=====
ကျီးအာသီး
သူဌီးသမီး ပေါက်ကေမွှီး
ဘူးသီးသီးမှ အရီး
ပေါ်ရေလောင်း တက်စီး
မစားရရေခွီး ဂေါင်းညီး။
ဘုမသိ ဘမသိ
ကိုယ့်မှာမဟိ ပြည်မှာမဟိ
ကျောင်းမှန်းကန်မှန်းမသိ
တကိုင်တည်း ငပိ။
ပွဲလန့်တုန်းဖျာခင်း မိုးလင်းခဲဝါ
မှိုရမျက်နှာ
မျက်နှာဟိရာ ဟင်းဖတ်ပါ
ဖွတ်ကမီးကျောင်းဖြစ် ချောင်းမြစ်မခံသာ
ကျားသနားမှ နွားချမ်းသာ။
မြီနိမ့်ရာ လှံစိုက်
လှမ်းမမှီ လက်ခဲပစ်
ကျွေးရေလက်ကို ကိုက်
ဓမြကို ရှိနီလိုက်
ယောက်ဖကို ကြက်ဥတိုက်
ဟောင်ရေခွီး မကိုက်။
နောက်ကျခြီထောက် သစ္စာဖောက်
ချွတ်လိုက်က ကောက်ကောက်
ဆိတ်မသီခင် ကဝိမြှောက်
မျောက်ခြောက်။
ဘိန်းစားသီ အခြီစန့်စန့်
သီရာသီ ဝမ်းမတန့်။
မရခါ ခြီကိုင် ရခါ ဆံကိုင်
ကိုယ်ဖော်ဆီး ကိုယ်မနိုင်။
ပုဇွန်ဖြူ ငါးမဟုတ်
ဆင်းရဲသူ လူမဟုတ်
မုံလာကိုနှုတ် ဘူးကိုပြုတ်
ငဖယုံကိုက်ခါ ချောင်းသားမတုတ်
ဝက်ကိုအစာကျွေးစွာ ချစ်လို့မဟုတ်။
ငါ့စကား နွားရ အရည်မရ အဖတ်မရ
အာဏာရ တက်လာအစိုးရ ဒို့အစိုးရ
မျက်နှာလို မျက်နှာရ
ဒူလာပါဒရ ပကန္တရ ဆောင်းမိုးရ
ခွီးသီ အရီမရ။
စိန်နားကပ်နှင့် ပါးပြောင်
ကိုက်တေခွီး မဟောင်
မျောက်မှာသပြာရယှောင်
ယောက္ခမအိမ်က ပျိုင်စီပျိုင်ထောင်
စားရစွာက ကင်းစွန်းချဉ်ပေါင်။
ခြီမျက်စိလောက် ဇောက်မနက်
ခွီးပိုင်ယှောင် ပါးယက်နားယက်
နွားပိုင်ယှောင် တာယက် လိုင်သားတက်။
ထမင်းညီးယာလား
ရီငံသောက် မြက်ခြောက်စား
ရှိကနွား ကောက်ကောက်လား
နွားနောက်ကို ဆား။
ကြွက်မနိုင် ကျီမီးလျှို့
ခြထွက်မှ တောင်ပို့
မကောင်းကျောင်းပို့။
ကုလားမနိုင် ရခိုင်မဲ
ဝါးလုံးခေါင်းထဲ သတ္တိခဲ။
ပွာမပြည့် ကျပ်မပြည့်
တောင်မကြည့် မြောက်မကြည့်
ကျောက်ရုပ်ခြင်္သေ့။
ကျားကိုကြောက်လို့ သျှင်ကြီးကိုး
သျှင်ကြီးကျားထက်ဆိုး ခွေးသူခိုး။
အိမ်သျှင်ကို မျောက်နှင်
ချင်းစိမ်းနှင့် မိတ်သလင်
ကိုယ်ကြင်မှ သူကြင်
ဖျာလိပ်ခေါင်း ခွီးဝင်။
သူခိုး ဒါးရိုးကမ်း
အမေကျော် ဒွေးတော်လွမ်း
ကြမ်းပိုးကို နမ်း။
ပဲလှော်ကြား ဆားညှပ်
ကျားဂေါင်းအိုးစွပ်။
မပြည့်ရေအိုး ဘောင်ဘင်ခတ်
မျောက်သစ်ကိုင်း လက်လွတ်
ခွီးကိုသတ် ဇီးကိုခွတ်
တဖက်ခွတ်
ခွီးနှင့်ခဲဝါ အတူလာ ခဲဝါကိုလွှတ် ခွီးကိုသတ်။
သာလှဧူး (မြောက်ဧူး)
No comments:
Post a Comment