Tuesday, May 13, 2025

တောင်ယာတဲ

တောင်ယာတဲ
=========

ရောင်ဖြူဝင်းလို့ မိုးလင်းခါ
ခဝဲဝင်းဝါ ပွင့်လတ်ယာ
တြင်းငြာ ငှက်ဝါလာနား
ဝါးရုံဖျား။

ပတုန်းရှည်ရှည်
ကျွဲပတုန်းက ကျူးလို့မြည်
စာချေပိညှောက်
ဝါးရုံအောက်။

သစ်တောက်ခေါက်ယာ ရောက်လို့လာ
ဂြိုးလင်းပြာ ပျံကာလည်းဝဲ
အာကာထဲ။

ပိုးပဇိုင်းသံ
အာရုဏ်တက်လို့ လင်းကြက်တွန်
ကျီးငှက်သံ ညံညံမစဲ
တောင်ယာတဲ။

သာလှဦး (မြောက်ဦး)



No comments:

Post a Comment