======
အချစ်ကဗျာ
ရခိုင်စာ စပ်ဆို
ရင်နှစ်ခြမ်း ဗြန်းဗြန်းကွဲလို့
လွမ်းရေမင်းကို။
တယောက်တည်း
မီးတောက်နှင့် မှောက်လဲ
လဲလည်းမထူ
မချိအောင်ပူလို့
ဂြိုးကြူသော် ကြူလည်းမပျော်
လလည်းသာ သာလည်းမထူး
မင်းကိုမျှော်ကေ ဖောင်တော်ဦးမှာ
လီဖြူးဖြူးနှင့် စိတ်ရူးရေ။
ရီပူအိုးကို မီးမှာတည်သို့
ကိုယ်ပူစွာ လူမသိ
လိပ်ပူစွာ လိပ်ရာသိရေ။
စာလည်းမကမ်း ပီမကမ်းကေ
ကျွန်းသားငမန်း
လွမ်းရေဆိုစွာ မယုံပါနှမ်း
လွှမ်းလို့ခြုံသော် မလုံပါနှမ်း
တုံချမ်းချမ်းရေ --။
သာလှဦး (မြောက်ဦး)
No comments:
Post a Comment