Tuesday, September 29, 2009

သဇင်


သဇင်
====
ပန်းဂေါ်သဇင်
နန်းတော်ဝင် --။

ဘ၀င်လီဟပ်
အညှာကျွတ် --။

သဇင်ပိုးထိုး
အညှာကျိုး --။

ပိုးထိုးသဇင်
ဖုန်းဆိုးတောကို
တိုးလို့ဝင် --။

Wednesday, September 16, 2009

ကြောင်ချီး


ကြောင်ချီး
======
ပျော့ပျော့ချေနှင့် နံရေ
လက်ညှိုးမထိုးလိုက်ကဲ့တချက်
နခေါင်းကို
ငြောင့်လို့ဝင်လားလိမ့်မည် --။

(သာလှဦး)

Saturday, August 29, 2009

စင်းပြွန်းသီး


စင်းပြွန်းသီး
---------

စင်းပြွန်းသီးဆိုသည်မှာ ဓပြုတ်သီးအငယ်စားမျိုးဖြစ်သည်။ အရွယ်အစားမှာ များစွာကွာခြားသော်ငြားလည်း ပုံသဏ္ဍန်မှာ အတူတူပင်ဖြစ်သည်။ အရသာမှာလည်း အတူတူပင်ဖြစ်သည်။ ဓပြုတ်သီးကို တချို့ရခိုင်များက သပြုသီးဟုခေါ်သည်။ ဓပြုတ်သီးကို များသောအားဖြင့် သျှင်ပြုပွဲအလှုပွဲများတွင် ဟင်းရည်အဖြစ်ချက်ပြုတ်လေ့ဟိသည်။ ဓပြုတ်သီးကို နှစ်ခြမ်းသုံးခြမ်းခြမ်းပြီး ၀က်သားနှင့်ဟင်းရည်ကြိုလျှင် အလွန်အရသာကောင်းမွန်သည်။ ဓပြုတ်သီးဟင်းရည်ကို မကြိုက်မနှစ်သက်သောရခိုင်သားများဟိမည်မထင်။ အရသာမှာ ချဉ်ပြီးရှားနီသဖြင့် တခွက်သောက်လျှင် နှစ်ခွက်သောက်ချင်စိတ်ပေါက်သည်။ ဓပြုတ်သီးဖတ်ကိုဝါးရသည်မှာလည်း အရသာတမျိုးဖြစ်သည်။ စင်းပြွန်းသီးကို အိမ်များတွင် ဟင်းရည်သောက်သော်၎င်းကောင်း ဟင်းအဖြစ်သော်၎င်း ငပိနိုင်နိုင်နှင့် သို့မဟုတ် ငပိကြူကြူနှင့် ချက်စားလေ့ဟိသည်။ စင်းပြွန်းသီးဟင်းရည်မှာ ဓပြုတ်သီးဟင်းရည်အရသာအတိုင်း အတူတူပင်ဖြစ်သည်။ သို့သော် စင်းပြွန်းသီးကို သျှင်ပြုပွဲများတွင် ဟင်းရည်သောက်ချက်လေ့မဟိ။ အရွယ်အစားငယ်သဖြင့် သျှင်ပြုပွဲတပွဲလောက်ငမှုမဟိသောကြောင့်လည်းဖြစ်နိုင်သည်။ ထို့ကြောင့် ဟင်းအဖြစ် ငပိကြူကြူနှင့် လိုက်ပွဲလောင်းပွဲ အရံဟင်းအဖြစ်ချက်ပြုတ်လေ့ဟိသည်။ ရခိုင်သျှင်ပြုပွဲများတွင် သင်္ဘောထိုးခြောက်နှင့် ခရမ်းသီးချက်၊ ငရုပ်သီးစပ်စပ် သျှင်ပြုပွဲသည် ၀က်သားသျှင်ပြုပွဲထက် မျက်နှာပန်းလှသည်။ အခုအခါ သင်္ဘောထိုးခြောက်မှာ ယှားပါးပစ္စည်းဖြစ်လားပြီးဖြစ်သည်။ ရခိုင်မှုန့်တီများမှာလည်း သင်္ဘောထိုးခြောက်နှင့်မချက်နိုင်ဘဲ ငါးရံ့ငါးခြောက်များနှင့် ချက်ပြုတ်ရသဖြင့် အရသာမှာ ရခိုင်မှုန့်တီစစ်စစ်အရသာကို မမှီပါ။ ပဒကောမပါသော ရခိုင်မှုန့်တီကိုသောက်ရရေပိုင် သင်္ဘောထိုးမပါသော ရခိုင်မှုန့်တီမှာလည်း စံမမှီသောရခိုင်မှုန့်တီရာဖြစ်ပါသည်။ ရခိုင်ပင်လယ်ပြင်၌ ငါးယှားပါးလာရခြင်းမှာ ဖက်ခွက်များက ရသလောက်ခြစ်ယူနီခြင်းကြောင့်ဖြစ်သည်။ ဆိုလိုသည်မှာ စင်းပြွန်းသီး၊ ဓပြုတ်သီးဟင်းရည်၊ ပဒကော၊ သင်္ဘောထိုးစသော ငါး၊ ဟင်းများမှာ ရခိုင်သားများ၏သျှာတွိအာတွိနာမည်ကြီးအစားအစာများဖြစ်ပါသည်။ တောတွင်းတွင် ပဒကောရှာလျှင် တို့စားစားသော ဖာလာဖူးအပင်နှင့်မှားတတ်ပါသည်။ ဖာလာပင်နှင့် ပဒကောပင်မှာ သဏ္ဍန်အားဖြင့်တူသော်လည်း ဖာလာပင်မှာ အရွက်အနည်းငယ်ကြမ်းပြီး ပဒကောပင်မှာ အရောင်အနည်းငယ်စိမ်းရင့်ပြီး ထူထူချောချောဖြစ်သည်။ ဖာလာဖူးသည်လည်း အလွန့်တို့စား၍ကောင်းသော တို့စားတမျိုးဖြစ်သည်။ ငရုပ်သီးငပိပေါက်ပေါက်ချေနှင့် တို့စားစားရလျှင် နဖူးက ချွေးပေါင်ပေါက်ကျအောင်အထိစား၍ ကောင်းပါသည်။

အကျွန်ုပ်ရို့နီသော စခန်းကို ၀ါးခတ်ချောင်း (၀ံလက်စခန်း) ဟုခေါ်ပါသည်။ ဗိုလ်ရာဇာပထမဆုံးကမ်းတက်သောစခန်းမှာ ၀ါးခတ်ချောင်း ၀ံလက်စခန်းမှဖြစ်ပါသည်။ ဗိုလ်ရာဇာနှင့်အတူ ဗိုလ်ကျော်နု၊ (ဗိုလ်စောဒက္ခ) နာမည်မိလားသည်မှ ပြန်အတွက်ပေါ်၍ ဖြည့်စွက်ထားခြင်းဖြစ်သည်။ နာမည်မှာ အထူးအဆန်းဖြစ်၍ မှတ်ရခက်သည်။ အခုအခါ နလန္ဒာ၌ဘုန်းကြီးဝတ်လားပြီးဖြစ်ပါသည်။ ဗိုလ်ရာဇာနှင့်အတူပါလာစဉ်၌ပင် အသက်အရွယ်မှာ ငါးဆယ်နီးပါးခန့်ဟိနီပြီးဖြစ်သည်။ ကရင်ရှိတန်းစစ်မျက်နှာ၌ တောက်လျှောက်တိုက်ပွဲဝင်လာသော ၀ါရင့်တော်လှန်ရေးသမားတဦးဖြစ်သည်။ ပိန်ပိန်ပါးပါး စကားများများမပြော၊ စကားပြောလျှင်လည်း ညင်ညင်သာသာပြောတတ်သည်။ ပထမဆုံး ဘင်္ဂလားကမ်းတက်စဉ်တွင် ဗိုလ်ရာဇာမပါ။ ဗိုလ်ရာဇာက နောက်မှ စပီးဘုတ်နှင့်ရောက်လာခြင်းဖြစ်သည်။ ဗိုလ်ရာဇာရို့ ပထမဆုံးကမ်းတက်သည်မှာ ဖရုံကာကျွန်းသုံးကျွန်းထဲက အင်္ဂရားချိုင်ကျွန်းဖြစ်သည်။ သူရို့ဦးတည်လာသည်မှာ ၀ါးခတ်ချောင်းစခန်းဖြစ်သည်။ သို့သော်လမ်းမသိသဖြင့် ဖရုံကာကျွန်းကို ၀ါးခတ်ချောင်းစခန်းချရာကျွန်းအထင်ဖြင့် ကမ်းတက်မိခြင်းဖြစ်သည်။ ဗိုလ်ရာဇာက ရဲဘော်များအားကမ်းတင်ထားခပြီး ထိုင်းဌာနချုပ်သို့ပြန်လားသည်။ ရဲဘော်အင်အား (၆၀) ခန့်မှာ ချောင်းအလီလီ မြောင်းအလီလီကိုကိုဖြတ်ပြီးမှ ဘင်္ဂလားနယ်စပ်သို့ခြီချမိခြင်းဖြစ်သည်။ ထိုအချိန်တွင် ဖက်ခွက်များရခိုင်ပြည်ထဲ၌ ယင်းလောက်ထိမဟိပါသိမ့်။ အနည်းအကျန်းရာဟိသိမ့်သောကြောင့်၎င်း၊ ဖက်ခွက်များမထင်မှတ်ဘဲ ရုတ်တရက်ဘွင်းဘွင်းကြီးပေါ်လာသဖြင့် ဖက်ခွက်များမှာ ခြီမကိုင်လက်မကိုင်မိဖြစ်သည်ကတကြောင်း၊ ဗိုလ်ရာဇာတပ်ကိုင်ဆောင်ထားသော်သနတ်များမှာလည်း နောက်ဆုံးပေါ်စက်သနတ်များဖြစ်သည်တကြောင်း ဖက်ခွက်များနောက်ယောင်ခံလိုက်သည်ကလွဲလို့ အနားသို့မကပ်ဝံ။ သို့သော် ဖက်ခွက်များမှာ လူအုပ်စုကောင်းသဖြင့် ဖက်ခွက်များဝိုင်းဝန်းခြင်းမခံရအောင် ဗိုလ်ရာဇာတပ်ကို အုပ်စုနှစ်အုပ်စုခွဲရန်ဆုံးဖြတ်လိုက်ကတ်သည်။ ဗိုလ်မှုးကြာဖြူအောင်ဦးဆောင်သောအုပ်စုမှာ ဖက်ခွက်များဝိုင်းဝန်းခံရခြင်းမှ လွတ်မြောက်လာသည်။ ကျန်အုပ်စုမှာ ဖက်ခွက်များဝိုင်းဝန်းခံရပြီး လက်နက်ချလားသည်။ ယင်းလောက် ကောင်းပေရ လက်နက်များဖြင့် လက်နက်ချသည်ဆိုသည်မှာ မယုံနိုင်စရာဖြစ်သည်။ ထိုအချိန်မှစ၍ ရခိုင်သားသတ္တိကို အနည်းငယ်သံသယဖြစ်မိသည်က အမှန်ဖြစ်ပါသည်။ ဗိုလ်မှုးကြာဖြူအောင်ဦးဆောင်သောအဖွဲ့ထဲက သက်ရှိထင်ရှားဟိနီသူများမှာ ခိုင်သန်းမောင် (ကနေဒါ)၊ အချေနှစ်ယောက်။ မမချေတယောက်၊ ယောက်ကျားချေတယောက်။ ဇနီးမယာသည်က လှနုဖြူ၊ ဆရာမဲမယား၏ညီမ၊ မြောက်ဦးဇာတိဖြစ်သည်။ နောက်တယောက်က အောင်ရွှေသိန်း (ခေါ်) မောင်စက်ဖြစ်သည်။ ဗိုလ်ရာဇာကမ်းတက်စဉ်က ဗိုလ်အောင်ရွှေသိန်းအဖြစ်နာမည်ကြီးသည်။ အခု နယူးဒေလီ၌ နိုင်ငံရေးအပူလှိုင်းကိုမခံနိုင်ဘဲ ရူးလားပြီးဖြစ်သည်။ နောက်တယောက်ရူးပြီးသီလားသူတဦးလည်းဟိသည်။ ဘုန်းကြီးလူထွက်ဖြစ်၍ အကျွန်ုပ်ရို့က ကိုယ်တော်ဟုခေါ်သည်။ ထိုသူက ဗိုလ်ရာဇာတပ်နှင့်မဆိုင် (၈၈) အရေးအခင်းတွင် ကျောက်တော်ဖက်မှ ထွက်ပြီးလာသူဖြစ်သည်။ အောင်ရွှေသိန်းမှာ ရမ်းဗြဲဇာတိဖြစ်သည်။ နောက်တယောက်က ကိုယ်တော်ရိုးလင်း။ ဘုန်းကြီးလူထွက်ဖြစ်ပြီး နာမည်မှာ ရိုးလင်းဖြစ်သည်။ အင်္ဂလိပ်စာအသင့်အတင့်ကောင်းမွန်သဖြင့် အိန္ဒိယသို့ ဗိုလ်ရာဇာစီစဉ်မှုဖြင့် (AA) ပထမဆုံးပညာတော်သင်အလွှတ်ခံရသော ပုဂ္ဂိုလ်ဖြစ်သည်။ ယခု အိန္ဒိယ အူရူနာချာ ကချင်ဗုဒ္ဓဘာသာပြည်နယ်မှ ဗုဒ္ဓဘာသာကချင်မတယောက်နှင့် အိမ်ထောင်ကျလားပြီးဖြစ်သည်။ ဗိုလ်မှုးကြာဖြူအောင်ကို ဗိုလ်ရာဇာက ဟာရဘင်းမှ အပျိုကြီးတယောက်နှင့်ပီးစပ်သည်။ နာမည်ကိုမိနီသည်။ နောက်မှာပြန်ဖြည့်စွက်ပီးပါမည်။ လွန်ခရေ လေးငါးခြောက်နှစ်အယင်က သွီးတိုးဆီးချိုဖြင့် ကွယ်လွန်လားပြီးဖြစ်သည်။ (၈၈) အရေးအခင်းတွင် အင်းစိန်ထောင်ဖောက်သောအခါ တသက်တကျွန်းကျခံထားရာက ထွက်ပြီးလွတ်မြောက်လာသူဖြစ်သည်။ ကရင်စီမံကိန်းဖြင့် ရန်ကုန်လွှတ်တော်ကိုဖောက်ခွဲဖျက်ဆီးရန်အလာတွင် လက်နက်ခဲယမ်းများဖြင့်အဖမ်းခံထားရပြီး တသက်တကျွန်းကျခံထားရသူဖြစ်သည်။ အဆိုတော်ဖိုးချိုနှင့် အင်းစိန်ထောင်တွင် တခန်းတည်းနီခရသည်ဟုဆိုသည်။ (၈၈) အရေးအခင်းဖြစ်ပြီး ထိုင်းဖက်ကိုထွက်ပြီးယင်း ကရင်တပ်စခန်းတွင် ဗိုလ်ရာဇာနှင့်တွိဆုံပြီး (AA) ကို စတင်ထူထောင်သူဖြစ်သည်။ အရပ်ထောင်ထောင်မောင်းမောင်းဖြစ်သည်။ သူလည်းဘုန်းကြီးလူတွက်ဖြစ်သည်။ ဘုန်းကြီးဘ၀နှင့် တော်လှန်ရေးမလုပ်ခင် သူအိမ်ထောင်ကျရာ ဟာရဘင်းရွာ၌လည်း ကျောင်းထိုင်ဖူးသည်ဟုဆိုသည်။ မည်သည့်ကျောင်းဖြစ်သည်ကိုကား ပြောပြသည်ကို အတိအကျမမှတ်မိပါယာ။

မှတ်မိသည်မှာ ဗိုလ်ရာဇာရို့ခန်းချသည်မှာ ၀ခတ်ချောင်းဒိုင်းနက်ရွာ တောင်ဖက် တောင်ကုန်းမြင့်မြင့်တွင်ဖြစ်သည်။ ယခင် ခိုင်နီလင်း (ALP) ဒုဥက္ကဌ (ယခုထိုင်း) ခိုင်မိုးလင်းနှင့် ALP ကို စတင်ရာတွင်ပါဝင်သူ စခန်းချခရာ တောင်ကုန်းတွင်ဖြစ်သည်။ ထိုတောင်ကုန်းတွင် ခိုင်နီလင်းထိုင်းသို့မလားခင် ကိုမိုးသောက် ပုဏ္ဏားကျွန်း၊ စစ်တွေဇာတိနှင့် အတူနီခသည်။ ကုလားထိုင်လုပ်၍ ရပ်တည်ခသည်။ ထိုအချိန်တွင် တီဘီရောဂါခံစားနီခရသည်။ အကျွန်ုပ်ရို့ ဗိုလ်ရာဇာစခန်းသို့လားလည်သည်။ ထိုအချိန်တွင် အကျွန်ရို့လားလည်းသည့်စခန်းအောက် မြောင်ထဲက ဂျီဟောက်သံကိုကြားရသည်။ အဘိုးမောင်ဟန် (ယခင် ACP) ဥက္ကဌဟောင်းက ရဲဘော်တယောက်ဘားက သနတ်တလက်တောင်းပြီး မြောင်ထဲသို့ဆင်းလားသည်။ ငါးမိနိမကြာလိုက် ပေါက်သံတချက်ကြားရသည်။ ညဇာသား အကျွန်ုပ်ရို့ဝံလက်စခန်းအတွက် တ၀ီစာရသည်။ အကျွန်ုပ်စားဖူးသည်ထဲမှာ ၄င်းဂျီသားလောက်စား၍ကောင်းသောအသား တခါလည်းမစားဖူးပါ။ ဟင်းချိုမှုန့်မထည့်ဘဲ ဘဇောင်ချိုရေကားမသိ။ လတ်လတ်ဆတ်ဆတ်ဖြစ်၍လည်းဖြစ်နိုင်သည်။

အကျွန်ုပ်ပြောချင်သည်မှာ အကျွန်ုပ်ရို့စခန်းချသည့် ၀ံလက်စခန်းမှာ ဒိုင်းနက်ရွာအနောက်ဖက်တွင်ဖြစ်သည်။ ပင်လယ်ကမ်းစပ်ဖက်ဖြစ်သည်။ စခန်းချသည့်တောင်ကုန်းအနောက်ဖက်တွင် တောင်တန်းကြီးတခုဟိသည်။ စခန်းအောက်တွင် နွီခါသားဆိုလျှင် ရွာသားများကန်းဘိုင်ဆည်သဖြင့် ရီချိုးရသည်မှာ ကကောင်းပျော်ဖို့ကောင်းသည်။ အကျွန်ုပ်ရို့စခန်းကို ကျွန်းသစ်များဖြင့်ဆောက်လုပ်ပါသည်။ နှစ်နှစ်သား သုံးနှစ်သားကျွန်းပင်များဖြင့်ဆောက်လုပ်ထားခြင်းဖြစ်သည်။ သစ်လုံးများကိုနှစ်ခြမ်းစိတ်ပြီး ထရံကာသည်။ သို့သော် ထရံအားလုံးမပြီး တချို့တ၀က်ရာကာရံနိုင်သည်။ ဘင်္ဂလားတွင်အုန်းယှားသည်။ ထို့ကြောင့် စခန်းကိုအုံးမိုးရန်ခက်သဖြင့် ကန်းကျင်ရွက်ကို အုန်းပျစ်ပျစ်ပြီးမိုးရသည်။ တထွာလောက်ရာရှည်သဖြင့် မိုးရသည်မှာခက်သည်။ မိုးယိုရန်လွယ်သည်။ အကျွန်ုပ်ရို့လည်း ကန်းကျင်ရွက်မပျစ်တတ်၍ ရွာက၀ယ်မိုးရသည်ကများသည်။ BRC က Project ရသဖြင့် ကြက်နှင့်ဘဲမွီးဖြူရေးလုပ်သည်။ အစ်ကိုကြီးမောင်ချစ် (ဘင်္ဂလားဗုဒ္ဓဘာသာရခိုင်အသင်းကြီး) ကို စတင်တည်ထောင်သူဥက္ကဌ၊ အ၀ကျွန်းဇာတိ၊ ဆရာမမြရာဇာလင်း၏လင် (အိမ်သျှင်) ၏ညီဖြစ်သူ (နာမည်မိနီသည်) မွီးမြူရေးတက္ကသိုလ်ကျောင်းဆင်းက ကူညီသဖြင့် Project အောင်မြင်သည်။ ကြက်နှင့်ဘဲ၌ဖြစ်တတ်သော လိုင်လိမ်နှင့်ဆီးဖြူရောဂါကာကွယ်ဆီးကို အလွယ်တကူဝယ်ယူရနိုင်သဖြင့် မွီးမြူရေးအောင်မြင်ရခြင်းဖြစ်သည်။ တပါတ်တပါတ်လျှင် ဘဲနှင့်ကြက်ဥ ခရင်းလိုက်ရသည်။ ဖလောင်းချိတ်သို့တက်၍ရောင်းရသဖြင့် ၀င်ငွေကောင်းသည်။ စခန်းတွင်အယင်က ညိတိုင် ချဉ်ပေါင်နှင့် နပျိုးကြိုးနီရာက ဘဲနှင့်ကြက်ဥကြိုးလာရသဖြင့် တော်လှန်ရေးအဆင့်မြင့်လာသည်။ တချို့က ဘဲဥကို ကျမန့်အုံပြီးမီးဖုတ်စားသည်။ စား၍ကောင်းသည်။ စခန်းတွင်း၌အတူနီခသောရဲဘော်များမှာ ရဲဘော်မောင်ကျော်ယိုင် (မြောက်ဦး)၊ သိန်းမင်း (ပေါက်တော)၊ ထွန်းစံ (စစ်တွေ)၊ စိုင်းခမောက် (ယခုထိုင်း) (စစ်တွေ)။ စိုင်းထီးဆိုင်တေးခြင်းများကို ပိုင်နိုင်ကျွမ်းကျင်သောကြောင့် စိုင်းခမောက်ဟု (NUPA) နာမည်ပီးထားခြင်းဖြစ်သည်။ ကရာတေးသိန်းမောင်မှာ အဖွဲ့ဝင်စစ်စစ်မဟုတ်၊ မှီခိုကပ်ခိုဖြစ်သည်။ ယခု ဗိုလ်မင်းထောင်တွင် ကျောင်းထောင်လျှက် ဒေသခံများအကျိုးကို တဖက်တလမ်းက အထောက်အကူပြုနိုင်သူဖြစ်သည်။ အကျင့်စာရိတ္တကောင်းမွန်သည်။ အသောက်အစားကင်းသည်။ မိမ္မမလိုက်စား။ အားနည်းချက်မှာ မြန်မာရွှေယင်ကျော်မှိုင်းမိခံထားရသူဖြစ်သည်။ စစ်တွေက တယောက်နာမည်မိနီသည်။ အတွက်ပေါ်လျှင်ဖြည့်စွက်ပီးပါသည်။ မကြာခင်က အမေရိကန်သို့ရောက်ဟိလာပြီး အနာမကျန်းမှုကြောင့် ကွယ်လွန်လားသူ သန်းထွန်းဖြစ်သည်။ ရသေ့တောင်မှ ကိုရန်အောင်၊ ဥာဏ်ထွန်းချေ၊ ခိုင်ပြည်သိန်း (နာမည်ရင်း ထွန်းထွန်း) (မွီးမြူရေးတာဝန်ခံ) (မြောက်ဦး)၊ စံသာအောင် (မြောက်ဦး)၊ ခိုင်ဆန်းအောင် (ပေါက်တော)၊ ခိုင်မြတ်ကျော် (စေတီပြင်)၊ မုန်တိုင်း (စစ်တွေ)၊ မြတ်ကျော်က စခန်းမှုး၊ စံသာအောင်က ဒုစခန်းမှုး။ ခိုင်ဆန်းအောင်က ဥက္ကဌ၊ ထိုင်းနှင့်နိုင်ငံခြားသို့အလားများသည်။

ဗိုလ်ရာဇာတပ်များ ပြည်ထဲကဖြတ်၍ ဘင်္ဂလားသို့ရောက်လာသောအခါ ခိုင်မြတ်ကျော်နှင့် ထွန်းစံရို့က အယင်လားကြိုသည်။ ထိုအချိန်တွင် အကျွန်ုပ်ရို့အား ပါတီတခုကပီးသော ဒုတိယကမ္ဘာစစ်သုံးမီးကျိုးမောင်းပျက်သနတ် (၅) လက်ကို လားယူသည်နှင့်ကြုံကြိုက်သဖြင့် သူရို့ကလမ်းပြ၍ အကျွန်ုပ်ရို့စခန်း ၀ါးခတ်ချောင်းသို့တပ်ချရန် ခေါ်ဆောင်လာခခြင်းဖြစ်သည်။ အကျွန်ုပ်ရို့စခန်း တောင်ကုန်းနားတွင် ရွာက ဒိုင်းနက်ရွာသားများတောင်ယာလုပ်သည်။ သစ်ပင်ကြီးများကိုခုတ်လှဲ၍ စပါးစိုက်ခြင်းဖြစ်သည်။ နှမျိုးမိသည်ကအမှန်။ သို့သော် ၀မ်းရေးထက် ဇာအရေးလည်းမခက်။ တောင်ယာခွတ်ဖို့ လူဆယ်ယောက်ဖက် သစ်ပင်ကြီးများကိုခွတ်လှဲပြီး မီးလျှို့ပစ်သည်များကို ကိုယ်တိုင်မြင်ဖူးသည်။ မြိုတောင်သို့ခရီးလားစဉ်ကဖြစ်သည်။ ဆင်တကောင် ကောင်းကောင်းတက်အိပ်နိုင်လောက်အောင်ကြီးသည်။ အကျွန်ုပ်ရို့စခန်းတ၀ိုက်တွင် ကန်းကျင်ပင်များစွာဟိသည်။ အချေခါ ကန်းကျင်သားနှင့် ကန်းကျင်ပျိုင်ကိုကြားဖူးသည်။ မြောက်ဦးသျှစ်သောင်းဘုရားလှိုင်ဂူတွင် ကျောက်တွင်းခွက်ငယ်များမှာ ကန်းကျင်ဆီဖြင့် မီးထွန်းရန် ထွင်းထုထားဖြင်းဖြစ်သည်ဟု လူကြီးသူမများပြောသည် ကြားဖူးသည်။ သို့သော် ကန်းကျင်ပင်ကိုကားမမြင်ဖူး။ တောထဲရောက်မှ မြင်ဖူးသည်။ ပေ (၃၀၀) လောက်မြင့်သည်။ အမေရိကန်က Project Maje က Edit T. Marante လာလည်သောအခါ ရွာက ဒိုင်းနက်လူမျိုးများတောင်ယာစိုက်ထားသည်ကို မိမိရို့စိုက်ပျိုးထားဟန်ပြု၍ ဓါတ်ပုံရိုက်ခံခသည်ကို ပြန်စဉ်းစားလျှင် ရယ်ချင်သည်။ ထိုအချိန်က မိမိ၏အသက်မှာ (၂၃) (၂၄) နှစ်ခန့်ဖြစ်သည်။ ပြောချင်သည်မှာ မိမိရို့စခန်းတောင်ကုန်းအနောက်ဖက်ခြမ်း ချောဇောင်းတွင် စင်းပြွန်းပင်ကြီးတပင်ဟိသည်။ အဖိုးမောင်ဟန် ဂျီပစ်သည့်မြောင်တလျှောက်တွင် ဓပြုတ်ပင် သုံးလေးပင်ဟိသည်။ ဓပြုတ်ပင်နှင့် စင်းပြွန်းပင်မှာ ခွဲမရအောင်တူသည်။ အပင်ကိုမြင်၍ ခွဲခြမ်းရန်ခက်ခဲသည်။ အသီးကိုမြင်မှ သိသည်။ စခန်းဇောင်းနားက စင်းပြွန်းပင်မှာ လူသုံးယောက်ဖက်ခန့်ဟိသည်။ ရာသီကိုက မမှတ်မိလိုက်ပါယာ။ ဆောင်ဦးပေါက်လား နွီဦးပေါက်လားမသိ။ စင်းပြွန်းသီးတိ တပင်လုံး ပန်းပွင့်ရေပိုင် ပွင့်နီပါသည်။ အကျွန်ုပ်ရို့ စခန်းကလူများမှာ စပျစ်သီးကိုမျှော်စပ်သောခွီးပိုင်ဖြစ်နီသည်။ မစားရဘဲလျှာရည်ယိုလျှက်ဟိသည်။ ဇာပိုင်လုပ်ကေကောင်းဖို့လည်းဂု။ ဂေါင်းစားနီသည်။ အပင်မှာ လုံးဝိုင်းရပ်စောက် ပေ (၂၀) ခန့် အကိုင်းအခက်မဟိ။ လက်ခကျည်းတက်၍မရ။ ၀ါးနှင့်လှမ်းဆွတ်ဖို့လည်းမမှီ။ စားချင်သည်မှာလည်း လျှာရည်ယိုနီသည်။ ထို့ကြောင့် မတတ်သာကေ အားလုံးသဘောတူ ပေါက်ဆိန်နှင့်ပေါက်ရန်ဆုံးဖြတ်လိုက်သည်။ နှစ်ရက်နှင့် တမွန်းတည့် ပေါက်ဆိန်နှင့်ပေါက်ရသည်။ အဓိက အားလာကြီးများမှာ ကိုရန်အောင် (ဆီးမှုး) နှင့် သိန်းမင်းဖြစ်သည်။ နှစ်ရက်တမွန်းတည့် ညဇာသားရောက်မှ စင်းပြွန်းပင်ကြီးဘုန်းဘုန်းလဲသည်။ အကိုင်းအခက်များပြိုသံမှာ မိုးကြိုးပစ်သံ၊ တော်ငလျှင်ပြိုကွဲသည်ထက် ကျယ်သည်။ စင်းပြွန်းသီးများကြွီကျသည်မှာ အာကာထက်က မိုးကျောက်ခဲများကျသည်အတိုင်းဖြစ်သည်။ ကြွီကျသည့်အသီးများကို အယင်ကောက်သည်။ တောင်းခရင်းနှင့် လေးငါးတောင်းရသည်။ ကျန်အသီးများကို ဤအတိုင်းအပင်ထက်၌တွဲလောင်ဟိနီစီသည်။ အယင်ညှိုးခြောက်မလားရအောင်ဖြစ်သည်။ တပါတ်နှစ်ပတ်လောက်ညိတိုင်းချဉ်ရည်ကြိုသောက်ရသည်။ ပထမတရက်နှစ်ရက် သောက်၍ ကကောင်းခြီသည်။ ထမင်းစားပြီးတိုင်း မြန်းလားပိုင် လန်းလားပိုင်တွိသည်။ သို့သော် ရက်ထပ်လာသောအခါ ၀မ်းပြည့်ဝမ်းရောင်ဖြစ်လာသည်။ အကိုင်းထက်က တွဲလွဲကျနီသောစင်းပြွန်းသီးများမှာ ဤအတိုင်းမစားဘဲ ပိန်ခြောက်ကြွီကျလားသည်။ ပဇောင် နမျိုးဖို့ကောင်းလိုက်တေမသိ။ အသီးစားချင် အပင်ကိုခွတ်၊ အရိပ်ခို အကိုင်းချိုး၊ စပျစ်သီးချဉ်သော ခဲဝါဘ၀ကိုမြင်မိတိုင်း ရင်ကျိုးမိ၍၄င်း၊ မျက်စိထဲ၌ ၄င်းစင်းပြွန်းပင်ကြီးကို မြင်ယောင်နီသိမ့်၍၄င်း အတွက်ရသောကြောင့် ဤစာအကြောင်းကို ရွီးလိုက်ရခြင်းဖြစ်ပါသည်။ သြော် ရခိုင်ပြည်ကြီးလွတ်လပ်ရေးအတွက် တောအူခဲဝါချေတရွီ ကျေးဇူးကန်းလီစွတကားတည်း။

အကျွန်ုပ်ရို့ရခိုင်သားတိအဖြစ်မှာလည်း စင်းပြွန်းသီးနှင့်တူသည်။ ဘ၀ကငယ်သော်လည်း ဘ၀င်က ဓပြုတ်သီးလောက်ကြီးသည်။ ရခိုင်ဘ၀ အတိတ်က ဓပြုတ်သီးပိုင်ယှောင်ကြီးခသော်ငြားလည်း အခုက စင်းပြွန်းသီးချေလောက်ရာကျန်ပျာ။

(သာလှဦး)

အမှတ်တရကဗျာ
xxxxxxxxxxxxx

အတိတ်နှင့် ပစ္စုပ္ပန် (၂)
------------------------
အယင်ခါ ဓပြုတ်သီး
အခု စင်းပြွန်းသီး --။

xxxxxxxxxxxxxxxxxx

အတိတ်နှင့် ပစ္စုပ္ပန် (၁)
-----------------------------
အယင်ခါ
ဆင်စီးလို့
ရွှီထီးဆောင်းခ --။

အခု လားစီးပျာ
တောက်ကျာဆောင်းရ --။

(သာလှဦး)

Monday, August 17, 2009

ယခီး (နှင့်) ဗချီး (၂)


ယခီး (နှင့်) ဗချီး (၂)
----------------------
မျန်မာများလည်း နားလည်အောင်
မျန်မာတိလည်း နားလည်အောင်
ဆရာ့၏စာ မောင်မျန်မာ
ယောင်လို့တောင်က မဖတ်ပါ --။

မျန်မာဖတ်ဖို့ မျန်မာဖတ်ဖို့
ဆရာ့ရို့ဆောင်းပါး မောင်မျန်မာက
မဖတ်ပါကား --။

ဆရာငပြာ ၀မ်းရီဆာ
ရန်ကုန်မြို့က ပြန်လို့လာ
ဒေါကီးလို့လာ --။

(လက်သီးဆုတ်ပနာ)
မျန်မာအောက်ချီး မောင်ဗချီး
ငါ့ကို “ယခီး” လို့ခေါ်ရေ --။

(တက်သီးခေါက်ပနာ)
မိုးကောင်းတုန်းခါ လယ်ထွန်ထား
ကျမန်းသားကောင်း ဖျောင်းပစ်မည် --။

(ခတောင်းကျိုက်ပနာ)
ဇာမှတ်တေလဲ ဇာကောင်လဲ
စနီနိဖွား ရခိုင်သား
ကျားဖမ်းရေ ဆင်ဖမ်းရေ --။

(သာလှဦး)

Saturday, August 15, 2009

ညှော်ဝင်သော တော်ဝင်သဇင်


ညှော်ဝင်သော တော်ဝင်သဇင်
-------------------
မျန်မာဆို “ချိုရေ” “ချိုရေ”
မျန်မာကို “လိုရေ” “လိုရေ”
မျန်မာဆို “ကိုကိုရယ်” “ကိုကိုရယ်”

(လူဂွဇာ)

Friday, August 14, 2009

ဝါတွင်းဝါးပြောက် (သို့မဟုတ်) ခြင်ထောင်ထဲက ပစိကိုက်ပြသူများ


ဝါတွင်းဝါးပြောက် (သို့မဟုတ်) ခြင်ထောင်ထဲက ပစိကိုက်ပြသူများ
-------------------------------------------
သမိုင်းမှာ အထောက်အထားမပါ
စီးချင်းထိုးခါ ဒါးလှံမပါကေ
ကျည်ကုန်သေနပ် တုံးပိုင်းထက်လီးရေ
(မပြီးနိုင်ကေ)
နောက်ကျခြီထောက် သစ္စာဖောက်
ဒုန်းပေါက်ဆောက်ဖို့ ကျလိမ့်မည် --။



Summary

Rest of your post

Tuesday, August 11, 2009

နတ်ကောင်းမ


နတ်ကောင်းမ
---------
အမှားလည်းမဟိ အမှန်လည်းမဟိ
ဆန်နီစိခုနှစ်စိနန့်
“ကောင်းပါ” “ကောင်းပါ”
ဂါထာကို တဖွဖွရွတ်
ရွာက နတ်ကောင်းမပိုင်
အေနီရာမှာလာ
ဆရာမလုပ်ကဲ့တချက် --။

ရခိုင်သားတော်လှန်ရေး


ရခိုင်သားတော်လှန်ရေး
--------------
“တော်လှန်းရေး” လုပ်တေဆိုပနာကုန်းကွ
မောင်းမောင် “တော်” စွာက
“လှန်” စွာမှာ --။

Saturday, August 8, 2009

သဇင်အတု




သဇင်အတု
-------
သစ်ဆွီးထက်တွင်
ဘောက်သာဆိုးနှင့်
နွားချီးအုံလို့
နောက်ဖေးမှာပွင့်ရေ ပန်းသဇင်တိ
ဥက္ခောင်းထက်တင်
မင်္ဂလာမဟိ --။

Monday, August 3, 2009

နန်းထက်ဖွတ်တက်


နန်းထက်ဖွတ်တက်
------
အိမ်ခေါင်ထက်က မျောက်မလှလှ
ကော့လို့ပြကေ
ခဲဝါတက်လို့ ဗျင်းဖို့ယေ --။

Sunday, August 2, 2009

ကြက်မချေ


ကြက်မချေ
-------
ကတေတိုက်တေ ကြက်မချေ
ကြက်ဖချေ လာနီးနီး
ညိတိုင်း Comments ရွီး --။

Tuesday, July 14, 2009

ရခိုင်အမျိုးသား မြန်မာသတင်းစာ


ပွေသာလည်းကုန်
ဂုဏ်လည်းမရ
သိက္ခာကျ
နာယကကြီး လမ်းညွှန်ပီး
တွန်းဆီးပစ်ခံ အဆဲခံ --။

မဟုတ်မခံ တိုက်တွန်းလှန်သည်
ရခိုင်မျိုးဟေ့ ဒို့မြန်မာ --။

Thursday, June 18, 2009

လူ


လူ
----

နွားကို
သနားစွာလည်းလူ
စားစွာလည်းလူ --။

လူ
သူများကို တရားပြပျာယ်
ကိုယ်တိုင်ကျ
ဘုရားတသူ --။

လူ
အညမညတရားကို
လက်ကိုင်ထားပျာယ်
ပဋိပက္ခနှင့် မိတ်ဖွဲ့သူ --။

လူ
တရားသူကြီးလုပ်ပျာယ်
လာဘ်စားသူ --။

လူ
ဘုရားတကာရာထူးနှင့်
မယားတဏှာရူးသူ --။

လူ
အေဆူ
အမှန်လူရာမလား --။

(သာလှဦး)

Wednesday, May 27, 2009

One Guy is in my Trash Can



A jug with little water shakes too much !!!

Thursday, May 21, 2009

ငါးဈီးတန်း


ငါးဈီးတန်း
------------
စစ်တွေ ကမ်းနားလမ်းက
ယင်ကောင်များစုဝဲရာ အရပ်ကို
အမှိုက်ပုံဟုခေါ်ပါသည် --။

Thursday, May 14, 2009

အလိုတော်ရိများသို့


အလိုတော်ရိများသို့
-----------------------------------
မြန်မာအငုတ်ကို အဟုတ်ဟုထင်
လုလင် ဘ၀င်မြင့်မြင့်
စပ်ငြင့်ငြင့်
ဝမ်းကြင့်နီပျာလား --။

(သာလှဦး)

Sunday, May 10, 2009

ရခိုင်စစ်မျက်နှာ အင်္ဂလိပ်မြန်မာပထမစစ်ပွဲ


ရခိုင်စစ်မျက်နှာ အင်္ဂလိပ်မြန်မာပထမစစ်ပွဲ
----------------------------------------------
၁၈၂၄ ခု မေလ (၅) ရက်နိ ဘုရင်ခံချုပ်စစ်မကြေငြာခင်ကပင် ရခိုင်အာသံစစ်မျက်နှာ၌ အနီအထားမှာ တင်းမာလျှက်ဟိသည်။ ၁၈၂၃ ခု စက်တင်ဘာလ (၂၃) ရက်နိတွင် သျှင်မဖြူကျွန်း၌ အင်္ဂလိပ်တပ်စိပ်တစိပ်ကို စခန်းချထားသည်။ ထိုစခန်းကို မြန်မာများသိမ်းပိုက်ပြီး အင်္ဂလိပ်တပ်သားအများအပြားသီဆုံးကတ်ရသည်။ များမကြာ အင်္ဂလိပ်တပ်များက သျှင်မဖြူကျွန်းကို အခုအခံမဟိပြန်သိမ်းနိုင်သော်လည်း အာသံစစ်မျက်နှာ၌ အနီအထားမှာ ဆိုးရွားနီပြီးဖြစ်သည်။ ၁၈၂၄ ခုနှစ် အစောပိုင်းတွင် မြန်မာဗန္ဓုလတပ်များက အင်အားစုဆောင်း၍ သျှင်မဖြူကျွန်းအားပြန်လည်သိမ်းပိုက်လိုက်သည်။ အင်္ဂလိပ်ဖက်က အကျအဆုံးများစွာဟိသည်။ မောင်တောကမ်းဖက်တွင်လည်း အရှိအိန္ဒိယကုမ္ပဏီမှ အရာဟိတဦးနှင့် ဗိုလ်တဦးအလည်ဖိတ်ခေါ်ပြီး ဖမ်းဆီးခြင်းခံရသည်။ ဗန္ဓုလက သဘောမတူသဖြင့် သူရို့နှစ်ဦးအား ချက်ချင်းပြန်လွှတ်လိုက်သည်။ မြန်မာဖက်က တောင်းပန်ခြင်းတစုံတရာမပြုလုပ်ပေ။ စသောစသောအကြောင်းရင်းများမှာ ရခိုင်စစ်မျက်နှာ၌ အင်္ဂလိပ်မြန်မာပထမစစ်ဖြစ်ရခြင်းအကြောင်းရင်းဖြစ်သည်။

မြန်မာများက ဘင်္ဂလားတနယ်လုံးကိုသိမ်းပိုက်ရန် တာစူလျှက်ဟိသည်။ သို့ဖြင့် ဗန္ဓုလသည် မြောက်ဦး၌ အင်အားစုဆောင်းလျှက်ဟိသည်။ ထိုအချိန်တွင် ဗြိတိသျှတပ်အင်အားမှာ ဘင်္ဂလားတပ်ဦး၌ (၃၀၀၀) ကျော်ခန့်ဟိသည်။ ရခိုင်တပ်စိတ်တစိပ်လည်း ရာမူး (ပန်းဝါ) တွင် တပ်စွဲချထားသည်။ ထိုအချိန်၌ ဗန္ဓုလမှာ မြောက်ဦးတွင် တပ်စွဲလျှက်ဟိသည်။ သို့သော် ရှိတန်းတွင် သူ၏တပ်များကို အတွင်းဝန်မောင်ဝအားဦးစီးခိုင်းထားသည်။ သူ၏တပ်များမှာ ဘူးသီးတောင် လက်ဝဲဓါတ်အလွန် အလယ်သံကျော်ဆိပ်ထိတပ်ဖြန့်ထားသည်။ ၁၈၂၄ ခုနှစ်မေလတွင် မြန်မာတပ်များ နတ်မြစ်အားဖြတ်ကူးကြောင်း မြစ်ကမ်းနဖူးတွင်တပ်စွဲထားသော ဗြိတိသျှတပ်စုတစုက သတင်းပီးပို့သည်။ အများမကြာ (ပင်းဝါ) တောင်ဖက် ရတ်နာပလောင်အားမြန်မာတပ်များသိမ်းပိုက်လိုက်သည်။ ထိုအချိန်တွင် ကပ္ပတိန်နိုတင်မှာ ပင်းဝါတွင် တပ်စွဲလျှက်ဟိသည်။ ကပ္ပတိန်နိုတင်က တပ်သားအချို့ကို ရာမူးတွင်ချန်ထားခပြီး ရခိုင်တပ်သား (၁၀၀) ကျော်နှင့် မြန်မာများကိုတိုက်ခိုက်ရန် မေလ (၁၁) ရက်နိညဇာသားတွင် ရတ်နာပလောင်သို့ စတင်ထွက်ခွာသည်။ မြန်မာများက တောင်ကုန်းများထက်တွင် တပ်စွဲထားသည်။ ချီတက်ရာလမ်းကြောင်းကို သေနပ်များပစ်ဖောက်၍ အနှောက်အယှက်ပီးသည်။ ရတ်နာပလောင်အရောက်တွင် ညလုံးပေါက်တိုက်ပွဲဖြစ်သည်။ ဗြိတိသျှဖက်က သယ်ဆောင်လာသော ခဲယမ်းလက်နက်နှင့် သေနပ်ကြီး (၂) လက်ဆုံးယှုံးသည်။ လက်နက်သယ်ဆောင်သော ဆင်မောင်းသမားမကျွမ်းကျင်သောကြောင်းလည်းဖြစ်သည်။ ကပ္ပတင်နိုတင်က (ရ) ယောက်သီဆုံး၊ (၁၁) ပျောက်ဆုံးဖြင့် နောက်ဆုံးတွင် ရာမူး (ပင်းဝါ) သို့ ဆုတ်ခွာလာရသည်။ တိုအချိန်တွင် ဗြိတိသျှဖက်မှာ တပ်ခွဲသုံးခွဲ ပင်းဝင်တွင်တပ်ဖြည့်လာသည်။

မေလ (၁၃) ရက်နိတွင် မြန်မာများသည် အောင်ပွဲကြောင့်အတင့်ရဲလာပြီး ပင်းဝါတဖက်ကမ်းထိရှိတိုးလာသည်။ ရွာများကိုမီးလျှို့၊ ကျွဲနွားများကိုသတ်ဖြတ်သည်။ မြန်မာအင်အားမှာ လူတသောင်းကျော်ခန့်ဖြစ်သည်။ သို့သော် ကပ္ပတင်နိုင်တင်အောက် အင်အားမှာ ပုံမှန် (၃၅၀)၊ ဆွဲသုံး (၂၅၀) နှင့် ရခိုင်တပ်သား (၄၅၀) ခန့်ရာဟိသည်။ အင်အားမှာအလွန်အမင်းကွာသော်ငြားလည်း စစ်တကောင်းက စစ်ကူရောက်လာမည်ကိုထောက်၍ ကပ္ပတင်နိုင်တင်က နောက်မဆုတ်ဘဲ ပင်းဝါအားဆက်လက်ထိမ်းထားရန် ဆုံးဖြတ်သည်။ မေလ (၁၄) ရက်နိတွင် လက်နက်ကြီး (၆) ဖြင့် မြန်မာတပ်များ ချောင်းကိုမကူးနိုင်အောင် ခံပစ်ထားသည်။ သို့သော် မြန်မာများက ချောင်းဖျားပိုင်းမှနီ၍ မြစ်ကိုဖြတ်ကူးလားနိုင်ပြီး ဗြိတိသျှတပ်များ တပ်စွဲထားရာဝန်းကျင်ထိ ရောက်ဟိလာသည်။ မေလ (၁၆) ရက်နိတွင် မြန်မာတပ်များရှိတိုးလာပြီး တနီကုန်တိုက်ပွဲဖြစ်သည်။ ကပ္ပတင်နိုတင်က နောက်ဆုတ်ရန်ဆုံးဖြတ်သော်လည်း နောက်နိတွင် တပ်ကူရောက်လာမည်ကိုသိ၍ ဆက်လက်တပ်စွဲထားသည်။ တိုက်ပွဲမှာ တရက်နှင့် တမနက်ဖြစ်သည်။ မြန်မာတပ်များကလည်း တပ်ကူရောက်လာပြီး ခံကတုတ်နှင့် ကိုက် (၃၀) အကွာထိရောက်လာသည်။ မိုးထက် (၉) ချက်တီးခန့်တွင် ရခိုင်နှင့် ဆွဲသုံးတပ်များက နောက်ဆုတ်လာလတ်သည်။ ဆင်များလည်းကြောက်ပြီးထွက်ပြီးကုန်သည်။ ကပ္ပတိန်နိုတင်က လူအင်အား (၄၀၀) ဖြင့် ဆက်လက်ထိမ်းထားရန် မဟန်မှန်းသိသောအခါ တပ်ဆုပ်ရန်ဆုံးဖြတ်လိုက်သည်။ လက်နက်များစွာ နောက်ချန်ထားခရသည်။ တမိုင်ခန့်လောက်ရာ စနစ်တကျဆုတ်ခွာနိုင်သော်လည်း ချောင်းအကူးတွင် လွယ်ကူအောင် လက်နက်ခဲယမ်းများစွာကို စွန့်ပစ်လိုက်ရသည်။ မြန်မာတပ်များကလည်း နောက်မှာ ထပ်ကြပ်မကွာလိုက်သည်။ တပ်အားလုံးဖရိုဖရဲဖြစ်ကုန်သည်။ ကျဆုံးအင်အားမှာ (၂၅၀) ခန့်ဖြစ်ပြီး အသားဖြူအရာရှိ (၆) ဦး၊ အန္ဒိယကုလားအရာရှိ (၃) ဦးအနက် (၃) ယောက်ရာအသက်ရှင်သည်။ ထိုသုံးယောက်အသင်ရှင်သည်တွင်လည်း (၂) ယောက်က ဒါဏ်ရာနှင့်ဖြစ်သည်။ မြန်မာများက ပင်းဝါကိုသိမ်းပြီး ရှိသို့မိုင် (၂၀) ခန့်အကွာ စုက္ကရာထိချီတက်လာသည်။ ဒေသခံများက အလွန်အမင်းစိုးရိမ်ပူပင်လျှက်ဟိသည်။

သို့သော် မြန်မာများ ၀င်းဝါကိုသိမ်းပိုက်ချိန်တွင် ဗြိတိသျှတပ်များက ရီကြောင်းအားဖြင့် မာန်အောင်ကို ၀င်ရောက်သိမ်းပိုက်သည်။ မေလ (၁၂) ရက်နိတွင် မာန်အောင်မြို့သို့အ၀င်ချောင်းထိ တပ်ထောက်များရောက်လာသည်။ လောင်းသမ္ပာန်တစီးအား ကုန်သည်ယောင်ဆောင်ပြီး မာန်အောင်မြို့ထဲဖက်သို့ ရန်သူမြန်မာတပ်အနီအထားကိုစုံစမ်းရန်လွှတ်လိုက်သည်။ မေလ (၁၄) ရက်နိတွင် လူအင်အား (၃၀၀) ခန့်ဖြင့် ချောင်းအတိုင်းဝင်၍ မာန်အောင်မြို့ကိုတက်သိမ်းသည်။ ပထမ ရှိတန်းစခန်းထောက်ကိုသိမ်းပြီး ဒုတိယ စခန်းကိုပြန်သိမ်းသည်။ မေလ (၁၉) ရက်နိတွင် ကြောက်ပြီးထွက်ပြီးရန်ကြံသော မြန်မာမြို့ဝန်အား လမ်းတွင် ကင်းထောက်တပ်ခွဲက ဖမ်းမိသည်။ ကျွန်းကိုထိမ်းရန် တပ်ရင်း (၂၀) အားချန်ထားခပြီး ကျန်တပ်အင်အားဖြင့် ရန်ကုန်သိမ်းရန် ဆက်လက်ချီတက်သည်။ ဗြိတိသျှတပ်များက ရန်ကုန်ကိုဝင်သိမ်းသဖြင့် ဗန္ဓုလရခိုင်မှ ဆုတ်ခွာရသည်။ မောင်တော၊ လက်ဝဲဓါတ် ရှိတန်းစစ်မျက်နှာတွင် တပ်အင်အားအနည်းငယ်မျှရာချန်ထားခသည်။ ပင်းဝါစစ်ပွဲတွင် မြန်မာဖက်က (၂၀၀) ခန့်ဒါဏ်ရာရသည်။ သို့သော် ဗြိတိသျှ၏အဖမ်းအဆီးခံရကာ သတင်းပေါက်ကြားမည်စိုးသဖြင့် အားလုံးကို အစတုန်းသတ်ဖြတ်လိုက်သည်။ ၁၈၂၄ မိုးရာသီတွင် ရာသီဥတုအနီအထား၊ သဘာဝအနီအထားများကြောင့် စစ်တိုက်ရန်မဖြစ်နိုင်သဖြင့် စစ်ဆင်မှုကို ခေတ္တရပ်ဆိုင်းထားရသည်။ မိုးရာသီကုန်သည်နှင့် ရခိုင်ကိုသိမ်းရန်အမိန့်ရသည်။ အဓိကဦးတည်ချက်မှာ မြောက်ဦးသို့ချီတက်ရန်နှင့် ယင်းတွင်တပ်စွဲထားသော မြန်မာတပ်ကို တိုက်ခိုက်ရန်ဖြစ်သည်။ ဒီဇင်ဘာလတွင် စစ်ဆင်မှုအစပြုသည်။ ရခိုင်သိမ်းမည့်တပ်အင်အားမှာ (၉၉၃၂) အင်အားဟိသည်။ ဘင်္ဂလားမြင်းစီးတပ်သား (၆၀၀) ၊ အမြောက်တပ် (၆၅၀) ၊ ရခိုင်တပ် (၅၅၃) နှင့် ရှိတန်းထိုးဖောက် (၆၄၉) ယောက်အပါအ၀င်ဖြစ်သည်။ တပ်ရင်းစစ်ဆင်မှုကို ဗိုလ်မှုးချုပ် (Brigadier General Morrison) က ဦးစီးသည်။ နိုင်ငံရေးအကြံပီးအဖြစ် စစ်တကောင်းခရိုင်ဝန်တရားသူကြီး (District Magristrate of Chittagong, Robertson) ကလိုက်ပါပြီး ရော်ဘတ်ဆင်နှင့်အတူ ရခိုင်သားအနည်းငယ်လိုက်ပါသည်။ ၁၈၂၅ ခု ဇန္န၀ါရီလ (၁) ရက်နိတွင် စစ်ဆင်မှုစသည်။ ဖေဖ၀ါရီလ (၁) ရက်နိတွင် မောင်တောကိုစသိမ်းသည်။ ရခိုင်သားများက မြန်မာကိုကြောက်၍ ဗြိတိသျှများအားကူညီရန် တွန့်ဆုတ်လျှက်ဟိသည်။ ထို့ကြောင့် မြန်မာများအားအကူအညီမပီးရန်သတိပီးရသည်။ ဖေဖ၀ါရီလ (၁၂) ရက်တွက် ဆက်လက်ချီတက်ရန် လုပ်ငန်းစတင်သည်။ ရာသီဥတုဆိုးရွားသဖြင့် လက်နက်ခဲယမ်းတင်သင်္ဘောတစီး လက်နက်ခဲယမ်းများစွာဆုံးယှုံးရသည်။ လူသီလူပျောက်မဟိ။ (၂၀) ရက်နိတွင် ကုန်းကြောင်းချီလာသောတပ်များ အငူမော်သို့ရောက်သည်။ သို့သော် ဖေဖ၀ါရီ (၂၇) ရက်နိတိုင်အောင် ရီကြောင်းချီမည့်တပ်များကို စုစည်းမရဖြစ်နီသည်။

ချောင်းဖီလာတွင် ဗြိတိသျှတပ်များအနည်းငယ်အထိနာသည်။ စစ်တွေတဖက်ကမ်း ဆင်တော်မော်တွင်တပ်စွဲထားသော မြန်မာများအား မောင်းထုတ်လိုက်နိုင်သည်။ ရီကြောင်းချီသည့်သင်္ဘောများကို ပိန္နချောင်းရွာသူကြီးက လမ်းပြသည်။ ကုလားတန်မြစ်ကြောင်းအတိုင်းချီ၍ ပုဏ္ဏားကျွန်းတဖက် ကြိမ်ချောင်းဝတွင် တပ်ချသည်။ ဖေဖ၀ါရီလ (၂၁) ရက်နိတွင် ကုလားတန်မြစ်တလျှောက် စစ်သင်္ဘော (၁၀၀) ခန့်နှင့် မြန်မာတပ်အင်အား (၂၀၀၀) ခန့်ဟိကြောင်းသတင်းရသည်။ ဗိုလ်ချုပ်က လူတင်စစ်သင်္ဘော (၈) စီးနှင့် လက်နက်တင် (၅) စီး လူအင်အား (၄၅၀) အား စတင်စေလွှတ်သည်။ စစ်တွေမြောက်ဖက် (၂၈) မိုင်အကွာ ချောင်းဖီလာတွင် မြန်မာများအခိုင်အမာတပ်စွဲထားကြောင်းသတင်းရဟိသည်။ တပ်အင်အားမှာ (၁၀၀၀) ခန့်မျှဟိမည်ဖြစ်ကြောင်းခန့်မှန်းရသည်။ သို့သော် မြောက်ဦးသို့ချီရာလမ်းကြောင်း နှောင့်အယှက်မဖြစ်စီရန် ချောင်းဖီလာမြန်မာတပ်ကို ဦးစွာပထမခြီမှုန်းပစ်ရမည်ဖြစ်သည်။ ဖေဖ၀ါရီလ (၂၃) ရက်နိတွင် ချောင်းဖီလာမြန်မာတပ်ကို စမြင်ရသည်။ သို့သော် တပ်အင်အားမှာ ခန့်မှန်းသည်ထက် ပိုများနီသည်။ ဗြိတိသျှတပ်များအား မြန်မာကင်းထောက်စခန်းနှစ်ခုမှ သေနပ်များပစ်ဖောက်သည်။ မြန်မာများက သေနပ်များပစ်ဖောက်နီသဖြင့် ကမ်းတက်မရဖြစ်နီသည်။ နှစ်နာရီခန့် အပြန်အလှန်သေနပ်များပစ်ဖောက်ပြီးနောက် တပ်ရင်းဗိုလ်ချုပ်က ချောင်းအတိုင်းစုန်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် ဖြားရီတက်တွင် သင်္ဘောသုံးစီးကမ်းကပ်လိုက်သည်။ အချိန်မှာ ညဇာသား (၅) ချက်တီးခန့်ဖြစ်သည်။ ကမ်းကပ်ချိန်မှာ မိုးထက်သား (၅) ချက်တီးထိဖြစ်သည်။ သို့သော် အစောပိုင်းတိုက်ပွဲတွင် မြန်မာဖက်က အထိနာထားသဖြင့် အနှောင့်အယှက်တစုံတရာမဟိ။ ဗြိတိသျှဖက်မှ (၄) ယောက်ကျ၊ (၃၁) ယောက်ဒါဏ်ရာရသည်။ နောက်ပိုင်း ၄င်းတောင်ဖီလာစခန်းအားတက်သိမ်းရန်အစီအစဉ်ကို ဖျက်လိုက်သည်။

ဗိုလ်ချုပ်ရော်ဘတ်ဆင်က ရီကြောင်းချီလျှင် နှေးသည်ကတကြောင်း၊ ချောင်းဖီလာနှင့် အငူမော်တွင်တပ်စွဲထားသော မြန်မာများကကြားဖြတ်အတိုက်ခံရမည်ကိုသတိထား၍ ကုန်းကြောင်းချီရန်ဆုံးဖြတ်ပြီး ဟင်းခရာချောင်းတောင်ဖက်နှင့် အရှိကမ်းမှ ကုန်းကြောင်းစချီသည်။ သို့သော် ချောင်းမြောင်းအလွန်များသဖြင့် မြောက်ဦးတရောက်ချီတက်ရန်မလွယ်။ တချို့နီရာများတွင် တောတောင်များကလည်း ကန့်လန့်ဖြတ်ထားသည်။ သို့သော် ရာသီဥတုမှာ ပူသော်လည်းကောင်းသည်ဟုဆိုရမည်။ ချောင်းများမှာ အညာရီကြီးခြင်းမဟိ။ ဒေသခံများနှင့်လည်း အဆင်ပြေသည်။ မတ်လ (၂၀) ရက်နိတွင် ဟင်းခရာချောင်းက စဖြတ်သည်။ (၂၄) ရက်နိ စပါးထားချောင်းကမ်းထောင့်တွင် စခန်းချသည်။ ရန်သူမြန်မာတပ်များက ရှိ (၂) မိုင်အကွာ ပါးတော်တောင်တွင် တပ်စွဲထားသည်။ သို့သော် ကုန်းကြောင်းချီလာသောတပ်များသည် စစ်တကောင်းက စထွက်လာကတည်းက မည်သည့်အခက်အခဲမျှမဟိ။ (၂၅) ရက်နိတွင် ရှိတန်းတပ်ခွဲတခုက စပါးထားချောင်းနှင့် ၀ါးပြိုင်ချောင်းကို စဖြတ်ကူးသည်။ (၂၆) ရက်နိတွင် တပ်ရင်းတခုလုံးကူးဖြတ်သည်။ ချီတက်ရာတွင် လမ်းကြောင်း (၄) ခုခွဲ၍ ချီတက်သည်။ လက်ဝဲဖက်တွင် သင်္ဘောဖြင့်ချီတက်သည်။ အခက်အခဲဟိသည်မှာ ဆင်ဖြူတောင်ချောင်းရီတိမ်သဖြင့် အခက်ကြုံရသည်။ တပ်ရင်းက ချောင်းကမ်းနားယောင် ကုန်းကြောင်းချီသည်။ ပါးတော်တောင်တွင် တနာရီလောက်တိုက်ပွဲဖြစ်ပြီးသည်နှင့် မြန်မာတပ်များထွက်ပြီးလားကတ်သည်။ သို့သော် တောတောင်ထူထပ်သဖြင့် ရှိဆက်ချီတက်ရန် အနည်းငယ်ကြန့်ကြာနီသည်။ ဖြားကျသည်နှင့် ဇီးဇာချောင်းကိုဖြတ်သည်။ ထိုအချိန်တွင် မြန်မာတပ်များက ချောင်းဖီလာစခန်းကို စွန့်ခွာပြီးဖြစ်သည်။ ယခုအခါ မြန်မာတပ်များက မြောက်ဦးတောင်ဖက် (၁၀) မိုင်အကွာ မဟာထီးတွင် တပ်စွဲထားသည်။ လောင်းကြက်ချောင်းက ဘက်သုံးတန်ကာဆီးထားသည်။ ကမ်းထောင်းက စောက်သည်။ တောင်ကုန်းက ခံတပ်ဖြစ်နီသည်။ မြန်မာတပ်စိပ်တစိပ်က ဗြိတိသျှတပ်နှင့်ရှိဆိုင် တဖက်ကမ်းတွင် တပ်စွဲထားသည်။ (၂၇) ရက်နိ မိုးထက်စောစောမြုံစဲသည်နှင့် တပ်မဟာ (၄၄) မှ တပ်ခွဲသုံးခွဲက တဖက်ကမ်းမှ ရန်သူအားစတင်တိုက်ခိုက်သည်။ ပြောင်းအမြောက်များစွာပစ်ဖောက်ပြီးနောက် ဖြားရီကျတွင် ချောင်းကိုဖြတ်သည်။ နောက်ထပ် ပြင်းပြင်းထန်ထန်ခုခံမှု တစုံတရာမဟိဘဲ မဟာထီးကို သိမ်းပစ်နိုင်သည်။ ယခုအခါ မြောက်ဦးနှင့်ခရီးများစွာ မကွာဝီးတော့ပေ။ မြင်းတပ်ဖွဲ့ကလည်း မြန်မာများ တန်းထားများကိုမဖျက်ဆီးမှီ အချိန်မှီမောင်းနှင်ထုတ်နိုင်လိုက်သည်။ မဟာထီးနှင့် မြောက်ဦး ကျောက်ခင်းလမ်းဟိသည်။ မတ်လ (၂၈) ရက်နိတွင် ပရိန်သို့ရောက်သည်။ ပရိန်မှာ မြောက်ဦးသို့ဝင်ရန် အရှိတန်းခါးပေါက်နှင့် အနီးဖြစ်သည်။ မြန်မာများက ပေ (၃၅၀) (၄၅၀) အမြင့်ဟိသော တောင်တန်းတလျှောက် ကွက်ကြားကွက်ကြား ခံတပ်ချထားသည်။ မြောက်ဖက်တွင်လည်း လူ (၃၀၀၀) ဖြင့် တပ်စွဲထားသည်။ မြန်မာတပ်စုစုပေါင်းအင်အားမှာ (၉၀၀၀) ခန့်ဟိမည်ဟု ခန့်မှန်းရသည်။ မတ်လ (၂၉) ရက်နိတွင် ခြီမြန်တပ်ရင်း (၅၄) မှ တပ်ခွဲတခွဲ မြောက်ဖက်ခံတပ်ကို စတိုက်ခိုက်သည်။ ဒုတိယခြီမြန်တပ်မှ တပ်ခွဲ (၄) ခွဲ၊ (M.N.I) တပ်ရင်း (၁၀) နှင့် (၁၆) မှ တပ်ခွဲ (၆) ခွဲ၊ ရခိုင်တပ်ခွဲတစ်ခွဲ ပူးပေါင်းပါဝင်တိုက်ခိုက်သည်။ သို့သော် ပထမပိုင်းတွင် အကျအဆုံးများသည်။ အထိအခိုက်များစွာဟိသည်။ အရာဟိများစွာ အထိနာသည်။ သို့ဖြင့် ရော်ဘင်ဆင်နှင့်အတူလိုက်ပါလာသော ရခိုင်လူကြီးများကိုခေါ်ယူ၍ မည်သို့ဆောင်ရွက်မည်နည်း အကြံများရယူသည်။ ဒေသခံများကပြောသည်မှာ ဗိုလ်ချုပ်ရော်ဘင်ဆင်သည် လူပျိုလူရွယ်ဖြစ်ပြီး အရုပ်လည်းလှသည်။ ပရိန်သျှင်မ မြသွင်က ဗိုလ်ချုပ်ရော်ဘင်ဆင်အားချစ်ကြိုက်နီသည်။ အထိအခိုက်အကျအဆုံးဖြစ်ရခြင်းမှာ ပရိန်သျှင်မ မြသွင်အား ဂရုမစိုက်သောကြောင့်ဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် ရခိုင်လူကြီးများအကြံဥာဏ်ရယူပြီး ဗိုလ်ချုပ်ရော်ဘင်ဆင်မှာ ပရိန်သျှင်မမြသွင်နှင့် လက်ထပ်ပွဲပြုလုပ်ရသည်။ ထိုသို့ ပြုလုပ်ရခြင်းမှာ ရခိုင်တပ်သားများအား စိတ်ယုံကြည်မှု ရစီရန်ဖြစ်သည်။ ထိုသတင်းကိုကြားသည်နှင့် မြန်မာများလည်း ကြေက်ရွံ့စီမည်ဖြစ်သည်။ သို့ဖြင့် လက်ထပ်ပွဲကို တရားဝင်ပြုလုပ်ခြင်းဖြစ်သည်။

မြောက်ဦးသို့ဝင်ရန် အဓိက လီသာတောင်ခံတပ်ကိုတိုက်ရမည်ဖြစ်သည်။ မတ်လ (၃၁) ရက်နိ ညဥ့်မှောင်သည်နှင့် လီသာတောင်ခံတပ်ကို စတိုက်သည်။ တဖက်က အကြီးအကျယ်အမြောက်ပြောင်းများပစ်ဖောက်၍ ဖိတိုက်နီစဉ်တွင် တဖက်က ညတွင် တောင်ထက်သို့ချီတက်သည်။ လရောင်ရိပ်ရိပ်ဟိသော်လည်း ရန်သူများမရိပ်မိ။ နောက်နိမိုးထက်တွင် အမြောက်ကြီးတလက်ကို တောင်ထက်သို့ ထမ်းတင်နိုင်ပြီးဖြစ်သည်။ ၄င်းအမြောက်အကူဖြင့် ထိုးစစ်ကိုပိုပြုလုပ်လာနိုင်သည်။ မြန်မာများ စိတ်ဓါတ်ဖရိုဖရဲဖြစ်ပြီး ဒယောမရ ထပိန်မရထွက်ပြီးကတ်ရသည်။ ပရိန်သျှင်မမြသွင်အား ကြောက်သည်လည်းတချက်ဖြစ်နိုင်သည်။

မတ်လ (၂၆) ရက်မှစ၍ ဒါဏ်ရာအနာတရရသည်မှာ (၂၁၃) ဦးဖြစ်၍ (၃၀) သီဆုံးသည်။ သုံးရက်ခန့်မည်သို့မျှမတားဖြစ်သော်လည်း လေးရက်မြောက်တွင် ပြည်သူများထံမှတစုံတရာ လုယက်ခြင်းပြုလုပ်ခြင်း၊ သားမယားများအား ကျူးလွန်ခြင်းပြုလုပ်ပါက ကြီးစွာအပြစ်ပီးမည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်သည်။ ထိုသို့အမိန့်ထုတ်ပြန်ပြီးနောက် ကြောက်ရွံ့ပြီးထွက်ပြီးကုန်သောပြည်သူများ ပြန်လာလတ်ကတ်သည်။ မြောက်ဦးကိုသိမ်းပြီးသော် မြန်မာများ အသီးသိမ်းတိမ်းယှောင်ထွက်ပြီးကုန်သည်။ နောက်ကလိုက်တိုက်သော်လည်း လူ (၃၀၀) ခန့်လောက်ရာ သီဆုံးဖမ်းမိရလိုက်သည်။ အမ်း၊ ဒလက်ဖက်သို့တချို့၊ လေးမြို့ချောင်းဖက်မှ မြန်မာပြည်သို့တချို့ အသီးသီးထွက်ပြီးလားကတ်သည်။ မြောက်ဦးကိုသိမ်းပြီးသော် ရမ်းဗြဲကိုဆက်သိမ်းသည်။

ယမန်နှစ် အောက်တိုဘာလတွင်းပိုင်း၌ မာန်အောင်မှ တပ်အင်အား (၂၀၀) ခန့် ရမ်းဗြဲတောင်ပိုင်း အောင်လှပြင်၌ကမ်းတက်၌ မြန်မာတပ်အများကို တိုက်ခိုက်ဖျက်ဆီးလိုက်နိုင်သော်လည်း တကျွန်းလုံးအားသိမ်းပိုင်ခြင်းမပြုလုပ်ခ။ မာန်အောင်၌ ကျောက်ချထားသော ဗြိတိသျှသင်္ဘောမှ ထွက်ပြီးသောမြန်မာ (၂) ယောက်ကိုဖမ်းမိပြီး မြန်မာများအနီအထားကို သတင်းရယူနိုင်လိုက်သည်။ ဇန္န၀ါရီလကုန်ပိုင်း (၂၉) ရက်နိတွင် တပ်ရင် (၄၀) မှ အင်အား (၄၅၀) နှင့် အမြောက်စစ်သား (၄၈) ယောက် မာန်အောင်၌ အင်အားဖြည့်တင်းလာသည်။ လီအလွန်တိုက်သဖြင့် ဖေဖ၀ါရီလ (၂) ရက်နိမှ ရမ်းဗြဲသို့ဆိုက်ကပ်နိုင်သည်။ ချောင်းနဖူး၌တပ်စွဲထားသော မြန်မာတပ်နှင့်တိုက်ပွဲဖြစ်သည်။ ပြင်းပြင်းထန်ထန်ပစ်ခတ်ပြီးသည်နောက် မြန်မာများထွက်ပြီးလားကုန်သည်။ ရမ်းဗြဲမြို့ထဲဖက်မှ မြန်မာများအင်အားဖြည့်တင်းလာသဖြင့် ဗြိတိသျှဖက်မှ ကျဆုံး (၄) ဦး၊ ဒါဏ်ရာရ (၂၄) ဦးဖြင့် သင်္ဘောများဆိုက်ကပ်ထားရာသို့ ဆုတ်ခွာပီးရသည်။ မြောက်ဦးကိုသိမ်းပြီးသည်နောက် ဗိုလ်ချုပ်ရော်ဘတ်ဆင်က ရမ်းဗြဲကိုသိမ်းရန် (Brigadier General MacBean) အား အမိန့်ပီးသည်။ ဧပြီ (၂၂) ရက် ရမ်းဗြဲကျွန်းအားပြန်သိမ်းသောအခါ အခုအခံအနည်းငယ်ရာဟိသည်။ တကျွန်းလုံးကို အလွယ်တကူသိမ်းပိုက်ရယူနိုင်လိုက်သည်။ မြောက်ဦးကျပြီးဖြစ်ကြောင်းသတင်းရသဖြင့် အားလုံးထွက်ပြီးလားခြင်းဖြစ်နိုင်သည်။ သို့ဖြင့် တပ်တချို့ကို သံတွဲသို့စေလွှတ်လိုက်သည်။ မြန်မာများပြန်လည်တိုက်ခိုက်လာမည်ကိုကာကွယ်ရန် ရိုးတောင်တဖက်သို့ချီရန် တပ်အင်အားစုဆောင်းပြီးသော်လည်း မိုးကျလာပြီးဖြစ်သဖြင့် အစီအစဉ်ကို ရပ်ထားလိုက်ရသည်။ မိုးတွင်းတွင် မြောက်ဦး၌ တပ်သားအများအပြားနာမကျန်းဖြစ်ကုန်သည်။ အဓိက အဖျားနှင့် ၀မ်းရောဂါအဖြစ်များသည်။ အင်အား (၁၅၀၀) ခန့်ဟိသော ဥရောပတပ်အင်အား မေနှင့် စက်တင်ဘာလအကြားတွင် လူဦးရေ (၂၅၉) ဦးသီဆုံးသည်။ စက်တင်ဘာကုန်ပိုင်းတွင် လူ (၄၀၀) ခန့် ဆီးရုံတင်ရသည်။ လူ (၈၀၀၀) ထောင်ခန့်အင်အားဟိသော အိန္ဒိယတပ်များက ထိုကာလအတွင်း လူပေါင်း (၈၉၂) ဦးသီဆုံးပြီး စက်တင်ဘာလကုန်ပိုင်းတွင် လူပေါင်း (၃၆၄၈) ယောက် ဆီးရုံတင်ရသည်။ ဗိုလ်ချုပ် (Morrison) လည်း ရခိုင်မှရသောမနာမကျန်းမှုကြောင့် အင်္ဂလန်သို့အပြန် လမ်းတွင်သီဆုံးသည်။

Arakan and The First Anglo-Burmese War, 8124-25 by B. R. Pearn ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြသည်။

Friday, April 17, 2009

ရခိုင်ဇမ်းကဗျာများ


ရခိုင်ဇမ်းကဗျာများ

မယ်နှင့်မောင်
---------------
အထက်မှာရာလေ သံဖြူ
အောက်မှာရာလေ ပျိုင်ချပ်
အလယ်ဂေါင်မှာ မှန်ဘောင်သပ်လို့
ဗောဓပ်ကျောင်းမှာ
အပွင့်မှာရာလေ ၀ါဝါ
အညှာမှာရာလည်း မဲမဲ
ပန်းမစင်ကို တင်မိခလို့
မေနှင့်မောင်မှာ မပေါင်းရဘဲ
ကွဲရရေလား ပုယေ --။

ဒေဘ၀ီ ဒေဘ၀မှာ မပေါင်းရသော်လည်း
နောင်ဘ၀ီ နောင်ဘ၀မှာ ပေါင်းရလီအောင်
တရိစ္ဆာန် အမှန်ရာလည်းစင်စစ်
ငှက်လီလီလေ ငှက်ပင်လည်းဖြစ်ငြား
မောင်ကားဂြိုးဘို မယ်ကားဂြိုးမ
တလင်းရာမှာ ၀ဲကာကျကေ
စားရပါစီ ပုယေ --။

တရိစ္ဆာန် အမှန်ရာလည်းစင်စစ်
နွားလီလီလေ နွားပင်လည်းဖြစ်ငြား
တသျှိုင်းတည်းထွန် တခြံတည်းနွား
တခုံးတိုင်မှာ ချိုင်ကာထားကေ
စားရပါစီ ပုယေ --။

ဘုရားပေါ်ကေ ကံ့ကော်တောသို့
မေယင်ယင် မေယင်သော်လည်း
မေစောင့်နီဝေ
မောင်ယင်ယင် မောင်ယင်သော်လည်း
မောင်စောင့်နီမည် --။

ဆီမီးရာလေ တတိုင်
ပန်းတခိုင်နှင့် ပျိုင်တချပ်မှာ
နှစ်ယောက်ထိုင်ကေ တူပြိုင်လောင်းလို့
ဆုတောင်းကတ်မည် ပုယေ --။

(ကျောက်ဖြူနယ်မှ ဇမ်းကဗျာ)


ရွှီခိုင်ပြည်အလွမ်း
------------------
နွီရာသီ
ဂိမ္မာန်ရာလည်းပြောင်းလို့
တပေါင်းရာလေချိန်ကူး
ရွက်ဟောင်းညှာကြွီ
ရွက်သစ်ဝီကေ နွီရတုမှာ
ပျိုနုလည်းသာယာ
ဟေမ၀ါမှာ
ဝဲကာရာလည်းကျီးငှက်
သီးချက်ပွင့်ချက် တကြိုင်ကြိုင်နှင့်
ဂနိုင်ရာစုံစမ်း
နီညိုညိုကေ ညနီချမ်းမှာ
ပျံသန်းကျီးငှက်
တကြော်ကြော် ခေါ်နှုတ်ဆက်လို့
ဇရွက်ကေလေ တမန်
တညံညံကေ ခေါ်သံရာလည်းမစဲ
ဒိုးဒိုးလေ ဒုန်ဒုန်
နိုးနိုးနုန်ကေ ဖိုးခေါင်ရာလည်းကျူးကျော်
မောင်ရို့ပျော်ကေ ရွှီခိုင်နန်းကို
လွမ်းမစဲဖွယ် ပုယေ --။

(ရမ်းဗြဲကျွန်းမှ ဇမ်းကဗျာ)


မောင်ပြန်ဖို့ယာ
-----------------
မိုးလင်းကြယ်ကြီး
ရောင်ဖြူလာ ထွက်ခါနီးလို့
ကြက်ကြီးလည်းတွန်
မိုးသောက်ယံ မောင်ပြန်ဖို့ယာ --။

မောင်လားရေခါ
ဆံကေသာ ဖြီကာလျှော့
ကန်တော့လိုက်ပါ --။

ကတိုးတိမ် စိုးရိမ်နှောင်းလို့
မကြောင်းကြကဲ့ --။

ဂြိုးချေကြူ
မပူလီကဲ့ --။

ငှက်တော်ထိုး
မညှိုးလီကဲ့ --။

ကျီးကန်အာ
မရှာလီကဲ့ --။

ဥသြမောင်
ဖိုးခေါင်တယောင်
မတလီကဲ့ --။

ချစ်တေဆို ပျိုနှမကို
မှာခရေနှောင်း --။

နှစ်ချောင်းချီ ဗွီလီယှက်
ရက်သပေါ့မှာ
ရွှီမျက်တောင် အသာမှိတ်
အိပ်ဟိလိုက်ပါ --။

အိမ်နောက်ဆို မောင်းကာအောက်က
မေအိပ်ရာကို မျှော်ကာကြည့်
ပြန်လှည့်လားယာ --။

နှစ်ချောင်းချီ ဗွီလီယှက်
ရက်သပေါ့မှာ
ရွှီမျက်တောင် အသာမှိတ်
မအိပ်နိုင်ပါ --။

မတွိလီရ မမြင်ရလို့
ကားရုပ်ပုံ ဆယ်စုံချ
ရူပဒေ၀ါ နတ်ထံထံလေ
တူပြန်ခကေ
ငယ်ကချစ်တေ ချစ်မောင်မောင်ကို
ကြိုက်မ၀ပါ --။

(ရမ်းဗြဲကျွန်းမှ ဇမ်းကဗျာ)


မှာလိုက်ရစီ
--------------
မေ့သခင်မှာ ကြင်ရာသက်ထား
ချစ်တေသူ ဖြူချောချောလို့
ကိုယ့်ရည်းစားကို
မချစ်ဆို မလိုလို့လား
မခင်ပုံ မယုံစားလို့
မအပ်ဝံ့လား --။

မချစ်ဆို မလိုမဟုတ်
ပျိုမေယေမှာ ရွှီကိုလို
ဂုဏ်ကိုမက်လို့
ချစ်ပါရေလား
ရွှီမလို လူကိုမက်လို့
ချစ်ပါရေလား --။

ရွှီကိုမလို ဂုဏ်ကိုမမက်
မေအပျိုမှာ လူကိုမက်လို့
မောင်လူပျိုကို ယုံလိုကြောင်းနှင့်
တောင်းထားဖို့ယာ --။

မယုံရရေ ယုံရရေ
စကားကြွယ်ကေ ဟုတ်မည်နှမ
မိမ္မဥာဏ် ၀င်္ကန္တကို
ကြောက်ရပါရေ --။

လှလူပြောင် မောင်ကုသနှင့်
ရူပ၀တီ ဥုံဒဏ္ဍီမှာ
ပုံသီတချက်
ချစ်ကျွမ်းဝင် ကြင်သူလက်ကို
ကျောက်မျက်စိန်ပျံ
ရွှီပြည်တန်ကို အပ်နှံဖူးကြောင်း
ရှိထုံးပုံ နိဂုဏ်းဟောင်းကို
ထောက်ဆယေကြည့်ပါ --။

ပုံပြရေ ယုံဖွယ်စကား
ရူပမယ်လေ သူ့လက်ကြားက
ပုဏ္ဏားဦးယူ အသဲဆူဗျာ
စိတ်ပူမဆုံး
ကိုယ်လိုရာ ရတနာကုံးကို
အဆုံးယေချလို့
ကုသမောင်မှာ ဖြစ်ပုံကြောင်းက
ကောင်းယင့်လားယေ --။

မကောင်းရာ ဖယ်ကာယေထားပါ
ဘေးကယေပါးလို့
ကိုယ့်ရည်းစားကို အပ်ထားခပါ --။

ဂရုဏာ မိတ္တာသက်ပါ
စုံမက်သော်လည်း
ရှက်စဖွယ် ရွှီငွေအပ်လို့
တယောက်မေ ပျိုမေစစ်မှာ
မဖြစ်နိုင်ပါ --။

ချစ်တေယောင်ယောင်
ကြိုက်ယောင်ယောင်နှင့်
အဂယောင့်မှန် ဧကန်ကျက
နောက်ကိုယေဆုတ်လို့
မဟုတ်မမှန်
အကောက်ဥာဏ် ၀င်္ကန္တမှာ
ပျိုမေယေ အကယ်မှတ်လို့
တပတ်ကေကျရေ --။

အလှမဉ္ဇူ သရဖူ မြင်သူသဲစွဲ
မက်မပြေ သက်ရွှေခဲကို
မခွဲဝန့်ပါ --။

မြှောက်ရေပင့်ရေ ပြောတတ်တေ
လူလည်လူနောက်
လူကျွမ်းဝင် လူပင်ပေါက်လို့
အကောက်ကိုကြံ
ခဲမှန်ဖူးရေ စာသူငယ်
ရွယ်ရုံနှင့်လန့်
လှမယ်ပျို နောက်ကိုတွန့်လို့
မချစ်ဝန့်ယာ
မရယာ လက်သာချဖိ
သူများယူ လက်ပူတိုက်ပျာ
ကျန်လိုက်ပတ်စီ --။

အသက်ထပ်တူ မငြူစူ
ကြည်ဖြူသဲစွဲ
ချစ်တေသူ ဖြူပုလဲကို
ပီးပါလတ်မည်
သနားချစ်ခင် မိတ္တာဝင်
ကြင်နှမကို စိတ်ချရစီ --။

စကားဆက်ဆံ လက်မခံ
ဖီဆန်ငြင်းလို့ ချစ်ယင့်နှင့်ပင်
မေအပျို ရလိုရေးနှင့်
ပြောမိစွာရာ
မေ့သခင်မှာ မှန်ကိုကိုးလို့
စိတ်မဆိုးကဲ့ --။

သိုင်ခေါင်လည်းလွန် ကြက်လည်းတွန်
မောင်ပြန်ဖို့ယာ
မေစိတ်ကေသာအောင်
ပဒုန်းကျော် လီခေါ်ပေါက်က
မောင်မျက်နှာ ထွက်ခါငုံ့လို့
ပြုံ့ပြခမည် --။

ပုဆိုးယေကွက်ပြာ ကွက်တရာ
ခြူခြာသတ်လို့
နပျိုးပင်ကို စုန်လီသတ်ကေ
မိုးလင်းပတ်စီ --။

အာရုဏ်တက်လာ ရောင်ဖြူလာလို့
လူရာလေ ထစ
ချစ်တေမောင်မှာ အသရေရအောင်
ပြန်ရဖို့ယာ --။

ပြန်မည်ဆို ပျိုယေနှမ
ချစ်တေမောင်လေ
ဆံစညို ပျိုယေမက
မှာလိုက်ရစီ
ညနီရီ နီဆီရောက်အောင်
လားပါလီ --။

(ရမ်းဗြဲကျွန်းမှ ဇမ်းကဗျာ)


ဇမ်းဖွဲ့ကတ်မည်
-------------------
အသက်ရှည် လှမေရို့နှင့်
နားမလည် မချေရို့နှင့်
ဒေရက်ဆုံ ဒေပြင်ဝန်းမှာ
ဇမ်းဖွဲ့ကတ်မည် --။

ကျောင်းပါးကတောင်
ရွှီကျောင်းတောင် ဖိုးခေါင်ကြိမ်လုံး
တစိတ်ကာ လူမသုံးကေ
အမြုံမလေ --။

လီယင်ယင် ဆားပြင်စမှာ
ယက်သဲ့ဘောင် ကိုင်ကာထိုးလို့
ငါးယိုးရေလား --။

တရက်ရှာ နပ်စာမပြည့်
ထိုးရေကွန်ချာ
ပုဇွန်ဖြူ မေမစားလို့
ဂြိုးသားရှာခီ --။

ညွန့်ဆယ်ပင် တပင်ပြတ်
မောင်လက်ချယာ ပုယေ --။

သစ်ခ၀ပ်ရာလည်း ပွင့်ဖြူ
မအူရာလည်း ပင်ဖျား
အကိုင်းချေမှာ ငှက်ဝါနားကေ
ရည်းစားဟိလား ပုယေ --။

ကြက်သွန်ပင် အသျှင်မဲ့
ငှက်ဟင်္သာ ပျံကာဝဲ
ရည်းစားမဟိ --။

သဲသောင်သဲသောင် ရွှေသဲသောင်
သဲသောင်ထိပ်မှာ
ဗျိုင်းဟောက်ကေပိုင် ငိုက်လို့
တမန်းပြင် ငါးကိုချောင်း
ရကြောင်းမမြင် ချောလေ --။

ချောင်းဖျားပုစွန် လိမ္မာခံ
ပုဇွန်လိမ္မာ ဗျိုင်းအစာ --။

မောင်နှင့်မေ အတူတူ
လူချင်းကွဲလို့
စိမ်းကားရေလား ချောလေ --။

ပင်နန်းရိပ်ခို လှမေပျိုကေ
ရယ်ချိုပြုံးပြုံး သွားသန္တာကို
ပုဝါဖုံးလို့ မျက်လုံးပရိယာယ်
ချစ်ဖွယ်ပြောလို့
စကားချိုရေ ပုယေ --။

(ရမ်းဗြဲကျွန်းမှ ဇမ်းကဗျာ)


တမ်းလွှဲဇမ်း
----------------
အမောင်အမောင် တိုင်မှာမျှောင်
အမောင်ဇာကရောင် --။

သရက်ပင်ညို ရွက်ရိပ်ခို
လူပျိုပေါက်စ တန်းလွှဲက --။

ကျောက်စရစ်ကေ တန်းတင်
လီရွှင်ကေ သွတ်သွတ်
ပျိုမေရီ ပြင်စိုင်ကေဖြတ်လို့
ရီခပ်ကေ ထွက်လာ
ဘူးပွင့်ရံ ကြာတံပွင့်ကို
တွဲလို့ပါ --။

လူမြင်ကေ ရှက်တေမချိ
ဘူးပွင့်ရံ ကြာတံပွင့်ကို
ရွှတ်ပါဖိ --။

ခယင်ဝါးရှည် ခယင်ဝါးဖျား
တဆစ်ချေကို ဖြီလို့ထွင်း
စံညှင်းကေ ပုလီ
လက်ဆယ်ချောင်းနှင့် ခြောက်ချောင်းချီ
ပုလီစံကျော်
မေရို့နီ အိမ်တောင်ဖက်က မှုတ်ပျာခေါ်
နာပျော်ရေလား
မေ့အသံကို တပ်တပ်ကေ ကြားရေ --။

မေရို့အိမ် မီးလုံးလင်းလို့
ချစ်တေမောင်မှာ မ၀င်ဝံ့ဘဲ
ခြံနားကေ ယောင်လို့ --။

(ရမ်းဗြဲကျွန်းမှ ဇမ်းကဗျာ)


မေတပြည် မောင်တကျွန်း
---------------------------
အယင်ကခါ
ဗာရာဏသီလေမင်းကြီး --။

ရွှေသမင် အားတင်လိုက်ကေ
တောနက်ကလွန်
လူဝံလေမနှင့်
အကြောင်းဆုံ ငြင်းခုံရာလည်းမလွတ်
နဖူးစာ ပါသည့်ဝဋ်ကို
ချွတ်မကျွတ်ယာ --။

မေကားတပြည် မောင်ကားတကျွန်း
မြစ်အလယ် ပိုးခြည်တန်းယောင်
စာကမ်းကတ်မည် --။

(ရမ်းဗြဲကျွန်းမှ ဇမ်းကဗျာ)


ကျမျက်ရည်
--------------
လပြာသို ခွာညိုပွင့်သစ်
မောင်လူပျို မေမချစ်ကေ
ဝေးပစ်ဖို့လား --။

မောင်လူပျို မေမချစ်
ဝေးပစ်သောခါ
တဇာဇာ ငိုခါမျက်ရည်
ကျမျက်ရည် ဆည်မရလို့
မောင်လှသက်နှံ ပျိုမောင်စံ
ဝေယံနန်းမှာ
ဘယ်ကိုကိုလေ ဘယ်ကိုစောင်းလို့
ဘယ်စောင်းမျက်ရည် --။

ညာကိုကိုလေ ညာကိုစောင်းလို့
ညာစောင်းမျက်ရည် --။

သပေါ့ဖျာ မွိရာထက်မှာ
တံဘက်ဖြူ ယူကာအုပ်လို့
ကိုယ်သုတ်ရရေ --။

(ရမ်းဗြဲကျွန်းမှ ဇမ်းကဗျာ)


ဆုတောင်းရေ
----------------
ရမ်းဗြဲမာန်အောင် ကျောက်ဖြူသံတွဲ
စနဲရွာ ခေါ်သည်ရပ်မှာ
စောမဲကျီ တည်ရေဓါတ်ကို
ဖူးကတ်ခီမည် --။

ဆီမီးတတိုင် နှစ်ယောက်ကိုင်
ပျိုင်တပေါက်မှာ
နှစ်ယောက်ထိုင် တူပြိုင်ညှိလို့
ဆုတောင်းကတ်မည် --။

ဆုမကောင်း
ဖျက်တောင်းကတ်မည် --။

ပန်းမစင်
ဖျက်တင်ကတ်မည် --။

မကောင်းကြံ ဖီးရန်မှုကို
ပြုခလို့လား --။

ပန်းမစင်
တင်ခလို့လား --။

ဆုမကောင်း
တောင်းခလို့လား --။

ငှက်မောင်နှံ ပျံကာဝဲ
ကျိမ်ဆဲလို့လား --။

သူ့ရည်းစား
ခွဲခလို့လား --။

သနားဖွယ် ပုချေမေနှင့်
ဒေဘဝေ ဒေဘ၀မှာ
မပေါင်းရကေ
နောင်ဘဝေ နောင်ဘ၀မှာ
ပေါင်းရလီယောင်
မြတ်စိန္တေ ထံတော်ပါးမှာ
ဆုတောင်းရေ --။

(ရမ်းဗြဲကျွန်းမှ ဇမ်းကဗျာ)


အဆုံးစွန်
----------
ဝဲလီပျံလီ သံဂလီ
ပျံလီငှက်ခါး
ကိုင်းဟောင်းကျိုးလို့
ကိုင်းသစ်ရှာ
ရပါဖို့လား
မေစိုင်းစား --။

အဆုံးစွန်ကေ
လက်ပံယေ ကိုင်းမှာ
နားဖို့ကျရေ --။

(ရမ်းဗြဲကျွန်းမှ ဇမ်းကဗျာ)


ရောက်လာလိမ့်မည်
---------------------
ခမောင်းသုံးကြိမ် ကျေးသုံးကြိမ်
သံဂလိမ်သုံးဆင့်
တောမှာဝီကေ ဆင်ဝေပွင့်
ငုံးပန်းပွင့်ယာ --။

ယင်းပိုင်ချိန်ခါ ထီးကိုကိုင်
ရွာစိုင်လျှောက်လို့
ရောက်လာလိမ့်မည် --။

(ရမ်းဗြဲကျွန်းမှ ဇမ်းကဗျာ)


လိုက်ဝန့်ဖို့လား
-----------------
နပျိုးရာလေ တပင်
ဂရင်ရာလေ တပုဒ်
နှင်းမကြွီ လီမသုတ်
ဆင်ပုတ်ရပ်သို့
ရည်မှတ်လာ ပြောပါဖို့လား
ချစ်တေမောင် ပြောစကားကို
မေစိုင်းစားလား --။

သင်္ဘောမာလိန် ရီကိုချိန်
မာလိန်သင်္ဘော
သောင်းသောင်းကျော် ဖောင်တော်ဦးက
လက်မှတ်စာ မောင်ထုတ်ပီးလို့
မလိုက်ဝန့်ပါ --။

အမိခေါ် နောင်တော်မြစ်ကို
မလိုက်ဝန့်ပါ --။

အဖခေါ် နောင်တော်မြစ်ကို
မလိုက်ဝန့်ပါ --။

ချစ်သူခေါ်
လူမတူ မယူမြစ်ကို
လိုက်ဝန့်ဖို့လား --။

(ရမ်းဗြဲကျွန်းမှ ဇမ်းကဗျာ)


ပြန်မရွှတ်
-----------
တခွန်းခေါ် အိုလေရွှီနား
နှစ်ခွန်းခေါ် အိုလေရွှီနား
သုံးခွန်းတက်မှာ
မောင်ခေါ်သံ ညံညံကြားလို့
ဘုရားထူးရေ --။

ဘုရားဆို အလိုမဟိ
တရားဆို အလိုမဟိ
ပုချေဆို အလိုဟိ
ခေါ်မိစွာရာ --။

လပကောင်းယာ
တောက်လီယာ
လာရာလာလတ်
ပြန်မရွှတ်ပါ မောင်းမောင် --။

(ရမ်းဗြဲကျွန်းမှ ဇမ်းကဗျာ)


နွားလိုက်လားရေ
-------------------
နွားပတုန်းရာလည်း တွဲတွဲ
မိနှင့်ဖမှာ မွီးစပ်တေ
နွားချေနောက်က
မလိုက်ခင် မိခင်ကဆဲ --။

ခလောက်ကိုယူ ချစ်တေသူ
နွားဖြူနောက်က
မက္ကလာ နံမှာကျိုက်လို့
နွားလိုက်လားရေ --။

(ရမ်းဗြဲကျွန်းမှ ဇမ်းကဗျာ)


စိတ်ရူးရေ
------------
မိုးမင်းညို
မရွာတချက် ရွာတချက်
ကြောင်းပျက်တေလေ --။

မောင်လူပျို
မလာတရက် လာတရက်
စိတ်ပျက်တေလေ --။

ချောင်းဖြားရီ
ချောင်းရီတထူး
အညာခွင်ကို မ၀င်ဖူးကေ
ဖြားရူးရေလေ --။

ညရီတလီ ညဥ့်ရီတထူး
မောင်လူပျိုလေ
မေ့အိမ်ကြောက်ကို မ၀င်ဖူးကေ
စိတ်ရူးရေလေ --။

(ရမ်းဗြဲကျွန်းမှ ဇမ်းကဗျာ)

ပူဆိပူဆာ
------------
ကိုင်းလီကိုင်းလိုင်း
သစ်ကိုင်းထက်မှာ ဗျိုင်း --။

ဗျိုင်းကားဇာဖို့ နားရုံ
ငါးမြင်လို့ နားရေရာ --။

ငါးကဇာဖို့ ပေါ်ရုံ
ရီနောက်လို့ ပေါ်ရေရာ --။

ရီကဇာဖို့ နောက်ရုံ
ကျွဲစိမ်လို့ နောက်တေရာ --။

ကျွဲကဇာဖို့ စိမ်ရုံ
ပိုးကိုက်လို့ စိမ်ရေရာ --။

ပိုးကဇာဖို့ ကိုက်ရုံ
မိုးရွာလို့ ကိုက်တေရာ --။

မိုးကဇာဖို့ ရွာရုံ
ဖားအော်လို့ ရွာရေရာ --။

ဖားကဇာဖို့ အော်ရုံ
မြွီမျိုလို့ အော်ရေရာ --။

မြွီကဇာဖို့ မျိုရုံ
ပူဆိပူဆာ မနီသာလို့ မျိုရေရာ --။

(ဗိုလ်မင်းထောင်မှ ဇမ်းကဗျာ)

Thursday, April 16, 2009

ဒေးဝန်းအောင်ကျော်ရွှီ၏ကိုယ်တွိရခိုင်ပြည်သိမ်းတိုက်ပွဲမှတ်တမ်း (အစ/အဆုံး)


ဒေးဝန်းအောင်ကျော်ရွှီ၏ကိုယ်တွိရခိုင်ပြည်သိမ်းတိုက်ပွဲမှတ်တမ်း (အစ/အဆုံး)
-------------------------------------------------------------------------------
(ပင်းဝါ၊ မြောက်ဦးသိမ်းတိုက်ပွဲ)

ဇေယျန္တု။ ။ ဗောဓိမည်ရ၊ မုနိန္ဒသည်လောကသျှင်၊ သောင်းရပ်ခွင်ဤလူ့မြီ၊ ပွင့်လာဘိသည်၊ မုနိသမ္ဗုဒေ၏၊ သီဒါဝယ်သဲလုံးရှိ၊ ဒွေးပါဒတော်၊ စုံနှစ်ဖော်ကို၊ ကျွန်သာလက်ဦးပီး၍၊ ကြောင်းဦးလျှောက်တင်ပါမည်၊ သောင်းဇမ္ဗူဝယ်၊ သျှင်လူရွှီနားတည်လော့။ မိစ္ဆိမည်နောက်ရပ်သာ၊ အန္ဒိယတိုင်းပြည်မသည်၊ ထက်မှာနတ်ဘုံသာသို့၊ မြစ်ဂင်္ဂါသီတာလည်း၊ သမုဒ္ဒရာ၊ လေးမျက်နှာသည်၊ ပတ်ကာဝန်းလျှက်နီ၏။ ဘိလပ်ပြည်မြို့စက္ကြာ၊ အိမ်ရာစီသည်၊ ပဆာမင်းတုံသော်ကား၊ ထက်ဒေ၀ါဟန်မပြား၊ လေးယောက်မောင်ပင်၊ ဝေဟန်သျှင်သည်၊ ဘုံခွင်မိုဃ်းသကြားသို့၊ သျှင်မင်းများထံတော်ဝယ်၊ တရာ့တစင်း၊ ထီးဆောင်းမင်းရို့၊ မကြွင်းခရိုသေလျှက်၊ ဘဏ္ဍာငွေခန့်ဇနာ၊ အဖူးလက်ဆောင်၊ များမြောင်ဆက်သွင်းပါ၏၊ မင်းမြတ်စွာအဏာနှင့်၊ ကုလီကတ္တာ၊ ရွှီမြို့တော်ဝယ်၊ ဗော်ရော်လာသတ်ကလည်း၊ နှုတ်သံမြအမိန့်တော်၊ ငါစိုးအုပ်သည်၊ အရှိတောင်ဖက်ဝယ်၊ ခေါ်တွင်ကာစစ်တကောင်း၊ မြို့ဝန်အရာ၊ ခန့်အပ်ပါသည်၊ ၀ါနော်သပ်ဖလောင်းရို့၊ လျှင်ကြောင်းစီလွှတ်ခါ၊ ၀ါနော်သပ်လည်း၊ မင်းမြတ်၏အာဏာနှင့်၊ ချီကြွလှာတုံပေငြား၊ ဆိုက်ရောက်ပါသော်၊ မြို့မှာမူးမတ်များနှင့်၊ မျိုးလေးပါးသူတကာ၊ မိမ္မယောက်ျား၊ တိုင်းပြည်သားမှာ၊ မိဘရောက်ပြန်လာသို့၊ အုပ်ချုပ်ကာစီရင်ငြား၊ မရမာသည်၊ ဘာသာစပ်တခြားနှင့်၊ လိမ္မငြားတတ်ပွန်သူ၊ အမီးပုစ္ဆာ၊ ပြဿနာကို၊ ကျီအောင်ဖြေမည့်လူဟု၊ တွေးဆယူရှာသောအခါ၊ ပွင့်သစ်ပန်းသွင်၊ မေ့ထိပ်တင်သည်၊ သခင်ကိုတွေးမြော်၏။ ခေါ်တွင်ကာလူအများ၊ မောင်သော်တလီ၊ အောင်ကျော်ရွှီသည်၊ သက်ဝီမေ့ထိပ်ထားကို၊ မြော်မြင်ငြားလူတကာ၊ ရင်၌မွီးသည်၊ သားကြီးဟန်ပမာသို့၊ မြို့ဝန်သာ ဝေါနော်သတ်၊ မေ့ချစ်မောင်ကို၊ စိတ်တွင်လောဘကပ်လျှက်၊ မပြတ်ငါ့ထံမှာ၊ တိုင်းပြည်ကိစ္စ၊ ဟူသမျှသည်၊ တခုမကျန်ပါအောင်၊ ဆောင်ရွက်ကာနီရမည်၊ စားစရိပ်မှာ၊ တလငွေနှစ်ဆယ်ကို၊ မပြတ်စီပီးမည်သာ၊ အာဏာချသည်၊ ရှိကတောင်းဆုပါ၍၊ သက္ကရာဇ်မှာထောင်ဖြစ်၊ တရာ့သျှစ်ဆယ်၊ စွန်းဝယ်နှစ်ခုနှစ်ဝယ်၊ အချစ်မေ့သခင်၊ စစ်တကောင်းသည်၊ ဖလောင်းမင်းရင်ပြင်၌၊ တိုင်းပြည်တွင်မှုကိစ္စ၊ ပေါ်ထွက်ရာကို၊ ဖြီဖျော်မိုးမစက၊ ယင်းမှာနီသူရို့မှာ၊ ရီခမိုးကို၊ ချမ်းချမ်းဖက်နီပါသို့၊ ပျော်ပါးကာအသွယ်သွယ်၊ ချမ်းငြိမ်းလှသည်၊ ထက်မနတ်ဘုံပြည်သို့၊ ရွှင်စမ္ပါယ်နီကြ၍၊ မေ့ချစ်မောင်ကို၊ နတ်လူသထာ၏လေး။

နတ်လူသထာ၊ နီလျှင်းပါသည်ယင်းခါတွင်၊ ထောင်ကျော်လျှင်သက္ကရာဇ်၊ တရာ့သျှစ်ဆယ်၊ စွန်းဝယ်ငါးခုနှစ်ဝယ်၊ ခေါ်တွင်လိုက်သျှင်မဖြူ၊ ထိုကျွန်းငယ်မှာ၊ စောင့်နီရဲမက်လူကို၊ အောက်သားမူသျှမ်းရို့သာ၊ ဆိတ်ဖာအိပ်ကို၊ ခေါ်၍သတ်ဖြတ်လာလျှက်၊ အပိုင်သာခံလိုငြား၊ ရန်စရှာသည်၊ ယင်းမှာသျှမ်းအောက်သာရို့၊ ပြုကျင့်ငြားထိုခြင်းရာ၊ (ဆက်) လာသတ်မင်း၏၊ မယွင်းရွှီနားတော်ဝယ်၊ ကြားလီသောထိုခါ၌၊ ကတ်တင်ခေါ်မှတ်၊ ဘေးကာသတ်နှင့်၊ ၀ီသတ်ကိုစေလွှတ်ကာ၊ လွတ်လွတ်ထွက်ချီကြွလာ၊ စစ်တကောင်းမှာ၊ လျှင်ပြင်းရောက်တုံပါက၊ ရခိုင်မှာမူးမတ်သား၊ အောင်ကျော်ပန်းရွှီ၊ သော်တလီသည်၊ ပြည်ဆီမှုရီးများကို၊ သိကျွမ်းငြားဆောင်ရွက်သူ၊ ၀ါနော်သတ်သည်၊ လွတ်လွတ်ပီးအပ်တုံက၊ ကာနယ်မှာသုပိလုင်၊ ဗဲကာသတ်နှင့်၊ ၀ိသတ်ကတ်တင်လည်း၊ ၀မ်းသာရွှင်အားကြီးရ၊ မေ့ချစ်မောင်ကို၊ ယူဆောင်ချီကြွလားလျှက်၊ ကာသတ်ကပြုစုရာ၊ ဖလောင်းချိတ်မှာ၊ လျှင်စောရောက်လီပါက၊ ဗဲကတ်သာလူသူများ၊ တထောင်ကျော်ကို၊ ထိုခါစုဆောင်းကြားလျှက်၊ ခေါ်ယူလားချီလီခါ၊ သျှင်မဖြူနှင့်၊ ငတ်မော်ဆိုက်ရောက်ပါက၊ တပ်တောင်တာစွဲကိုင်ငြား၊ မေ့သက်သျှင်သည်၊ ယင်းတွင်ခြင်္သေ့လားသို့၊ တသောသောနီကြခါ၊ တလိုင်းအောက်သား၊ သျှမ်းအများသည်၊ ပြီးလားခြုံထဲမှာ၌၊ ပုန်းယှောင်ကာနီလီငြား၊ တုမပြိုင်ဘဲ၊ ရိုင်ရိုင်နောက်ဆုတ်လား၍၊ သျှင်မင်းဖျားလာလတ်မည်၊ မြို့ဝန်ဟူမှတ်၊ ဝေါ်နော်သတ်ကို၊ လွတ်လပ်ခေါ်တွင်ပေလျှက်၊ ကိုယ့်တိုင်းပြည်အထဲမှာ၊ လိမ္မာသော်က၊ တတ်စွမ်းလှသည်၊ ရှိကလောင်းမဟော်သို့၊ ရဲစွမ်းရာဗန္ဓုလ၊ တူသောသူသည်၊ ပြည်တွင်မှုးမတ်ကလည်း၊ ခေါ်တွင်ကြလူတကာ၊ ရာပသိန်သတ်၊ တုလွတ်ဖက်မဲ့သာတည်း၊ အမတ်တော်ချီလားလီ၊ ရန်ဟိရာကို၊ စင်အောင်ထိုးထွင်းလီလော့၊ ရခိုင်ပြည်တရိုးမှာ၊ သျှမ်းအောက်သားသည်၊ ကျားရဲဟန်ပမာသို့၊ စွဲလန်းကာမွှီနှောက်စား၊ လူ့မိစ္ဆာကို၊ ပါယ်ခွာနှင်ထုတ်ငြား၍၊ အင်းဝစားသျှင်ဘုရင်၊ လက်ဝင်ပိုင်ထား၊ တိုင်းပြည်များကို၊ သိမ်းငြားယူခီကျင်လျှက်၊ ငါ့ထံတွင်ဆက်ရမည်၊ ချတော်ပြု၍၊ ယင်းကစေခန့်ပေသည်၊ တိုင်းပြည်ရခိုင်သို့လေး။

ရခိုင်တိုင်းပြည်၊ ချီလားမည်အမှန်သာ၊ ဇော်နေခေါ်ဟရီသျှိန်ဗိုလ်ချုပ်ကြီးမှာ၊ ရဲမက်တော်ကို၊ ညီစွာစုရုံးပြီးမှ၊ အမြောက်ကျီဗုံးစကြာ၊ မီးကျည်တန်းကို၊ လျှင်မြန်ဆောင်ခဲ့ပါ၍၊ ငါ့နောက်တော်လိုက်ရမည်၊ ရာပသိမ်သတ်၊ မင်းမြတ်နှုတ်တော်ဝယ်နှင့်၊ ချခေါ်ပေတုံသောခါ၊ လေးပါးစစ်အင်၊ မွန်းဖျင်ပြည့်မျှပါလျှက်၊ ချီကြွလာတသောသော၊ စစ်တကောင်းမှာ၊ လျှင်ကြောင်းရောက်လာငြားက၊ ဗိုလ်လူများထားခပါ၊ ရာပသိမ်သတ်၊ မင်းမြတ်ချီကြွလာလျှက်၊ ငတ်မြစ်မော်သျှင်မဖြူ၊ ကျွန်းတွင်တည်ငြား၊ တပ်အုံများကို၊ မင်းဖျားရှုတော်မူ၍၊ စံပျော်တုံနီသောခါ၊ အောက်သားတမန်၊ နားခံမောင်လုံးလာလျှက်၊ စကားသာပြန်တတ်ငြား၊ အသနာလီကဒီ၊ ထိုကုလားနှင့်၊ အောက်သားများလာ၍သာ၊ သည်တခါကို၊ ကျွန်တော်တို့မိုက်ပါ၏၊ စောင့်ရာနီသူရို့ကို၊ သတ်ဖြတ်ရာဝယ်၊ ချမ်းသာပီးခဆိုလျှက်၊ တပ်တော်ကိုနှုတ်ပါလီ၊ သျှင်မဖြူကို၊ ကျွန်တော်တို့ပိုင်သည်ဟု၊ ခါရံဝယ်တဆိုက်သာ၊ မြန်မာမျိုးသည်၊ ကူး၍မလားပါတည်း။ အမှားသာခံတုံငြား၊ လျှောက်ခြင်းရာကို၊ သခင်နားတော်ကြားက၊ ထင်မှတ်ငြားကယ်ကောင်းသာ၊ ရာပသိမ်သတ်၊ မင်းမြတ်ရွှီနှုတ်ဝါနှင့်၊ တပ်တောင်တာအလုံးကို၊ နှုတ်သိမ်းယူ၍၊ လွယ်ကာချီတက်ဆိုက၊ ကောင်လောင်ဗိုလ်သူပီလုင်၊ ဗိုလ်လုံးသားသည်၊ သောသောပြန်တက်ကျင်၍၊ ပင်းဝါခွင်ဖလောင်းချိတ်၊ ရောက်ကြလာသည်၊ ကမ္ဘာမြီလုံးထိန့်မျှ၊ စုရုံးပြီးနီကြခါ၊ (ဆက်) ရခိုင်သားသည်၊ တခြားဇာတ်ဘာသာကို၊ သူရဲတော်သွင်းရမည်၊ ပွင့်သစ်ပန်းသွင်၊ မေ့သက်သျှင်ကို၊ ယင်းတွင်ဆင့်ဆိုပေလျှက်၊ ကတ်တင်ဝယ်ပိန်းကော်သတ်၊ နှစ်ယောက်စုံသည်၊ တိုင်ပင်စုဆောင်းကြပ်၍၊ ခန့်အပ်ဘိထား၍ပေ၊ ရာပသိမ်သတ်၊ မင်းမြတ်တက်လားလီ၏။ ရခိုင်ပြည်လူရို့ကို၊ မေ့သခင်သည်၊ ယင်းတွင်ပြောဟောဆိုလျှက်၊ ကုလားလိုစဖာအိပ်၊ ငါးရာကျော်ကို၊ ထိုခါစုဆောင်းပီးက၊ (----)၊ သေနတ်ခြင်းကို၊ မကြွင်းမကျန်ပါအောင်၊ ပြသကာသင်၍ပေ၊ ကတ်တင်ခေါ်မှတ်၊ ပိန်းကောသတ်လည်း၊ လှည့်ပတ်ကဇာတ်နီသည်၊ ရပ်မြီပင်းဝါကလေး။

ရပ်မြီပင်းဝါ၊ ကဇာတ်ပါ၍နီခါလျှင်၊ ရခိုင်တွင်စောင့်နီငြား၊ အတွင်းဝန်သည်၊ ဧကန်သျှမ်းအောက်သားကား၊ ငယ်နာမမောင်စံသာ၊ အခွန်ဝန်သည်၊ ငအောင်မာန်ခပါနှင့်၊ ရခိုင်မှာဝန်ပြုသူ၊ မောင်စံပျော်လည်း၊ သည်ခါကောင်းမည်ဟူ၏။ နားခံတော်မောင်လုံးခေါ်၊ စွန်းလွန်းဗိုလ်နှင့်၊ နားခံထားလီသတည်း။ စာရွီးတော်င၀ိုက်ကေ၊ တလိုင်းအောက်သား၊ သျှမ်းကုလားရို့၊ အများစုဆောင်းပေလျှက်၊ ပင်းဝါမြီအရပ်မှာ၊ တိုက်ခိုက်ရသော်၊ ငါတို့နိုင်ရပါအံ့၊ အရှိမှာသျှင်ဘုရင်၊ ကြားလီငြားသော်၊ သူကောင်းပြုမည်ထင်၏။ တိုင်ပင်ကျင်ပြောဟောငြား၊ နောက်မမြင်သည်၊ လူပင်သျှမ်းအောက်သားရို့၊ အမှားမှားသူယုတ်မှာ၊ ဗိုလ်တပ်များနှင့်၊ ကြွလားချီ၍လာက၊ ပုရိန်ရွာကုလားပေ၊ ဗိုလ်ငဖြူလည်း၊ သည်ခါရပါမည်ဟု၊ ကျွန်းအုပ်ဝယ်ရခိုင်သား၊ ငပြီကြီးလည်း၊ လောဘစိတ်ဟိပါများ၍၊ အမ်းစားသားသာကျော်ဝေ၊ ရွှီငွေင်္ဒဂါး၊ ကျွဲနွားကျွန်ရမည်ဟု၊ မှတ်၍ပေသုံးယောက်သား၊ ချိတ်ချိတ်ရယ်ကာ၊ ယင်းခါဝမ်းကြီးသာ၍၊ ကခုန်ကာပြီး၍ပေ၊ အောက်သားနောက်သို့၊ ကပ်လျှက်လိုက်လတ်သတည်း။ ပုန်းလျှိုးထွေလာလတ်မြောက်၊ ဝေလာတောင်မှာ၊ မှန်စွာတပ်ရပ်ရောက်က၊ ပါယ်လွန်မြောက်လားကြခါ၊ ရုတ္တနာသည်၊ ပလ’င်တပ်ဦးမှာ၌၊ စောင့်နီရာလုတ္တင်သတ်၊ ကတ္တင်ငယ်ကို၊ ယင်းတွင် တိုက်ခွတ်ဖြတ်က၊ ညဥ့်လတ်သန်းခေါင်မှာ၊ ဘက်မမျှ၍၊ ဆုတ်လျှက်လာကြပါ၏။ ပင်းဝါမှာပိန်းကောသတ်၊ တပ်ဟိရာမှာ၊ ပေါင်းကာနီလျှင်းကြပ်က၊ အောက်သားသွတ်တလိုင်းမှာ၊ ကတ်တင်ခေါ်မှတ်၊ ပိန်းကောသတ်ကို၊ လိုက်၍တိုက်ပြန်လာလျှက်၊ (-----)၊ ဟိရာရာကို၊ ဖွေရှာဖမ်းဆီးထား၍၊ သတ်ဖြတ်ငြားအလီလီ၊ မီးထင်းတိုက်လောင်၊ ကုန်အောင်ညက်ညက်မွှီ၏။ ပင်းဝါမြီဇရပ်တွင်၊ ရာဇာဖက်မှာ၊ တပ်မစွဲလုပ်ကျင်လျှက်၊ နီခါလျှင်တုံကပေ၊ ဟာလဘင်းပင်းဝါ၊ စုက္ကရာနှင့်၊ ငတ်မော်အရပ်မြီ၌၊ ဟိပါသည်လူသူများ၊ ချင်းနှင့်ကယင်၊ မြုံလျှင်ဒိုင်းနက်စသား၊ နှမ်းရွေးသားခွင့်မပီးပေ၊ လင်းကဲပေါင်းစုံ၊ သက်မူသျှမ်းစုသည်တည်း၊ တောင်မြိုငယ်အရိုင်းများ၊ ကုလားမရမာ၊ ပြီး၍လာသည်၊ ကိုယ့်မှာသားမယားနှင့်၊ တသောသောလာကြရာ၊ စစ်တကောင်းသည်၊ ဖလောင်းမင်းနီရာသို့၊ ရောက်ကြလာတုံပြီးမှ၊ ချမ်းငြိမ်းသာယာ၊ ဟိကြပါသည်၊ ထိုခါတဲအုံချ၍၊ ဆိုင်းသော်နီကြခါဝယ်၊ ၀န်တင်ကျွဲနှင့်၊ တိုက်ကျွဲတောင်းလတ်ပါက၊ စုဆောင်းကာရှာလျှက်ပေ၊ လိုသည့်ဝန်ကို၊ ယင်းမှာပီးဆက်သည်တည်း။ စံရှီဖွေကျွန်းအုပ်ကား၊ ဖလောင်းသျှေသာ၊ ကျီစိုးအရာစား၍၊ ငှဝီငြားပီးလျှက်ပင်၊ ၀န်တင်လှည်းကို၊ အုပ်ချုပ်၍စီရင်၏။ ဗိုလ်ချုပ်လျှင်မာရသျှိန်၊ ၀မ်းကြီးသာ၍၊ ယင်းခါချီမွှမ်းပီးလျှက်၊ ရင်၌မွီးသားပမာ၊ လုံးလှပွတ်တန်၊ မေ့သက်နှံကို၊ အမှန်ချစ်နှစ်ပါ၏။ (အဆက်ပြတ်)

ရာပသိမ်သတ်၊ မင်းမြတ်နှုတ်ရွှီစာနှင့်၊ ရခိုင်မှာမှုးမတ်ကား၊ အောင်ကျော်ပန်းရွှီ၊ သော်တလီသည်၊ ငါ့ဆီရောက်စီသောဟု၊ ခေါ်ယူငြားလီသောခါ၊ ပွင့်သစ်ပန်းသွင်၊ မေ့သက်သျှင်သည်၊ သခင်ရောက်လီပါက၊ ၀မ်းပန်းသာအားကြီးရ၊ ရင်၌မွီးသည်၊ သားကြီးပင်မကတည်း။ ချစ်မြတ်လှဆိုလျှက်ပေ၊ ခုနှစ်ဆက်သည်၊ ကောင်းမှုဟိဖူးလီ၍၊ တွိကြုံသည်မှန်တည့်တည့်၊ ပွင့်လောင်းလျှာသည်၊ သခင်ဘုန်းကြောင့်တည်းလေး။

ဘုန်းကြောင်ဧကန်၊ တွိကြုံပြန်သည်အမှန်သာ၊ မင်းမြတ်စွာနှုတ်တော်က၊ ကုမ္ဘဏီသည်၊ အသျှင်ရီးကိစ္စ၏၊ လိုသမျှအကုန်ပေ၊ ကြိုးစားဆောင်ကြံလျှက်၊ မှန်မှန်ထမ်းရွက်ပေက၊ ရခိုင်ပြည်ရကာလ၊ စိတ်ဟိရာကို၊ ထိုခါကြံတွေးဆလျှက်၊ လိုသမျှအကုန်ပေ၊ ငါမစ၍၊ သူကောင်းပြုခမည်ဟု၊ ဟမြွက်ထွေဆိုသောခါ၊ မေ့သခင်သည်၊ ယင်းတွင်ဝမ်းကြီးသာလျှက်၊ နောက်ကိုသာမျှော်ထောက်ထား၊ အခမေးနာ၊ သူကားငွေတပြားမျှ၊ မစားမယူပါ၊ လိုသရိကို၊ ထမ်းပိုးရွက်ဆောင်ပါ၍၊ အရှိမှာရန်ငုမ်ဝယ်၊ ငါးရာလူကို၊ လျှင်လျှင်လွှတ်ချင်သည်ဟု၊ ဟမြွက်ထွေဆိုလတ်ခါ၊ ကောင်းရာလူကို၊ လွယ်ကူရွီးချယ်ပါလျှက်၊ ငါးရာသာရခိုင်သား၊ မေ့သက်သျှင်သည်၊ ယင်းတွင်ပီးတုံငြားက၊ လှီသင်္ဘောနှစ်စင်းမှာ၊ တင်ယူဆောင်၍၊ လျှင်အောင်လားလီပါ၏၊ ပညာခေါ်လမ်းထွင်သား၊ ငါးရာလူကို၊ လွယ်ကူတောင်းလတ်ငြားလည်း၊ ရခိုင်သားလူငါးရာ၊ ဖောင်သာရှီကို၊ အကြီးခန့်အပ်ပါ၍၊ ဣသျှီကာကာတင်သတ်၊ ဣရာဇီကို၊ အကျွန်လက်တည့်အပ်က၊ လွန်ချစ်မြတ်ဝမ်းကြီးသာ၊ ရခိုင်သားသည်၊ ဘေးကပ်ငါးထောင်ကျော်နှင့်၊ သူရဲတော်ရို့စီးနင်းရန်၊ လှီများအားလုံးစွာကို၊ စုဆောင်းကာရှာ၍ပေ၊ ပွင့်သစ်ပန်းဟန်၊ မေ့သက်နှံသည်၊ လျှင်မြန်ပီးအပ်သည်တည့်။ ရခိုင်ပြည်လားဖူးသူ၊ ကုန်းကြောင်းလမ်းနှင့်၊ ရီကြောင်းလမ်းနှစ်ပါးစုံကို၊ ပြနိုင်သူပီးရမည်၊ ရခိုင်ပြည်ခြင်း၊ နီပုံခင်း၍၊ လျှင်ပြင်းခုပြပေလော့၊ ဟမြွက်ထွေဆိုလတ်ခါ၊ နီပုံခင်း၍၊ ချက်ချင်းပြသပါလျှက်၊ လမ်းသိမှာထွန်းပေါ်ဝေ၊ ဖသက်နှံနှင့်၊ ချီးခံသတိုးဝေကို၊ ခေါ်ယူထွေတုံပြီးခါ၊ ကတ်တင်ဟူမှတ်၊ ဒေါင်ရောင်မော်သတ်ကို၊ လွတ်လွတ်ပီးအပ်ပါက၊ ၀မ်းကြီးသာအားပါးရ၊ သျှင်မင်းကြီးကို၊ ယင်းတွင်ချီမွှမ်းကြ၏၊ ခုပြီးမှငါလားမည်၊ ရဲဗိုလ်ပါလည်း၊ မကြာခုစုံစီဟု၊ ဟမြွက်ထွီဆိုသောခါ၊ သိန်းသန်းကုဋီ၊ ဗိုလ်ခြီအများလာလျှက်၊ ခြီရင်းတွင်စုရုံး၍၊ များဗိုလ်ပါသည်၊ မကြာရောက်လာ၏လေး။

ရောက်၍ဧကန်၊ ချီတက်ပြန်မည်အမှန်သာ၊ မင်းမြတ်စွာနှုတ်တော်က၊ ရောင်ဇနောင်ကို၊ ယင်းတွင်အဏာချ၍၊ သင်္ဘောနှင့်လှီရို့မှာ၊ သူရဲပျံသည်၊ အမှန်ရဲမက်တော်လည်း၊ ဂုရာသာစီးရမည်၊ ပြောင်းကြီးဇ၀ါ၊ ဗုံးစကြာကို၊ ယင်းမှာတင်ယူပေလော့၊ ကုန်းကြောင်းဝယ်တစလား၊ ရထားမြင်းဆင်၊ လှည်းငင်ဝန်တိုက်နွားနှင့်၊ ရဲမက်များထောင်သောင်းကို၊ ရခိုင်ဗိုလ်မှတ်၊ ဒေးသျှိန်သတ်သည်၊ မပြတ်တပ်ဦးချီလော့၊ နောက်ရပ်မြီသူရဲဖော်၊ စပါအိတ်သည်၊ ဟိန္ဒုတ်သားနီသာတည်း။ (-----)၊ မြင်းစီးမှာမောင်းဂွတ်က၊ မီးကျည်တန်ခေါ်၊ လက်နက်တော်ကို၊ လျှင်စွာယူဆောင်ခလော့၊ သေနပ်နှင့်လှဲကမံ၊ လက်နက်များကို၊ ပီးအပ်နှံ၍၊ ကြီးစည်သံဗောမှုတ်ကာ၊ ခရာထွက်သည်၊ တိမ်ထွတ်ထက်အာကာမှ၊ တီးမှုတ်လာဟန်မပြား၊ သောင်းဇမ္ဗူဝယ်၊ ထိန့်ဆူကျော်နှံ့ကြားမျှ၊ တသောသောချီကြခါ၊ ရာပသိန်သတ်၊ မင်းမြတ်၏နောက်တော်ဝယ်၊ ပွင့်လောင်းလျှာမေ့ကြင်စ၊ ကပ်၍ပါသည်၊ ဆံမြွှာမယွင်းခွတည်း။ မှုးမတ်ကားအထဲမှာ၊ ဖွဲ့ဒါကြီးသည်၊ အသောင်းအဒူလာနှင့်၊ အဟောဒါမာတဒိန်၊ အစီရင်ထွေ၊ တိုးအောင်ကြွယ်သည်၊ အကယ်ပါလျှင်းလီ၏၊ တိုင်းရပ်မြီရခိုင်မှာ၊ ဒါးပိုင်ကြီးသည်၊ ရှိကအမတ်တော်၏၊ ရင်တွင်းမျှော်ကျူး၍ဖွား၊ ထိန့်ထိန့်ဆူသည်၊ ဇမ္ဗူကျွန်းလုံးကြား၏၊ သားကြီးကားအမ်းစားသာ၊ မေ့သက်သျှင်လည်း၊ ယင်းခါနောက်တွင်ပါလျှက်၊ ခေါ်တွင်ကာတိမ်ကြားဗိုလ်၊ မာလုံသတ်သည်၊ ရီကြောင်းချီလီဆိုက၊ နောက်တော်ကိုပါလီငြား၊ သိန်းသန်းဗိုလ်ခြီ၊ အင်္သချီသည်၊ မြီဝယ်မွန်းမျှလား၏၊ ချီတက်ငြားလားလီခါ၊ စစ်တကောင်းသည်၊ မြစ်မကိုကူးပါလျှက်၊ တက်လီသော်လက်ဝဲနား၊ ဘောင်းဒွတ်တောင်ကို၊ ပါယ်ယှောင်လွန်ကျော်လားက၊ လက်ယာနားပြင်ကြီးသာ၊ ဖောက်ကျီဈီးကို၊ လွန်၍လားလီပါလျှက်၊ ကန်ရှည်မှာဆိုက်မနား၊ ဟာလဘင်းခေါ်၊ စုက္ကရာကို၊ လျှင်စွာချီတက်လားသော်၊ ရီကင်းနားဆည်ကြီးသာ၊ ပတ္တလီကို၊ ထိုခါဆိုက်ရောက်ပါ၍၊ ပင်းဝါရွာမရောက်ခင်၊ ရခိုင်ဝန်သာ၊ မောင်စံပျော်သည်၊ ယင်းမှာကြားလီကျင်၏၊ သားမောင်ပင်င၀ိုက်ကေ၊ ငါရို့သက်သည်၊ အခုသီရမည်ဟု၊ ဖက်ယပင်းငိုကြခါ၊ အတွင်းဝန်သည်၊ မှန်မှန်ကြားလီပါ၍၊ ကြောက်ဝှန်ကာတုန်လှုပ်ငြား၊ မိုးဦးခါသည်၊ ဖားသော်မြည်သောလားသို့၊ တသောသောငိုလျှက်သာ၊ တပ်လုံးသားသည်၊ ထွက်လားပြီးလီပါက၊ ဖမ်းဆီးကာရှာမရ၊ တစစ်အောင်သည်၊ ငရို့အသျှင်ဘုန်းကြောင့်နှင့်တည်း။ ချီတက်ကြွလိုက်လီခါ၊ ဖလောင်းချိတ်မှာ၊ လျှင်စွာရောက်တုံပါလည်း၊ တောင်ကိုသာမျှောင်ကာလား၊ ရဲစုချောင်းလွန်၊ ချီတက်ပြန်သော်၊ အမှန်မတန့်မနားတည်း။ ပန်းမော်ကားလက်ဝဲသာ၊ သင်းပေါင်းချောင်းကို၊ ပါယ်၍လွန်ခပါလျှက်၊ မြင်းမျက်နှာတောင်အနား၊ လားလီပါသော်၊ ငတ်မော်ဆိုက်ရောက်ငြားက၊ ရဲမက်များသိန်းဗိုလ်ပါ၊ ညောင်းညာဖြီလျှက်၊ ဆိုင်းငံ့နီရပါသည်၊ မောင်တောတပ်မှာတည်းလေး။

မောင်တောတပ်မှာ၊ ဆိုက်ရောက်ပါသည်ယင်းခါတွင်၊ ဥာဏလျှင်မြို့စာရွီး၊ လက်ဝဲဖက်မှာ၊ တပ်မတော်ကို၊ ဖြိုကာထွက်၍ပြီးလျှက်၊ ကြောက်ဝှန်ကြီးတုန်လှုပ်ကာ၊ အောက်သားပျက်သည်၊ လျှို့ဝှက်နီလီပါက၊ ယင်းသောခါငရို့သခင်၊ အနောက်ငယ်ကို၊ လက်ဝယ်သိမ်းယူကျင်၍၊ အစလျှင်ပဌမ၊ နှောင်းဖော်ရွှီကို၊ ကျွန်းအုပ်ခန့်ပီးခလျှက်၊ ချီတက်ကြွလားကြခါ၊ အလယ်သညာ၊ ကုလားရွာမှာ၊ လျှင်စွာရောက်လီပါက၊ ယင်းတွင်သာဆိုက်မနား၊ ကျောက်ပန်းစွယ်ကို၊ လက်ယာပါယ်ယှောင်ထားလျှက်၊ တသောသောချီကြခါ၊ ပြည်ထိပ်မှတ်သည်၊ မယူနတ်ကြီးမော်သို့၊ ဆိုက်ရောက်ခါတုံပြီးမှ၊ များဗိုလ်ပါသည်၊ ယင်းတွင်တပ်ကြီးချ၍၊ တန့်ရပ်ကြနီသောခါ၊ (-----)၊ သင့်ရာသားနှင့်၊ မိမ္မသားသူငယ်များ၊ ဥပမာသည်၊ သားလင်ရောက်လာငြားသို့၊ ရွှင်ပျော်ပါးဝမ်းကြီးသာ၊ (ဆက်) အဖူးလက်ဆောင်၊ များမြောင်ပို့ဆက်လာ၏၊ ချီတက်ကာတသောသော၊ ဦးရာဇ်တောင်သည်၊ သျှင်ပင်ဓါတ်ရောက်ငြားက၊ အထွတ်ဖျားစေတီမှာ၊ တင်းခွန်ကုက္ကား၊ မုလေးပွားကို၊ လျှင်ငြားပူဇော်ပါလျှက်၊ လားလီကတုံခါပေ၊ ကုလားပုံးကို၊ လက်ဝဲထားခသည်တည့်။ ဆင်ခံဝယ်ဆိုက်ရောက်က၊ ငရို့သခင်သည်၊ ယင်းတွင်တပ်ဦးချလျှက်၊ ကုလားကအဟောဒါ၊ မာတဒိန်ကို၊ စာနှင်စီလွှတ်ပါ၏၊ ချောင်းဖလာတပ်ထဲဝယ်၊ တလိုင်းအောက်သား၊ သျှမ်းအများကို၊ လျှင်လျှားထွက်လားစေဟု၊ ကြံကာပေနီသောခါ၊ နင်ရို့များသည်၊ ကျင်းကျင်းအကုန်စွာကို၊ ရဲမက်တော်ဂူရာက၊ သတ်ဖြတ်မည်ဟု၊ အကယ်တည့်တည့်ပြော၍၊ ခုလျှင်လျှားတုတ်နှောင်မည်၊ တမန်လွှတ်လျှက်၊ ခေါ်ပတ်ပြောတုံပေလည်း၊ နားမလည်အောက်သားမှာ၊ ကောင်းမည်ထင်ဗျာ၊ ယင်းတွင်တွင်းတူးပါလျှက်၊ ကြွက်ဟန်သာနီတုံငြား၊ စာရွီးကြီးသည်၊ င၀ိုက်ကေနှင့်၊ နားခံမောင်လုံးများရို့၊ အမှားမှားနီကြခါ၊ ငရို့သခင်သည်၊ ယင်းတွင်မာန်ကြီးပါ၍၊ ဂေါ်မီတော်မော်သတ်နှင့်၊ မောဇော်ကတ်တင်၊ သောက်သတ်လျှင်လည်း၊ ခုပင်ချီလားကြဟု၊ နှုတ်သံမြချခါဝယ်၊ ရီဗိုလ်ချုပ်သည်၊ လျှင်စောချီတက်လီ၍၊ တိုက်ကြပြီးတုံသောခါ၊ သျှမ်းအောက်သားသည်၊ ပြီးငြားမလွတ်ပါတည်း။ နားခံတော်မောင်လုံးမှာ၊ လက်ဝါးပေါက်လျှက်၊ ပုန်းရှောက်ထွက်ပြီးလီ၏၊ င၀ိုက်ကေစာရွီးမူ၊ အောက်သားများသည်၊ သဲဖျားကြွီလှုပ်တုန်မျှ၊ အငတ်မှုမစစ်သာ၊ လင်းကဲအသွင်၊ တောထဲဝင်၍၊ ယင်းတွင်ပြီးလီပါက၊ ချောင်းဖလာတပ်ကြီးကို၊ ဘုန်းတော်အားနှင့်၊ လျှင်လျှားတိုက်ခိုက်ဖြိုသည်၊ ငြိုးသိုစကားကြောင့်လေး။

ငြိုးသိုမှန်စွာ၊ တိုက်ကြပါသည်ယင်းခါတွင်၊ အုန်းတပင်တပ်မမှာ၊ မိုးကောင်းဗိုလ်နှင့်၊ ငချေးကြားလီပါက၊ ကြောက်ဝှန်ကာတုံလှုပ်ငြား၊ တပ်လုံးသူသည်၊ ဆောင်းတွင်ချုပ်ထားငါးသို့၊ သီမိမောအသွယ်သွယ်၊ ကြောက်ဝှန်ကြီး၍၊ ထွက်ပြီးကြလီ၏။ ချီတက်ပေငရို့သခင်၊ ကျွဲခြံတောင်မှာ၊ လျှင်စွာဆိုက်ရောက်ကျင်က၊ များလူသျှင်ရဲမက်တော်၊ ကျွဲနွားတောင်းလတ်ပါသည်၊ ပွင့်လောင်းလျှာမေ့သခင်၊ ရခိုင်ပြည်ဝယ်၊ ဟိသည်လူမွန်းဖျင်ကို၊ စုလုံးကျင်ခေါ်သောခါ၊ သလွန်တောင်ကို၊ စီရင်အုပ်ထိန်းပါလျှက်၊ ကျွန်းအုပ်သာငရှောက်ဖွေ၊ တောင်ဖက်ကျွန်းကို၊ ထိမ်းသိမ်းစီရင်ပေ၍၊ ဖော်ရှီသည်ကျွန်းအုပ်ကား၊ ၀မ်းကြီးသာ၍၊ လျှင်စွာရောက်လာငြားတည့်။ မူဇဲကကျွန်းအုပ်သာ၊ ငကြောင်ပြိန်းတော၊ လျှင်စောပေါက်ချလာလျှက်၊ စစ်တွေမှာကောင်းစံရွှီ၊ တောင်ရင်းကျွန်းနီ၊ ပေါ်ထွန်းဝီနှင့်၊ ပြသျှေဝင်းကျွန်းနီ၏၊ ပြားကျွန်းဆီအသက်နှံ၊ ကျိန်းရှိနောက်မှာ၊ ကျွန်းအုပ်မောင်သာကြံလျှင်၊ လာကြပြန်တုံသောခါ၊ ပြည်လုံးသားသည်၊ သောသောရုရုဆာ၍၊ ဆိုက်ရောက်လာတုံပေက၊ မေ့ချစ်မောင်သည်၊ ယင်းတွင်အားကြီးရ၏၊ လိုသမျှကျွဲနွားပေ၊ ဆန်ရီစပါး၊ ဆီပျားထောပတ်များကို၊ ယူဆောင်လာဆက်ပီးခါ၊ ချီကြရာတသောသော၊ ပါးတော်တောင်မှာ၊ လျှင်စွာဆိုက်ရောက်ငြားက၊ တောင်ထိပ်ဖျားအထက်မှာ၊ အောက်သားများကို၊ လွတ်လပ်မျှော်ခီပါက၊ ရခိုင်သားစဖာအိပ်၊ တပ်မင်းမြဖော်၊ သုဗတာနှင့်၊ ဂူရာနှစ်ပါး၊ ဖိလျှက်တိုက်သတ်ပြီးတုံလီခါ၊ ပုခန်းဗိုလ်သည်၊ နေမျိုးသူရိန်သာတည်း၊ မက္ကရာမြို့သူကြီး၊ မျက်စိပြောင်းပြန်၊ ထိပ်ဆံအသက်ပြီးလျှက်၊ ဟစ်ကြော်ကျွီးမြည်၍သာ၊ စိုက်စိုက်မတ်မတ်၊ တန်းလျှက်ပြီးလီပါသည်၊ ကိုယ့်ရွာရောက်အောင်တည့်လေး။

ရောက်အောင်ကိုယ့်ရွာ၊ မက္ကရာသို့ပြီးခါတွင်၊ ချီတက်ကျင်လိုက်လီခါ၊ ဇီးဇာပြင်မှာ၊ လျှင်စွာဆိုက်ရောက်ပါက၊ ထိုဖက်မှာမဟာထီး၊ ငါးရကောက်ခေါ်၊ ချောင်းနားမော်ဝယ်၊ ဟိသည်တပ်မကြီးကို၊ မြင်ကတ်ပြီးတုံသောခါ၊ ဗိုလ်ချုပ်မင်းသည်၊ လျှင်ပြင်းချီလားပါ၍၊ သူရဲတော်ဂူရာများ၊ တောင်းလောင်ကျီကို၊ အညီစိုင်သင့်ထားလျှက်၊ လက်ယာနားမြင်းစီးသာ၊ ဟိန္ဒုတ်သာနီ၊ နီသည်လက်ဝဲမှာတည်း။ ရခိုင်သာတပ်ဦးက၊ ကြီးစည်တီးကာ၊ ဗောမှုတ်ပါသည်၊ သံဝါခြိမ်းမောင်းငြာလျှက်၊ ချီလားကြတိုက်လီခါ၊ မဟာထီးမှာ၊ တပ်များကုန်အောင်စွာကို၊ ဖြိုဖျက်ကာလွှင့်လီက၊ ဇေတဗိုလ်သည်၊ ကြံရာရှာမရတည်း။ ပုခန်းကဗိုလ်မင်းသာ၊ သူရဲကြီးမူ၊ တပ်လုံစိုးအုပ်ပါလျှက်၊ ငိုကြရာတသောသော၊ ကျားကိုမြင်သော်၊ သမင်မြိုင်ချောင်တောက၊ ကြောက်ဝှန်ငြားတုန်လှုပ်ကာ၊ အောက်သားများသည်၊ မပြားယင်းပမာသို့၊ ထွက်လားကာအသွယ်သွယ်၊ တောတောင်ဦးဖျား၊ ပြီးငြားပုန်းယှောင်လီ၏။ ချီကြွပြီးလားလီခါ၊ ပေါင်းတုတ်ပြင်မှာ၊ သခင်ဆိုက်ရောက်ပါက၊ ဆိုင်းရပ်ကာဗိုလ်လူများ၊ တပ်တောင်တာကို၊ ထိုခါကြည့်ရှုငြားက၊ မြို့အနားတောင်ရို့မှာ၊ အောက်သားများသည်၊ မဲမဲပြုတ်ပြုတ်ဆာလျှက်၊ ကွန်းစီးခေါ်ပေါင်း၀၀ယ်၊ ရခိုင်ဝန်သာ၊ မောင်စံပျော်နှင့်၊ နားခံငကျွတ်ကေတည်း။ င၀ိုက်ကေစာရွီးတော်၊ မြို့သူကြီးကား၊ ကြီးကြပ်အုပ်ပြုပါ၏။ ပန်းဒလေ၀န်ဟောင်းသာ၊ ပေါင်းကာစု၍၊ သောသောရုရုဆာလျှက်၊ တပ်စွဲရာမြီကတုတ်၊ တောင်ထိပ်ထက်တွင်၊ တောမျောက်သွင်သို့၊ ပေါင်လျှင်မဲပုတ်ပုတ်နှင့်၊ ဆစ္ဆီရုပ်ကြောက်ရွံ့ဖွယ်၊ အသားမဲမဲ၊ သွားကြဲကြဲသည်၊ ဂေါင်းလည်းစုတ်ချွန်းသွယ်တည်း။ ခွတ်သတ်မည်အဟန်ယောင်၊ စာရွီးကြီးထွေ၊ င၀ိုက်ကေလည်း၊ လက်ခုပ်တဖောင်ဖောင်နှင့်၊ ပုဏ္ဏားတောင်အထိပ်မှာ၊ ခေါ်တွင်ကြသည်၊ ညာဏအောက်သားသော်ကား၊ တပ်နှင့်သာစီး၍ပေ၊ လီသာတောင်သည်၊ မြင့်ခေါင်အထိပ်ဝယ်၌၊ ဗိုလ်လုပ်သည့်မြို့အုပ်သာ၊ မောင်ဗျဲဟူငြား၊ သျှမ်းအောက်သားနှင့်၊ ငပွင့်တပ်ဟိပါလျှက်၊ ကခုန်ကာတသောသော၊ သတ်မည်ယောင်သည်၊ ဟန်ဆောင်တကားကားနှင့်၊ ဗိုလ်ချုပ်ကားအတွင်းဝန်၊ ငမောင်စသည်၊ နောက်ကပုန်းနီပြန်၏။ ကြောက်ခြင်းဟန်ပြင်မထုတ်၊ ၀သဲဖက်မှာ၊ ပုန်းယှောင်ပါ၍၊ ထိုခါဥပါယ်ပြုလျှက်၊ စစ်မှုစီရင်၊ ကြောက်ဟန်ကြီး၍၊ ကြောင်းလမ်းခုတ်ထွင်ပြန်၏။ ငကျော်ဇံမုဆိတ်ရှည်၊ ပြည်လုံးသားကို၊ မွှီလျှက်ဂုံးတိုက်သည်ကား၊ သတ်ရမည်ရခိုင်ကို၊ နိမပျက်သာ၊ တိုးတိုးချပ်ချပ်ဆိုလျှက်၊ မျက်နှာလိုခံ၍ပေ၊ မြို့ဝင်းထဲတွင်၊ ပုန်းလျှက်ဝင်ကာနီသည်၊ မှန်မှန်ပြီးလို၍လေး။

ပြီးမည်ဧကန်၊ နီကြပြန်သည်အမှန်သာ၊ ယင်းသောခါငရို့သခင်၊ ရာပသိန်သတ်၊ မင်းမြတ်နှုတ်ရွှီစင်နှင့်၊ တောင်ထိပ်တွင်တပ်များကို၊ ခဏချင်းနှင့်၊ လျှင်စောတိုက်ကြဆိုလျှက်၊ အာဏာကိုပီးသောခါ၊ ဇော်နော်ဟူပြီ၊ မာရိသျှိန်သည်၊ ခြိမ်းမဲတိုက်မောင်းကြော်၍၊ ၀မ်းကြီးသာအားကြီးရ၊ ရဲမက်တော်ကို၊ စိုင်ကာအသင့်ချလျှက်၊ တီးမှုတ်ကြအသွယ်သွယ်၊ ပုလီစောင်းညှင်း၊ ကြီးနင်းစည်ပုတ်ကေနှင့်၊ ခရာသည်နှဲသံကောက်၊ စည်ကြီးတီးကာ၊ ဗောမှုတ်ပါသည်၊ ပြည်ရွာထိန့်လန့်ချောက်မျှ၊ တယောက်တစစီ၊ အောက်သားတပ်ကို၊ နင်း၍တိုက်သတ်လီ၏။ လက်နက်ဝယ်ဗုံးစကြာ၊ တချက်ပစ်သော်၊ ထွတ်ဖျားထက်အာဏာသို့၊ တက်လီပါတုံပြီးမှ၊ သက်လတ်ပါသည်၊ အာကာမိုးပေါက်ကျသို့၊ ဆင်မြင်းကလူသူမှာ၊ မှန်သရိကို၊ ထုံးပုံ၏ဟန်ပမာသို့၊ ကြီမွကာသီဆုံးပျောက်၊ မီးကျည်တန်းသည်၊ အမှန်ထိုလက်နက်ကို၊ တချက်ပစ်လွှတ်သောခါ၊ တိမ်ကိုခွဲ၍၊ ၀ဲလျှက်တက်လီပါ၏။ ထက်အာကာမိုးကြိုးသံ၊ သက်လာကျ၍၊ မွှီလျှက်သတ်ခြင်းဟန်ကား၊ ခုန်လွှားပျံဝဲကာကာ၊ ချောက်မြောင်တောင်ကြား၊ ပုန်းလျှိုးငြားလည်း၊ ပြီးလားမလွတ်ပါတည်း။ သုံးရက်သာဝီ၀င်းဝင်း၊ တိုက်ကြပါသည်၊ တောတောင်မြီလုံးလင်းမျှ၊ တိုင်ပင်ငြားတနည်းမှာ၊ လီသာတောင်ကို၊ ဦးအောင်နင်းကြပါဟု၊ ချလတ်ခါတုံပေက၊ ဇော်နော်ခေါ်မှတ်၊ ဇီရီသတ်သာ၊ လွတ်လွတ်ချီလျှင်းပါလျှက်၊ ဂူရာသည်ရှိဦးတပ်၊ တောင်လောင်ကျိလည်း၊ ယင်းခါနောက်ထပ်ကပ်၍၊ ညဥ့်တလပ်သန်းခေါင်တွင်၊ လီသာတောင်ကို၊ လျှင်အောင်တက်တိုက်ကျင်က၊ မျက်တောင်ပင်မခတ်မှီ၊ မြို့အုပ်ခေါ်ထွေ၊ ငမောင်ဗျေသည်၊ လွယ်လွယ်ပြီးလားလီ၏။ ပုဏ္ဏားဆီတောင်ထိပ်မှာ၊ ခေါ်တွင်ကြသည်၊ ဥာဏအောက်သားသော်ကား၊ ကြောက်ဝှန်ကာတုန်လှုပ်ငြား၊ ပြီးလားလီသည်၊ အိမ်မှာသားမယားကို၊ စောင်းလှည့်ငြားမကြည့်ခင်၊ ကိုယ့်အသက်ကို၊ လွတ်ကြောင်းပြီးလီကျင်၏။ ကွန်းစီးလျှင်ပေါင်းဝမှာ၊ တပ်တွင်ဟိငြား၊ သျှမ်းအောက်သားသည်၊ သောသောရုရုဆာလျှက်၊ ပြီးလီခါတုံကပေ၊ မောင်စံပျော်နှင့်၊ နားခံငကျက်ကေတည်း။ င၀ိုက်ကေမောင်ရဲသာ၊ လေးယောက်စုံသည်၊ ပူးတုံဖက်ကြပါလျှက်၊ ငိုကြရာတသျှုတ်သျှုတ်၊ ကြက်သိမ်းဝှန်သည်၊ လိပ်ပြာထွက်လုတ်လုတ်တည်း။ ဆစ္ဆီစုတ်မျောက်ရီငန်၊ သူငယ်သားကို၊ ဖမ်းစားသည့်ဟန်သို့၊ မျက်ဆန်သာခပြူးပြူး၊ ဆံပင်ဖားရား၊ ၀မ်းဖားဖားသည်၊ ခြီကိုကားရားပြုလျှက်၊ ဖားပြုတ်အသွင်၊ သျှမ်းအောက်သားရို့၊ ပြီးငြားကျင်သည်၊ ငွေတောင်ပေါက်ဝကလေး။

ငွေတောင်ပေါက်က၊ ပြီးလားကြသည်ယင်းမှသာ၊ ဗိုလ်ချုပ်ခေါ်တွင်၊ ၀န်ငမင်သည်၊ သဲဖျားကြသိမ်းဝှမ်၍၊ အကြံကိုရှာမရ၊ ပြီးလားကြသည်၊ ဘီလူးမတန်းခါးမှတည့်။ ပန်းဈီးမြောင်းကိုလွန်၊ မိုးကြိုးဂျိုင်ကို၊ စိုင်ကာလားလီပါလျှက်၊ ၀က်ချောင်းသာပယ်လွန်ငြား၊ တက်လီပါသော်၊ ချင်းရွာတောင်ခြီနားက၊ ပုန်းလျှိုးငြားကုတ်ရှုတ်ကာ၊ ဗိုလ်ချုပ်ဧကန်၊ အတွင်းဝန်သည်၊ အမှန်ပြီးလီပါက၊ ရှာကြရာတသောသော၊ ဂျီဒရယ်သည်၊ ဆတ်ငယ်ကိုယ်အလားသို့၊ လမ်းစပ်ကြားခြုံထဲမှာ၊ မြို့သူကြီးကို၊ အလျှင်ဖမ်းမိပါ၏၊ သက္ကရာဇ်မှာတထောင်ဖြစ်၊ တရာ့သျှစ်ဆယ်၊ စွန်းဝယ်သျှစ်ခုနှစ်က၊ တန်းခူး၏လဆန်းမှာ၊ ဆယ့်လေးရက်သည်၊ သောက်ကြာနိတွင်သာတည်း။ တပိုဝ်ကျော်နီထွက်ဝယ်၊ ရန်ခပ်သိမ်းကို၊ ပျောက်ငြိမ်းအောင်မြင်ပေက၊ ၀မ်းသာထွေအားရကျင်၊ ဓည၀တီ၊ ရခိုင်ပြည်ကြီးတွင်၌၊ ပုရိန်ပြင်အထဲမှာ၊ မြသွင်နတ်ကို၊ ပသပူဇော်ပါလျှက်၊ ကောင်းသည့်ခါနိရက်ဝယ်၊ ရဲမက်ဗိုလ်ပါ၊ လူတကာကို၊ ယင်းမှာစုရုံးစီ၍၊ ရခိုင်ပြည်မြို့ထဲမှာ၊ ဘာသာလျှောက်၊ ပြောင်းမီးပေါက်သို့၊ ပစ်မြှောက်ပူဇော်ပါလျှက်၊ အောက်သားသာပိုင်ကာလ၊ သျှင်ဘုရင်မှာ၊ နန်းသက်ဖော်၍၊ ရွှီဂူစေတီမဟု၊ ခေါ်တွင်ထလူတကာ၊ တိုက်ဝန်မင်းသည်၊ တည်ရင်းစေတီတော်ကို၊ ဖြိုဖျက်ကာပစ်လျှက်ပေ၊ ယင်းတောင်ထိပ်မှာ၊ အိမ်ကြီးဆောက်လုပ်စီ၏၊ ငရို့ပြည်ဝယ်သျှင်မင်းကြီး၊ ကောလိယရာဇာ၊ တည်လုပ်ပါသည်၊ သျှင်တော်မဟာထီးကို၊ ချိုးဖဲ့ပြီးလွှင့်ပစ်ကာ၊ စောမွန်တည်ပြု၊ မင်းဗာလုပ်သည်၊ တံတိုင်းမြို့ဝင်းတော်ကို၊ ဖြိုဖျက်ကာပစ်၍ပေ၊ သိုက်စာထွက်ကို၊ သျှမ်းအောက်သားသည်၊ လိုက်လျှင်းပြုကြသည်တည်း။ နောင်ခါဝယ်တုံပြီးမှ၊ မေ့သက်သျှင်ကို၊ ယင်းတွင်အာဏာချလျှက်၊ ဂူရာနှင့်မြင်းစီးသာ၊ စဖာအိတ်သည်၊ နီဖို့လိုင်းအိမ်တော်ကို၊ ဆောက်လုပ်ကာပီးရမည်၊ တောင်းလတ်ပါသော်၊ လွတ်လပ်ခန့်ခွဲပေလျှက်၊ ၀ါးသက်ကေကြိမ်သစ်ပင်၊ ဗဲကပ်သားနှင့်၊ လျှင်စောဆောက်လုပ်ကျင်၏။ ရာထောင်ပင်အိမ်မက၊ လုပ်ရပါသည်၊ ယင်းခါတဌာနတည်း။ ခေါ်တွင်ကြလူတကာ၊ ရာပသိန်သတ်၊ မင်းမြတ်နှုတ်ရွှီဝါနှင့်၊ ဟမြွက်ကာချလတ်သည်၊ ရမ်းပြည့်မြို့နှင့်၊ သံတွဲမာန်အောင်ဝယ်၌၊ ဟိနီသည့်အောက်သားကို၊ ဇော်နေဟုမှတ်၊ မယ်ကာရီသတ်သည်၊ လွတ်လပ်တိုက်ခီဆိုက၊ ကတ်တင်ဗိုလ်မေဇော်သတ်၊ သင်္ဘောစီးကာ၊ ချီကြပါသည်၊ မြစ်မှာစင်းချင်းစပ်မျှ၊ လွတ်လပ်သာချီလား၍၊ မာန်အောင်မြို့မှာ၊ လျှင်စောရောက်လီ၏လေး။

ရောက်ကြဧကန်၊ တိုက်ကြပြန်သည်အမှန်သာ၊ ယင်းသောခါမြို့ဝန်ကား၊ ရဲစက်ကေသည်၊ ထိုဝယ်သျှမ်းအောက်သားလည်း၊ ကြောက်ဝှန်ငြားမကြံသာ၊ ကိုယ့်မယားကို၊ လက်ဖျားဆွဲကိုင်ကျင်လျှက်၊ များတကာဖော်မရ၊ နှစ်ယောက်တည်းပင်၊ တောထဲဝင်၍၊ ခြုံတွင်ပုန်းလျှိုးကြလျှက်၊ တခဏနီသောခါ၊ ဇော်နော်ခေါ်မှတ်၊ မယ်ကာရီသတ်သည်၊ ၀န်းပတ်ထားလျှင်းပါ၏၊ ဖမ်းဆီးကာယူ၍ပေ၊ နှစ်ယောက်စုံကို၊ လွယ်ကူရလီသည်တည့်။ သင်္ဘောတွင်ဆောင်ပြီးခါ၊ ကုလီကတ္တာ၊ ရွှီမြို့တော်မှာ၊ လျှင်စွာပို့လီပါ၏၊ ရမ်းပြည့်မှာဝန်ပြုသူ၊ မောင်ယံကလည်း၊ အကယ်ကြားလီတုံက၊ မောင်ဗျဲမူအခွန်ဝန်၊ နှစ်ယောက်လူသည်၊ တိုင်ပင်ပြုကြပြန်၏၊ အသတ်ခံနီးသောခါ၊ ငါတို့သက်သည်၊ ဆုံးပျက်မည်ခန္ဓာတည်း။ သူရို့သာမရောက်ခင်၊ မြို့ကြီးကိုလွှတ်ကျင်လျှက်၊ ထွက်၍ပြီးကြကျင်အံ့။ ပြောတိုင်ပင်ပြုပြီးခါ၊ အောက်သားမိုက်သည်၊ ထွက်လားပြီလီပါ၏၊ သံတွဲမှာတဌာန၊ မြို့သူကြီးဟန်၊ ငပန်းစံကို၊ လျှင်မြန်ခွတ်ထစ်ကြ၏။ မြို့ဝန်ကားရွှေမန်းသာ၊ အောက်သားများသည်၊ သောသောရုရုဆာလျှက်၊ တောင်ရိုးသာစီး၍ပေ၊ ပြီးလားငြားသည်၊ အရှိနိုင်ငံပြည်သို့၊ ဖမ်းဆီးဖွေရှာမရ၊ သုံးမြို့စုံကို၊ လက်ဝယ်သိမ်းရုံးရ၏။ ပိုးလောက်မျှတကောင်ပင်၊ သျှမ်းအောက်သားကို၊ ငေါက်ငေါက်ထောင်၍မမြင်တည်း။ ရခိုင်တွင်မြို့ကြီးမှာ၊ ရာပသိမ်သတ်၊ မင်းမြတ်နှုတ်ရွှီဝါနှင့်၊ ငရို့ပြည်ရွာကျွန်းများဝယ်၊ တန်သည့်သူကို၊ အရာခန့်အပ်မည်ဟု၊ ဟမြွက်ထွေဆိုပြီးခါ၊ အသီးသီးသည်၊ ကိုင်းချောင်းကျွန်းများစွာကို၊ ကျွန်းအုပ်သာချောင်းစားခန့်၊ ပရန၀ါ၊ ထိုခါပီးဆင့်အပ်၏။ နောက်တထပ်အမိန့်တော်၊ ရခိုင်သားသည်၊ အများမြို့ကျွန်းရွာ၌၊ ဟိနီကျင်လူရို့မှာ၊ အောင်ကျော်ပန်းရွှီ၊ သော်တလီကို၊ နှိုင်းယှဉ်ဖက်မဲ့သာတည်း။ ငါ့ထံမှာမြဲခစား၊ အကျိုးတော်ကို၊ ပြီးအောင်ဆောင်ရွက်ငြား၏၊ ပီကျွန်းနှင့်ယိုးကျွန်းပေ၊ ဦးရစ်တောင်လည်း၊ ယင်းတွင်ပါလီစီလော့။ ပီချောင်းဝယ်လေးမြို့သာ၊ ယိုးချောင်းနယ်လည်း၊ ထိုခါထည့်လိုက်ပါ၍၊ ကျွန်းအုပ်သာခန့်၍ပေ၊ သားစိုင်မြီးဆက်၊ မပျက်စားရလီအံ့၊ ဟမြွက်ထွီဆိုသောခါ၊ ဖွဲဒါးကြီးသည်၊ လျှင်စောရွီးတုံပါလျှက်၊ ပရန၀ါဆပ်ကြီးခတ်၊ ငါးရွက်စာကို၊ ထိုခါချက်ချင်းအပ်က၊ မေ့သက်မှတ်ပွင့်လောင်းလျှာ၊ ကျွန်းချောင်းဖျားကို၊ သိမ်းငြားပြုစုပါ၍၊ သင့်ရာရာအလုံးကို၊ ချမ်းငြိမ်းသာယာ၊ မစပါသည်၊ ကိုယ့်မှာသားရင်းပမာသို့၊ ရှိပြုကျိုးကုသိုလ်ကံ၊ မိဘရပ်မြီရခိုင်ပြည်မှာ၊ လွယ်လွယ်ရောက်လာပြန်၍၊ ပျော်စံပါးတသောသော၊ မွီးမိခင်သည်၊ နို့သျှင်ချွေးမများကို၊ မခြားဆံတမျှင်၊ နှံသည်သက်ကို၊ တရက်မကွာချင်ဘဲ၊ နွှဲပျော်ရွှင်နီကြ၏၊ ရှိသင်္သာသည်၊ ကြမ္မာဘုန်းကြောင့်တည့်လေး။

ဘုန်းကြောင်းဧကန်၊ နီကြပြန်သည်အမှန်သာ၊ ယင်းသောခါငရို့သခင်၊ ရာပသိန်သတ်၊ မင်းမြတ်နှုတ်ရွှီစင်နှင့်၊ ဟမြွက်ကျင်ပြောလတ်သည်၊ ရခိုင်ပြည်တွင်၊ ဇင်ပတ္တင်ကို၊ မြို့ဝန်ခန့်အပ်မည်တည်း။ ရမ်းပြည့်ဝယ်ငါလားခါ၊ ဖွဲ့ဒါကြီးလည်း၊ မပြတ်နောက်တော်မှာ၌၊ ချီလားရာပါရမည်၊ အောင်ကျော်ပန်းရွှီ၊ သော်တလီသည်၊ ငါ့ဆီလိုက်ရမည်ဟု၊ ဟမြွက်ထွေဆိုပြီးခါ၊ ပတ္တင်သတ်ကို၊ မြို့တွင်ထားလတ်ပါ၍၊ မိုးဃ်းပွဲသော်နောက်ခါဝယ်၊ စစ်တွေကျွန်းကို၊ မြို့ကြီးတည်လုပ်ပေဟု၊ ပြောဆိုထွေယင်းနောက်မှ၊ သင်္ဘောလှီတွင်၊ ၀န်ဆန်ပျင်၍၊ အလျှင်ချီကြွက၊ မေ့ချစ်စယင်းသောခါ၊ မနီရသည်၊ မင်းကြီး၏အာဏာကြောင့်၊ မွီးမေတော်ရွှီနို့သျှင်၊ အလျှင်မွီးသည်၊ သမီးလှပန်းသွင်နှင့်၊ သားဦးလျှင်ထွန်းအောင်ကျော်၊ ထွန်းပမည်ကို၊ ဖခင်အောက်မိကာနှင့်၊ နောက်တော်လားပါလီရာ၊ လားလျှင်းပါသော်၊ ထိုမှဝံဘိုဝ၌၊ ဆိုက်ရောက်ကြလီသောအခါ၊ လီသင်းဓုန်းသည်၊ မုန်တိုင်းဟန်ပမာသို့၊ ထလတ်ရာတုံပေငြား၊ ရွှီနို့သျှင်သည်၊ မိခင်ချွေးမများကို၊ အောက်မိငြားတကာကာ၊ တဆတ်ဆတ်သည်၊ မပြတ်လားလီပါ၍၊ ရမ်းပြည့်သည်မြို့ဝယ်သာ၊ အများမကြာ၊ ယင်းတွင်ဆိုက်ရောက်ပါက၊ မာန်အောင်နှင့်သံတွဲမှာ၊ ဟိသမျှသည်၊ လူကြီးလူငယ်သော်ကား၊ ၀မ်းကြီးသာအားပါးရ၊ လာကြပါသည်၊ သင်္ကြန်ပွဲမကတည့်။ ရိုတုတ်ကွအသွယ်သွယ်၊ ငရို့သခင်သည်၊ အသျှင်ထံတော်ဝယ်၌၊ ခယထွေနီကြခါ၊ တန်သည်သူကို၊ ယင်းတွင်ရွီးစီပါလျှက်၊ ကျွန်းချောင်းမှာအသီသီး၊ သူကြီးအရာ၊ ခန့်အပ်ပါသည်၊ ယင်းမှာဆတ်ခပ်ပြီးလျှင်၊ လွန်ချမ်းငြိမ်းသာယာစွာ၊ လေးမြို့စုံကို၊ ညီအောင်ပြုလျှင်းပါ၍၊ အရှိမှာအင်းဝပြည်၊ သျှင်ဘုရာင်ကို၊ ငါပင်တိုက်ချီမည်ဟု၊ နောက်တော်ဝယ်မြဲမကွာ၊ အောင်ကျော်ရွှီနှင့်၊ ဖွဲ့ဒါးလိုက်ရပါအံ့၊ ဟမြွက်ကာဆို၍ပေ၊ သုံးပင်တိုင်သည်၊ လှီယာဉ်သင်္ဘောဝယ်၌၊ လက်နက်ထွေပြောင်းဇ၀ါ၊ သေနပ်များနှင့်၊ ခဲယမ်းဗုံးစက္ကြာကို၊ စုံအောင်သာယူ၍ပေ၊ မိငုံသတ်သည်၊ ယင်းခါပါလျှင်းလီ၏။ အေသျှိမ်သော်ရာသတ်၊ သျှင်ဘုရင်မှာ၊ မြတ်ရာစီခန့်လွှတ်သည်၊ ဗေတင်တတ်ပုဏ္ဏားတော်၊ နံဒရင်နှင့်၊ အမှာတော်ရွီးသားသာတည်း၊ နားခံမှာငအုတ်ကေ၊ သားမယားနှင့်၊ မကြွင်းယူလီသည်တည့်၊ ချီတက်မည်တုံသောအခါ၊ မေ့ချစ်စသည်၊ နွမ်းလျှစိတ်ဗျာပါနှင့်၊ မွီးမည်တော်ရွှီနို့သျှင်၊ အိုယိုမစွမ်းနှင့်၊ သားကိုတရုကျင်၍၊ လွမ်းပူပင်တလျှက်ပေ၊ ရောဂါစီး၍၊ မချိဟိလတ်မည်ကို၊ စိတ်တွင်ဝယ်တွက်လျှက်သာ၊ မွီးမိခင်ကို၊ မမြင်ခရပါ၍၊ စီးဖြိုင်ကာမျက်ရည်ကျ၊ စိတ်ဆာဝီသည်၊ လီပွီမုန်တိုင်းထသို့၊ တမ်းရုတအောင့်မိကာ၊ လှီသင်္ဘောတွင်၊ ကျွန်ရို့နောက်တွင်ပါ၏၊ ချီလားရာယင်းကပင်၊ သီတာမြစ်ကို၊ လွှင့်ငြားတက်လားလီသည်၊ ရန်ငုမ်မြို့ရွာသို့လေး။

ရန်ငုမ်မြို့ရွာ၊ ထွက်လားပါသည်ယင်းခါတွင်၊ ကမ်းမမြင်သီတာမှာ၊ လိပ်ကျောက်ငါးမန်း၊ ပြွန်းပြွန်းပေါပြန်လာက၊ ငါးဆင်သာရောက်လတ်မှ၊ ငါးတောက်သူလည်း၊ ရီတွင်ဖြိုထိုးကြ၏၊ လင်းသျှူကပေါ်ကာကာ၊ ရီမီးကျောင်းလည်း၊ ကိုက်မည်ချည်းသာရှာလျှက်၊ ပြင်သာမှာတဌာန၊ ပတ်ကာဝန်းကာ၊ ရစ်ကြပါသည်။ ထိုမှာလိပ်ငါးမန်းကို၊ ဆောင်းရှားကားပျံရုပ်ဟန်၊ ငါးဒရှည်မှာ၊ ရီတွင်ခုန်လွှားပြန်လျှက်၊ ကဇတ်ဟန်သူ့ဘာသာ၊ ငါးသဘင်ကို၊ ယင်းတွင်မြင်ရပါ၏၊ ဝေဘူမှာစိုက်ကာမျော၊ တင်းကျိန်ငယ်လည်း၊ ရီတွင်ငုတ်ကာစားလျှက်၊ ဇင်ယော်ကနားပင်းသာ၊ မြစ်လယ်ကြောဝယ်၊ သောသောပျံဝဲကာနှင့်၊ ကြိုးကြာမှာတဌာန၊ အခြီစင်းစင်း၊ လိုင်ကြင်းကြင်းနှင့်၊ ခုန်ဆင်းခုန်ဆင်း၏၊ ရီငှက်မဟင်္သာမှာ၊ မောင်နှံနှစ်ပါး၊ တူစုံလား၍၊ တောင်ဖျားယှက်ခြုံကာနှင့်၊ အစာသာခွန့်ကြလျှက်၊ လိုင်ချင်းယှက်တင်၊ မြူးပျော်ရွှင်သည်၊ ရီတွင်သဘင်ငှက်ရို့ကို၊ မေ့ချစ်သက်မြင်သောခါ၊ သားဦမိခင်၊ ငယ်ကျွမ်းဝင်သည်၊ ယင်းတွင်မမြင်လာတည်း။ မြစ်သီတာလွှင့်ကာလား၊ ဖီးဖိုးစိုင်လာ၊ ရံခါမရောက်ငြားဘဲ၊ တလိုင်းများတိုင်းပြည်သာ၊ ရန်ကုန်မြို့တွင်၊ လျှင်စွာရောက်လီပါက၊ သူ့ပြည်ရွာဌာန၀ယ်၊ ရီလည်းမတူ၊ စားမူရွံ့ရှာဖွယ်ကြောင့်၊ ကျွန်နောက်ဝယ်ပါသူများ၊ စာကိုင်ခေါ်ထွေ၊ နားပေါက်ကယ်နှင့်၊ ဖောင်ရှီမှာခိုင်းစသာ၊ တိုက်စိုးကားတိုးအောင်ကြွယ်၊ အိုးဖောက်ကယ်သာ၊ စံရှီဖော်နှင့်၊ တွင်ခေါ်ငကြွင်းယေတည်း၊ ကုလားဝယ်မုန်သီးသာ၊ ဖွဲဒါကြီးမှာ၊ ယောက်ဖတော်တုံပါလျှက်၊ ကာလနာလိုက်၍ပေ၊ တနိတည်းမှာ၊ ကျင်းကျင်းစုတေ့သီ၏၊ အစံယေပျာဒါကား၊ လမ်းလားရာမှာ၊ ခန္ဓာစုတေ့ငြားလျှက်၊ ခေါ်တွင်ထားလူတကာ၊ ကျီးပင်းရှည်မှာ၊ အကယ်ကျွန်းအုပ်သော်ကား၊ (-----)၊ ဒလဖက်မှာ၊ ဟိသည်တလိုင်းစုဝယ်၊ ရွှင်ပျော်မြူးစားကာကာ၊ လင်နှင့်မယား၊ သမီးသားသည်၊ ပျော်ပါးနီခြင်းရာကို၊ မျှော်ချေမိတုံကာဝယ်၊ ပန်းသွင်မိခင်၊ ငယ်ကျွန်းဝင်နှင့်၊ နို့သျှင်ချွေးမငယ်ကို၊ အောင့်မိချေတုံသောခါ၊ ကိုယ်တွင်အသက်၊ ထိပ်သို့တက်၍၊ ဇောသွီးပြန်လတ်ပါလျှက်၊ ကာလနာယှဉ်း၍ပေ၊ အသက်လိပ်ပြာ၊ သူ့ခန္ဓာသည်၊ ယင်းခါထွက်လုဖွယ်တည့်၊ ဖြစ်လတ်ပေတုံသောအခါ၊ အနိစ္စနှင့် ဘုရားသာမပါဟု၊ တိုင်တန်းကာကိုးကွယ်မှု၊ ဖီးခပ်သိမ်းသည်၊ ပျောက်ငြိမ်းချင်းချင်းကုန်က၊ မြို့ရန်ငုမ်ရပ်ကိုဝယ်၊ ပါယ်ယှောင်ခ၍၊ ချီတက်လားကြလီသည်၊ အင်းဝမြို့တော်သို့လေး။

အင်းဝမြို့တော်၊ တက်လားပါသည်ယင်းခါလျှင်၊ လက်ဝဲတွင်ဒလပေ၊ သရက်တပင်၊ ထိပ်ဝတွင်၌၊ လျှင်လျှင်ဆိုက်ရောက်လီက၊ ကြွချီတက်လီသောခါ၊ လက်ယာနားမှာ၊ ရန်ကင်းစံရာသာတည်း၊ ခေါ်တွင်ကာဓနုဖြူ၊ ပါယ်ယှောင်၍ချီကြွလားလီမူကား၊ လက်ဝဲတွင်ဟင်္သတ၊ ထို့နောက်ပျံ့အောင်၊ ပါယ်ယှောင်ဆန်တက်လား၍၊ လက်ယာနားကမ်း၀၀ယ်၊ ညောင်ဇရဲဟန်၊ နာမရန်နှင့်၊ ရွှေတောင်မြို့ရောက်လီ၍၊ လက်ဝဲနီမြစ်နားမှာ၊ ပုတောင်းမြို့ကို၊ လျှင်စောရောက်လီပါက၊ တလိုင်းသာသျှမ်းအောက်သား၊ ကုတ်ကာရှုတ်ကာ၊ ပုန်း၍လာသည်၊ ညဥ့်ခါသူခိုးလားသို့၊ လမ်းစပ်ကြားခရီးမှာ၊ ခိုးလျှက်သတ်မည်၊ ဒရပ်လာတုံပါက၊ ချောင်းမြောင်းတောင်ကြား၊ သီပျောက်များသည်၊ ရွံ့ငြားမရပါတည်း၊ ထွက်၍လျှင်ပြီးလီခါ၊ ငရို့သခင်သည်၊ လျှင်လျှင်ချီတက်လာလျှက်၊ ပြည်မြို့သာရောက်လီက၊ ကိုးသောင်းဗိုလ်နှင့်၊ ယင်းတွင်တွိကုန်ကြ၏၊ ခေါ်တွင်ထလူတကာ၊ ကြက်တောင်ဗိုလ်ဟု၊ နာမဟိုးဟိုးကျော်လျှက်၊ ဇော်နေသာကမ်ရိသတ်၊ ဗိုလ်ချုပ်ကြီးနှင့်၊ တိုင်ပင်ပြောဟောကြပ်လျှက်၊ နှုတ်ကွမ်းဆက်နီသောခါ၊ မျက်မှန်ဗိုလ်ဟု၊ နာမည်ကျော်ဇောပါ၏၊ မေဇော်သာဇောသျှိန်သတ်၊ တပ်ဦးဗိုလ်လည်း၊ ယင်းတွင်ရောက်ပြန်လတ်က၊ စားသောက်ကြအလီလီ၊ ပျော်မှုဆင်၍၊ ယင်းမှာနီကြပေသည်၊ ပြည်မြို့ရပ်ဝယ်တည့်လေး။

ပြည်မြို့ရပ်မှာ၊ နီကြပါသည်ယင်းခါတွင်၊ တလိုင်းလျှင်သျှမ်းအောက်သား၊ မိမ္မဗိုလ်သည်၊ ယင်းတွင်ရောက်လာငြား၍၊ ပြည်မြို့ပါးအနီးမှာ၊ ရသေ့မြို့တွင်၊ တပ်မူစွဲငြားလာလျှက်၊ လက်ဝဲမှာန၀င်းတပ်၊ ၀က်ထီးကန်ဝယ်၊ မှန်စွာတပ်ကြီးရပ်၏၊ ကမ်းပါးစပ်မြစ်နားမှာ၊ ဖိုးဦးတောင်သည်၊ မြင့်ခေါင်အထွတ်ချာ၌၊ တပ်တောင်တာစွဲကာပေ၊ မြေထဲမြို့မှာ၊ တတပ်တည်လျှက်နီ၏၊ ကခုန်သည်တသောသော၊ ဟစ်မောင်းကြော်၍၊ သံဝါခြိမ့်သဲအော်လျှက်၊ အမှားမှားအောက်သားမှာ၊ ကောင်းမည်ထင်လျှက်၊ ယင်းတွင်နီကြပါသည်၊ ကိုးသောင်းသာဗိုလ်ချုပ်ကြီး၊ တပ်ဦးဗိုလ်ကို၊ ယင်းတွင်အာဏာပီး၏၊ မြို့အနီးသျှမ်းတပ်ကို၊ လက်ဝဲကြောင်းသာ၊ တပ်ဦးချီလီဆိုလျှက်၊ လက်ယာကိုငါတက်မည်၊ မြင်းစီးများမှာ၊ တောကပုန်း၍နီလော့၊ ပြောကြပြီးတုံသောခါ၊ ရဲမက်များနှင့်၊ လျှင်စောချီတက်ပါ၍၊ တပိုကျော်နီထွက်ဝယ်၊ သျှမ်းတပ်ကြီးကို၊ နင်းလျှက်တိုက်ကြလီက၊ ဂူရာသည်စာဖာအိတ်၊ မြင်းစီးများသာ၊ ခွတ်ကြပါသည်၊ လယ်မှာစပါးရိတ်သို့၊ သျှမ်းမကြီးဗိုလ်လုပ်သူ၊ မိသျှင်သဲသည်၊ နိစ္စခန္ဓာကုန်၏၊ နီဝင်မူတပ်ရို့မှာ၊ အောက်သားမိုက်သည်၊ ပြီး၍မလွတ်ပါတည်း။ ရဲမက်တော်ဂူရာများ၊ အသွယ်သွယ်သည်၊ ရှာဖွေတိုက်သတ်ငြားက၊ ၀က်ထီးနားတပ်ထဲနီ၊ အောက်သားမိုက်သည်၊ ကျင်းကျင်းမြုတ်လျှက်သီ၏၊ မိုးဦးဝယ်တောင်ထိပ်မှာ၊ ဗုံးစက္ကြာကို၊ ဆင့်ကာလွှတ်လိုက်ပါက၊ ပြီးယှောင်ကာပုန်းမလွတ်၊ တောင်ကြားချောက်မြောင်၊ နှမ့်အောင်ဖြန့်လျှက်သတ်၏၊ မြေထဲရပ်တပ်ကိုပေ၊ ဂူရာများသည်၊ ပြီးလွှားတိုက်သတ်လီက၊ ကြောက်ဝှန်သည်မခံချိ၊ တပ်လုံးသူသည်၊ အလျှင်ထွက်ပျာပြီး၏၊ ရန်တစိမပေါ်လာ၊ တပ်အများကို၊ လျှင်စောနိုင်နင်းပါသည်၊ ဘုန်းတော်အကြောင်းနှင့်လေး။

အကြောင်းဘုန်းတော်၊ နိုင်နင်းပါသည်ယင်းခါလျှင်၊ ပြည်မြို့တွင်စေတီကြီး၊ ရွှေဆံတော်ကို၊ ယင်းမှာပူဇော်ပြီးမှ၊ အသီးသီးချီကြခါ၊ မီးသင်္ဘောသည်၊ ရီကြောင်းဆန်တက်ပါ၏၊ ကုန်းကြောင်းမှာတစလား၊ နှဲပြီခရာ၊ ဗောမှုတ်ပါသည်၊ ပတ်သာအငြိမ့်များနှင့်၊ ဆင်မြင်းကားရထားသာ၊ အနန္တသည်၊ ရွီတွက်မရပါတည်း။ သူရဲတော်သိန်းကုဋီ၊ လေးပါးစစ်အင်၊ မွန်းဖျင်ပြည်ထဲချီ၏၊ လားကြလီတုံသောခါ၊ ကာမမြို့ကို၊ လက်ဝဲထားခပါလျှက်၊ လက်ယာမှာဆင်ပေါင်ဝဲ၊ သရက်မြို့သာ၊ လက်ဝဲမှာကို၊ ပါယ်ခွာယှောင်ထားခလျှက်၊ တသဲသဲချီတက်ခါ၊ ပဌနဂို၊ တွင်ဆိုမြို့ရောက်ပါက၊ ဆိုင်းရပ်ကာတပ်ကြီးချ၊ များဗိုလ်ပါသည်၊ ယင်းမှာစုရုံးကြ၏၊ နောက်ဖက်ကမြစ်နားမှာ၊ မလွန်မြို့ဝယ်၊ အောက်သားတပ်ဟိပါလျှက်၊ ပခင်းသာမင်းမြတ်ဖူး၊ ပသချင်လျှင်၊ သျှင်ဘုရင်မှာ၊ ညီတော်အထွီးဆုံးတည်း၊ ဗိုလ်မှုးကြီးယင်းတပ်မှာ၊ ကျီဝန်မင်းကို၊ အကြီးပြုပါလျှက်၊ ကောလင်းသာမင်းကြီးပေ၊ တပ်မှုးရာကို၊ ယင်းတွင်ပြုလုပ်သည်တည့်။ အာသံဝယ်တိုက်ချီသူ၊ သီလ၀သည်၊ စစ်ကဲပြုရတုံလျှက်၊ နားခံမူယင်းသောခါ၊ ဇေတဗိုလ်သည်၊ မှန်မှန်ပြုလုပ်ပါ၏၊ စကားသာပြန်တတ်ငြား၊ ဒါဝိုက်ကေကို၊ အမှန်တည့်တည့်ထားလျှက်၊ သူရဲကားယင်းတွင်သာ၊ တပ်သုံးတပ်မှာ၊ ငါးသောင်းလောက်ဟိပါ၏၊ နီကြခါတုံပေ၊ မလွန်တပ်ကို၊ နင်း၍တိုက်ယူမည်ဟု၊ ကြံကြသည်တခါတွင်၊ မင်းမြတ်ဖူးက၊ တမန်စီလွှတ်ကျင်၏၊ တပ်ကိုလျှင်ဆိုင်းရပ်ပါ၊ အမီးပုစ္ဆာ၊ ပြဿနာကို၊ ပြီးအောင်ဖြေကြပါအံ့။ ပြောတုံလာသောခါပေ၊ မြစ်လယ်ကြောတွင်၊ လှီဖောင်ဖွဲ့လုပ်နီ၏၊ အောက်သားဝယ်ကျီဝန်ကြီး၊ ကောလင်းမင်းသား၊ လျှင်စောလာတုံငြားက၊ ဗိုလ်ချုပ်ကြီးကြက်တောင်ဖန်၊ ရာပသိန်သတ်၊ မင်းမြတ်လားမည်ကြံက၊ ကြည့်မျက်မှန်တပ်ဦးကို၊ ဇောသျှိန်းသတ်သည်၊ နောက်ထပ်လိုက်မည်ဆို၍၊ သုံးပါးဗိုလ်ပေါင်းပြီးခါ၊ မြစ်လယ်ဖောင်မှာ၊ လျှင်အောင်လားလီပါလျှက်၊ နှစ်ဖက်သာမင်းစပ်ကြား၊ ဒါဝိုက်ကေသည်၊ ထိုဝယ်ပြန်၍ပြော၏၊ မြန်မာများကူး၍ပေ၊ ငတ်မော်ရပ်က၊ အထက်ဖမ်းယူလီသည်၊ ရဲမက်ငယ်စဖာအိတ်၊ အမိရိကာ၊ ထိုမှာအင်္ဂလိပ်ကို၊ ယူဆောင်ပြီးပီးပါမည်၊ ဆယ့်ငါးရက်နှင့်၊ လိုသည်စရစ်ကို၊ ပြေလည်အောင်ပီးဆက်က၊ ရန်ကုန်မြို့သို့လျှင်၊ လျှင်စောဆုတ်လားကြလော့၊ ကျုပ်တို့ကားနောင်တခါ၊ ခိုက်ရန်များမပြုလုပ်ပါဟု၊ ပြောဆိုရာနှစ်ဖက်သား၊ လက်ဝါးရိုက်ကာ၊ စာချုပ်ပါလျှက်၊ မှန်စွာကတိထား၍၊ ပုဏ္ဏားကားဆရာတော်၊ နံဒရင်မှာ၊ အမှာတော်ရွီးသာတည်း။ နားခံမှာငအုပ်ကေ၊ အကုန်သူကို၊ ယင်းတွင်လွှတ်လိုက်ပေလျှက်၊ များဗိုလ်ခြီရဲမက်တော်၊ ဆယ့်ငါးရက်ကို၊ ဆိုင်းငံစောင့်နီပါသည်၊ ဥစ္စာကတိနှင့်လေး။

ကတိသစ္စာ၊ စောင့်နီပါသည်ယင်းခါတွင်၊ (ပီပျောက်)

ဆင်မြင်းသာလူသူက၊ တချက်မှန်သော်၊ ဧကန်မရဏတည်း၊ မီးကျည်ကားလက်နက်တော်၊ တချက်ပစ်သော်၊ ထွတ်ဖျားထက်အာကာသို့၊ ပျံဝဲကာတက်လီငြား၊ သက်လတ်ပါသော်၊ တပ်မှာမြီခေါင်းများ၌၊ ရှာတုံငြားမွှီ၍သာ၊ သတ်လတ်ငြားသည်၊ လူ၏ဟန်ပမာသို့၊ ဂူရာသာရဲမက်ကား၊ ဇေရာဝတီ၊ ခေါ်သည်ထိုမြစ်ဖျားကို၊ ကူးလားငြားလိုက်၍ပေ၊ အောက်သားတပ်ကို၊ ၀င်လျှက်ခွတ်သတ်လီ၏၊ ညီတော်သည်မင်းမြဖုံး၊ ကျီဝန်ကြီးသာ၊ ထိုခါတောမှာပုန်း၍၊ တပ်ပြတ်လုံးအောက်သားမှာ၊ ကိုးကွယ်မရ၊ လွန်ကြောက်လှ၍၊ လျှင်စောပြီးလီပါက၊ တိုက်ကြရာတခဏ၊ သုံးတပ်စုံကို၊ လွယ်ကူချက်ချင်းရ၏။ ချီတက်လားကြလီခါ၊ မကွေးမြို့တွင်၊ လျှင်ပြင်းရောက်လီသော်ကား၊ နောက်တော်ပါဖွဲ့ဒါကြီး၊ အသောင်းဒူလာ၊ ထိုမှာရောဂါစီး၍၊ မချိယင်းမြို့တွင်၊ မရဏသည်၊ နိစ္စရောက်လီကျင်၏။ လားလီလျှင်ဝက်မစွတ်၊ ရေနံချောင်းကို၊ ပါယ်ခွာချီတက်လတ်မှ၊ လက်ယာမှာစလေမြို့၊ လက်ဝဲဖက်ကမ်း၊ ဆင်ဖြူကျွန်းနှင့်၊ ကျားဗင်းဆိပ်ကမ်းရို့က၊ တသောင်းလောက်အောက်သားလျှင်၊ စလင်းမြို့တွင်၊ တပ်နှင့်စောင့်နီကျင်လျှက်၊ ယင်းရပ်တွင်ဗိုလ်ချုပ်မူ၊ မိဖုရားမှာ၊ မောင်ရင်းတော်သည်ဟူ၏။ ဇာတိမူထောင်မှုးသား၊ ယောက်ဖတော်ကို၊ သခင်ကြီးဘုရားဟု၊ နာမည်ကားမောင်အိုသာ၊ အောက်သားမိုက်သည်၊ မိမ္မဟန်ပမာသို့၊ သတင်းသာကြားကာမျှ၊ စစ်မရောက်ခင်၊ အလျှင်ထွက်ပြီးကြ၏။ နှမနှင့်ယောက်ဖသာ၊ ထံရင်းတော်ပါး၊ ရောက်လီငြားသော်၊ ကြောင်းလျှားလျှောက်ခြင်းရာကား၊ အယှိုတ်တက်ကာငို၍ပေ၊ ပြူးတူးကြက်တက်၊ အောင့်လျှက်ထိုသည်နှယ်သို့၊ တုန်လှုပ်ကာစီးယိုကျ၊ ရှုံတွမျက်နှာ၊ ပြောလတ်ပါသည်၊ လျှင်စွာပြီးလီတော့လား၊ တိုက်သတ်ကြဆိုင်သောခါ၊ ပြီးမလွတ်ဘဲ၊ မချွတ်သီမည်သာဟု၊ တိုးတိုးသာချပ်ချပ်ပြော၊ ချီးယိုပါသည်၊ အောက်ပေါ်ဒေါလျှားများ၏။ လူးလဲငြားဝမ်းခဲကွန်၊ ခုချက်ချင်းသည်၊ ကာလနာလိုက်သည့်ဟန်သို့၊ ပြုလုပ်ပြန်ဥပါယ်သာ၊ ကြောက်ဝှန်ကြီး၍၊ ယင်းမှာနီလျှင်းပါသည်၊ နှမထံမှာတည့်လေး။

နှမထံမှာ၊ နီလီပါသည်ယင်းခါလျှင်၊ ချီတက်ကျင်လားလီငြား၊ လက်ယာဖက်မှာ၊ အနန္ဒာဘုရားတည်း။ လက်ဝဲနားကမ်းစမှာ၊ တင်းကျိတောင်ဟု၊ ခေါ်ဆောင်ဘုရားသာတည်း၊ လက်ယာမှာပုဂံမြို့၊ ဆိုက်ရောက်သောခါ၊ ယင်းမှာအောက်သားရို့က၊ ဘုန်းတော်တိုးအာမခံ၊ ငွေခွက်စွဲ၍၊ တပ်စွဲလျှက်နီပြန်၏။ ဂူရာပျံရဲမက်တော်၊ မြင်းစီးများသည်၊ လိုက်၍တိုက်ကြပါက၊ တသောင်းကျော်လူမက၊ သီပျက်ပါသည်၊ မြန်မာအောက်သားကတည်း။ ထွက်ပြီးကြလီသောခါ၊ ညောင်ဦးမြို့တွင်၊ လျှင်စောရောက်လီပါက၊ လက်ဝဲမှာမြစ်ဆိပ်ကမ်း၊ ပုခန်းကြီးခေါ်၊ မြို့ကိုသာလျှင်၊ ပါယ်ကာချီလားဘိက၊ အောက်သားလျှင်သီလ၀၊ ကူး၍လာကာ၊ ပြောဆိုလာသည်၊ မြင်းသာပြိုင်ကတ်စွဟု၊ အရှိကမြင်းကိုသာ၊ စိုင်း၍ပြီးသော်၊ ငှက်သွင်လျှင်လှပါ၏။ အနောက်မှာမြင်းတို့ဝယ်၊ ပြီးမလျှင်သည်၊ နောက်ဖင်ကားရားနီ၏။ ထိုခါထွေတုံပေက၊ မျက်မှန်ဗိုလ်သည်၊ ယင်းတွင်မာန်ကြီးထလျှက်၊ ခုလျှင်စောမြင်းယူခီ၊ ပြိုင်၍ယှုံးသော်၊ မြင်းကိုယူကြမည်ဟု၊ လက်ဝါးသည်ရိုက်ပြီးမှ၊ ငါးစီးမြင်းကို၊ အောက်သားမှာယူကြလျှက်၊ သူရို့ကမြင်းစီးသာ၊ ကသည်းမျိုးကို၊ အစီးအပ်လျှင်းပါ၏။ ယင်းသောခါမျက်မှန်ဗိုလ်၊ အိမ်ရာဇီသည်၊ ကတ်တင်ဖလောင်းပျိုကို၊ ခေါ်၍ဆိုမြင်းအပ်ကာ၊ နှစ်ပါးစုံသည်၊ အတူရပ်ကြပါက၊ သိန်းဗိုလ်ပါလူသူများ၊ ရှုကြည့်ရာသည်၊ သဘင်ပွဲအလားတည်း။ မြင်းနှစ်ပါးစိုင်းကြခါ၊ အိမ်ရာဇီသည်၊ အသျှင်မြင်းတုံသော်ကား၊ ထက်အာကာငှက်ပျံဟန်၊ အောက်သားမြင်းသည်၊ နွားလား၏သဏ္ဍန်သို့၊ ပြောင်းကာပြန်နောက်ကသာ၊ သုံးခါစိုင်းသော်၊ တချက်မမှီပါတည်း။ တစီးသာယှုံးတုံက၊ နောက်ထပ်ပါသည်၊ ထိုခါတစီးပြ၏။ စိုင်းပြန်ကြလီသောခါ၊ သုံးခေါက်လုံးကို၊ တချက်မနိုင်ပါတည်း။ သောင်းသောင်းကြော်လက်ခုပ်ခတ်၊ ယှုံးသည့်မြင်းကို၊ သိမ်း၍ယူတုံလတ်က၊ အောက်သားသွတ်အရူးသာ၊ သီလ၀သည်၊ ရှက်၍ပြန်လားပါလျှက်၊ စာချုပ်ရာကတိရက်၊ စိရောက်သောခါ၊ ငွေတော်မပီးဆက်၍၊ ကြန့်ကြာလျှက်ကျူးလွန်ခါ၊ ရာပသိန်သတ်၊ မင်းမြတ်ရွှီနှုတ်ဝါနှင့်၊ အောက်သားသာသျှမ်းမိုက်များ၊ ကတိမမှန်၊ လင်းပြန်လူပျက်သားကို၊ တပ်ဦးကမျက်မှန်ဗိုလ်၊ (-----)၊ အောင်ကျော်ရွှီလည်း၊ ယင်းမှာလားခီဆိုလျှက်၊ ကိုးသောင်းဗိုလ်ကြက်တောင်ဖံ၊ ရဲမက်များနှင့်၊ အသင့်စောင့်နီပြန်ဟု၊ ချလတ်ဟန်တုံသောခါ၊ မျက်မှန်ဗိုလ်နှင့်၊ အကျွန်ရို့အလုံးသော်ကား၊ လားကြရာတုံကပေ၊ မလွန်တပ်မှာ၊ လျှင်စောရောက်လီသည်တည်း။ အောက်သားဝယ်ကျီဝန်ကြီး၊ ကောလင်းမင်းကို၊ အယင်စကားမီး၏။ ထက်ကတိစာချုပ်မှာ၊ ပါသရိကို၊ အခုပီးအပ်ပါလော့။ မပီးသော်နက်ဖန်ဝယ်၊ နီတပိုတွင်၊ အမှန်တိုက်လာမည်တည်း။ ပြောဆိုပေတုံသောခါ၊ ကျီဝန်မင်းသည်၊ ချက်ချင်းတုန်လှုပ်ပါ၍၊ ကြောက်ဝှန်ကာမခံချိ၊ ငါးရက်ဆီကို၊ ငံ့တော်ပြုပါဖိလော့။ ထက်ကတိဟိတိုင်းကို၊ ပြည့်စုံအောင်သည်၊ ကျွန်တို့ပီးမည်ဆိုက၊ မနာလိုငြင်း၍သာ၊ မျက်မှန်ဗိုလ်နှင့်၊ အကျွန်ရို့ပြန်လာလျှက်၊ လျှောက်ကြလာသောခါဝယ်၊ နက်ဖန်ရက်မှာ၊ လျှင်စောတိုက်ကြမည်ဟု၊ လက်နက်ဝယ်ဗုံးစကြာ၊ မီးကျည်တန်းနှင့်၊ ရဲမက်များဗိုလ်ပါကို၊ အသင့်သာစီမံ၍၊ ထားလျှင်းပါသည်၊ တိုက်မည်အမှန်တည့်လေး။

တိုက်မည်မှန်စွာ၊ မိုးသောက်ပါ၍ယင်းခါတွင်၊ တပိုလျှင်နီတက်ခါ၊ ဗုံးလက်နက်ကို၊ တချက်လွှတ်လိုက်ပါက၊ ထက်အာကာဝတိန်၌၊ ၀ရဇိန်အဟိန်၊ မိုးကြိုးထစ်သို့၊ ကျတုံလစ်ယင်းတပ်မှာ၊ လယ်စပါးကို၊ ကြဲ၍ပစ်ခြင်းရာသို့၊ (ပီပျောက်)

(ရန်တပိုစာချုပ်အကြောင်း)

ချင်းတွင်းမြစ်တွိခါ၊ လက်ယာနားမှာ၊ တရုတ်မြို့ဟိပါ၏။ ချီတက်သော်တုံကပေ၊ ရန်တပိုမှာ၊ လျှင်စွာဆိုက်ရောက်လီက၊ ယင်းတွင်သာတပ်မချ၊ မျက်မှန်ဗိုလ်မှာ၊ လျှင်စွာချီတက်ကြွလျှက်၊ နီကြပေတုံသောခါ၊ သျှင်ဘုရင်မှာ၊ ကျွန်ရင်းအမတ်သော်ကား၊ လယ်ကိုင်းသားမြို့စားပေ၊ မင်းကြီးမဟာ၊ မင်းလှသာလျှင်၊ ကျော်ထင်ဘွဲ့နာမည်တည်း။ အတွင်းဝယ်ဝန်ကြီးသာ၊ ရွှေခွန်ဝန်မှာ၊ နာမည်ဘွဲ့တုံသော်လည်း၊ မင်းမဟာမင်းလှပေ၊ သီဟသူဟု၊ ယင်းမှာခေါ်ကြသည်တည်း။ နန်းတော်ဝယ်မောင်ရွှင်သာ၊ သံတော်ဆင့်လည်း၊ ယင်းခါပါလျှင်းပါ၏။ ဆရာတော်ပါဒလီ၊ ဇိန်သတ်ကိုပေ၊ ရှိနီပြုလုပ်ပြီးလျှက်၊ ခေါ်ယူပြီးလာ၍သာ၊ မလွန်တပ်ဝယ်၊ အထက်စာချုပ်ပါကို၊ ခုယူပါပြော၍ပေ၊ ရွှီငွေင်္ဒဂါး၊ အများလက်ဆောင်ဝယ်နှင့်၊ ဖမ်းလီသည်ဆာဖာအိပ်၊ အမိရိကာ၊ မှန်စွာအင်္ဂလိပ်ကို၊ အပ်ဆက်ပြီးပီးမှသာ၊ နှစ်ဖက်သားသည်၊ လက်ဝါးရိုက်ပြီးခါမှ၊ စာချုပ်ပါကြလတ်သည်။ အက္ကဗတ်ထွီ၊ ဝေသာလီနှင့်၊ အာသံမြို့လျှင်ပေတည်း။ မဏိပူရမှာ၊ ရှိမင်းဟောင်းသည်၊ ဂဘိရသျှိန်သော်လည်း၊ ပြန်လျှက်သာမင်းပြုက၊ သျှင်ဘုရင်မှာ၊ ခိုက်ရန်မရှာရတည်း။ ထားဝယ်နှင့်ရဲမြို့ဝယ်၊ တနင်္သာရီ၊ ခေါ်သည်ဗိတ်မြို့ဝယ်နှင့်၊ သံရှင်ဝယ်မြစ်ကိုမူ၊ နယ်ခြား၍သာ၊ ပိုင်လျှက်ယူကြတုံအံ့။ ရခိုင်ဟူမြို့ဓည၊ ဒွါရာဝတီ၊ ခေါ်သည်သံတွဲစသား၊ ရမ်းပြည့်နှင့်မာန်အောင်သာ၊ ဆယ့်နှစ်မြို့ကို၊ ပိုင်ခြားသိမ်းယူပါအံ့။ ကျန်ကြွင်းရာမြို့ကိုပေ၊ သျှင်ဘုရင်ကို၊ ငါရို့ပီးခမည်တည်း။ စရစ်ငွေအတွက်မှာ၊ တကုဋီကို၊ အမှန်ပီးရပါအံ့။ လေးပုံသာတပုံကား၊ ရန်တပိုဝယ်၊ ခုပင်ပီးအပ်လော့ဟု၊ တပုံကားရန်ငုမ်မှာ၊ အခုနိက၊ ရက်ပေါင်းရွီတရာတွင်၊ ပီးတုံကျင်သောခါဝယ်၊ တနှစ်တွင်းမှာ၊ တပုံသွင်းရမည်တည်း။ တပုံငွေနောက်ပီးက၊ ရန်ပုစ္ဆာကို၊ နောင်မရှာရဟု၊ နှစ်ဖက်ကမင်းရို့သာ၊ ကတိထား၍၊ ယင်းမှာပြောကြပါသည်၊ တပ်မဟိရာတည့်လေ။

တပ်မဟိရာ၊ ပြောကြပါသည်ယင်းခါတွင်၊ ခွဲဝီကျင်လီကြခါ၊ ရခိုင်တိုင်းပြည်၊ သံတွဲနယ်ကို၊ ခေါ်ထွေလူတကာရို့၊ တောင်ခွင်သာမော်ရုံထိ၊ ရခိုင်မင်းသာ၊ တည်လုပ်ပါသည်၊ မဟာစေတီကြီးကို၊ မသိမကြားကွန်၊ လယ်ကိုင်စားနှင့်၊ ကျီဝန်ရို့ပြောကြပြန်၏။ ပုသိမ်ဝန်စီရင်စု၊ သံတွဲနယ်သည်၊ အကယ်ပင်မဟုတ်တည်း။ မပီးအပ်ပါ၊ ငြင်းခုံလတ်သော်၊ ကျွန်ုပ်ပြောလျှင်းပါ၏။ လေးဆယ်သာခြောက်ခုက၊ ရခိုင်ပြည်ကို၊ အောက်သားပိုင်လာလည်း၊ ပုသိမ်ကမရပါ၊ စေတီကြီးလည်း၊ ရခိုင်မင်းရာဇာက၊ တည်လုပ်ပါသည်၊ နယ်နမိတ်ဖြစ်ခြင်းဟန်ကို၊ အကျွန်ပြောလတ်ပါ၏။ စေတီထိနယ်ကိုပေ၊ ရခိုင်ပြည်က၊ အပိုင်ရလျှင်းစီတည်း။ အရှိပြည်အင်းဝမှာ၊ စဖာအိပ်သည်၊ သူရဲငါးကျိတ်ကျော်နှင့်၊ ကတ်တင်သာအိမ်ရာဇီ၊ ဗိုလ်တယောက်လည်း၊ စောင့်၍နီအံ့။ ကုမ္ပဏီမြို့တော်မှာ၊ ထားလိုက်ငြားသော်၊ အောက်သားငါးကျိတ်ကျော်ကို၊ မပြတ်သာစောင့်နီလီ၊ စစ်ရန်များကို၊ မပြုလုပ်စီဟု၊ သက္ကရာဇ်သည်တထောင်ဖြစ်၊ တရာ့သျှစ်ဆယ်၊ ခုနှစ်ကယ်က၊ တပေါင်းလပြည့်ကျော် (၄) ရက်နိသည်၊ တပိုအချိန်မှာဝယ်၊ နှစ်ဖက်ကားမင်းများပေ၊ စာချုပ်ထား၍၊ လက်မှတ်ချကြသည်တည်း။ ဘာသာဝယ်သူ့စရိုက်၊ ပြောင်းဇ၀ါကို၊ ထိုခါသံဆင့်ပစ်လျှက်၊ လက်နက်၌ဗုံးစကြာ၊ မီးကျည့်တန်းကို၊ အာကာမြှောက်လိုက်ပါ၍၊ ကျူးရစ်ကာပစ်တုံငြား၊ ထိန့်ထိန့်ဆူသည်၊ ဇမ္ဗူကျွန်းလုံးကြားမျှ၊ ပျော်ရွှင်ငြားအောင်ပွဲသာ၊ ဗင်တုတ်ရုတ်မှာ၊ ကတ်တင်ဗိုလ်မင်းသော်ကား၊ ခေါ်တွင်ကာသူ့နာမ၊ လောဗောသျှိန်တိန် အိမ်ရာဇီကို၊ ယင်းခါစီလွှတ်ကလည်း၊ ကတ်တင်နှင့် နှစ်ယောက်သာ၊ အင်းဝမြို့မှာ၊ လျှင်စောရောက်လီပါ၏။ နန်းတော်သာရောက်လီက၊ သျှင်ဘုရင်မှာ၊ နီရာတိုင်းကြီးမ၌၊ တံဆိပ်နှင့်ခတ်နှိပ်ပြီးခါ၊ အပိုင်ခံ၍၊ လျှင်စွာပြန်လျှက်လာသည်၊ တပ်မဟိရာသို့လေ။

တပ်မဟိရာ၊ ပြန်လျှက်လာ၍ရောက်ခါလျှင်၊ ၀မ်းသာရွှင်ပျော်ပါးကာ၊ ရာပသိမ်သတ်၊ မင်းမြတ်နှုတ်ရွှီဝါနှင့်၊ များဗိုလ်ပါရဲမက်ကား၊ ခုလျှင်စွာသည်၊ ပြန်ကာဆုတ်၍လားလော့၊ ချဆိုငြားတုံသောခါ၊ ဗိုလ်လုံးသားသည်၊ ပြန်လျှက်ဆုတ်လီပါ၍၊ ပုဂံသာရောက်ပြီးက၊ ရွှေစည်းခုံသည်၊ သျှင်ပင်စေတီမကို၊ ပူဇော်ကြလီသောခါ၊ အောက်သားမသည်၊ ရှုကြကြည့်တုံလာ၏။ မြင်ခီသော်ရွံ့ဖွယ်တိ၊ အခြီစင်းစင်း၊ လက်ကျင်းကျင်းသည်၊ ၀တ်ခြင်းပင်ရင်မစိတည်း။ မွီးသည်မိအသရီ၊ ပြင်ကိုထုတ်လျှက်၊ မရှက်ပြနီ၏။ လက်ယာခြီဒူးဆစ်မှာ၊ ခြည်မျှင်မဲကို၊ ပတ်၍ချိုင်ထားပါလျှက်၊ သားမြတ်မှာချက်ရှိထိ၊ အသားမဲမဲ၊ သွားကြဲကြဲသည်၊ ဂေါင်းလည်းခပိပိနှင့်၊ မျက်စိလည်းပြူးတူးသာ၊ ဆံကိုဖြတ်၍၊ မျက်နှာဖုံးထားပါလျှက်၊ ရူးခြင်းရာဟန်မပြား၊ တချက်မြင်သော်၊ ကြောက်ချင်ဖွယ်များ၏၊ မောင့်သက်ထားမျိုးအိမ်သူ၊ နို့သျှင်ချွေးမ၊ သက်လုံးမျှကို၊ နှိုင်းယှဉ်သော်ဖက်မမျှ၊ မြော်မြင်သသူ၊ စိတ်ဝမ်းပူသည်၊ နတ်ဘုံသူမကတည်း။ ယင်းဌာနသူ့ရပ်မှာ၊ တပေါင်းမင်းလွင်၊ ရွက်ကျင်တောင်လီလာက၊ ဥသြသာဖိုးခေါင်ကျူး၊ နွီပေါက်သံဝါ၊ ငှက်တကာသည်၊ မြူးပျော်ကဇာတ်ပြုက၊ ထက်အောက်ချုပ်မှိုင်းဝီကာ၊ မြုံဆောင်းဆောင်းသည်၊ (-----)၊ လွှင့်လွတ်ပါတုံပေက၊ သားဦးမိခင်၊ ငယ်ကျွမ်းဝင်ကို၊ ကျွန်လျှင်အောက်မိလှ၍၊ တမ်းတရုမကြံသာ၊ ဟာလာအသက်၊ ပြင်ထွက်ဟန်ပမာသို့၊ ဖိုမောကာသွယ်ပြိုက်ကျ၊ စိတ်ပူဆာသည်၊ မေတော်သျှင်ချွေးမကြောင့်၊ ဆွတ်မျှတ၍သာ၊ တဆတ်ဆတ်သည်၊ ပြန်လျှက်ချီကြွလာလျှက်၊ ပြည်မြို့သာဆိုက်ရောက်က၊ များဗိုလ်ပါသည်၊ ယင်းမှာတပ်ကြီးချလျှက်၊ ဆိုင်းငံ့ကြနီခါဝယ်၊ ဈီးတန်းပြင်မှာ၊ ကျွန်လျှင်မြင်ခီသည်ကား၊ သားသူငယ်မိထံမှာ၊ မပီတွတွ၊ ပီတွတွသည်၊ အဘကိုသာခေါ်လျှက်၊ လူးလဲကာငို၍ပေ၊ ငါ့ဘခင်ကို၊ ခုပင်ပီးရမည်ဟု၊ တွလျှက်ပေတောင်းလတ်ခါ၊ မွီးဘခင်သည်၊ လျှင်လျှင်ပြီး၍လာလျှက်၊ ဖက်နမ်းကာသားကိုရွက်၊ မွီးမိခင်လည်း၊ ယင်းတွင်တစဖက်၏။ ရယ်နှုတ်ဆက်အလှယ်လှယ်၊ လင်မယားသား၊ နှစ်ပါးပျော်ကြသည်ကို၊ မျှော်ခီပေတုံသောခါ၊ ကျွန့်သဲအူကို၊ နှုတ်ယူဟန်ပမာသို့၊ ဟမြွက်ကာမျက်ရည်ကျ၊ သားမောင်ငယ်ကြောင့်၊ ဘခင်လွမ်းရုတ၍၊ လွန်ပျောင်းပျမကြံသာ၊ ကြာပဒုံကို၊ နီပူလှမ်းပမာသို့၊ မွီးမယ်တော်မင်းချွေးမ၊ ချီ၍လာခါ၊ ဂမ္ဘသာလျှင်၊ ၀မ်းမှာသန္ဓေနှင့်တည်း။ စွဲရင်းလှဟိလိုက်သည်၊ ဖွားမြင်ကြောင်းကို၊ ကျွန်လျှင်မမြင်ပေ၍၊ သားမောင်ငယ်ကြီးခြင်းရာ၊ သည်ကိုတွက်၍၊ အကျွန့်သဲအူဆာလျှက်၊ စိတ်မှာသာမျှော်နှိုင်းနှိုင်း၊ စားသောက်မ၀င်၊ ပူပင်လွမ်းဝှမ်သဲ၍၊ ခွီပျောင်းချိတလျှက်သာ၊ ရန်ငုမ်မြို့ရွာ၊ ကြွချီလားလီပါသည်၊ မကြာရောက်လာ၏လေ။

ရန်ငုမ်မြို့ရွာ၊ ရောက်လတ်ပါသည်ယင်းခါလျှင်၊ ဆိုင်းငံကျင်နီသောခါ၊ ရာပသိမ်သတ်၊ မင်းမြတ်ရွှီနှုတ်ဝါနှင့်၊ ဟမြွက်ကာပြောလတ်သည်၊ ကုလိကုတ္တာ၊ ကိုယ့်ပြည်ရွာမှာ၊ ငါသာချီလားနှင့်ပြီ၊ ရန်ငုမ်ဝယ်နီလိုက်ကြ၊ ဇောသျှိန်သတ်ဆို၊ မျက်မှန်ဗိုလ်သည်၊ လျှင်စွာပို့တုံကြအံ့။ ရောက်လီရရခိုင်မှာ၊ ကျွန်းချောင်းများသည်၊ ငါကပီးအပ်ရာကို၊ သားစိုင်မှာမြီးဆက်ပေ၊ မျှင်မပြတ်သည်၊ မပျက်စားရလီအံ့။ အရာဝယ်အထူးသာ၊ ကြီးမားစွာကို၊ ယင်းမှာရတုံပါ၏။ ဟမြွက်ကာပြောလျှက်ပေ၊ ကိုးသောင်းဗိုလ်နှင့်၊ အကုန်ချီလီသည်တည်း။ ရန်ငုမ်ဝယ်မြို့တွင်းသာ၊ ကျွန်ုပ်ရို့သည်၊ ယင်းမှာကျန်လိုက်ပါက၊ တန်းခူးသာဆန်းလတ်မှ၊ တာသင်္ကြန်သည်၊ ကျပြန်တုံလတ်ကလည်း၊ ယင်းဌာနသူရို့မှာ၊ ပေါက်ပေါက်ပန်းမှန်၊ တင်းခွန်ဆီမီးဝါနှင့်၊ ဆင်ယင်ကာအသွယ်သွယ်၊ လင်နှင့်မယား၊ သမီးသားသည်၊ ပျော်ပါးလားကြပေ၍၊ ရောက်ပါလီတုံပြီးခါ၊ ရွှေတိဂုံသည်၊ သျှင်ပင်စေတီတော်၌၊ ပန်းမှန်သာပေါက်ပေါက်များ၊ ဆီမီးဝါကို၊ လျှင်စွာညှိတင်ငြားက၊ လင်မယားမောင်နှံပေ၊ တူစုံထိုင်လျှက်၊ သျှင်ပင်ရှိတော်ဝယ်၌၊ အတူသည်ဖြစ်ရအောင်၊ မယားဝတ်သည့်၊ ကိုယ်တွင်တံဘက်စောင်ကို၊ လင်ယူဆောင်ကိုင်ထားကာ၊ လင်ဝတ်ပါသည်၊ ကိုယ်မှာအင်းကျီပါးကို၊ မယားကဆွဲကိုင်ကာ၊ အသားချင်းသာ၊ ဟပ်၍ဆုတောင်းပါ၏။ ဖြစ်လီရာဘ၀ကို၊ ခုအဟန်သာ၊ တူစုံဖြစ်ရလို၏။ သားမောင်ကိုနံပါးထား၊ ဖူးကြပါသည်၊ သျှင်တော်မြတ်ဘုရားကို၊ တခြားကပွဲများဖျင်၊ လှီကဇာတ်သည်၊ မြစ်၏ပြည့်မွန်းဖျင်မျှ၊ လက်ပွဲလျှင်သတ်ကြရာ၊ ပတ်ဆိုင်းတီး၍၊ ထလျှက်ကကြပါ၏။ ရှုကြည့်ရာလင်မယား၊ လာကြပါသည်၊ ယင်းမှာတသောသောတည်း၊ ထိုင်တုံငြားလာခါပေ၊ လင်နံပါးမှာ၊ မယားဝန်းရံနီလျှက်၊ တယောက်သည်မယားမှာ၊ ရီဖလားကို၊ ကမ်းလျှက်ပီးနီပါ၏။ တယောက်သာမယားက၊ ကွမ်းနုယာကို၊ ယူကာကိုင်၍ထားလျှက်၊ တယောက်ကားဆီးလိပ်သာ၊ ညှိ၍ပီးသော်၊ ယူလျှက်သောက်ကာကာတည်း။ တယောက်မှာယပ်နှင့်ဝယ်၊ ပူသည်မြင်သော်၊ ခတ်ကာနီ၏။ ချွေးယိုထွေစီးကျကာ၊ မယားကြီးမှာ၊ ကိုယ်ဝတ်ပိုးခါသာနှင့်၊ တို့ကာတို့ကာ၊ တံဘက်စွန်ကို၊ ရင်တွင်အသာအုပ်၍၊ သားမောင်ပုမိထံမှာ၊ အဘပေါင်တွင်လာလျှက်၊ လဲလျှောင်းကာကဇာတ်သည်၊ တခါထ၍၊ မိထံပါလားလီ၏။ လက်ညှိုးငယ်ပြကာကာ၊ ထိုမှာကိုမီး၊ မှာကိုမီးသည်၊ ရင်သွီးဘမျက်ဖျော်တည်း။ ပြုံးရယ်ကာပျော်ကဇာတ်၊ ပွဲသဘင်ဝယ်၊ တူစုံရှုခင်းများကို၊ မျှော်ချေငြားတုံသောခါ၊ ကိုယ့်သားရွှီရောင်၊ ခြောက်ယောက်မောင်သည်၊ ပူလောင်မခံသာ၍၊ သလွန်တော်မွိရာထဲဝယ်၊ စီးမြိုက်သွယ်သည်၊ မျက်ရည်တရွှဲရွှဲနှင့်၊ အသဲကွဲလုဖွယ်၊ ကြံမတတ်သည်၊ ဆီးသတ်ငါးအနှယ်သို့၊ ဟိ၍ပေလွန်မိမော၊ ရွှီနို့သျှင်သည်၊ မိခင်ချွေးမများကြောင့်၊ ဖြစ်ခြင်းရာအဟန်ကို၊ သူဇာလင်ရင်း၊ သိကြားမင်းသည်၊ လျှင်ပြင်းမပါဆိုလျှက်၊ နတ်များကိုတိုင်၍သာ၊ ကိုယ့်ဌာနသို့၊ လျှင်စောပြန်ချင်ပါသည်၊ ရန်ငုမ်မြို့မှာတည့်လေ။

(နောက်ဆုံးပိုင်း)

ရန်ငုမ်မြို့က၊ ပြန်ချင်လှ၍နီကြခါ၊ သားနိုးသာကံ့ကော်ပန်း၊ အဝေယာသည်၊ ကြိုင်စွာပင်လုံးမွှမ်းမျှ၊ မလေးပန်းနှင်းပွင့်သာ၊ စပါယ်စံကား၊ ချရားဇီသ၀ါကို၊ ယင်းပြည်ရွာဌာနသား၊ ခူး၍ဆွတ်ကာ၊ လှရာရာကို၊ ထိုခါရွီးချယ်ငြားလျှက်၊ ထွားပြာညက်လှဆင်းဝါ၊ ကိုယ့်မယားကို၊ လက်ဖြင့်ဆင်ကြပါ၍၊ အရှုသာကြည့်လျှက်ပေ၊ ကွမ်းနုယာကို၊ လှမ်းကာပီးကြသည်တည်း။ အသွယ်သွယ်ပျော်ခြင်းရာ၊ သည်ကိုမြင်သော်၊ ကျွန်လျှင်သဲအူဆာ၍၊ ညှိုးဝီကာထပ်ဆင့်ပွား၊ မွီးမိခင်သည်၊ နို့သျှင်ချွေးမများကြောင့်၊ တရုငြားနီသောခါ၊ ဂြိုးတခုသည်၊ လွမ်းမှုပြုပြန်လာက၊ ငှက်ရွှီဝါသံဆင့်ခတ်၊ ရောက်ပျာရောက်ပျာ၊ တြင်းဆော်သည်၊ သံဝါတတွတ်တွတ်နှင့်၊ မြည်တုံလတ်သောခါဝယ်၊ သားဦးမိခင်၊ ငယ်ကျွမ်းဝင်နှင့်၊ နို့သျှင်ချွေးမငယ်ကို၊ စီးပြိုက်ထွေယိုရွှဲကာ၊ မောင်ကြောင့်တရူ၊ မွှီးသူမအိပ်ပါဘဲ၊ ပန်းဘုံသာမွိရာထဲ၊ စက်မပျော်သည်၊ ဗျာပါလွန်ကြီကွဲနှင့်၊ အသဲပြိုလုကာ၊ ပြန်လာနည်းနည်း၊ မျက်စိထဲတွင်၊ ပြန်လျှက်တမ်းရှာကြလိမ့်မည်။ သည်ကိုတွက်၍၊ သဲဖျားလွမ်းဝှန်ကဲနှင့်၊ သားမောင်ငယ်ထွန်းဦးကား၊ မျှော်သည်သူ့ကို၊ “အဘာ” ရောက်ပျာလားဟု၊ မီးတုံငြားမူသောခါ၊ ငါ့ဘခင်ကို၊ ခုပင်ပြပါလတ်ဟု၊ ငိုကျွီးကျော်တောင်း၍ပေ၊ ဘရင်၌သည်၊ သားချစ်ဟိလိမ့်မည်ကို၊ စိတ်တွင်ဝယ်တွက်၍သာ၊ အသဲလောင်သည်၊ ယာတောင်မီးတိုက်ပါသို့၊ ငှက်ပမာဟန်မပြား၊ ပျံရောက်ချင်သည်၊ မေတော်ထံရင်းပါး၌၊ ကြာမြင့်ငြားတနှစ်ကျော်၊ သူ့ဌာနမှာ၊ ၀န်းလျှားစိတ်ဗျာပါနှင့်၊ နီကြရာတုံခါဝယ်၊ မြန်မာများသည်၊ လျှင်စောလာပေလျှက်၊ တပုံငွေဘဏ္ဍာတော်၊ မြို့ရန်ငုမ်မှာ၊ ယင်စွာဆက်သွင်းပါက၊ ခေါ်ကြကာမျက်မှန်ဗိုလ်၊ ဇော်သျှိန်သတ်သည်၊ ပြန်၍လားမည်ဆိုလျှက်၊ ငါးရာဗိုလ်လူထဲတွင်၊ ကျန်သည်သူကို၊ ယင်းခါခေါ်ငြားပါက၊ ကျွန်ုပ်မှာတဌာန၊ ပါသည်သူကို၊ ကြည့်ဆောင်ခေါ်ယူကြလျှက်၊ စုပေါင်းကြ၍ပေ၊ လှီသင်္ဘောတွင်၊ လျှင်စောစီးတက်လီ၍၊ မေဇော်သည်ဇော်သျှိန်သတ်၊ တပ်ဦးဗိုလ်နှင့်အတူ၊ ပြန်လာကြလျှက်၊ တဆတ်ဆတ်လွှင့်လတ်ခါ၊ မာန်အောင်မြို့တွင်၊ လျှင်စောဆိုက်ရောက်ပါက၊ ၀မ်းကြီးသာလွန်အားရ၊ ဥပမာသည်၊ ရီတွင်ငါးကိုချသို့၊ ထားလတ်ခ၍ပေ၊ မျက်မှန်ဗိုလ်လည်း၊ လွှင့်ချီလားလီသည်၊ မြို့ဝယ်ဌာနသို့လေး။

ဌာနမြို့မှာ၊ သူ့ပြည်ရွာသို့လားခါပေ၊ ကျွန်ုပ်ရို့သည်ယင်းခါက၊ ပျော်ပါးရွှင်ကာ၊ ချီ၍လာသည်၊ ထိုမှာတန်းချောင်းဝ၌၊ ဆိုက်ရောက်လီသောခါ၊ ရမ်းဗြဲသားသည်၊ သောသောရုရုဆာလျှက်၊ လာ၍ပါမီးတုံက၊ ကြောင်းခြင်းရာကို၊ ယင်းမှာပြောပေခလျှက်၊ ရယ်နှုတ်ဆက်လားလီခါ၊ ကိုယ့်ဌာနသည်၊ ရခိုင်ပြည်ကြီးမှာ၌၊ သက္ကရာဇ်မှာတထောင်ဖြစ်၊ တရာ့သျှစ်ဆယ်၊ စွန်းဝယ်ခုနှစ်နှစ်တည်း။ မာဃဖြစ်လဆန်းသာ၊ ငါးရက်နိသည်၊ နီထွက်တဗိုလ်ကျော်တွင်၊ မြို့ဝန်လျှင်ပတ်တင်သတ်၊ ကတ်တင်ဟူမှတ်၊ ဒေသျှိန်သတ်နှင့်၊ တိုင်ပင်ကြည့်ရှုလတ်၍၊ စစ်တွေရပ်မြစ်နားမှာ၊ ကောင်းသည်ခါဝယ်၊ မြို့ရွာတည်လုပ်ပါလျှက်၊ ရခိုင်သာမှုးမတ်များ၊ ကျွန်းအုပ်ကြီးသူ၊ အောက်ကျီမူလည်း၊ ဆောင်ယူသားမယားနှင့်၊ တသောသောလာကြခါ၊ ပုလီစောင်းညှင်း၊ ကြီးနင်းမောင်းခရာတည်း။ နတ်မနော်အာသာခ၊ ကိန္နရာသည်၊ ၀ဲကာပျံ၍ကျသို့၊ စင်ထက်ကကခြင်းဟန်၊ ယိုးဒယားနှင့်၊ သဘင်ဇာတ်ကြီးခံလျှက်၊ မြူးပျော်စံနီ၍သာ၊ မြို့ချာတိုင်ကို၊ သခင်တည်ခြင်းရာကား၊ လေးမျက်နှာသံကြိုးခတ်၊ မြင့်ခြင်းရာသည်၊ သုံးပုံ၏အဆင့်တည်း။ မိုးထက်သားအချိန်ခါ၊ ထက်ကြိုးသွယ်မျှင်၊ ဆွဲကာငင်၍၊ တိုင်တွင်အထွတ်ချာ၌၊ တင်းခွန်သာလွှင့်ကာထား၊ ကာသရီဟု၊ ယုံးတော်ဆောက်လုပ်ငြားလျှက်၊ လိုင်းအိမ်များသုတ်သလာ၊ သူရဲတန်းနှင့်၊ ကြောင်းလမ်းမြို့ဇင်းခါဝယ်၊ ဆင်မြင်းသာရထား၊ ကျွဲနွားအိမ်ရာစီသည်၊ ကတ်တင်မင်းအများရို့၊ စီးလားငြားအသွယ်သွယ်၊ ဖြူနုထွတ်သည်၊ နတ်ဘုံသူအနွယ်တည်း။ မိုးထက်ဝယ်ညဥ့်မပြတ်၊ စည်ကြီးတီးခါ၊ ဗောမှုတ်ပါသည်၊ သံဝါတတွတ်တွတ်နှင့်၊ ပြောင်းသေနတ်အခြင်းသာ၊ နှဲမပြတ်သည်၊ ကဇာတ်ပျော်ကြပါ၏။ အင်းဖက်သာတန်းခါးမ၊ ရွက်ကြီးပြိုင်ပြိုင်၊ သုံးပင်တိုင်သည်၊ လှီယာဉ်သင်္ဘောလှနှင့်၊ ဗောက်တီကဂေါ်တူသာ၊ မီးငူမြစ်မှာ၊ ပြည့်မျှဝင်းလင်းပါ၏။ ရောင်းဝယ်ရာတသောသော၊ နီကြပါသည်၊ မြို့ရွာဆိပ်ကမ်းနား၌၊ ရခိုင်များမြန်မာပေ၊ ဟီန္ဒုတ်သာနီ၊ ဗရင်ဂျီနှင့်၊ ပသီကုလားသည်တည်း၊ ကသည်းနွယ်သျှမ်းရို့များ၊ စရိုက်ဘာသာ၊ နီကြပါသည်၊ မြို့ရွာထူထပ်ပေါ၏။ ထက်မြင့်ဖျားနတ်ဘုံသွင်၊ မြို့ချမ်းသာကို၊ သခင်တည်လုပ်ပါ၏။ လာလတ်လျှင်ထံရင်းတော်၊ ဖူးမျှော်ချင်၍၊ ခဏသွင်းလီခါဝယ်၊ မင်းကြီးသာဟိန္ဒုတ်သတ်၊ ဆိုက်ရောက်ဟိခါ၊ ကျွန်သာခရိုညွတ်၍၊ လျှောက်တင်မှတ်ပြောပြီးခါ၊ တဆတ်ဆတ်သည်၊ မပြတ်လားလီပါက၊ မင်းကန်ခေါ်ပလီဝ၊ သျှင်ပင်စေတီမကို၊ ရိုညွတ်ခပူဇော်ခါ၊ စိုးမင်းမြတ်သာ၊ ချီတက်လားလီပါက၊ လက်ဝဲမှာယိုးငုံဝ၊ အုန်းကျွန်းလက်ယာ၊ ဖွဲဒါရွာကို၊ မျှောင်ကာချီလားကြက၊ ကျောက်တော်မစေတီသာ၊ မြတ်သျှင်ချစ်ကို၊ ယင်းတွင်ပူဇော်ပါလျှက်၊ နာမသာကုလားတန်၊ မြစ်ကိုစောင့်၍၊ ကူးလျှက်လားလီပြန်သော်၊ နတ်ဗိမှာန်ဘုံအလား၊ ပီကျွန်းမြို့ကို၊ အညာဟုတွင်ငြား၏။ ချိုဆိမ့်ခါးအရသာ၊ လိုသမျှသည်၊ တခုမကျန်ပါတည်း။ ချမ်းအီးစွာဝပြောငြား၊ ကုလားမရမာ၊ နီကြပါသည်၊ ကျွန်းရွာထူထပ်ပေါ၏။ ကျောင်းဘုရားစေတီသာ၊ မသိတ်ဗလီ၊ ပြည့်လျှက်နီသည်၊ ဖောက်ကျီခေါင်းတကာရို့၊ နော်မာသာဖတ်တုံငြား၊ သူ့ဘာသာသည်၊ ကုသိုလ်ကောင်းမှုများနှင့်၊ ရပ်တခြားသူရို့မှာ၊ ကုန်စည်လာလား၊ ရောင်းဝယ်များ၍၊ မယားသားကိုသော်မျှ၊ မိလျှော့ကာပျော်၍ပေ၊ နီတုံငြားသည်၊ ဌာနမြို့ရွာနယ်သို့၊ ယင်းရပ်မြီရောက်လီက၊ ရွှီနို့သျှင်သည်၊ မိခင်ထံရင်းစ၌၊ ရိုတုတ်ကွပူဇော်ကာ၊ ခရိုညွတ်၍၊ မပြတ်နီလျှင်းပါသည်၊ ပီကျွန်းရပ်မှာတည့်လေး။

ပီကျွန်းရပ်မှာ၊ နီလျှင်းပါသည်ယင်းခါတွင်၊ သားမောင်ပင်မိသဲချာ၊ ဘရင်၌သည်၊ သားချစ်ပြီး၍လာလျှက်၊ ကျွန့်ထံမှာပျော်ကဇာတ်၊ နတ်ဒေ၀ါသည်၊ ယင်းခါသင်ငြားလတ်သို့၊ ရင်ခွင်ထက်ထိုင်၍သာ၊ လိုင်ကိုဆွဲ၍၊ တွလျှက်နီတုံလာ၏။ မွီးမည်တော်မင်းချွေးမ၊ သားဦးမိခင်၊ ငယ်ကျွမ်းဝင်သည်၊ သက်လျှင်မောင့်ချစ်စနှင့်၊ မိချွေးမအလုံးပေ၊ ခြောက်ပြစ်လွတ်သည်၊ မိုးနတ်သူဇာနှယ်သို့၊ ရိုညွတ်ထွေဦးလျှင်ချ၊ ရွှင်ဝမ်းသာသည်၊ ဒေ၀ါနတ်မမျှတည်း။ ချမ်းငြိမ်းလှသာယာစွာ၊ ပျော်ပွဲဆင်၍၊ ကဇာတ်နီကြရာဝယ်၊ ရခိုင်မှာမြို့ဝန်မင်း၊ ဟိန္ဒုတ်သတ်သာ၊ လျှင်စွာခေါ်လတ်လျှင်က၊ မယွင်းလားခါပေ၊ မင်းချွေးမကို၊ တချက်မျှော်ခီသော်က၊ ထက်အာကာဝတိန်ဖျား၊ သုဇတာသည်၊ ဟင်္သာဟန်မပြားတည်း။ နွဲ့သည်ခါးနှစ်ညိုကျော်၊ မျက်မှောင်ကွရုံ၊ နားဖန်စမုံမှာလည်း၊ ၀င်းပေါ်သည်မထင်လှ၊ ဆိုက်မရံပေ၊ ကျောက်မှန်မာခလျှနှင့်၊ ညှာစိမ်းမြပန်းနှယ်ပင်၊ မိုးကောင်းခင်ဝယ်၊ ရောင်ထင်လျှပ်နီပြက်သို့၊ ဖြူညံ့သက်တကိုယ်လုံး၊ မွှီးမျိုးစုံသည်၊ ပန်းပုံကတိုးထုံးသို့၊ သျှောင်ဦးလုံးဆံကေသာ၊ နတ်မေကျော့သည်၊ အာပေါ၏ခံတွင်းက၊ ကြာညိုဆင်းပန်းရောင်သာ၊ သန္တာချောညက်၊ ဆယ်ဖြာလက်မှာ၊ စွဲလျှက်ဒန်းနီလာနှင့်၊ နှုတ်သီးသာကျီးအဆင်း၊ အကြောစိမ်းရှင်၊ မှန်သွင်အရောင်ချင်း၏။ တောက်ချင်းလင်းသည်ဝင်းဝါလတ်၊ ရွှီပန်းခက်ရံ၊ ပန်းတံဦးထိပ်ချပ်၍၊ ခြောက်ပြစ်လွတ်နတ်ဆင်းဝါ၊ မောင့်ချစ်စကို၊ မျှော်သူအံ့မောဟ၏။ ယူဆောင်လားလီငြားခါ၊ မင်းနီရာသည်၊ စစ်တွေမြို့ရောက်ငြားလည်း၊ အထက်ကလုပ်ဆောင်သူ၊ ရခိုင်ပြည်ကို၊ ထိမ်းသိမ်းသူဟု၊ မြို့ဝန်မူပတ်တင်သတ်၊ မင်းနှစ်ပါးသည်၊ တိုင်ပင်ပြုလုပ်ကြပ်လျှက်၊ တိုင်းပြည်ရပ်ရခိုင်မှာ၊ ရီမြီစသည်၊ ရှိကထုံးဟိရာကို၊ သက္ကရာဇ်မှာတထောင်ဖြစ်၊ တရာ့သျှစ်ဆယ်၊ စွန်းသည်ကိုးခုနှစ်ဝယ်၊ ကိုယ့်ပြည်၏ဘဏ္ဍာတော်၊ ငွေနှစ်သိန်းကို၊ ယင်းခါစည်းကြပ်ပါလျှက်၊ တိုင်းပြည်ရွာအလုံးဝယ်၊ မေ့ချစ်စကို၊ “ဒေးဝန်း” ခန့်အပ်သည်တည်း။ တလစီမင်းမေးနာ၊ ငွေတရာကို၊ မပြတ်ပီးတုံပါလျှက်၊ အသျှင်သာဟိန္ဒူသတ်၊ သားပမာသည်၊ မှန်စွာချစ်လေးမြတ်၍၊ (ပီပျောက်)

မှတ်ချက်။ ။ ဆရာမှာ ပီမူမှတဆင့်စက္ကူပြုထားသည်။ ပီမူ၏င်္အဂါစိုင်အက္ခရာတိကို ကြွက်ကိုက်ထားသဖြင့် အစီအစိုင်ချရသည်။ စက္ကူမူလက်ရွီးမှာ ထွန်းကျော်စိန်၏ လက်ရွီးဖြစ်ပါသည်။ မစုံသိမ့်။ ၄င်းစက္ကူမှတဆင့်ရွီးကူးယူသည်။

စံကျော်ထွန်း
(၉။၅။၆၃)

မိုးထက် (၉) နာရီ၊ (၃၈) မိနိ။
၁၃၂၅ - ခု၊ ကဆုန်လပြည့်ကျော် (၂) ရက်
ကြသားပတီးနိ။

ခေတ္တ - မြင်းစိုင်းပြင်၊ တောင်ရပ်ရွာ
မြောက်ဦးမြို့ဟောင်း။
(29/10/93) နိတွင် လက်နှိပ်စက်ဖြင့် ထပ်မံကူးရိုက်ပြီးသည်။

(ဆရာဟူသည် ပဏ္ဍိတ်ဆရာကြီးဦးသာထွန်းဖြစ်ပါသည်။ စံကျော်ထွန်းဆိုသည်မှာ (AIO) အတွင်းရေးမှုး ချင်းတောင်တန်း၌ကျဆုံးလားသော ဆရာစံကျော်ထွန်းဖြစ်ပါသည်။)

(ပထမမူကြမ်း)
နောက်ထပ်မူပွားများနှင့်ညှိနှိုင်း၍ အမှန်ဆုံးဖြစ်အောင် တည်းဖြတ်သုတ်သင်ကြပါကုန်။


(နောက်ဆက်တွဲ)

ဇေယန္တုသဗ္ဗမင်္ဂလံ

(၁) ၀ံသဟိနံ္န၊ မျိုးမမှန်သည်၊ လင်းပြန်မသား၊ သင်ရို့မှာတရုရု၊ မစားတတ်ကာ၊ ခိုက်ရန်ရှာသည်၊ ခွီးမှာသားရိုးလုသို့၊ တိုင်ပင်မှုစားသောက်ကာ၊ ကုသလယှား၊ ပါပပွားသည်၊ မိုက်မှားလူမိစ္ဆာတည်း။ ကျောင်းတကာရံဖော်သည်၊ မြို့ထဲခဲပစ်၊ ဆန္ဒညစ်နှင့်၊ စင်စစ်လင်းတငယ်သို့၊ သတ်စားမည်ကြောင်းအလား၊ လင်းနို့ပမာ၊ တူလှပါသည်၊ မှန်စွာမထူးပြားတည်း၊ (----)၊ နှုတ်မှာချိုပျား၊ ၀မ်းမှာများတည်း၊ ဟုတ်ငြားမွှီနှောက်ကာ၊ ရဟန်းသင်္ဃာ၊ မျိုးလေးဖြာရို့၊ မှန်စွာမလွတ်ပါတည်း။ ထောင်းသတ်ကာချုပ်၍ထား၊ ဒင်္ဂါးရွှီငွေ၊ ပီးနိုင်ပေမှ၊ ငြိမ်းထွေချမ်းသာရ၏။ စိတ်ဒုက္ခများသျှင်လူ၊ ဆာပူထပ်ထပ်၊ ကြံမတတ်သည်၊ ဆီးသတ်ငါးနှယ်တူလိမ့်။ စွဲလမ်းယူမွှီနှောက်စား၊ သူမိုက်ရို့မှာ၊ လွန်ဝမ်းသာလျှက်၊ များစွာအားကြီးရ၍၊ စားသောက်ကြလူဗာလာ၊ တိုင်းမြတ်ရက္ခ၊ မြို့ဓညတွင်၊ ရပ်ရွာချောက်ချားပါ၏၊ လူမိစ္ဆာတကျိပ်ခြောက်၊ ပေါင်းမြောက်ညီညာ၊ လူတကာရို့၊ များစွာစွဲလမ်းနှောက်၍၊ တယောက်တလုံးဆိုကာ၊ ကျန်ကြွင်းသောသူ၊ ထိုမျှလူရို့၊ ပြုမူသက်သီပါတည်း။ ကျမ်းစွဲကာမုသားပြော၊ မဟုတ်မမှန်၊ သက်သီခံသည်၊ ဧကန်တံစိုးစား၍၊ ပြောဆိုငြားတုံသောခါ၊ ဓမ္မာယွင်းချွတ်၊ ဒေးချိန်သတ်နှင့်၊ ၀ါသတ်မင်းရို့မှာလည်း၊ ရွှင်ဝမ်းသာလွန်အားရ၊ သုံးလုထွတ်ချာ၊ မြတ်ဓမ္မာကို၊ မျှော်ကာမရှုကြဘဲ၊ မတွေးဆမစာနာ၊ အငြိုးဒေါသ၊ မာန်မာနကို၊ များလှသိုထားပါလျှက်၊ စိတ်ဟိရာထိုမင်းများ၊ မဟုတ်မမှန်၊ မုသာလျှံကို၊ လုပ်ကြံပြုရွီးသားလျှက်၊ ထိုယုံးမှာစီရင်ငှား၊ ၀န်ကြီးမှန်စွာ၊ မင်းလေးဖြာရို့၊ မှန်စွာမရှုငြားဘဲ၊ စာမုသားရို့ကိုသာ၊ ဟုတ်စွာမှန်လှ၊ အယူရ၍၊ ဖြစ်ထကေကောင်းသာဟု၊ မှတ်ခြင်းရာထင်မိမှား၊ ပညာနှင့်ညာဏ်၊ မြတ်ကျမ်းကန်ကို၊ တတ်ပွန်မကျွမ်းငြားဘဲ၊ တဖက်နားမုသားသာ၊ ပြုကာလုပ်မှတ်၊ ဒေးသျှိန်သတ်နှင့်၊ ၀ါသတ်ရွီးသောစာကို၊ ယူပြီးခါစာတရား၊ စီရင်သောခါ၊ ကျွန်ုပ်မှာကာ၊ ကြင်ရာသားမယားနှင့်၊ ဆွီသားမျိုးတကာ၊ ဥစ္စာကျွဲနွား၊ စိုးပိုင်ငြားလည်း၊ လေကားကျွန်းရပ်ရွာကို၊ စွန့်၍သာရှိကမ္မ၊ လားရတုံသည်၊ မိစ္ဆိမေဟု၊ သူ့ပြည်နောက်ဒေသ၊ ကိုယ့်မိဘအစိုင်လာ၊ ရံခါဆန်းထူး၊ မရောက်ဘူးသည်၊ ၀ီးကျူးကုလားရွာသို့၊ ရှိကမ္မာထိုဘ၀၊ ဒါနပီးလှူ၊ တောင်းဆုယူခါ၊ စိတ်မူမသန့်ခ၍၊ ဤလောကပုညမှာ၊ ကြံရကြိုးစား၊ ရန်သူများရို့၊ တင်ငြားဖျက်ဆီးလာလျှက်၊ ဘော်မပါတကာယ၊ ဒုက္ခပူဆာ၊ မင်းအာဏာကြောင့်၊ နာဝါခေါ်သင်္ဘောမ၌၊ စီးတက်ကြရွက်ဖြန့်ကာ၊ လီသာပြန့်ပြော၊ တဟောဟောနှင့်၊ မြစ်ကြောယမုံနာကို၊ ရွှင့်လာခါသမုဒ္ဒရ၊ လှိုင်းယက်လည်းဆူ၊ တအူအူသည်၊ ဥဖြူလှိုင်းယက်ထ၍၊ မှိုင်းပျပျကြောက်ဖွယ်သာ၊ သီတာဟူကျင်၊ ကမ်းမမြင်သည်၊ မြစ်ခွင်သမုဒ္ဒာကို၊ ကူးသန်းကာတိုက်လာကြ၊ အလှရွှီတူ၊ သဲအူသားနှစ်ဝကို၊ လွန်ရုတပျောင်းစိတ်ဆာ၊ ကျွန့်ကိုယ်သာချည်း၊ တယောက်တည်းသည်၊ ဖော်ကွဲငှက်ပမာသို့၊ မူးမှိုင်ကာကျမတတ်၊ ကြာပဒုမ္မာ၊ ပန်းခတ္တာကို၊ ပြင်းစွာနီပူခတ်သို့၊ အူသဲပြတ်လွန်လောင်ဆာ၊ တောင်ကျွတ်ငှက်လား၊ ရီမဲ့ငါးသို့၊ ညှိုးငြားစိတ်ဗျာပါနှင့်၊ သူ့ရပ်ရွာလူတချို့၊ ကုလိကတ္တာ၊ ဆိုက်ရောက်လာသည်၊ မိစ္ဆာကုလားမြို့လေး။

(၂) ကုလားမြို့ရွာ၊ မိစ္ဆိမာသို့ရောက်လာသည်၊ နောက်ရပ်မြီသူ့ဌာန၊ ပုပ္ပပုညံ၊ ရှိမမှန်သည်၊ ကမ္မံမကောင်းလှ၍၊ စိတ်ဒုက္ခညှိုးပူဆာ၊ မယားကိုလွမ်း၊ သားကိုတမ်းလျှက်၊ ညှိုးနွမ်းစိတ်ဗျာပါနှင့်၊ မျက်စိရှာလွန်ဆကဲ၊ နှမသူဇာ၊ မောင့်ကြင်ရာကို၊ ငိုကာမျက်ရည်ရွှဲနှင့်၊ ဗိမှာန်ထဲဟိလိမ္မည်၊ တမ်းကာမျှော်လျှက်၊ သည်ကိုတွက်၍၊ မောင်လှသဲကျက်သည်တည်း။ စိတ်မတည်လွန်ရုတ၊ နီကြသောခါ၊ ဂြိုးလင်းပြာသည်၊ သံသာတမြမြနှင့်၊ ဘိုမနှစ်ကောင်လျှင်၊ သစ်ပင်မြင့်ဖျား၊ တူစုံနား၍၊ တွန်ငြားမြည်လာကျင်လျှက်၊ လူအသွင်ဟန်မပြား၊ ငှက်ရို့ဘာသာ၊ ချစ်ကြင်နာသည်၊ မာယာပျူတများ၍၊ ၀ဲပျံလားတူမကွာ၊ လင်းပြာဂြိုးလှ၊ စာခွန့်ကြသည်၊ ရုတထိုခြင်းရာကို၊ ကျွန်ုပ်သာမြင်လတ်က၊ အလှနတ်တူ၊ မျိုးအိမ်သူသည်၊ အဖြူမောင်နှမနှင့်၊ သားပုတ္တစီတရာ၊ သဲချာနှစ်ပါး၊ နောင်ကြီးအားနှင့်၊ ဆွီသားမျိုးတကာကို၊ လွန်တရှာမြင်ချင်ငြား၊ ပျံလားရောက်ချင်၊ စားမ၀င်သည်၊ ပူပင်ယိုစီးကျလျှက်၊ သူ့ဌာနတိုင်းရပ်ခွင်၊ သံသရာဟောင်း၊ ရှိကံကြောင်းနှင့်၊ မကောင်းဖြစ်ရပါဟု၊ တွက်၍သာလွန်ပျောင်းပျ၊ သားလှသဲအူ၊ ရဲဘော်သူကြောင့်၊ ဆယ်ယူကြံမရဘဲ၊ လွန်ရုတနီသောခါ၊ ဥသြဖိုးခေါင်၊ ကုက္ကလောင်ရို့၊ မြောက်တောင်ပျံဝဲကာနှင့်၊ ကျူးသံဝါညံမစဲ၊ ပွင့်သစ်ပန်းမှာန်၊ ကျွန်ုပ်ကျွန်လည်း၊ ထပ်ပြန်လွန်ဆကဲ၍၊ အူအသဲကြီလုဘွယ်၊ ခြောက်ပါးလွတ်စင်၊ မျိုးအိမ်သျှင်နှင့်၊ ဆွီလျှင်သားနှစ်သွယ်ကို၊ ရင်ခွင်ဝယ်ထားချင်ငြား၊ အောင့်မိတမ်းကာ၊ မျက်စိရှာသည်၊ ခန္ဓာလွန်ချောက်ချား၍၊ နတ်ရို့အားတိုင်တန်းကာ၊ ရက္ခပူရ၊ မြို့ဓညကို၊ လျှင်စွရောက်အံ့သာတည်း။ ဘသဲချာသားပုတ္တ၊ သုံးပါးအခေါင်၊ (----)၊ ကုန်အောင်ပင်မရဟု၊ ပဏ္ဍိတရှိဆရာ၊ မိန့်မှာမြွက်ကြား၊ ထိုစကားကို၊ ချစ်သားမြဲမှတ်ပါလော့။ လူတကာထံရင်းပါး၊ ၀တ်တွားကျိုးနွံ၊ ထိုပုံစံကို၊ နားခံမှတ်ယူထား၍၊ လေးပါးမျိုးရို့ကိုသာ၊ ရို့သေတုတ်ကွ၊ ဦးနှိမ်ချ၍၊ မာန၀မ်းထဲမသိုနှင့်။ ရန်မလိုလူအများ၊ သနားချစ်အောင်၊ ကျင့်လုပ်ဆောင်လျှက်၊ သားမောင်နီနှင့်ငြားလော့။ သဲမခြားနောင်ရင်းမှာ၊ သဲချာနှစ်ပါး၊ ကျွန်ုပ်သားကို၊ ပါယ်ယှားမပစ်ပါနှင့်။ နောင်ကြီးမှာဝမ်းထက်ဖွား၊ မပြားထို့တူ၊ ကျွန့်သဲအူကို၊ ရှာယူကျွေးမွီးထားလော့။ ကျွန့်သက်ထားမျိုးအိမ်သူ၊ အဖြူအလှ၊ မေနှမလည်း၊ ဒါနမပြတ်လှူလျှက်၊ သင်းပုံးမူရီချမ်းလောင်း၊ နတ်ပေါင်းရို့ထံ၊ သနားခံ၍၊ မညံဆုယူတောင်းလော့။ ကောင်းကောင်းနီနှင့်ပါ၊ သစ္စာမပြား၊ ကျင့်တရားကို၊ မမှားထိမ်းသိမ်းပါလော့၊၊ ကျွန်ုပ်မှာသစ္စာအား၊ ထက်များနတ်ရွာ၊ ၀တ္တိံသာက၊ သူဇာမိုးသိကြားလျှင်၊ မလာငြားကန်တော့ခါ၊ နှစ်သက္ကသည်၊ ကုန်တမဟိချာဘဲ၊ များမကြာစောလျှင်လျှား၊ ယောက်ျားလုံ့လ၊ ၀ီရိယနှင့်၊ ညာဏပညာအားဖြင့်၊ လွန်ကြိုးစားကြံစည်ခါ၊ ကောဇာမကူး၊ တာမကျူးခင်၊ စုံဖူးရမည်သာတည်း။ မေရို့မှာဆံခြည်မျှ၊ ကြောင်းကြစိုးရိမ်၊ အူနာလိမ်၍၊ ညှိုးပိန်မဟိကြနှင့်။ မြတ်သီလစောင့်သုံးကာ၊ မိတ္တာကမ္မဌာန်း၊ နိဗ္ဗာန်လမ်းကို၊ မယွန်းဆောက်တည်ပါဟု၊ မျိုးကြင်ရာထံပါးသို့၊ ရွီးသားလင်္ကာ၊ သီကုံးမှာသည်၊ လျှင်စွာရောက်လာဖို့လေး။

(၃) ရောက်တုံဟေမန်၊ ရာသီပြန်၍အချမ်းဝှမ်သည်၊ စိတ်မတည်လွမ်းလောင်မှု၊ မောင်ကြောင့်တရူ၊ မျိုးအိမ်သူလည်း၊ အဖြူမအိပ်မူးတည်း။ လဲလျှောင်းအုံးမွိရာ၊ မေတော်တူမ၊ မောင့်သက်မျှရို့၊ ညံ့သက်ညောင်စောင်းသာ၌၊ စက်မွိရာထိုခန၊ ကစ္ဆပနဒီ၊ ခေါ်တွင်ညီသည်၊ မြောက်ဆီဟေ၀န္တာက၊ သွန်ကျလာသည်စုံလီပြင်း၊ စိမ့်စိမ့်ချမ်းကာ၊ အီးလှပါသည်၊ မွိရာသလွန်တွင်းက၊ မေလုံးချင်းစက်မပျော်၊ ကြင်ရာသက်ထား၊ လင်ယောက်ျားလည်း၊ နံပါးဟိလာသွင်သို့၊ ထင်မိကာစိတ်ယောင်ယမ်း၊ ပန်းပုံမွိရာ၊ သလွန်သာဝယ်၊ ထကာမွှီ၍စမ်းက၊ ငယ်ကြင်ကျွမ်းမောင့်ကိုသာ၊ စက်ရာတူစုံ၊ ပျော်ကြတုံသည်၊ စက်ဘုံညောင်စောင်းသာ၌၊ စမ်း၍ရှာသော်မောင့်ကိုယ်ငွိ၊ မတွိသောခါ၊ မေရို့မှာလည်း၊ ထိုခါတချဲချဲနှင့်၊ တနွှဲနွှဲကြက်သီးဝှမ်၊ ပူပန်ပျောင်းပျ၊ မောင့်ကိုတ၍၊ အလှရာသက်နှံရို့၊ မိုးသောက်ပြန်ထတုံသောခါ၊ ဗိမှာန်အိမ်နား၊ ပန်းစံကားသည်၊ သစ်ဖျားပင်ထက်မှာတည်း၊ ငှက်ရွှီဝါကေတတွတ်တွတ်၊ မပြားအသံ၊ လူသဏ္ဍာန်သို့၊ နှောင်းစွန်ကြားလီပါက၊ အကောင့်သာဟုတ်စနို့၊ ချစ်မျိုးစုံလင်၊ ရာသက်ကြင်သည်၊ ငယ်လင်ရောက်ပါဖို့ဟု၊ လွန်နှလုံးဝမ်းသာရွှင်၊ အလျှင်အဆွ၊ မေအလှရို့၊ ချီကြွပျင်ထကျင်က၊ ပြုပ္ပါလျှင်ဒက္ခိဏ၊ ဥတ္တရဒီပေ၊ မိစ္ဆိမေဟု၊ လေးထွေရပ်ဒေသကို၊ ရှုမျှော်ကြကြည့်သောခါ၊ မေ့မှာထိပ်ထား၊ လင်ဘုရားကို၊ ထွေပြားမမြင်ပါက၊ မျက်စိရှာတမ်းရွီရွတ်၊ လှထွတ်ဝင်းပြောင်၊ နတ်ဆင်းယောင်ရို့၊ အိမ်မျှောင်မြီးတူးပြတ်သို့၊ ကြံမတတ်စိတ်ဖြစ်ကာ၊ ဒီပါမြငူ၊ သောင်းဇမ္ဗူတွင်၊ သျှင်လူများတကာရို့၊ ပျော်ကြရာခါရတု၊ ၀ါကျွတ်သင်္ကြန်၊ သဘင်ခံသည်၊ ရောင်လျှံမီးပွဲမှုကို၊ မကြည့်ရှုဝံကြပါ။ ဖြူပြာနုထွတ်၊ ခြောက်ပြစ်လွတ်သည်၊ နီဝပ်ပန်းပမာသို့၊ ဆံကေသာကျော့မထုံး၊ ပန်းကုံးမဆင်၊ ဟိသောသွင်သို့၊ မရွှင်စိတ်နှလုံးကား၊ ကြိမ်မီးအုံးထို့ပမာ၊ ကွမ်းယာထမင်း၊ ရီဆီဟင်းကို၊ စားခြင်းမဟိပါတည်း။ အုံးမွိရာသလွန်ထက်၊ စက်လည်းမပျော်၊ မောင့်ကိုမျှော်လျှက်၊ စစ်ခေါ်တသက်သက်နှင့်၊ ညဥ့်လုံးပြတ်အိပ်မပျော်၊ ငယ်လင်လူလှ၊ သားဦးဘကို၊ ရုတလွမ်းရို့ပင်တည်း။ မေရို့လျှင်လွန်ပျောင်းအိ၊ မောင်ကြောင့်လွမ်းဆောင်၊ အသဲလောင်သည်၊ ယာတောင်မီးတိုက်ဘိသို့၊ ကိုယ်မချိညှိုးစိတ်ဆာ၊ ရှိဦးဖွားမြော်၊ သားရဲဘော်လည်း၊ အဘနိတိုင်းခေါ်လျှက်၊ ရှာတမ်းမျှော်သားပုလဲ၊ လက်ဝဲလက်ယာ၊ သျှစ်မျက်နှာကို၊ ပတ်ကာဝန်း၍ကြည့်က၊ ဘကိုလည်းမမြင်ခါ၊ ဟစ်အော်လူးလဲ၊ မိရင်ထဲဝယ်၊ ငိုကြွေးတစာစာနှင့်၊ မိကိုသာတတွတ်တွတ်၊ ကျွန့်ကိုများကြင်၊ မွိးဘခင်ကို၊ ခုပင်ပြပါလတ်ဟု၊ တမ်းရွီရွတ်သားသဲချာ၊ မပီတခွန်း၊ ပီတခွန်းနှင့်၊ ဖက်ရမ်းမီးပြန်လတ်က၊ ပြောစရာဆိုမတတ်၊ ခြောက်ပြစ်လွတ်စင်၊ မိနတ်သျှင်မှာ၊ ရင်ကိုထုထောင်းသတ်၍၊ သက်လုံးပြတ်မောင့်ကိုရှာ၊ မျှော်ကာယောင်ယမ်း၊ တရုလွမ်းလျှက်၊ ညှိုးနွမ်းစိတ်ဗျာပါနှင့်၊ ဆင်းကလျှာမေအလှ၊ ယိုကျမျက်ရည်၊ စီးထွေထွေနှင့်၊ ပင်လယ်သမုဒ္ဒရာသို့၊ သွန်ကျလာသည်ဆယ်မနိုင်၊ ကယိုင်ကပါး၊ ဖြူညက်ထွားသည်၊ လျှောက်ကြားနတ်ကိုတိုင်၍၊ လေးကျွန်းပိုင်အိုသိကြား၊ နဂါးဗြဟ္မာ၊ အသူရာသည်၊ ဒေ၀ါသျှင်နတ်များနှင့်၊ မြတ်ဘုရားကူမပါ၊ ကျွမ်းဝင်ငယ်လင်၊ မေ့ထိပ်တင်ကို၊ ခုပင်နှင်းအပ်ပါဟု၊ ဆယ်လက်ဖြာဂေါင်းမှာထား၊ တိုင်ငြားလျှောက်ကာ၊ နတ်တကာလည်း၊ ကြင်နာလွန်သနား၍၊ လွန်ကြိုးစားညီညာကာ၊ အလျှင်တဆွ၊ မေနှမကြောင့်၊ အလှမောင့်ကိုသာလျှင်၊ ဆောင်ယူကာသျှင်နတ်ရို့၊ ယခုမကြာ၊ ပို့ရောက်လာသည်၊ နီရာမေ့ထံသို့လေး။

(၄) သုံးဆယ်တဘုံ၊ အလုံးစုံသည်အကုန်သာ၊ အနိစ္စသည်သင်္ခါရ၊ ကမ္မ၀ိညာဉ်၊ လောကဓံကို၊ နိဗ္ဗာန်မမှတ်ရဟု၊ စိန္ဒေယသုံးလုချာ၊ ဓမ္မတရား၊ ဟိလျှက်သားကို၊ တွက်စားမပြုပါဘဲ၊ စိတ်ဟိရာကျင့်တုံငြား၊ ဒေါသရန်ငြို၊ ၀မ်းထဲသ)