Tuesday, May 13, 2025

အပြုံးဋီကာ

အပြုံးဋီကာ
========

စာမှာရွီးခါ အပြုံး
စကားမှာ အပြုံ့။

အပြုံးအမျိုးမျိုးဟိရေ
မဲ့ပြုံး ယွဲ့ပြုံး
အဆိုးဆုံးက
ငသလောက်ပြုံး။

မကြေနပ်ကေလည်း
လူမှုရေးအဆင်ပြေအောင်
ဟန်ဆောင်ပြုံး။

မချစ်မကြိုက်ဘဲ
နှလုံးသားမှာ စိတ်မပါဘဲ
သက်မဲ့အပြုံး။

နဖူးကို ပေါက်ဆိန်နှင့်
ပေါက်ပစ်လိုက်ချင်ကေလည်း
အားမတန်လို့မာန်လျော့
ပစိကိုက်ပြီး ရယ်ပြလိုက်ရရေ အပြုံး
မချိပြုံး။

ပဟေဠိနှင့် ဂမ္ဘီရ
လျှို့ဝှက်နက်နဲ
အဓိပ္ပါယ်အမျိူးမျိုးထွက်တေ အပြုံး
မိုနာလီဆာအပြုံး။

တဂွင်မိလားလို့
ကြေနပ်အားရ
အောင်နိုင်သူအပြုံး။

အသိခေါက်ခက် အဝင်နက်
သံခမောက်ထက်ညှက်တေ
ပရစ်မျက်နှာ ပြုတ်မနူး
ဆရာလက်သုံး
ကြဲစီကြဲစဲ အပြုံး
ရှက်ပြုံး။

အဆိုးဆုံးက
ဂွင်ဆင်ပြီးကေ
နောက်ကြောကို ဒါးနှင့်ထိုး
ညဈီးမှာ ညှီတသောသောနှင့်
အောက်ဖဲလှန်ပြ
"ငသလောက်ပြုံး"

ပက်လက်လန်ကျ
နောက်ကုန်းထက်က အပြုံး
"လိပ်ပြုံး"

ပြားလည်းပြား ကားလည်းကား
သွားဖုံးခြဲခြဲ
ဂုံးသကြဲအပြုံး။

အစွယ်ငေါက်ငေါက် သွားကောက်ကောက်
မျောက်ပြုံး။

သာလှဧူး (မြောက်ဧူး)
March 15, 2023 (Wednesday) (ဗုဒ္ဓူးနိ)





No comments:

Post a Comment