိုင်
သီအိုရီမှိုတက်တိနန့် လံဆွဲယင်း
လိုင်ကြောတင်းရေလို့ ဆိုချင်ဆို
အပိုမဟိရေ သိက္ခာတချပ်ကို
အလိုဟိရေ ရိက္ခာတနပ်မျိုဖို့
အချိုသကာရှာ ပုရစ်မျက်နှာတပိုင်းနန့် 
သမိုင်းဘင်းဂျီ မခံနိုင် --။

(လှိုင်း ဂစ္ဆပ)
(ရွက်နုပြန်ချိန်ကဗျာများ)
Free4Arakan.Blogspot.Com မှ ပြန်လည်ကူးယူဖော်ပြသည်။

ကိုယ့်လူသီသင့်ရေ

သက္ကရာဇ်ကို မွားမျို
သိက္ခာကို ရောင်းစား
အနှစ်မဲ့စကားနန့် တည်ဆောက်
ကိုယ့်အရိပ်ကို ကြောက်နီရေကိုယ့်လူ
တခြားသူတိကို ဒူးထောက်အောင်
စွမ်းဆောင်နိုင်စွာ အဆန်းလား --။

အလုပ်မလုပ်ဘဲ
အသျှတ်ကိုတော့ခါ
သျှတ်သထက်သျှုတ်အောင်လုပ်
မဟုတ်စွာတိနန့် နှောင်ဖွဲ့
ကဲ့ရဲ့မှုနန့် ခင်းကျင်း
အမုန်းပြတင်းပေါက်မှာ
ရန်မူဖို့ရာ ရှောက်လို့နီ --။

ကိုယ့်လူ၏မသေချာမှုက
တခြားလူတိကို တွေဝေစီရေ
တပါးသူတိကို

ငလိငလည်ဖြစ်စီရေ
အဂယင့် ဆန်းစစ်ကြည့်ကေ
(အမှန်ဗျာယ်) ကိုယ်လူသီသင့်ရေ --။

ဘစောတင်
(ရခိုင့်လွတ်လပ်ရေးစာစောင်မှ)

Friday, August 29, 2008

ပိတကာသီးခေတ်နှင့် ပညာဟိမောင်ပန်းသီး


ပိတကာသီးခေတ်နှင့် ပညာဟိမောင်ပန်းသီး
============================

အခါတပါးတွင် ရခိုင်ပြည်တွင် အလွန်နာမည်ကျော်ကြားသော ပညာဟိတဦးဟိသည်။ သူ၏ကလောင်နာမည်မှာ (မောင်ပန်းသီး) ဖြစ်သည်။ သူသည်မျိုးရိုးစိုင်ဆက်ချမ်းသာသော အသိုင်းအ၀ိုင်းမှ မွှီးဖွားလူသူတဦးဖြစ်သည်။ လက်မွှီးမီးမလောင် ခြီမွှီးမီးမလောင်ပြုစုကြီးပြင်းလာသူတဦးလည်းဖြစ်သည်။ အရပ်လည်း (၆) ပေကျော်ရှည်သော အာဃယောက်ကျားလည်းဖြစ်သည်။ ယောက်ကျားပီသသည်ကတကြောင်း၊ မိဘမျိုးရိုးစိုင်ဆက်ချမ်းသာသည်ကတကြောင်း၊ ဥပတိရုပ်ကောင်းပြီး ခန့်ငြားထည်ဝါကျက်သရေဟိသည်ကတကြောင်း၊ ဘက်ပေါင်းစုံပြည့်စုံသောကြောင့် သူ့အားမိမ္မများ အလွန်ကြိုက်နှစ်သက်သည်။

သို့သော်သူသည် အလွန်စာရိတ္တကောင်းမွန်သူတဦးဖြစ်သည်။ မိမ္မလုံးဝမလိုက်စား။ အသောက်စကားကင်းသည်။ သူတပါးအားကူညီရိုင်းပင်းတတ်သည်။ ကြင်နာသနားတတ်သည်။ အငယ်ကပင် သူ့ကျောင်းနီဖက်သူငယ်ချင်းများ ကျောင်းသုံးစာအုပ်မ၀ယ်နိုင်၊ လွယ်အိပ်ကျောက်သင်ပုန်းမ၀ယ်နိုင် ထိုအခါများတွင် သူက မုန့်ဖိုးထဲကငွေကို ပီးကမ်းစွန့်ကြဲလေ့ဟိသည်။ ထို့ကြောင့်သူအားသူငယ်ချင်းများက အချေကပင် (သူတော်ချေ) ဟု ချစ်၍တော့၍ခေါ်ကြသည်။ သို့သော် အကျင့်စာရိတ္တနှင့်ပတ်သက်လာလျှင်ကား ခိုင်မာပြတ်သားသည်။ နှမ်းတစိသားလည်းအလျှော့မပီးတတ်။ နှစ်သစ်ကူးသင်္ကြန်ရက်များတွင်လည်း သူငယ်ချင်းများသောက်စားပျော်ပါးရန်ဖိတ်ခေါ်သောအခါ သူကခါးခါးသီးသီးငြင်းဆန်တတ်တသည်။ ထို့ကြောင့် သူ့သူငယ်ချင်းများက သူအားချစ်လည်းချစ်သည် မုန်းလည်းမုန်းသည်။ ချစ်ရသည့်အကြောင်းရင်းက သူရို့ဒုက္ခရောက်သောအခါ သူက နိမဆိုင်းညမဆိုင်း ကူညီတတ်သောကြောင့်ဖြစ်သည်။ မုန်းရသည့်အကြောင်းက သောက်စားပျော်ပါးအကြံများကို လက်မခံသောကြောင့်ဖြစ်သည်။ သူသည် ၀ါတွင်းဝါဆို အခါကြီးရက်ကြီးသင်္ကြန်ရက်များတွင်လျှင်မဟုတ် ၀ါတွင်းကာလ လပြည့်လကွယ်တရက်မပျက်ဥပုသ်စောင့်သည်။ ၀ါကျွတ်လွန်သော်လည်း ဘုရားကျောင်းကန်လားမြဲလားကာ ဆရာသမားများအား ၀တ်ကြီးဝတ်ငယ်ပူဇော်ကန်တော့လေ့ဟိသည်။ ထို့ကြောင့်သူသည် အချေကပင် (ဘုရားတကာကျောင်းတကာ) ဟူသောဘွဲ့နာမကို ပါရမီဘ၀ကံအကြောင်းအားလျှော်စွာ ပိုင်ဆိုင်ထားသူတဦးလည်းဖြစ်သည်။

သူသည်စာအလွန်တော်သူတဦးလည်းဖြစ်သည်။ စာလည်းအလွန်ကြိုးစားသည်။ ထို့ကြောင့် အတန်းတိုင်းတွင်ပထမအမြဲတမ်းရသည်။ အားကစားလည်းအလွန်ထူးချွန်သည်။ စွယ်စုံရပါရမီသျှင်ဖြစ်သည်။ ထို့ကြောင့် ဆရာဆရာမများက သူ့အားအလွန်ချစ်ခင်အားကိုးသည်။ မြို့မျက်နှာပန်းအဖြစ်တင်စားကြသည်။ နှစ်စဉ်နှစ်တိုင်းလူရည်ချွန်အရွီးခံရပြီး ငပလီ၊ ရွှေဝါကျိုင်စသဖြင့် မြန်မာပြည်အနှမ့် လူရည်ချွန်စခန်းများကိုလည်းရောက်ဖူးသည်။ ဆယ်တန်းတွင်နှစ်ချင်းပေါက် ဂုဏ်ထူး (၄) ဘာသာဖြင့် ထူးထူးချွန်ချွန်အောင်မြင်သည်။ ဆယ်တန်းကို (၄) ဘာသာဂုဏ်ထူးဖြင့်အောင်မြင်သူမှာ သူရို့မြို့သမိုင်းတွင် သူသာလျှင်ပထမဆုံးအကြိမ်ဖြစ်သည်။ ကျန်နှစ်များတွင် ဂုဏ်ထူး (၁) ဘာသာ (၂) ဘာသာဖြင့်အောင်မြင်သူ မဟိသလောက်ဖြစ်သည်။ ဆီးတက္ကသိုလ်ဝင်ခွင့်ရသော်လည်း ဆရာဝန်ဘ၀ကိုစွန့်ပြီး သူဝါသနာပါရာ မြန်မာစာအဓိကဖြင့် တန်းမြင့်မဟာဝိဇ္ဇာဘွဲ့ကို ထူးချွန်စွာဆွတ်ခူးအောင်မြင်ခသည်။ တက္ကသိုလ်နောက်ဆုံးနှစ်တွင် သူ၏ဖူးစာပါရမီသျှင်နှင့်တွိဆုံပြီး အိမ်ထောင်ကျသည်။ ရန်ကုန်တက္ကသိုလ်မြန်မာစာဌာနတွင် နည်းပြဆရာအဖြစ်စတင်အမှုထမ်း၍ သူ၏ထူးကဲသောအရည်အချင်းကြောင့် နှစ်များမကြာသူသည် မြန်မာစာဌာနတွင် ဂုဏ်ထူးဆောင်ပါမောက္ခတဦးဖြစ်လာသည်။ အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် ပါမောက္ခဖြစ်လာသူဟူ၍ ရန်ကုန်တက္ကသိုလ်သမိုင်းတွင် ပညာဟိမောင်ပန်းသီးတဦးတည်းသာလျှင်ဟိသည်။ ထို့ကြောင့် ရခိုင်ကျောင်းသားကျောင်းသူများ ရန်ကုန်တက္ကသိုလ်စာပီလောကတွင် မောင်ပန်းသီး၏နာမအသျှိန်အ၀ါကြောင့် မျက်နှာပန်းအလွန်ပွင့်လန်းကြသည်။ ဂုဏ်ယူမြောက်ကြွကြသည်။

ပညာဟိမောင်ပန်းသီးသည် အလွန်မျိုးချစ်စိတ်ထက်သန်သူလည်းဖြစ်သည်။ သူ့တပည့်သားသမီးများအား (အမျိုးသီလ၊ နှစ်ဌာနကို၊ ပြည့်ဝမဏ္ဍိုင်၊ စောင့်စွမ်းနိုင်၍၊ ရက္ခိုင်ဝံသ၊ ဘွဲ့မည်လှဖြင့်၊ အနွတ္တသညာ၊ ခေါ်အပ်စွာတည့်။) ဟူသော သူ၏လက်သုံးအသျှင်နာဂိန္ဒမော်ကွန်းလင်္ကာဖြင့် ဆိုဆုံးမလေ့ဟိသည်။ သို့သော် လင်္ကာတပုဒ်လုံးကိုကား သူတခါမှမဖတ်ဖူးပေ။ မြင်လည်းမမြင်ဖူးပေ။ အသျှင်နာဂိန္ဒကား လေးမြို့ခေတ်စာဆိုလား၊ မြောက်ဦးခေတ်စာဆိုလား အတိအကျမသိ။ တခါတွင် လေးမြို့ခေတ်က၊ တခါတွင်၊ မြောက်ဦးခေတ်က၊ တခါတွင် ဝေသလီခေတ်ကစသည်ဖြင့် ယောင်သျွှီးလုပ်တတ်သည်။ သို့သော်သူသည် နဖူးပြောင်ပြောင်ဖြင့် မှင်အလွန်ကောင်းသဖြင့် တပည့်သားသမီးများက သူပြောတိုင်း အားကိုးယုံကြည်သည်။ ဆရာကြီးဖေမောင်တင်ရွီးသောမြန်မာစာပီသမိုင်းကို အစအဆုံးမကြည့်ဘဲ နှုတ်ကျက်ရွတ်ပြနိုင်သူအဖြစ် လေးစားဂုဏ်ယူသည်။

မောင်ပန်းသီးမှာ ယခုအခါအသက်အရွယ်ကြီးရင့်ပြီး ပညာရေးလောကမှ အနားယူလားပြီးဖြစ်သည်။ ရန်ကုန်တက္ကသိုလ်ရိပ်သာလမ်းဟိ သူ၏သမီးကြီးအိမ်တွင်ချမ်းသားစွာနီထိုင်လျှက်ဟိသည်။ သမီးကြီးတွင် သားကြီးတယောက်၊ သမီးတယောက်ထွန်းကားသည်။ သူ၏မြီးများက သူ့အား (အဖိုးသျှင်၊ အဖိုးသျှင်) ဟုခေါ်လျှင် သူသည်အလွန်ဝမ်းမြောက်ပီတိဖြစ်ရသည်။ သူ့မြီးများအား ပညာအမွှီလက်ဆင့်ကမ်းပီးရသည်ကို ၀မ်းသာမဆုံးဖြစ်သည်။ (၅) နှစ်အရွယ်မြီးထွီးချေမှာ သူငယ်တန်းဖတ်စာသစ်ကို တလုံးမကျန်အဖိုးသျှင်ရှိတွင် အလွတ်ရွတ်ပြနိုင်သည်။ မပီတွတ်တွတ်ပီတွတ်တွတ် အဖိုးသျှင်အား နားမလည်သည်များကိုလည်း မိန်းမြန်းလေ့ဟိသည်။ တခါတရီတွင် လုံးဝအဓိပ္ပါယ်မဟိသောမိန်းခွန်းများဖြစ်သော်လည်း အဖိုးသျှင်က စိတ်ရှည်လက်ရှည်ယှင်းပြတတ်သည်။ ဥပမာအားဖြင့် (အဖိုးသျှင် ဘော်လုံးဇာဖြစ်လုံးရေလဲ) စသည်ဖြင့်ဖြစ်သည်။ ထိုအခါ (ဘော်လုံးဖြစ်လို့ လုံးရေပုချေ) ဟု အသင်္ခတဥာဏ်ဖြင့် မဆိုင်းမတွက်ချက်ချင်း ပြန်ဖြေနိုင်သည်။

မြီးအကြီးသူမှာ လေးတန်းအောင်ပြီးဖြစ်သည်။ အဖိုးသျှင်အိမ်တွင် ရခိုင်ပညာဟိများလာရောက်၍ စာအကြောင်းပီအကြောင်း၊ သမိုင်းကြောင်း၊ ဓည၀တီအကြောင်း၊ ဝေသာလီအကြောင်း၊ သုဝဏ္ဏဒေ၀ီအကြောင်း၊ မင်းထီးမင်းဘာအကြောင်း၊ စသည့်အကြောင်းကြောင်းများကို အာဘောင်အာရင်းသံများဖြင့် ဆွေးနွေးတိုင်ပင်သည်များကို စိတ်ဝင်တစားနားထောင်လေ့ဟိသည်။ ထို့ကြောင့် သူသည်အသက်ငယ်ပင်ငယ်သော်ငြားလည်း ရခိုင်သမိုင်းကြောင်းကို ရင်းနှီးအကျွမ်းဝင်သည်။ (ရခိုင်အစ မာရယုက၊ ဘီစီ (၃၃၂၅) တွင် ရခိုင်သမိုင်းစတင်သည်။ ရခိုင်သားသည် (အာရီယံနွယ်မျိုးဖြစ်သည်၊) အစဟိသည်ဖြင့် သူ၏ကျောင်းနီဖက်သူငယ်ချင်းများအား ဖောက်သည်ချပြောပြနိုင်သည်။

တရက်နိတွင် သူသည်အဖိုးသျှင်အား မိန်းခွန်းတခုမိန်းလတ်သည်။ (အဖိုးသျှင် (ရခိုင်မှာစာမဟိ) ဆိုစွာဟုတ်တေလား။ ကျောင်းကဆရာမက ယင်းပိုင်ယှောင်ပြောပါရေ)။ ထိုအခါ ပညာဟိမောင်ပန်းသီးက သူ့မြီးအား မာန်ပါပါဖြင့် (အဝေး အခုမင်းဖတ်နီရေ မြန်မာစာက ရခိုင်စာချင့်။ မင်းအစာကိုပြောရေလဲ) ဟု အော်ငေါက်လိုက်သည်။ ယေခါ သူ့မြီးက (ယေကေအဖိုးသျှင် (သင်္ဘောသီး) ကို (ပိတကာသီး) လို့ မောင်မောင်ရို့ ရခိုင်မှာခေါ်ပါရေမနား၊ အေမှာက (သင်္ဘောသီး) လို့ရာ ရွီးထားပါရေ။) ဟုဆိုသည်။ ထိုအခါ အဖိုးသျှင်က (အဝေး ယင်းသူရို့တိ ခိုးထားစွာ ခိုးထားစွာ) ဟုအော်သည်။

တရက်နိတွင် မြီးအကြီးသူ မြန်မာစကားပုံများကို အလွတ်ကျက်မှတ်နီသည်။ ထိုတွင် (ပညာဟိ သတိဖြစ်ခဲ) ဟူသောစကားပုံကို နားမလည်နိုင်ဖြစ်နီသည်။ ထို့ကြောင့် အဖိုးသျှင်အား (အဖိုးသျှင် ပညာဟိ သတိဖြစ်ဖြစ်ခဲ) ဆိုစွာ ပဇာကိုပြောစွာပါလဲ။) ဟုမိန်းလိုက်သည်။ ထိုအခါ အဖိုးသျှင်က သူ့ကိုယ်သူလက်ညှိုးထိုးလျှက် (အဝေးမြီးချေ ငါ့ကိုကြည့် ငါ့ကိုကြည့်၊ ပညာဟိဆိုစွာ (အိုပင်အိုကေလည်း သတိမမိ) ဆိုစွာကိုပြောစွာ) ဟု ဖြေသည်။ ယင်းကာလ ငါးနှစ်အရွယ်မြီးထွီးအပုချေက (ဟ ဟာဟ ရယ်လိုက်ရ) ဟု စာဖတ်သံနှင့်လားတိုက်ဆိုင်နီသည်။ ထိုအခါ ပညာဟိမောင်ပန်းသီးက သူ့အားအယွဲ့တိုက်သည်အထင်ဖြင့် (ဟေးကောင်မချေ မဖတ်ကဲ့၊ တန့်တန့်) ဟု ဟန့်တားလိုက်သည်။ ပြီးလျှင် သူသည်ရှက်ရှက်ဖြင့် (အေခုခေတ် အဂယင့် ပိတကာသီးခေတ်အမှန်။ အကြီးကအောက်က အငယ်ကအထက်က) ဟု ဘုပြောပြီးလျှင် ဘုရားခန်းထဲသို့ ပုတီးစိတ်ရန်လှမ်းဝင်လိုက်သည်။



Wednesday, August 27, 2008

ဇတ်လမ်းကို အဆုံးသတ်ခန်း


ဇတ်လမ်းကို အဆုံးသတ်ခန်း
===================

သဘာပတိများကြွလာကေ
ရပ်စောက်ရပ်အလေးပြုရ
ကျွန်တော့်မှာ တော်လှန်ရေးအတွက်
ပင်ပန်းလားခပါဗျာ --။

သက်တန်းကုန် ၀န်ကြီးတိနန့်တွိတိုင်း
ခါးကိုင်းဦးညွတ် အရိုအသေပီးရ
ကျွန်တော့်မှာ တော်လှန်ရေးအတွက်
ပင်ပန်းလားခပါဗျာ --။

ပြက္ခဒိန်မှာ ဆီးမှင်အနီကွက်ကျား
ရက်တိကများများ
ညိတိုင်းညိတိုင်း ဆန္ဒပြရဖို့လား
အခမ်းအနား အခမ်းအနား နိမအားညမအား
ကျွန်တော့်မှာ တော်လှန်ရေးအတွက်
ပင်ပန်းလားခပါဗျာ --။

အစည်းအဝေးတက်တိုင်း
ငွေရေကြေးရေးအယှုတ်ယှင်းရ
ညီညွတ်ရေး ညီညွတ်ရေးဆိုဗျာ
နဖူးကွဲဒူးပြဲ အလဲထိုးရ
ကျွန်တော့်မှာ တော်လှန်ရေးအတွက်
ပင်ပန်းလားခပါဗျာ --။

အချိန်တန်ကေ အချိန်မှန်ထုတ်ပြန်ရေ
လံကြုတ်သတင်းတိကို
ရေဒီယိုဖွင့်တိုင်းကြားနာရ
ကျွန်တော့်မှာ တော်လှန်ရေးအတွက်
ပင်ပန်းလားခပါဗျာ --။

ရခိုင်တခွန်းမပါ
ရခိုင်အမျိုးသားမြန်မာသတင်းစာကို
လစဉ်ပုံမှန် စာမျက်နှာလှန်လှန်ဗျာဖတ်ရ
ကျွန်တော့်မှာ တော်လှန်းရေးအတွက်
ပင်ပန်းလားခပါဗျာ --။

မမြင်ချင် မကြည့်ချင်အဆုံး
မျက်နှာတိကို
မြင်ရပြုံးပြရ ဘ၀ဒုက္ခများစွာနန့်
ကျွန်တော့်မှာ တော်လှန်ရေးအတွက်
ပင်ပန်းလားခပါဗျာ --။

ရန်သူကို တော်လှန်ဖို့အချိန်မရ
ရွှေလဒများကိုကျည်း တိုက်ခိုက်နီရ
ကျွန်တော့်မှာ တော်လှန်ရေးအတွက်
ပင်ပန်းလားခပါဗျာ --။

(သာလှဦး)

ထောင်တည်မော်ကွန်းသူရဲ

ထောင်တည်မော်ကွန်းသူရဲ
=================

အဖွဲ့အစည်းတခု၏နယက
အကြံပီးအရာဟိကြီးပ
ရုတ်တရသီဆုံး သျှင်လူအားလုံး
ယူကျုံးမရ နှမြိုးတသ
အဖရခိုင်ပြည်၏သားကောင်းရတနာကြယ်မွန်
အချိန်မတန်ခင်
ကွယ်လွန်စွာစော
အကျွန်ုပ်ရို့အား
ကြောခိုင်းလားဗျာယ် --။

ဘစောင်ပျင်လို့ ရက်စက်စွာလဲ
ခေါ်ကေလည်းမထူး ငိုကေလည်းမကြား
ဥပက္ခေတရားနန့်
မရဏရထားစီးလို့
ကျွတ်လားခဗျာယ် ---။

အလေးပြုကတ် ရပ်စောက်ရပ်ကတ်
ဂေါင်းညွတ်ဂုဏ်ပြု (၃) မိနိလောက်
ကောင်းရာသုဂတိ လားစီဖို့ ---။

ဆရာကြီးရေ စာသမား ပီသမား
ဘာသာရေးသမား စာဟောဆရာကြီး
ဘိန္ဓောယမ်းကု စွယ်စုံရ ပါရမီသျှင်
မျိုးချစ်ပုဂ္ဂိုလ် နိုင်ငံရေးသမား
တော်လှန်ရေးသမား
လူအများက နာမကင်းပွန်း
အမွှမ်းတင်ခေါ်ဝေါ် ဒေါ်လာသန်း (၅၀၀)
(Project) ဆရာကြီး ---။

ဆရာကြီးချန်ခ ဂျောင်ထဲက
အညတရ တေတ္တာတလုံး
ပုလဲကုံးရတနာ အဿပြာသိန်းသန်း
နီမြန်းသော ပတ္တမြား
ဖွင့်ကြည့်သောအခါ
နွမ်းရိကြီမွ မှိုတက်လျှက်
အ၀တ်စနန့်ထုတ်ပိုး ပိုးထိုးကြွက်ကိုက်
လက်နှိပ်စက်မူ ဆောင်းပါးတပုဒ်
မဂ္ဂဇင်းတအုပ်က
ကော်ပီကူးထားစွာ ---။

၎င်းအပြင် စာလုံးမပီမပြင်
(Type) ရိုက်ထားသော
ဘာသာပြန်တမူ ---။

ဆရာကြီးသည်
စာပီကို အသက်ထက်မြတ်နိုး
တန်ဖိုးထား၏။
ဂျောင်ထိုးသိမ်းထား ကြွက်ကိုက်စား၏ ---။

မည်သူမည်ဝါ
အသူလာတောင်းတောင်း မပီး ---။

အာဂပုဂ္ဂိုလ် ခေသူမဟုတ်
သို့အတွက်ကြောင့်
(အကြံပီး နယကကြီး)
ကောင်းချီကင်းပွန်း အမွှမ်းတင်ကျူး
ရွာဦးနတ်ပိုင်ယှောင်
ပူဇော်ပသ ကိုးကွယ်ရစွာ ---။

ဆရာကြီးမြတ်နိုး တန်ဖိုးထားသော
ပြည်တန်ပတ္တမြား
(ထောင်တည်မော်ကွန်း) ကို
ဆရာကြီးစီးရာ သင်္သရာရထား လားရာ
တဖ၀ါးမကွာ ကပ်လျှက်ပါဖို့
အလောင်းနန့်ခေါင်း
ကျမ်းဟောင်းမော်ကွန်း
ဇတ်လမ်းသုံးပွင့်ဆိုင် ---။

နောက်နိညည့်
ရက်လည်ဆွမ်းမကျွေးရသိမ့်ခင်
သက်ဆိုင်ရာ အဖွဲ့အစည်း (၂) ခု၏
ယုန်းခန်း၌
ထောင်တည်မော်ကွန်းသူရဲ
ဲခြောက်သည်ဟူ၏ ---။

(မယုံလျှင် စုံစမ်းကြည့်က သိနိုင်ပါသည်။)

(ရခိုင်ပေါင်းကူး သာလှဦး)



ရခိုင်သားလေ ရင်လီးရေ


ရခိုင်သားလေ ရင်လီးရေ
===============

ရခိုင်ဟူသည်
မျိုးသီလကို၊ စောင့်လှပိုင်ပိုင်
ထိန်းသိမ်းနိုင်လို့၊ မွှီးကြိုင်သတင်း
ကမ္ဘာခွင်မှာ၊ ဂုဏ်ရောင်လင်းခ
ကျော်ဇောခယင့် ---။

ဒေနိရခိုင်၊ မခိုင်ကျင့်ပျက်
အမျိုးဖျက်ကာ၊ သွီးရောလာကေ
ရခိုင်သားလေ ရင်လီးရေ ---။

ဒေနိရခိုင်၊ နိုင်ရာဖိနင်း
အချင်းချင်းပင်၊ ကြင်နာကင်းပြတ်
ညီညွတ်မှုဝီး၊ အမြင်ဆွီးကေ
ရခိုင်သားလေ ရင်လီးရေ ---။

ဒေနိရခိုင်၊ ကိုယ်ပိုင်စီးပွား
ဝမ်းခါးလုံမျှ၊ မကြွယ်ဝဘဲ
မာနတန်းခွန်၊ မိုးယံကိုထိ
မျိုးလည်းမသိ၊ ဆွီမသိယာ
ဇာသူပင်သီ၊ ငါမထီဗျာ
တနပ်စာကို၊ တသက်ထင်ကေ
ရခိုင်သားလေ ရင်လီးရေ ---။

ဒေနိရခိုင်
ယိမ်းယိုင်စီးပွား၊ ကျင့်ဖောက်ပြားကာ
ဇာတီပုထိုး၊ အမျိုးမျိုးကို
ရိုက်ချိုးမြီလှန်၊ မကျန်ပါကေ
ရခိုင်သားလေ ရင်လီးရေ ---။

ဒေနိရခိုင်
မျိုးစိုင်သွီးအု၊ နုနုနယ်နယ်
လူငယ်အများ၊ တတ်ထားပညာ
ဟိကတ်ပါလည်း၊ လိမ္မာနှမ့်စပ်
ကိုယ့်သမိုင်းရပ်ကို၊ မသိကတ်ပြန်
မျိုးမာန်ကင်းဝီး
မဆိုင်ရာမှာ၊ အပြိုင်လုပ်တေ၊ ယစ်ထုပ်ကြီးတိ
ဒေနိချိန်ခါ၊ ဖြစ်များလာကေ
ရခိုင်သားလေ ရင်လီးရေ ---။

(ဓညဦး)



Sunday, August 24, 2008

အောက်အီးအီးတွန်သော ၀ံလက်


အောက်အီးအီးတွန်သော ၀ံလက်
=================

ရဲရဲတောက်
အမောက်နီနီနန့်
တိုက်ကြက်ဖကြီး
အီကရီးမတွန် --။

မာန်ပေါက်ပေါက်
တွန်ဟောက်လိုက်သည်
အောက်အီးအီးအွတ် --။

(သာလှဦး)

ရခိုင်သားနိုင်ငံရေး


ရခိုင်သားနိုင်ငံရေး
==========

ပြောခါ လွတ်လပ်ရီး
လုပ်ခါ ဖွတ်ချီး --။

ပြောခါ ဒီမိုကရေစီ
လုပ်ခါ လီမိုကရေစီ --။

ပြောခါ လူ့အခွင့်အရေး
လုပ်ခါ သူ့အခွင့်အရေး --။

ပြောခါ ညီညွတ်ရေး
လုပ်ခါ နဖူးကွဲ ဒူးပြဲ --။

အယင်ခါ ကျင်သန်
အခု (---)။

(သာလှဦး)

Saturday, August 23, 2008

ရခိုင်ပြည်နှင့် ဘုရားမျက်ပြူးသမိုင်း




ဤဘုရားမှာ သာလှဦးကိုးကွယ်သောဘုရားဖြစ်ပါသည်။ ရခိုင်ပြည်က ရွှေချခံမျက်ပြူးဘုရား (ဘုရားဘောက်ရှု)များနှင့် တခြားစီဖြစ်ပါသည်။ ဤဘုရား၏မျက်နှာတော်ကို အသေအချာဖူးမျှော်ပါ။ မျက်လွှာချလျှက် ဈာန်သမာပါတ်ဝင်စားနီပုံဖြစ်ပါသည်။ စာရွီးသူနာလန္ဒာ ဗုဒ္ဓဂါယာ အိန္ဒိယလက်ရာ ဘုရားများကို အင်တန်ချေလောက်မြင်ဖူးခပါသည်။ အားလုံးမျှက်လွှာချလျှက် ဈာန်သမာပါတ်ဝင်စားနီပုံဖြစ်ပါသည်။ ထိုအခါ မိမိရခိုင်ပြည်က ရွှေချခံဘုရားမျက်ပြူး (ဘောက်ရှု) ဘုရားများကို သတိထားမိပါသည်။ ငါရို့ရခိုင်ပြည်ကဘုရားတိ ပဇာကြောင့်မျက်စိပြူးရသနည်း။ မိန်းခွန်းတခု စာရွီးသူဂေါင်းထဲသို့ ၀င်ရောက်လာပါသည်။ စာရွီးသူသည် ရှိဟောင်းလက်ရာ ရခိုင်ဘုရားများ၏မျက်နှာတော်များကို ဖူးမျှော်ချင်သောစိတ် ရင်ထဲတွင် အလွန်ပြင်းပြလာပါသည်။
အမှန်မှာ ရခိုင်ရှိဟောင်းဘုရားများမှာ မျက်ပြူးဘုရားမဟုတ်ပါ။ အထက်ပါရုပ်ထုတော်ကို ပူဇော်ခြင်းအားဖြင့် ရှိဟောင်းလက်ရာစစ်စစ်ကို ဖူးမျှော်မြင်တွိနိုင်ပါသည်။ ဤရှိဟောင်းလက်ရာအတိုင်းတွိရသည်ကို အလွန်ကုသိုလ်ကံကောင်း၍ဟု ပြောဆိုနိုင်ပါသည်။ နီပူထဲတွင် ကြံကြံခံလျှက် ဒုက္ခခံနီသည်မှာ ရခိုင်သားများအား ရခိုင်ရှိဟောင်းဘုရားလက်ရာစစ်စစ်ကို မြင်စီချင်၍ တမင်ဒုက္ခခံနီသည်ဟု ယူဆရပါမည်။ နောက်ပိုင်း မြန်မာကျွန်သဘောက်များက မြန်မာပြည်က အတတ်ကူးကာ မြန်မာပန်းရံဆရာများကိုခေါ်လျှက် မျက်လုံးတော်ဖွင့်ပွဲများကျင့်ပလျှက် ရခိုင်ဘုရားများကို တပါးမကျန် ကြွီမျက်လုံးတပ်၍ မျက်ပြူးဘုရားလုပ်ပစ်လိုက်ကတ်ပါသည်။ အလွန်ဝမ်းနည်းဖို့ကောင်းလီစွ။ မြောက်ဦးသို့ဘုရားဖူးလားတိုင်း ဘုရားတိုင်းတွင် ရွှေချခံမျက်ပြူးဘုရားများကို တွိရပါလိမ့်မည်။ မျက်ပြူးဘောက်ရှုဘုရားများတွိတိုင်း ရှိဟောင်းလက်ရာစစ်စစ်ဟု ထင်မှတ်မှားခြင်းမပြုပါလီနှင့်။
ဈာန်သမာပါတ်ကွယ်ပျောက်၍ (ဘုရားဘောက်ရှု) ပြုလုပ်သူများမှာ ရခိုင်ကျွန်သဘောက်များဖြစ်ပါသည်။ တနိနိတချိန်ချိန်တွင် မျက်ပြူးဘောက်ရှုဘုရားများကို မူလနဂိုရှိဟောင်းရခိုင်လက်ရာအတိုင်း ပြန်ဖြစ်အောင်ကြိုးစားရမည်မှာ အကျွန်ုပ်ရို့၏မပြီးပြတ်သိမ့်သော တာဝန်တရပ်ဖြစ်ပါသည်။ ဤသည်ကို အချိန်မှီသတိရနိုင်စီရန်၊ ဂေါင်းထဲတွင် အတွက်ရစီရန်ရည်ရွယ်၍ ဤ (ရခိုင်ပြည်နှင့်မျက်ပြူးဘုရားသမိုင်း) စာပိုဒ်ကို ရွီးသားပို့တင်ရခြင်းဖြစ်ပါသည်။ နမော်နမဲ့နီထိုင်အသက်ရှင်ခြင်းမပြုပါလီနှင့်။
(ဤမှာဘုရားတပါး နီပုံထဲမှာ ကိုးကွယ်သူမဟိ သနားကောင်းထမန်း ငါရို့ ရွှေချကိုးကွယ်ပြီးကေ ကြွီမျက်လုံးတပ် မျက်ပြူးဘုရားလုပ်ပစ်လိုက်ကတ်မည်) ဆိုဗျာလည်း ကျွန်သဘောက်အကြံမဟိပါစီနှင့်။ ဤအတိုင်းဖူးတွိရသည်ကိုပင် အလွန်ကံကောင်းသည်ဟု ယူဆရပါမည်။ အခုမှတခါ ယှားယှားပါးပါး အားရပါးရ ရခိုင်ရှိဟောင်းဘုရားလက်ရာစစ်စစ်ကို ဖူးမျှော်မြင်တွိရခြင်းဖြစ်ပါသည်။ ဤဘုရား ပဇာအရပ်တွင်ဟိသနည်း၊ ဘုရားနာမည်တော်ကား မည်သို့ ခေါ်ဝေါ်ခြင်းပြုသနည်း အကျွန်ုပ်ရို့ ကြိုးစားရှာဖွေဖော်ထုတ်သင့်ပါသည်။ သမိုင်းသုတေသီဆိုသူများ၊ ဘုရားသားတော်ဘုန်းတော်ကြီးများမှာလည်း နမော်နမဲ့ အမှုမဲ့အမှတ်မဲ့ နီထိုင်ခြင်းမှာ နိုးထရန်အချိန်တန်ဗျာယ်ဖြစ်ပါကြောင်း ရွာလည်မောင်းခတ် ကြေငြာအပ်ပါသည်။
(သာလှဦး)

အတိတ်နှင့် ပစ္စုပ္ပန် (၃) (BP)





အတိတ်နှင့် ပစ္စုပ္ပန် (၃)
============

သမိုင်းကို ပြန်ရွီးဖို့အစား
သမိုင်းကို ဖန်တီးကတ်မည် --။

(သာလှဦး)

Thursday, August 21, 2008

သုံးသပ်ခြင်း

အဝေသူငယ်ချင်း
မင်းလည်းရခိုင် ငါလည်းရခိုင်
ငါရို့တိမှာ ဖျောက်သင့်စွာက
ဆင်းရဲသူ လူမဟုတ်
ပုဇွန်ဖြူငါးမဟုတ်
ဆင်းရဲကေနှိမ် ရတတ်ကေမုန်း
အကြံတူ ရန်သူ ကိုယ့်ထက်သာမကြိုက်
ဒေပိုင်စိတ်ထား အတ္တများနန့်
အများကြိုက်နှစ်
ဇာမျိုးချစ်လည်းမဖြစ်နိုင် --။

(ဦးသာမောင်)

Tuesday, August 19, 2008

စိတ်ဓါတ်

ငါကား ဒေမြို့၊ သူကား ထိုရပ်
မင်းကား ထိုမြီ၊ ငါကား ဒေရွာ
မခိုင်စိတ်ဓါတ်၊ ကွဲပြိုကတ်ကေ
ရက္ခဒေမြီ၊ လေးဝတီသည်
ဝါးစည်းပြီယှောင် ပြိုလိမ့်မည် --။

(ထွန်းစိုးခိုင်)

Monday, August 18, 2008

အနာ

ပစကတော့ ဝေသာလီ
လက်မှာတော့ ၀ီစကီ --။

(သဇင်မြီ သန့်နိုင်)

Monday, August 11, 2008

အတိတ်နှင့်ပစ္စုပ္ပန် (၂)

အယင်ခါ မဟာ
အခု လဘာဂျာ --။

(သာလှဦး)

Wednesday, July 30, 2008

ခုနှစ်ရက်သတ္တတပါတ်

တလင်္ဂုနီ တလင်္လာ
နိမြတ်ရက်ရာဇာ --။

င်္အဂါ ဗုဒ္ဓူး
ရွှီမြို့မြောက်ဦး အောင်သံကျူး --။

ကြသားပတီး သောက်ကြာ
စည်တော်လည်းတီး မင်္ဂလာ --။

စနီ နဂါးမောက်
အခေါင်မိုးသို့ရောက် --။

ရခိုင်တဆယ့်နှစ်လမိုး

(၁) တာကူးဂီမှာန်၊ လီရူးပြန် သင်္ကြန်ရွာရိုး၊ လက်ဆီးမိုး။
(၂) ကဆုန်ပူပုံ၊ ဆွိဆွိခုန်၊ အဟုန်မပြင်း၊ မိုးသံသွင်း။
(၃) နံယုန်လမှာ၊ မိုးကရွာ၊ လယ်ယာထွန်ယက်၊ ကျွဲနွားဖက်။
(၄) ၀ါဆိုပုန်းညက်၊ မိုးလီသက်၊ တဲပျက်ဖောင်ကျိုး၊ ချောင်းရီတိုး။
(၅) ၀ါခေါင်ကောက်ပင်၊ အားသစ်ဝင်၊ ကောင်းခင်ညိုမဲ၊ မိုးကသဲ။
(၆) တော်သလင်းနီ၊ ပုဇွန်သီ၊ မိုးလီနှောင့်ယှက်၊ ကိုင်းထွန်ပျက်။
(၇) ၀ါကျွတ်ခါမှီ၊ မိုးမအီ၊ ရာသီကောင်းလျှက်၊ မီးထွန်းပျက်၊
(၈) တန်းဆောင်ဘုန်းလ၊ မိုးနှောင်းစ၊ မိုးကဆုတ်ရွာ၊ ဆောင်းကလာ။
(၉) နတ်တော်ဆောင်းပန်း၊ မြောက်လီဖြန်း၊ အချမ်းမလုံ၊ မိုးစက်ကုန်။
(၁၀) ပြာသိုကာလ၊ နှင်းမြုံကျ၊ မိုးကမပေါ်၊ ဆောင်းကဆော်။
(၁၁) တပိုးထွဲတွင်၊ ဆီးနှင်းရွှင်၊ တောင်ခွင်တလျှောက်၊ နှင်းမိုးပေါက်။
(၁၂) ပုဏ္ဏားနွားရောင်း၊ လတပေါင်း ရွက်ဟောင်းမြီခ၊ မိုးတိမ်ထ၊
တဆယ့်နှစ်လရာသီ၊ ဝေသာလီမှာ၊ စုံညီပွင့်လန်း၊ ဖီးမသန်းလေ၊ ဖီးမသန်း။

ဇာကိုလားလို့ ဖြေရမည်

ဆီးနှင်းစိုစို ပြာသိုလည်းလွန်
လက်ပံပွင့်ဖူး ရာသီပြောင်း၍
တပေါင်းကူးသော် --။

ဝမ်းနူးစဖွယ် တောမြိုင်လယ်မှာ
တွန်မြည်ယင့်ယင့် ရင်ကိုဖွင့်လျှက်
ပင်မြင့်ထိပ်ချာ ကိုင်းအညှာမှာ
နားကာလှမ်းထောက် မြကန်သာကို
ဝဲလာရောက်ကာ ရီသောက်လာသော
ဥသြရွယ်ပျို သာခြင်းဆိုကေ
ဇာကိုလားလို့ဖြေရမည် --။

တောင်ကမူမှာ ဂူလည်းပြိုပျက်
နွယ်မြက်ဆောင်းဆောင်း တရောင်းရောင်းဖြင့်
ရှိဟောင်းဘုရား ဥက္ခောင်းကျိုးမှာ
ဂြိုးညိုနားကေ ဇာကိုလားလို့ဖြေရမည် --။

ညောင်ကြပ်မြီမျို ဇာတီအိုလည်း
ပြိုပျက်ယိုယွင်း ကိုးကွယ်သူလေ
လူသျှင်ကင်းလို့ သတင်းနီဝင်
လပပြင်မှာ ဟင်းလင်းမြင်ကေ
ဇာကိုလားလို့ဖြေရမည် --။

(သာလှဦး)

Monday, July 7, 2008

ပန်ချင်သူ

ရက်ပြတ် လှည့်မကြည့်ပါကဲ့
မျှော်သူရင်ကျိုးအောင်
သရော်စွာလာ --။

မင်းမျက်ဝန်းက
ရင်ကိုလန်းစီလို့
တော်ဝင်ပန်းကိုမှ
တမ်းတလိုချင် --။

ပန်းမြတ်အထွဋ်သဇင်
အာကာမှာယဉ်ယိမ်းလို့
ကြိုင်မွှီးရေအသျှင် --။

ရွှီတူငွေတူ သရဖူဖြစ်လို့
ချစ်လွန်းရကြင် --။

(သာလှဦး)

Monday, June 30, 2008

သားဖနှစ်ယောက်နှင့်မြင်းတကောင်

အယင်ကခါ သားဖနှစ်ယောက် မြင်းရောင်းရန် မြို့သို့တက်လတ်သည်။ သားဖနှစ်ယောက် မြင်းကိုမစီး ကြိုးဆွဲပြီး ခြီကျင်လျှောက်လာသည်။ မြို့ထဲတနီရာရောက်သောအခါ မြင်းကိုမစီးကြိုးဆွဲလာသော သားဖနှစ်ယောက်ကိုလူအများမြင်သည်။ ထိုအခါ (ဇာလောက်ရူးလဲ ကြည့်။ မြင်းကိုမစီးကြိုးဆွဲလို့ လမ်းလျှောက်ကတ်တေ။ လကားပင်ပန်းခံရေ၊ အရူးတိ။) ဟုအပြစ်တင်ကြသည်။ ထိုကြောင့် အဖသည်က (မောင်ကြီးမြင်းစီး၊ ငါကြိုးဆွဲမည်)ဟု ဆိုသည်။

သို့ဖြင့် ညောင်တပင်အောက်၌ အလာပသလာပ ပြောဆိုလျှက်ထိုင်နီသောလူတအုပ်နား ဖြတ်လျှောက်လတ်သည်။ သားကမြင်းစီး၊ အဖလမ်းလျှောက်လာသည်ကိုမြင်သောအခါ တယောက်က (အခုခေတ်မှာ လူကြီးကိုလူငယ်အားမနာ၊ အရေးမထား၊ မလေးစား။ အားကောင်းမောင်းသန်သားသည်က မြင်းစီးလို့၊ အဖ၀ါကြီးကျ မြင်းဆွဲခိုင်းထားရေ။ ကောင်းကောင်းဆိုးရေ။ အဖမြင်းစီးလို့ သားကလမ်းလျှောက်ရဖို့မနား)ဟု ပြောသည်။

ထိုစကားကိုကြားသောအခါ သားမြင်းအောက်ဆင်း၍ အဖကမြင်းစီးသည်။ သို့ဖြင့် ကလိမ့်မေချေတကျိုင်အခြင်းပြောနီသော နီရာနားသို့ရောက်လတ်သည်။ ထိုအခါ တယောက်က (ဇာပိုင်လူကြီးလဲချင့်။ သားကို လမ်းလျောက်ခိုင်းလို့ ကိုယ်ကျမြင်းစီးပနာ၊ ကကောင်းဟုတ်တေ။ အမှန်ဆို နှစ်ယောက်လုံးမြင်းစီးလားကေ ဇာဖြစ်တေလဲ)ဟု ဆိုသည်။ ထိုအခါ အဖက သားကိုပါ မြင်းထက်တက်စီးခိုင်းသည်။

တနီရာသို့ရောက်သောအခါ လူတယောက်က (ဒေသားအဖနှစ်ယောက် မြင်းတကောင်ကို နှစ်ယောက်စီးလို့ မြင်းခမာ သနားကောင်းထမန်း၊ မြင်းတကောင်းတည်း၊ လူကနှစ်ယောက်။ အမှန်ဆို မြင်းကိုသူရို့ ထမ်းလားရဖို့)ဟု ဆိုသည်။

ထိုအခါ သားဖနှစ်ယောက် မြင်းကိုအခြီအလက်ပူးချိုင်ပြီး ဘင်းထမ်းထိုး၍ထမ်းသည်။ သို့ဖြင့် တန်းထားတခုထက်သို့ရောက်လတ်သည်။ တန်းထားထက်တွင် ခက်ခက်ခဲခဲမြင်းထမ်းလာသော သားဖနှစ်ယောက်ကို လူအများမြင်သောအခါ (အေပိုင်ရယ်ဖို့ကောင်းစွာ တခါလည်းမမြင်ဖူး၊ အထူးအဆန်း၊ လာကြည့်ကတ်၊ လာကြည့်ကတ်)ဟု ၀ိုင်းရယ်ကြသည်။

ထိုသို့ ၀ိုင်းရယ်သံကိုကြားသောအခါ မြင်းက ကြောက်ကြောက်ဖြင့်ကန်ရုန်းလိုက်ရာ ကြိုးပြတ်၍ ချောင်းထဲသို့ လူးကျလားသည်။ မြင်းရောင်းရန်မြို့တက်လာသော သားဖနှစ်ယောက်လည်း နောက်ဆုံးတွင် ၀မ်းနည်းပက်လက် အိမ်ပြန်လာလတ်ရသည်။

စကားပုံ။ ။ (ဆရာများကေ သားသီရေ။)

(ရွီးပို့သူ ဇုန္ဒတ်ကြီး)

ဂါရီသမားနှင့် ကူနတ်ကယ်နတ်

တရက်နိခါ ဂါရီသမားတယောက်သည် ဂါရီမောင်းယင်း ကျုပ်ကျွံလားသည်။ ဂါရီသမားသည် စိတ်ပျက်ပျက်နှင့် အောက်သို့ဆင်းပြီးလျှင် ကူနတ်ကယ်နတ်၏အကူအညီရလိုရငြား တိုင်တမ်းလိုက်သည်။

(အို ကူနတ်ကယ်နတ်အပေါင်းရို့ အကျွန်ုပ်၏ဂါရီ ကျုပ်ကျွံနီစွာကို တချက်ချေလောက် ကယ်တင်ပီးပါ။)

ကူနတ်ကယ်နတ် နတ်မင်းကြီးလည်း ဂါရီသမား၏လိုင်ခြောင်းသံဖြင့် ဆယ်အိမ်ကြားလှမ်းအော်အသံကိုကြားသည်နှင့် အောက်သို့တချက် ငုံ့ကြည့်လိုက်သည်။ ထိုအခါ သူကိုယ်တိုင် တခုချေလည်းမရုန်းဘဲ လမ်းဘဲတွင် အေအတိုင်းဆောင့်ခြောင်ထိုင်နီသော ဂါရီသမားငပျင်းထွေကို လှမ်းမြင်သည်။

ထိုအခါ နတ်မင်းကြီးက (အဝေး နွားဂါရီမောင်း၊ မင်းပက်ခုံးကို ဂါရီအောက်မှာအယင်သွင်း။ ပြီးကေတချက် ရုန်းကြည့်အုံ့။ မရခါမှ ငါ့ကိုခေါ်) ဟု အော်ငေါက်လိုက်သည်။

(ရွီးပို့သူ ဇုန္ဒတ်ကြီး)

Friday, June 27, 2008

ကျီးကန်းနှင့် ရီကတောင်း

အခါတပါးတွင် ရီငတ်နီသော ကျီးကန်းတကောင်သည် ရီကတောင်းတခုကို အိမ်မောင်းကာအောက်တွင် ချလျှက်သားတွိသည်။ ကတောင်းထဲတွင် ရီအလတ်လောက်ရာဟိပြီး ကျီးကန်းသည် ရီကိုလှမ်းမသောက်နိုင်ဖြစ်နီသည်။ ကတောင်းကိုမော့သောက်ကြည့်သောအခါတွင်လည်း ကတောင်းသည် အကြီးမသန်ဖြစ်၍ မြှင့်၍မပါ။

ကျီးကန်းလည်း ဇာလုပ်၍ဇာကိုင်ရမှန်းမသိဖြစ်နီဆိုက် ကတောင်းနားတွင် ကျောက်စရစ်ခဲတပုံကို လှမ်းမြင်သည်။ ကျီးကန်းလည်း အကြံရသည်နှင့် ကျောက်စရစ်ခဲတခဲကို ကတောင်းထဲသို့ ထည့်လိုက်သည်။ ယေခါ ကတောင်းထဲကရီသည် တဖဲ့ချေ မြင့်တက်လတ်သည်။ ကျီးကန်းလည်း ကျောက်စရစ်ခဲနောက်တခဲ ထပ်ထည့်လိုက်သည်။ ကတောင်းထဲကရီသည် နောက်ထပ်တဖဲ့ချေမြင့်တက်လတ်သည်။

ယင်းပိုင်နှင့် အနားတွင်ဟိသော ကျောက်စရစ်ခဲအားလုံးကို တခဲပြီးတခဲ ကတောင်းထဲသို့ထည့်လိုက်သည်၊ ကတောင်းထဲကရီသည် ကတောင်းဝသို့တိုင် မြင့်တက်လတ်သည်။ ထိုအခါ ကျီးကန်းသည် ကတောင်းထဲကရီကို အားရပါးရ သောက်ချလိုက်သည်။

(လိုလျှင်ကြံက နည်းလမ်းရ။ ခွန်အားထက် ဥာဏ်အားထက်။)


(ရွီးပို့သူ ဇုန္ဒတ်ကြီး)

ကောက်ရိုးပုံစောင့်ခွီး

တရက်နိခါ ခွီးတကောင်သည် အစာရှာယင်း ညောင်းညောင်းဖြင့် နွားရုံချေတခုအနားသို့ ရောက်ပါလတ်သည်၊ ထိုတွင် ကောက်ရိုးအပြည့်နှင့် နွားစာခွက်တခုကို တွိသည်၊ ခွီးသည် ၀မ်းဆာဆာဖြင့် အိပ်ချင်နီသည်နှင့် နွားစာခွက်ထဲတွင်ပင် ခွီ၍၀င်အိပ်လိုက်သည်၊ ကောက်ရိုးသည်နွီးသဖြင့် ခွီးချေမှာ တခဏအတွင်း ဇိမ်ကျကျအိပ်ပျော်လားပြီး နတ်သမီးငါးရာနှင့် အိမ်မက်မက်နီသည်။

ထိုသို့အိမ်မက်ကောင်းနီဆိုက် နွားချေပေါက်ချလာလတ်သည်။ ၀မ်းဆာဆာဖြင့် သူ့စားခွက်ကို လိုက်ရှာသောအခါ ခွီးချေကို စားခွက်ထဲတွင် အိပ်ပျော်နီသည်ကို တွိရသည်။ ထို့ကြောင့် ခွီးချေကို အိပ်ရာဖယ်ပီးဖို့ နှိုးလိုက်သည်။

(ခွီးချေ ထထ။ ဇာဖြစ်လို့ သူများစားခွက်ထဲမှာ အိပ်နီစွာလဲ။)

ထိုတွင် ခွီးချေအိမ်မက်မက်နီရာမှ လန့်နိုးလာသည်၊။ အပြင်တွင် နတ်သမီးငါးရာကို တွိရဖို့အစား ဂြိုကားကားနှင့် နွားချေကိုရာတွိရသည်။ ခွီးချေမှာ အိပ်မွှားစုံထ နွားချေကို ကိုက်ဖို့ပျင်သည်။ နွားချေကောက်ရိုးစားဖို့ကြံတိုင် ဟောင်လိုက် ကိုက်လိုက်လုပ်နီသည်။

ထိုအခါ နွားချေကပြောသည်။ (အစ်ကိုခွီးချေ ကျွန်တော်အလုပ်ကပြန်ပါလတ်စွာ၊ ကကောင်းပင်ပန်းရေ။ တခုလည်းမစားရသိမ့်။ ၀မ်းလည်းကကောင်းဆာရေ။ ကျွန်တော့်ကောက်ရိုး ကျွန်တော် အီးအီးချမ်းချမ်း စားပါရစီ၊ အစ်ကိုခွီးက ကောက်ရိုးစားစွာလည်းမဟုတ်။ ဇာဖြစ်လို့ဟောင်နီစွာလဲ) ဟု ဆိုသည်။

သို့သော် ခွီးချေမှာ နွားချေစကားကို နားမထောင်။ ဟောင်လိုက်ကိုက်လိုက် လုပ်မြဲလုပ်နီသည်။ ထိုအခါ နွားချေမှာ မာန်ပါပါဖြင့် ခွီးချေဘေးစကို ကျောက်ကန်လိုက်သည်။ ခွီးချေမှာ ၀ါးအပြန်တရာ ရွင့်စိုင်လားသည်။

ကိုယ်လည်းမစား သူများစားစွာလည်းမနာလို ၀န်တိုသောခွီးချေမှာ နံရိုးကျိုး၍ ပြင်းစွာဒါဏ်ရာရလီသတည်း။


(ရွီးပို့သူ ဇုန္ဒတ်ကြီး)

ဂျူပီတာနတ်ဖုရားနှင့် ပျားဘုရင်မ

အခါတပါးတွင် ပျားဘုရင်မတကောင်သည် ဂျူပီတာနတ်ဖုရားကို ပျားရည်လှူရန် စိတ်ကူးပေါ်လတ်သည်။ ယေဇူးနှင့် ပျားဘုရင်မသည် သူ့ပျားအုံထဲက အချိုဆုံးနှင့် အသန့်ဆုံးပျားရည်များကိုစုပြီးလျှင် ဂျူပီတာနတ်ဖုရားဟိရာ အိုလံပစ်တောင်ထိပ်သို့ အရောက်လားလတ်သည်။

ပျားရည်လက်ဆောင်ရသည့်အတွက် ဂျူပီတာနတ်ဖုရားက ကောင်းကောင်းပျော်သည်။ ပျားဘုရင်မကို (ကိုင်း ပျားဘုရင်မ၊ ငါ့ကိုပီးရေ သင့်ပျားရည်အတွက် သင့်ကိုလည်း ငါတခုပြန်လို့ပီးမည်၊ သင်ပဇာကို အလိုဟိရေလဲပြောပါ) ဟု မိန်းသည်။ ယေခါ ပျားဘုရင်မက (အို အသျှင်နတ်မင်း၊ ကျွန်တော်မျိုးမ အလိုချင်ဆုံး အတောင့်တဆုံးက ကောင်းကောင်းအဆိပ်ပြင်းရေ မြှားအပ်တစင်းပါ။ အကျွန့်ပျားအုံမှာ ပျားလာခိုးသောက်သူတိကို ယင်းမြှားအပ်နှင့် ထိုးသတ်လိုပါရေအသျှင်) ဟု ပြန်ဖြေသည်။

ပျားဘုရင်မ၏စကားကိုကြားရသောအခါ ဂျူပီတာနတ်ဖုရားမှာ များစွာစိတ်မကောင်းဖြစ်ရသည်။ ယေဒါလည်း သူ့ကတိအတိုင်း (ကိုင်း ပျားဘုရင်မ၊ သင်လိုချင်ရေ အဆိပ်မြှားကို ငါပီးမည်။ အေမြှားနှင့်ထိုးရေခါ အထိုးခံရရေအကောင်တိ ကောင်းကောင်းဒုက္ခရောက်လိမ့်မည်) ဟု မှာလိုက်သည်။

ပျားဘုရင်မကလည်း ဂျူပီတာနတ်ဖုရားကို ကောင်းကောင်းကျေးဇူးဟိကြောင်းပြောသည်။ ယေခါ ဂျူပီတာနတ်ဖုရားက (အေး ပျားဘုရင်မ၊ အေအဆိပ်မြှားနှင့် ငါ့စကားမဆုံးသိမ့်။ အေမြှားနှင့်အထိုးခံရရေအကောင်တိ ကောင်းကောင်းဒုက္ခရောက်ဖို့စွာမှန်ရေ။ ယေဒါလည်း အေမြှားကို တခါရာသုံးလို့ရရေ။ သုံးပြီးစွာနှင့် သင်လည်းသီရလိမ့်မည်) ဟု မှာလိုက်သည်။

(မကောင်းမှုကိုကြံတိုင်း၊ မကောင်းကျိုးကိုခံရတတ်သည်။) အပုချေရို့သိထားကတ်ရဖို့။


(ရွီးပို့သူ ဇုန္ဒတ်ကြီး)

တောင်သမင်နှင့်အဂြို


အခါတပါးတွင် တောင်သမင်တကောင်သည် ရီသောက်ဖို့ မြောင်သို့ဆင်းပါလတ်သည်။ ရာသီဥတုကကောင်း ရီကလည်းကြိုင်နီသည့်အတွက် သမင်သည် သူ့အရုပ်ကိုသူ ရီထဲတွင် ကြင်းကြင်းလင်းလင်းမြင်ရသည်။

ရီထဲတွင်မြင်ရသည်တွင် သူ့အဂြိုကို အလှဆုံးဟုထင်မိသည်။ စိတ်ထဲတွင်လည်း (အား လှလိုက်တေ ငါ့အဂြို၊ တခါတည်း ခက်မငါးဖြာထွက်ပနာ၊ ငါ့တခန္ဓာလုံး အဂြိုအလှဆုံး၊ ငါ့ခြီထောက်က သိမ်သိမ်ညောင်ညောင်နှင့် ငယ်ရေအထဲမှာ ရှည်ကလည်းရှည်သိမ့်ရေ၊ ကောင်းကောင်းအရုပ်ဆိုးစွာမနား) ဟု တွေးမိသည်။

ယင်းပိုင်နှင့် ရီထဲတွင်မြင်ရသည့်သူ့အရုပ်ကိုကြည့်ပနာ အဂြိုကိုချီကျူးလိုက်၊ ခြီထောက်ကို အသုံးမကျဟုတွေးလိုက်ဖြင့် သမင်သည် မြောင်ထဲတွင် အချိန်အင်တန်ကြာလားသည်။ ထိုတွင် ခြင်္သေ့တကောင်သည် သမင်ကိုမြင်၍ ဖမ်းရန်ချဉ်းလာသည်။ ခြင်္သေ့အပါးသို့ရောက်မှ သမင်ကမြင်သည်၊ ထိုအခါ ကြောက်ကြောက်ဖြင့် သမင်ထွက်ပြီးလားသည်။ ခြင်္သေ့လည်း သမင်နောက် ထပ်ကြပ်မကွာလိုက်သည်။

သမင်သည် ပြားတွင် ခြင်္သေ့ထက်ယင်သော်လည်း တောတွင် ကောင်းကောင်းမပြီးနိုင်။ သူ့အဂြိုသည် ထိုခြုံတွင်ငြိ၊ သည်ခြုံတွင်ငြိဖြင့် နောက်ဆုံး ခြင်္သေ့ဖမ်းမိလားသည်၊ ယေခါမှ (ဂြိုနှင့်ခြီမှာ ဂြိုကို အမွှမ်းတင်ဗျာ၊ ခြီကိုအသုံးမကျ) ဟု ငါထင်မှတ်မှားခသည်။ မှားလီစွတကားဟု နောင်တကြီးစွာရလီသတည်း။

ထိုနည်းတူစွာ အကျွန်ုပ်ရို့သည်လည်း (အဖိုးတန်မှန်း မတန်မှန်းမသိ} အမွှမ်းတင်တတ် မှားတတ်ပါသည်။

(ရွီးပို့သူ ဇုန္ဒတ်ကြီး)

Thursday, June 26, 2008

ဘီဟာရီမသား

ပါးစက ပြောလာစွာက
တော်လှန်ရေးစကား --။

လုပ်နီစွာက ကုန်းကွထား
ဘီဟာရီမသား ၀မ်းဖားဖား --။

(သာလှဦး)

Friday, June 20, 2008

ဝက်ထီး

ဝက်ကိုအစာကျွေးစွာ
ျစ်လို့မဟုတ်ပါ --။

ခြံထဲက ၀က်ကို
ပိုးပိုင်မွီးစပ်
နိစိုင် အစာကျွေးကတ်တေ --။

ဝက်ကြီးက
တနိထက်တနိ
တရက်ထက် တရက်
ထီးထီးလာရေ --။

ရီချိုးဗျာယ်
ခါးသပ်ပီးကေ
(၀က်ထီး) က
ကကောင်း ကျေနပ်နီရေ --။

သံဝေဂရစရာ
အများမကြာ
(၀က်ထီး) ကို လှံနန့်ထိုးခါ
ကျွီးလိုက်တေ ၀က်
ကမ္ဘာပျက်ယှောင် --။

ယပြီးကေ
အသွီးကိုထုတ်
အရီကိုဆုတ်
မီးဖုတ်ကြပ်တိုက်
(၀က်ထီး)
မျက်ဖြူဆိုက်ရပါဗျာယ် --။

နောက်ဆုံး လူတိက
ဝက်သားကို ချက်စားဗျာယ်
ဝက်ဂေါင်းကို
စွပ်ပြုတ်လုပ်ပစ်လိုက်တေ --။

(၀က်ထီး) ဘဝ
ပျက်စီးရပါဗျာ --။

(၀က်ထီး)
ဇာလည်းမတတ်နိုင်ပါဗျာ --။

(သာလှဦး)

Monday, June 16, 2008

ယခိုင်ပျည်ကျီး သီးချားလွတ်မျောက်ယေး (သို့မဟုတ်) မျန်မာစကားသိပ်ပေတာဘဲ မောင်မင်း

ယခိုင်ပျည်ကျီး သီးချားလွတ်မျောက်ယေး (သို့မဟုတ်) မျန်မာစကားသိပ်ပေတာဘဲ မောင်မင်း
===================================
 
ဝမ်းရေးအတွက်
အသက်ဆက်ဖို့
မရှက်မကြောက်
ဖောက်ပါရသည်
ကတိဟူသော ကျိန်သစ္စာ --။

ထွက်လာခါစ ရဲရဲတောက်
ါးစက တပေါက်
အခုက လေးငါးခြောက်
ခွံ့ရကျွေးရမလောက်
(ဂြောက်ဂြောက်) နန့်
ဂျောက်ထဲကို ကျောက်သီးချယှောင် --။

စားလည်း ကကောင်းစားနိုင်ကတ်တေ
စာသားပြင်းချေတိကိုကြည့် --။

တိုင်းပြည်အီးအီး မအီးအီး
အရေးမကြီး
ဝမ်းမီးအီးဖို့ အရေးကြီး --။

တိုင်းပြည်ကောင်းစားစား မကောင်းစားစား
သတိမထား
မယားကောင်းစားဖို့ အဓိကထား --။

လူမျိုးချောင်းကျကျ မကျကျ
ကိုယ်ဂွမကျကေ ကျီ --။

(ယခိုင်ပျည်ကျီး သီးချားလွတ်မျောက်ယေးအတွက်
လက်နက်ကိုင်တော်လှန်တိုက်ပွဲဝင်ကျ)

ငုတ်ယင်းပေါ် ပေါ်ယင်းငုတ်
မြုတ်ယင်းလှော် လှော်ယင်းမြုတ်
စင်းပြတ်ပြုတ် --။

ငပျင်းလောင်းလှော်ပိုင်ယှောင်
ကြိုးကမဖြုတ် လှော်ယင်းစစုန်းမြုတ်
တော်လှန်ယင်း
အမျိုးပြုတ်ကတ်လိမ့်မည်သတိထား --။

(မျန်မာစကားသိပ်ပေတာဘဲ မောင်မင်း)

(သာလှဦး)

သုတေသီ

သုတေသီ
=====
 
သုတေသီဟု
ပညတ်ပြုသော
ဗဟုသုတ
လွန်ကြွယ်ဝသော ဆရာ --။

ကမ္ဘာ့သမိုင်း
ဖြစ်စဉ်တိုင်းကို
ပိုင်းခြားဝေဖန်
တိကျမှန်သော ဆရာ --။

မြန်မာရာဇ၀င်
ကျမ်းစုံလင်ကို
ရင်သတ်မိမော
ဟောပြောနိုင်သော ဆရာ --။

ပိဋကတ်သုံးဖုံ
အလုံးစုံကို
အာဂုံဆောင်လျှက်
နှုတ်ကျက်ရသော ဆရာ --။

ရခိုင်သမိုင်း ရခိုင်စာကျ
လေ့လာကြိုးကုတ်
ဖော်ထုတ်ဖို့ရန်
သူက မိကွန်ဆောင်နီ၏ --။

ဟက္ကရီကျမသား
ဝမ်းဖားဖား

ကားရီကားရား
ဝက်ပိုင်ယှောင်လား
ဝက်ပိုင်ယှောင်စား --။

ဘွဲ့လုံးထီးထီး

ထန်းသီးလုံးထက်ကြီး
ဓပြုတ်သီးထက်ကြီး
(လီးလိုက်တေပင်) ထမ်းလို့မပါ
ကာလနာ --။

မောင်ဂေါက် (ရခိုင်ပြည်)