Friday, July 27, 2007

ဘ၀ဒဿန


ငြိမ်းချမ်းရေ ရွာချေတရွာကြား
ဖြတ်စီးလားရေ ချောင်းကမ်းနားမှာ
ငါးမျှားနီရေ ကုလချေတယောက်၏ငါးမျှားတံပိုင်
ကျွန်တော်ရေ
ဖြောင့်လည်းဖြောင့် ကောက်လည်းကောက်
လူသားထဲက လူတယောက်ပါ --။

ဝမ်းရေးအတွက်
တနပ်ထမင်းကို ရှာကြံစားသောက်ယင်း
ဘ၀ပယိုင့်ကို ဇလွယ်သိုင်းလို့
အရိုင်းတောနက်မှာ
ကျင်လည်ကျက်စားခရရေ လူတယောက်ပါ --။

ဗုဒ္ဓဘာသာဆိုကေလဲ့
သူတပါးအသက်ကို သတ်ဖြတ်လို့
ပါဏာဋိပါဋာကံကိုလည်း
ကျူးလွန်ဖူးခပါရေ --။

မုသ၀ါဒါကို အဓိပ္ပါယ်မဖွင့်တတ်ကေလဲ့
လိမ်ဝါရေဆိုစွာ ကျွန်တော်နားလည်ပါရေ --။

အချစ်မှာ ခြီကျွံလို့
အပြစ်တခါးပိုက်နန့်
ဓမ္မသစ်ကျမ်းကိုလည်း ဖတ်ဖူးပါရေ --။

နားလည်၏ နားမလည်၏
ကျွန်တော်မသိပါ --။

ဝိပဿနာရှုစားစွာမဟုတ်ကေလဲ့
ဥပေက္ခာပွားများလို့
ကျွန်တော်အိမ်က ထွက်ခွာလားသူပါ --။

နီမကောင်းလို့
စွပ်ပြုတ်ရည် ပူပူတခွက်သောက်ချင်မှ
အိမ်က အမိကို သတိရရေ --။

တော်လှန်ရေးဆိုရေ
အကွေ့အကောက်များရေ
မက္ခရာနယ်မြီထဲသို့ဝင်ရောက်
လမ်းစလည်း ပျောက်ဖူးပါရေ --။

အမှန်တရားအတွက် တိုက်ပွဲဝင်ယင်း
တရားအမှန်ကို ကျွန်တော်မသိခပါ --။

ပျောက်ယင်းရှာ ရှာယင်းပျောက်
ပြောက်ကျားတယောက်လည်း ဖြစ်ဖူးပါရေ --။

(Non-Violence) ကို ကျင့်သုံးရေဆိုခါမှ
ပေါက်ခါနီး မီးတောင် (Volcano) တခုပိုင်
ကျွန်တော့်ရင်ထဲ ဒေါသတိပိုများလာရေ --။

တိုက်ဖို့ရန်သူက အင်အားကောင်းလို့
ကျွန်တော့မှာ အပ်တချောင်းတောင်မဟိပါ --။

နိုင်ငံရေးပုစ္ဆာကို အဖြေရှာဖို့ကြိုးစားယင်း
ဝမ်းရေးပြဿနာကို မဖြေယှင်းနိုင်သူတယောက်ပါ --။

ပဋိပက္ခနန့် ၀ိရောဓိ
အခုထက်ထိ မသေးကွဲ
ဘွဲ့လည်းရဖူးပါရေ --။

သူများကို ဝေဖန်လို့
ကိုယ့်ကျကေ မခံ
တန်ပြန် လျှာလှံနန့်ထိုးသူပါ --။

သတ္တ၀ါရို့သည်
သူတပါး၏ (နှမ်းစိလောက်) အပြစ်ကို မြင်လွယ်၏
မိမိ၏ (ထန်းသီးလောက်) အပြစ်ကို မြင်ခဲ၏ - ဆိုရေ
ဓမ္မပဒ ဂါထာကို
အပြန်တရာ ဖတ်ကေလဲ့
အဂုထက်ထိ နှုတ်ကျက်
မရသိမ့်ရေ လူပါ --။

ယေကေလဲ့ ကျွန်တော်
ဇွဲမလျော့ပါသိမ့်
ဆက်တိုက်ဖို့ တိုက်ပွဲအတွက်
အားသစ်တဖန်ပြန်မွီး
ဒါးသွီးလျှက်ပါ --။

သာလှဦး
(23/2/99)

LET'S JOIN TOGETHER

Come on brothers come on
Let's join together.
Come on sisters come on
Let's sing together.

Forget your past
Forget your nights
Forget everything.

Come on sisters come on
Let's join together.
Come on brothers come on
Let's sing together.

Forget your sins
Forget your chains
Forget everything.

We are brothers, we are sisters
We are all the friends.
We are sisters, we are brothers
We are all cousins.

We are stars, we are moon
We are everything.
We are flowers, we are sun
We are butterflies.
We are rivers, we are stones
We are all the waves.

Cross the roads, cross the shields
Let's cross the mountains,
Cross the seas, cross the fields
Let's cross all the plains.

Tha Hla Oo
(22/5/2001)
This song is dedicated to the children.

Thursday, July 26, 2007

မိုးကြိုးစစ်ဆင်ရေး

မိုးကြိုးစစ်ဆင်ရေး ========== (၁) ပြောက်ကျားလို့ခေါ်ရေ တော်လှန်စစ်သားသုံးယောက် တယောက်တလက် လက်နက်ကိုယ်စီကိုင်လျှက် တယောက်က AK47 တယောက်က M16 တယောက်က ရန်သူ့သနတ် G3 ကြောပိုးအိပ် ကိုယ်စီလွယ် Equipment ကို ခါးပတ် ရီပူးကိုခါးချိတ် ဒါးကိုခါးထိုး ကျားပြောက်အင်္ကျီနန့် သတင်းအရ ရန်သူ့စခန်းသို့ချီတက် ညဥ့်နက်သန်းခေါင် မှောင်မှောင်မဲမဲ မိုးရိပ်ခဲခဲ ဖြောက်စိတ်ကြယ်ချေတချို့ မလင်းတလင်း မှိတ်တုံလင်းတုံ (ဘုရားဝါ) စခန်းက ထွက်ခွာ ညတိုက်ပွဲဆင်ဖို့ ခရီးနှင် မြောင်ကိုကျော် တောင်ကိုပတ် ချောင်းကိုကွေ့ယှောင် ခြုံကိုဖောက် တောက်လျှောက်ချီတက်လားကတ်တေ --။ ခြင်ကတမှောင့် ဖြုတ်ကလည်းကိုက် ကြွတ်ကလည်းတွယ် ဂရုမစိုက်နိုင်အား စကားမပြောနိုင်အား အချက်ပြ သင်္ဂေတသဘောနန့် အရေးပေါ်လမ်းကွဲခသော် စုရပ်ကို (သမင်တောင်) ထိပ်ကို သတ်မှတ်တေ --။ စစ်ဆင်ရေးနာမည်က (မိုးကြိုး) တဟုန်ထိုးစစ်ခင်းလို့ ရန်သူကိုဖြိုခွင်းဖို့ ပြင်းပြင်းကြီးချီတက် စကားဝှက်ကို (ကြောင်နက်) လို့ သုံးရေ --။ ရိက္ခာအတွက် မသိုးထမင်း မသိုးဟင်း ထမင်းခြောက်ကို ပျားနန့်နှယ်လို့ ဂျီသားခြောက်ကို တယောက်တသိုက်ခွဲလောက် တပတ်စာအတွက် ထည့်ပီးလိုက်တေ --။ (၂) ညဥ့်အမှောင်မှာ ရန်သူမမြင်ရအောင် လကွယ်ညကိုအဖော်ပြု ၀တ္ထုထဲက ဇတ်ကောင်များသဖွယ် --။ လမ်းခုလပ်မှာ ရည်းစားကိုတမ်း ရွာကိုလွမ်း တေးခြင်းတပုဒ်ကို လီသသွတ်ချေနန့် ရွာလည်ရေ အခါမျိုးပိုင် တောင်ကုန်းထက်က ဇကုန်အော်လို့ ဆိုလိုက်ချင်ရေ --။ အချစ်နှင့်စစ်မှာ အပြစ်က အသူလဲ ကြားလူဖျက်လို့ ပျက်ရရေ အချစ် မချစ်မနှစ်သက်သောသူနှင့် ပေါင်းသင်းရရေ အချစ် ချစ်ယင့်သားနန့် သီကွဲကွဲရရေ အချစ် ချစ်ယင့်သားနန့် ရှင်ကွဲကွဲရရေ အချစ် အချစ်အဘိဓမ္မာ မဖွင့်ချင်ပါ အပြစ်ပြုသူကိုရှာ ချစ်ကတ်သူတိုင်း ပေါင်းရဖို့ရာ မိတ္တာပန်းခင်း ပေါင်းယှင်းပီးချင်သူက စူး အစူးခံကာ အနစ်နာခံကာ ကြိတ်မှိတ်ခံကာ တခါတခါ အံကြိတ်ပနာ (အချစ်နန့်စစ်) စစ်နှစ်ပွဲကို တပြိုင်တည်း တိုက်ခိုက်နီရသူပါ --။ (မောင်းမောင်ပြန်လာလတ်ပါပလင်) တေးခြင်းသံကို ကြားတိုင်းမျက်ရည်ကျ ပျော့ညံ့ရေလို့ ဆိုချင်ဆို ယောက်ကျားလည်း ငိုတတ်ပါရေ တော်လှန်နှလုံးသားတိုင်းမမာပါ --။ (၃) ခုနှစ်စဉ်ကြယ် ခြီထောင်လို့ မိုးလင်းစပြုချိန် တောင်ကုန်းချေတခုထက်မှာ သုံးယောက်သား ကင်းစောင့်မနီအား ညောင်းညောင်းနန့် အိပ်ချလိုက်ကတ်တေ --။ ၀ါးတောနန့် ပြိုင်းတောကိုကွယ် ဖင်ကို နီထိုးမှ နိုးရေ --။ မိုးလင်းချိန်ခါ ရောင်နီလာလို့ အ၀ီးတနီရာ ခမောင်းပင်ထိပ်ချေက ဂြိုးချေကြူ ငှက်ဝါချေတွန်မြည်လတ်က ရွာကအချစ်ကို အတွက်ရရေ --။ စမ်းချောင်းချေက တောင်စောင်းနားက စီးဆင်းလို့ ခြီမျက်စိလောက်ရာနက်တေရီမှာ မိုးထက်မျက်နှာသစ်လိုက်ကတ်တေ --။ ကြိုင်အီးရေရီကို လက်ခုပ်ချေနန့်ယူသောက် တယောက်က ကင်းစောင့်တာဝန်ယူရေ --။ တတောကိုကျော် တမော်ကိုသန်း တစခန်းခရီးရောက်ဖို့ တထောက်ခရီးမနား နိခြင်းထမင်းမစားသိမ့်ခင် အပြင်းနှင် တက်နီကစူး ဂေါင်းကမူး ချွေးကပြစ်ပြစ် နောက်ကုန်းချောင်းဖြစ်လားရေ --။ ထမင်းကညင် ၀မ်းကညင် လွင်ပြင်ခရီး အပြီးတခါ အမှောက်တလှည့် အထောက်တဖန် ရန်သူကို သတိမူလို့ ရှိကကင်းထောက် နောက်လှည့်လို့ခေါ်ခါ အရောက်အမြန် ချီတက်ရပြန်ပါရေ --။ ကြောပိုးအိပ်ထဲက အိပ်ရာခင်းပါးပါး တာလပတ်ချာပါးပါး ခါးမှာချိတ်ထားရေ ဒါး အသေးအမွှားတိက လားယင်းလားယင်း တအိအိ ပိယင်းနန့်ပိ ကြားဖူးနားဝဟိအောင် ပြောပြလိုက်ချင်ရေ စက္ကန့်နန့်အမျှ ကမ္ဘာထက်လီးရေ --။ (၄) ယင်းပိုင်နန့် နှစ်ရက်ခရီး အပြင်းနှင်လို့ သုံးရက်မြောက်ည (ပီချောင်း) ရွာကို ရောက်တေ --။ မြန်မာစစ်တပ်က ရွာ၏မြောက်ဖက် ဗျူဟာကျရေ တောင်ကုန်းထက်မှာ နီရာယူထားရေ --။ ကျောက်ပေါက်မြှာနန့် အရုပ်ဆိုးဆိုး အသားမဲမဲ အညာသားစစ်ဗိုလ်က ရှိတန်းကိုဦးစီး မြောက်ကြွမြောက်ကြွ မျောက်မှာသပြာရပိုင်ယှောင် ရိုင်းစိုင်းယုတ်မာ ထမင်းတောင်းစား ဟင်းတောင်းစား ယစ်မူးယမ်းကားပေတေ ယုတ်မာလွန်းလှရေ --။ ရွာကမိမ္မချေတိကို ထိုအကြောင်းပြ ဒေအကြောင်းပြ နိမအား ညမအား အလုပ်ခိုင်း ရိုင်းစိုင်းယုတ်ညံ့ အောက်တန်းကျလွန်းရေ --။ ညကျကေ မတော်မတရား ခြီတော်တင်လို့ အပျိုရည်ပျက်လို့ မျက်ရည်စက်လက်နန့် ရွာပြန်အ၀င် မောင်ကြီးမြင်ယောင်ပါသိမ့်ရေ --။ ရွာသားတိကိုလည်း နောက်ပြန်ကြိုးတုတ် နီပူလှန်း ကျောက်ခါကျောက် ဆောင့်ခါဆောင့် မှောက်ခါမှောက် လှန်ခါလှန် သနတ်ပေါင်နန့်ထောင်းခါထောင်း ၀ါးရင်းဒုတ်နန့် သတ်ခါသတ် ရက်စက်နည်းမျိုးပေါင်းစုံ ယုတ်မာမှုမျိုးပေါင်းစုံ လက်နက်အားကိုး အနိုင်ကျင့် (ခွီးထက်ညှက်တေအမျိုး) ကျားထိုးလို့သတ် ဂေါင်းဖြတ်လို့သတ် အရှင်လတ်လတ် ထူးခတ်လို့သတ် မြီမြှုတ်လို့သတ် ခြီတွဲလက်တွဲလို့သတ် သွီးရဲသံရဲ ရွာလုံးပြတ် တန်းစီပစ်သတ် အမိတကွဲ အဖတကွဲ သားတကွဲ မယားတကွဲ ကြီကွဲစရာမြင်ကွင်း ခံစားချက်ပြင်းထန်လွန်းလို့ တော်လှန်ရေးထဲ ရောက်လာရစွာပါ --။ ခခတ်ဝါးလောက် အပေါက်ကြီးရေ ကျဉ်းမြောင်းရေ အမျိုးသားရေအမြင်နန့် မြီလှန်မျိုးဖျောက် စစ်ခင်းနီကတ်လို့ ကိုယ့်ပြည်ကိုယ့်ရွာအလှ မပျက်ရအောင် ဆောင်ရွက်ဖို့ မောင်ကြီးမှာ တာဝန်ဟိရေ --။ (၅) ရွာသားများအကူအညီနန့် ပြောက်ကျားသုံးယောက် တန်းဆောင်ဘုန်းလဆုတ် (၁၃) ရက် တင်္လဂုနီနိညဥ့် သုံးချက်တီးကျော်မှာ ရွာကို ၀ိုင်းထားလိုက်ကတ်တေ ခွီးဟောင်သံ တချက်နှစ်ချက် ကြားရရေ --။ တယောက်က ကင်းစောင့် တယောက်က တန်းခါးခေါက် သတင်းအရ တက်အိပ်နီရေ အိမ်၏ အရှိဖက် တန်းပျင်းထက်မှာ မြန်မာစစ်တပ်က အညာသားစစ်ဗိုလ်ကို နဖူးတည့်တည့် ပစ်သတ်လိုက်ကတ်တေ --။ (အယုတ်တမာရို့၏အဆုံးစွန်လမ်းသည်ကား ကျဆုံးခန်းပင်တည်း --။) XXXXXXXXXXXXXXXX နောက်တနိ ပီချောင်းရွာက တလိပ်လိပ်တက်နီရေ မီးခိုးတိရေ တစုံတခုသော ရင်ဆို့နင့်ဖွယ် ဇတ်လမ်းတပုဒ်ကို ပြောပြလျှက်ဟိရေ --။ မြန်မာစစ်တပ်က ရွာသူကြီးနန့် အိမ်သျှင်ဝါကြီးကိုခေါ်လို့ စစ်တပ်စခန်းနား ပီချောင်းကမ်းထောင့်မှာ နိခြင်းကြောင်တောင် ပစ်သတ်လိုက်ကတ်တေ --။ နှစ်ယောက်စလုံး ဒူးထောက်လဲမှောက် ရုပ်ပျက်ဆင်းပျက် --။ ရီစီးပြင်းရေ ပီချောင်းတရိုး သွီးအတိ စီးဆင်းလျှက် --။ သာလှဦး (4/6/2000) မှတ်ချက်။ ။ ဖြစ်ရပ်မှန်ဇတ်လမ်းကို ကဗျာဝတ္ထုအဖြစ် ခံစားရွီးဖွဲ့ပါသည်။

မတတ်သာလို့ရာ


ခွီးသတောင်းစားတိက
တိုင်းပြည်ကို အုပ်ချုပ်
လူလုပ်နီကတ်တေ --။

သူရို့တိက
အနူလက်နန့်
ရွှေခွက်ကိုင်ချင်နီကတ်တေ --။

သောက်ပုံမလာရေမျှက်နှာနန့်
ခွက်စားတိ --။

အကုသိုလ်အလုပ်နန့်
အယုတ်တိ --။

ချစ်ကြည်ရေးလတ်
ငိုပြတတ်တေပင်
ကကောင်းသနားဖို့ကောင်းပါ၏ --။

ကော့ကော့ကော့ကော့နန့်
မျောက်မအိုနာတိ --။

အားနာပါယင့်
အဝေး မင်းရို့ပါးစပေါက်ကိုလာယ်
ဂွမ်းရာဆို့ထားလိုက်ချင်ရေ --။

Sunday, July 22, 2007

A LOVE-POEM OF WILL

If you do not want,
It is up to you.
Why are you ashamed?
Love is nude.

Please be not shy,
Come near,
Let me kiss your sweet smile
And caress your love.
Let me drink your hate
A glass-full like coffee,
And our love be bridged.

Please unknot your hair
And strip off your scarf,
Then it is enough.
In this world is just you and me.
We are neo-Adam and Eve.

Please snap a while on my chest,
Then you will get sweet dreams,
You will forget all your miseries.

My touch is actual tonic for you.
When I kiss your lips,
Love flows from where.
Then slowly slowly
The tide rises,
And let us die amid the whirls.

We are just going another shore,
To the other side of Love.
Life will be lonely,
Hope will be smokey,
But we enjoy touch and care,
Come and follow me.

The heartless people will say,
They will mock at us,
But please care not.
They may scrutinize us,
But please scare not,
All the men are liars.

Not be fooled yourself with lies,
Try to liberate yourself.
Let us compose a love-song of no rhymes.
It deadly be a modern classical poem.
With a stringless guitar,
In this rubbish world,
Let us sing the songs of pain.

Some people may not understand,
But some will - who have hearts.
Most majority have no heart at all.
All the pitiful creatures,
Vanity fair of God.

But we will relive them again
With our own spirit.
Then the statues will wake up,
The fossils will stand up.
Then they may hear the songs of the stars,
They may feel the language of the birds.

Oh! My Dear!
Please close up your eyes,
Let me kiss you again.
This time I will swallow up your heart
All into my belly,
So that love be digested,
And I can have the strength.
And let us create the world again,
Let Night and Day be afresh.
And the first day of a New Era is recounted.

Give way the past
Let it plunge into the dust.
No need to say "Good-Bye",
No need to say "Good-Night".
Nothing is omnipotent,
Even God himself.

xxxxxxxxxxxxxx

Oh! My Love!
Even though no body reads my poem,
When I die,
Please inscribe it on my grave,
So that the people who come to bury me
Can read it and have lecture.
When you bury me,
Please burn my corpse.
In the next "Abode",
I just want to be "Ash".

Tha Hla Oo
(28/3/2001)

Saturday, July 21, 2007

အတိတ် (နှင့်) ပစ္စုပ္ပန်


အတိတ်က
ဆင်စီးလို့
ရွှေထီးဆောင်းခ --။

အခုက
လားစီးဗျာ
တောက်ကျာဆောင်းရ --။

(သာလှဦး)

တပ်ပျက်ဗိုလ်


စစ်သေနာပတိချုပ်က
ယာခွတ် --။

ဥက္ကဌက
ထမင်းချက် --။

မင်းသားက
အိုးထမ်း --။

စမ်းပွင့်လို့ တန်းမြင့်ကေလဲ့
အခန်းမသင့်ခါ
တပ်ပျက်မှာ ဗိုလ်ဖြစ်တေ --။

(သာလှဦး)

တွင်းဆုံးကျများ


ဝါးတုတ်ကို စေတီမှတ်
တနိသုံးခါ ရှိခိုးနီလူတိက
ခြင်ထောင်ထဲက ပစိကိုက်ပြ --။

ရန်သူလားကေ ဇာမှာလဲ ဇာမှာလဲ
ရန်သူလာကေ အဘာလဲ အဘာလဲ
နောက်ကျခြီထောက် သစ္စာဖောက်
ကြောက်ကြီးသံဖက် ၀င်ကတ်တေ --။

ကျုပ်ကျွံကေ လှုပ်မကျွတ်
နှုတ်လွန်ကေ ဖြုတ်ထုတ်သတ်
တချက်လွှတ် အမိန့်
ဖဖြိန့်တုန်အောင် ကြောက်ရရေ --။

ပြောခါ ချစ်ကြည်ရေး
လုပ်ခါ နဖူးပြဲ ဒူးကွဲ
တရုတ်မျက်နှာ
ဝက်မကြည့်နိုင်ဗျာ --။

ဘာဒလီပိုင်
မြီကြီးကို ကောင်းခင်ထင်
မသီခင်ကပင်
အ၀ီဇိကို ၀င်လားခဗျာ --။

(သာလှဦး)

ခြားနားချက်


ဆင် (နှင့်) ချီးပိုး

အရောင်ချင်းတူကေလဲ့
အကောင်ချင်းမတူ --။

ဖား (နှင့်) ခြင်္သေ့

အသွင်ချင်းတူကေလဲ့
အသံချင်းမတူ --။

(သာလှဦး)

သံမနိုင် ကျောက်မနိုင်


ဘ၀ကမြက်
လေးဖက်တွား
မြီမှာလားကေလဲ့ --။

သံထက်မာ ကျောက်ထက်ခိုင်
သံမနိုင် ကျောက်မနိုင် --။

(သာလှဦး)

ပန်ချင်သူ


ရက်ပြတ်
လှည့်မကြည့်ပါကဲ့
မျှော်သူရင်ကျိုးအောင်
သရော်စွာလာ --။

မင်းမျက်ဝန်းက
ရင်ကိုလန်းစီလို့
တော်ဝင်ပန်းကိုမှ
လက်လှမ်းဆွတ်ချင် --။

ပန်းမြတ်သခင်
အာကာမှာ ယိမ်းကလို့
မွှီးမြရေအသျှင် --။

ရွှေတူငွေတူ သရဖူဖြစ်လို့
ချစ်လွမ်းရကြင် --။

(သာလှဦး)

Thursday, July 19, 2007

အတ္တ၀ါဒီများကျဆုံးခန်း


မတရားမှုကို
ရပ်တန့်က ရပ်ကတ်ပါဖိ --။

အခုခေတ်ရေ
သျှစ်လေးလုံးတော်လှန်ရေးခေတ်ဖြစ်တေ --။

အမှန်တရားကို လမ်းခြင်း
တရားမျှတမှု ပန်းခင်းထက်မှာ
လျှောက်လှမ်းနီရေခေတ်ဖြစ်တေ --။

မှန်ကန်ရေ နှလုံးသားနန့်
သစ္စာတရားကို အောက်ခြီပြု
သမိုင်းသစ်ကို ထုဆစ်နီစွာဖြစ်တေ --။

ဤအရာသည်ကား
ကျဉ်းမြောင်းရေ လူမျိုးရေးဝါဒီများ၏
မြက်ခင်းသစ်မဟုတ်
နွားစားကွက်မဟုတ် --။

ရတနာသိုက်တူးရေ
ရာဇ၀င်ပျက်လည်းမဟုတ် --။

(ပေါက်တူး) နန့် (လိပ်) ခေတ်စားပျာယ်
(စောက်ရူး) နန့် (ငပေါ) အုပ်ချုပ်ဖို့
ခေတ်လည်းမဟုတ် --။

မတရားရေ လောက်ကောင်တိ
ဘေးကိုဖယ်ပါ --။

လူမျိုးရေးဝါဒီများ
နောက်ပြန်ဆုတ်ပါ --။

မသထာရည်စာတိအားလုံး
ပုပ်သိုးလားခဗျာယ် --။

အမှိုက်ပုံထဲ
ဝေးပစ်လိုက်ပါ --။

နှမြိုးမနီကဲ့
ရဲရဲဝန့်ဝန့်
စွန့်ကြဲလိုက်ပါ --။

ဤအရာသည်ကား
တော်လှန်ရေးဖြစ်တေ -- ။

အနံ့မကောင်း
လောက်တသောင်းသောင်း
နို့ချဉ်ဟောင်းကို
စောင်းမကြည့်ပါကဲ့ --။

၎င်းအရာသည်ကား
အဆိပ်ဖြစ်တေ --။

မတရားရေ မျိုးစိကို
ပျိုးကြဲနီရေ သင်ရို့တိအားလုံး
အသားထဲကလောက်
သစ္စာဖောက်တိဖြစ်တေ --။

သူခိုးဇာတ်ကို
မကကတ်ပါကဲ့ --။

စောရဇာတ်ကို
မရွီးကတ်ပါကဲ့ --။

ဘ၀ကၽြန္အမြီယုတ္ကို
ဖဲ့ထုတ္လိုက္ပါ --။

သဘုံမှုန့်အများကြီးထည့်ပျာယ်
ကင်းပွန်းလျှော်လိုက်ပါ --။

မီးကိုက်ပြားပြားတိုက်ပျာယ်
ဝတ်ဆင်လိုက်ပါ --။

ရီမိုးချိုးပျာယ်
သန့်စင်လိုက်ပါ --။

အုန်းဆီယွဲ့ယွဲ့နှိမ်းပျာယ်
အာရုဏ်မိုးထက်ကို
ကြိုဆိုလိုက်ပါ --။

မင်္ဂလာအခါသမယမှာ
မင်္ဂလာတေးခြင်းကို
အော်ဆိုလိုက်ပါ --။

ဤအရာသည်ကား
တော်လှန်ရေးဖြစ်သည် --။

တော်လှန်ရေးရေ
တမိုးလင်းလားပျာဖြစ်တေ --။

(ယေကေလည်း)
တော်လှန်ရေးမုန်တိုင်းက
တိုက်ခိုက်နီတုန်းဖြစ်တေ --။

မယိမ်းယိုင်ရေ
ခိုင်မာသံဓိဌာန်နန့်
နက်ဖန်ရက်ကို
ကြိုဆိုလိုက်ပါ --။

ကိုယ့်မကောင်းမှုကို
ကိုယ်ရှက်ပါ --။

အသင်ရို့တိရေ
လွလီလွလွ
ဖာသယ်မတိဖြစ်တေ --။

တိုင်းပြည်၏ရတနာတိကို
ရောင်းစားနီရေ
ရာဇ၀င်သူခိုးတိဖြစ်တေ --။

ဥပဒေမဲ့
သောင်းကျန်းသူတိဖြစ်တေ --။

ပြည်သူ့ရှိမှောက်
ကားစင်တင်ကတ်ရဖို့
ဖားပြုတ်ကြွက်စုတ်တိဖြစ်တေ --။

ကုရာနတ္ထိ
ဆီးမဟိဖြစ်တေ --။

ကူးစက်ပြန်ပွား
ရောဂါပိုးမွှားဖြစ်တေ --။

ကောင်းသစ်ခင်းကိုဖျက်ဆီး
ရာသီပေါ်ကျီးတိဖြစ်တေ --။

လိမ်ဝါရေအတတ်ကို
တဖက်ကမ်းခတ်တတ်တေ
ရာဇ၀တ်သား
လူသတ်သမားတိဖြစ်တေ --။

ဆန်ကုန်မြီလီး
ဘောက်သာဆွီးတိဖြစ်တေ --။

အေကမ္ဘာမှာ လီထုညစ်ညမ်းနီစွာ
အသင်ရို့တိကြောင့်
မှတပါးတခြားမဟိ --။

ယေဇူးနန့်
မီးဆိုက်တေ သစ်ပင်တိကို
ပြန်စိုက်ပါ --။

စိုက်တေသစ်ပင်တိ ရှင်အောင်
ပျိုးထောင်ပါ --။

ရာသီဥတု
ဖောက်ပြန်နီစွာ
အသင်ရို့တိကြောင့် --။

မိုးခေါင်ရီယှားဖြစ်နီရစွာ
အသင်ရို့တိကြောင့် --။

ကမ္ဘာကြီးကိုဖျက်ဆီ
ညူကလီးယားထက်ကြောက်ဖို့ကောင်းရေ --။

ဆိတ်ဆီသူရဲ
မုန်းဖို့ကောင်းရေ --။

ခွီးပုတ်လောက်ကျ
အံဖို့ကောင်းရေ --။

အပုပ်နံ့ကို
မခံနိုင်ပါ --။

အကျင့်ဆိုးကို
သင်းထုံးလိုက်ပါ --။

အကျိတ်အခဲကို
ကြိတ်ခွဲလိုက်ပါ --။

ဤအရာသည်ကား
တော်လှန်ရေးဖြစ်သည် --။

ဤအရာသည်ကား
အိမ်ထောင်ရေးမဟုတ်
ဗစ္စကုတ်မဟုတ်
ဝတ္ထုမဟုတ်
အပြာမဟုတ်။
ပဂျီကားမဟုတ်
ကျောက်ရုပ်မဟုတ်
ကဗျာအရွဲ့မဟုတ်
သာခြင်းသံကျပ်မဟုတ်
တေးခြင်းမဟုတ်
ဂီတာမဟုတ်
နှဲမဟုတ်
ဗုံမဟုတ်
လင်းခွင်းမဟုတ်
တယောမဟုတ်

အမှန်တရားနန့် သွီးခင်း
အမှန်တရားနန့် ရွီးထွင်းထားရေ
တော်လှန်ရေးစင်စစ်ဖြစ်တေ --။

နတ်သမီးချေတယောက်ပိုင် လှပရေ
အာရုဏ်မိုးထက်ကို
ကြိုဆိုလိုက်ပါ --။

မိုးကောင်းခင်ပိုင်
ကမ္ဘာကြီးကို
ကျက်သရေတင့်စီပါ --။

ပန်းပွင့်ချေတိပိုင်
ကမ္ဘာကြီးကို
အလှဆင်လိုက်ပါ --။

မိုးကြယ်ပွင့်ချေတိတောင်က
မှိတ်တုံလင်းတုံ
အမှောင်ခွင်းဖို့
ကြိုးစားနီကတ်ပျာယ်လေ --။

အို အသျှင်လမင်း
သင်ပုန်းမနီပါကဲ့ဖိ --။

အသင်ရေ
ကမ္ဘာကြီး၏
(ကွမ်းတောင်ကိုင်) ဖြစ်တေ --။

အသင်ရေ
စည်းကျဝါးကျ
နွဲ့ပျောင်းကတတ်တေ
လုလင်ပျိုမဖြစ်တေ --။

အသင်ရေ
နှခွမ်းနီနီ
ရွှေနှင်းဇီဖြစ်တေ --။

အသင်ရေ
ရှက်ကွန့်တကို့
ပါးမို့မို့
စိတ်ညှို့တတ်သူဖြစ်တေ --။

အသင်ရေ
စက္ကြာဝဠာလောကဓါတ်တခွင်လုံး၏
တပင်တိုင်မင်းသမီးတဆူဖြစ်တေ --။

ဒဏ္ဍာရီပုံပြင်ထဲက
ဂန္ဓ၀င်မြောက်
မင်းသားတပါးလည်းဖြစ်တေ --။

ဇာခါမဆိုအသင်ရေ
ကမ္ဘာကြီးကို လွှမ်းမိုးအုပ်ချုပ်သူ
ဘုရင်ဧကရာဇ်တဆူဖြစ်တေ --။

အမှန်တရား
ဘာသာတရားလည်းဖြစ်တေ --.။

အခြားတဖက်မှာ
အသင်ရေ
ခြီသံပြင်းပြင်း
လမ်းလျှောက်တတ်သူ
လူတယောက်ဖြစ်တေ --။

တခါတခါ အသင်ရေ
အကျေနပ်ချက်တိနန့်အံကြိတ်
တက်သီးခေါက်တတ်တေ --။

တခါတခါ အသင်ရေ
အရာရာကို
ဥပေက္ဖာပြုနိုင်သူဖြစ်တေ --။

တခါတခါ အသင်ရေ
ရင်နာစရာကောင်းရေ
သမိုင်းကြောင်းကို
ပြန်ပြောင်းပြောပြသူဖြစ်တေ --။

တခါတခါ အသင်ရေ
စိတ်နာနာနန့်
ဒါဏ်ရာရ ခြင်္သေ့တကောင်ဖြစ်တေ --။

(ယေကေလည်း)
ဇာခါမဆို အသင်ရေ
ကမ္ဘာကြီး၏ဒါဏ်ရာဒါဏ်ချက်တိကို
ကုစားတတ်တေ သမားတော်ကြီးတဆူဖြစ်တေဆိုစွာ
ဇာသူလာ ငြင်းချက်ထုတ်ဖို့လဲ --။

လူသူအားလုံး
ကောင်းခြင်းမင်္ဂလာနန့်
သာယာရေမိုးထက်မှာ
ပြိုင်တူခေါင်းလောင်းတီးလိုက်ပါ --။

အဖြူရောင်
ဆင်တူဝတ်ပျာယ်
သံပြိုင်တေးခြင်းတပုဒ်
ဆိုလိုက်ပါ --။

ကောင်းခင်ပြင်ကို နောက်ခံပြု
သန့်ယှင်းရေ
စုံလီညှင်းညှင်းကို
တ၀တပိုက်
လျှူလိုက်ပါ --။

အတောင်ပါရေ
ငှက်ချေတိပိုင်
လွတ်လပ်တေ
အပြာရောင်ကောင်းခင်မှာ
ယင့်ကျူး ပျံသန်းလိုက်ပါ --။

ဤအခါသမယသည်
တော်လှန်ရေး မိုးထက်မင်္ဂလာဖြစ်သည် --။

တော်လှန်ရေးအောင်ပွဲ
ခြိမ့်ခြိမ့်သဲ
ဆင်နွဲချိန်ဖြစ်သည် --။

အမှန်တရား၏လျှောက်လှမ်းရာ
ရောက်ခါနီး
အခါသမယဖြစ်သည် --။

အကျဉ်းချုပ်အနှောင်ဖွဲ့ခံ
ပြည်သူအပေါင်း၏
အောင်စည်အောင်မောင်း
ဆော်သြသံဖြစ်သည် --။

အခြားတဖက်မှာ
မိစ္ဆာကောင်တိ၏
ကျဆုံးခန်းဖြစ်သည် --။

ဖောက်ပြန်သူအပေါင်း၏
နိဂုဏ်းချုပ်ဖြစ်သည် --။

အတ္တ၀ါဒီများ၏
တစသုဿာန်ဖြစ်သည် --။

ဇာကြာဖို့လဲ
တယောက်တချက်
ဝိုင်းသမလိုက်ကေ --။

ဇာခံနိုင်ဖို့လဲ
တယောက်တချိန်း
ဝိုင်းဗိန်းလိုက်ကေ --။

(သာလှဦး)

မိခင်သို့


ဂုတ်ကျပြီး
ရုပ်မလှသော သားကို
အမိ မတွိလီရခြင်းတွက်
ဂုဏ်ယူဝမ်းမြောက်ပါလီ --။

တဖြုတ်ဖြုတ်
ပြန်တုတ်လားခရေ လူတိထဲမှာ
ချစ်သားပါမလာစွာ
ဂုဏ်ယူဝမ်းမြောက်ပါလီ --။

အမိနို့ဖိုးကို အပထား
ကတို့စရိတ်တောင် မတတ်နိုင်လိုက်
သားမိုက် အပြစ်ကို
ချစ်ခြင်းဖြင့် ခြီဖျက်ပါလီ --။

အမိကျေးဇုကို
တော်လှန်ရေးဖြင့် ပီးဆပ်လိုက်ပါသည်
အမင် တမလွန်က
သာထုခေါ်လီ --။

(သာလှဦး)

ယုံတော့ဘူးကွယ်


အချစ်ထန်ပြင်းရင်တော့
နောက်မီးမလင်းနဲ့ပေါ့ --။

ရှင်ဟာ ကျမရဲ့ဘဝ
ဒါဆို ကမြင်းကြော မထရ --။

ရှင်ဟာ ကျမရဲ့အချစ်အိုး
ဒါဆို ခိုးမစားနဲ့ --။

ရှင်မရှိရင် မြန်မြန်သေ
ဒါဆို မဖောက်ပြန်နဲ့လေ --။

ရှင်နဲ့ မခွဲနိုင်ဘူး အကို
ဒါဆို ပဲမကိုင်စေလို --။

ဆိုသာဆို ပိုမိုသည့်စကား
မေအပျို ခြုံခိုကာ
နေညိုညို အိမ်နောက်ဖေးမှာ
ဖောက်ပြား မှောက်မှားကာ သူလျှောက်ပြေးတော့
အကြင် လင်ယောက်ကျားနားကို
အလျှင် ပေါက်ကြားသွားလေသတည်း --။

ရေဒီယို ဗီဒီယိုများဆီက
၁။ ပြည်ထောင်စု မပြိုကွဲရေး
၂။ တိုင်းရင်းစည်းလုံးညီညွတ်မှု မပြိုကွဲရေး
၃။ အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲရေး
တို့တာဝန်အရေးသုံးပါးကို
သံညောင်ညောင်နှင့် ဟောင်သံကြားပါရလျှင်
နတ်ကတော် လျှာဖျားပါးစပ်ဖျားဖြင့်
ဗုဒ္ဓ၏ပဋိစ္စသမုပ္ပါဒ်
နတ်သုဒ္ဓါ တရားတော်မြတ်ကို
အသလွတ် ရွတ်ဖတ်နေသလိုပင် --။

ပါးစပ်လား
ပါပ်စားလားဟင် --။

(သာလှဦး)

မငိုပါကဲ့ နှမချေ

မငိုပါကဲ့ နှမချေ
မျက်ရည်ကို အသာသုတ်လိုက်ပါ --။

အမိကိုလည်း သူရို့ကြိုးတုတ်
ဒုတ်နန့်လည်း သတ်သိမ့်ရေ --။

အဖကိုလည်း ၀ရမ်းပြီးလတ်
သူရို့ စွပ်စွဲကတ်တေလေ --။

ရွာကိုလည်း သူရို့မီးလျှို့
နွားဝက်တိကိုလည်း ယူ
(သူရို့ရေ) တိရိစ္ဆာန်ထက်
ညှက်တေလူ --။

ရွာက သက်ကြီးရို့ကိုလည်း
(အမေ အမေ) လို့
သူရို့ခေါ်ကတ်တေ
ပြီးကေ အမိပစ္စည်း သူရို့ခိုးရေ --။

မယိုင်ကျေးရေ လူရိုင်းတိက
ငါရို့တိကို
ဝန်သယ်ခိုင်းကတ်တေ --။

သူရို့ရေ
အငတ်တိုင်းပြည်က
လာကတ်တေလူ --။

ငါရို့ယာကို ၀င်ရေဆိုကေယင့်
ထိုချင့်ခူး ဒေချင့်ခူး
အသားငါးကိုလည်း မမြင်ဖူး
အစားလည်း ကြူးကတ်တေ --။

ငါရို့ပြည်ကို
ကျူးကျော်လာရေ လူတိက
ငါရို့ကို
သူပုန်ကို အားပီးရေလတ် --။

ဆန်ပြာဖို့ခေါ်လားရေ
နင့်သူငယ်ချင်း (----) လည်း
နောက်နိမိုးလင်းမှ
ရွာပြန်ရောက်တေ --။

သက်ကြီးရွာသူကြီး
အဖိုးသျှင်ကိုလည်း
သူရို့နှိပ်စက်
(နောက်ဆုံးကျ)
ပစ်သတ်လိုက်ကတ်တေ --။

ခါးကုန်းကုန်းနန့်
အဘောင်မ ဂေါက်မကိုလည်း
သူရို့စခန်းအတွက် ရီခပ်ခိုင်း
ပယိုင့်တောင်းတိ ရက်ခိုင်း
လုပ်ချင်တိုင်းလုပ်
အမှန်သူရို့ ယုတ်မာရေ --။

နင့်ကိုလည်း နောက်ဆုံးမှာ
မုဒိန်းကျင့်ခကတ်တေ --။

(မငိုပါကဲ့ နှမချေ)
မျက်ရည်ကို အသာသုတ်လိုက်ပါ
ကလက်ချောင်းကို ဆန်တက်
ခရီးဆက်ရခန့်သိမ့်လေ --။

တနိနိ တချိန်ချိန်ကျ
ငါရို့ပြည်
လွတ်ကို လွတ်မြောက်ရမည် --။

(သာလှဦး)
UNDC မဂ္ဂဇင်း အမှတ် (၂)
(New Delhi)(India)

မိုးမျှော်တမ်း လွမ်းခြင်း


(၁)
တက်သီးတချက်
ပြင်းပြင်းခေါက်လိုက်မိသည် --။

ရင်ထဲမှာ မကျေနပ်ချက်တိ မွန်းကျပ်
အသက်လျှူမ၀ --။

လက်သီးကို နနောင်းဆုပ်
အကြောင်းမဲ့ ကြမ်းပြင်ကို ထုလိုက်မိရေ --။

ပါးစိကို တင်းတင်းကိုက်ထား
မိတ်ရိုးများ ကားထွက်လာ၏ --။

ဂေါင်းထဲမှာ ထိုအတွေး ဒေအတွေး
အတွေးပေါင်းများစွာ ယောက်ယက်ခတ်
ချုပ်ထွီးလျှက်ဟိရေ --။

မျက်စိကို စစိမှိတ်
ထွက်သက်ကို နခေါင်းထဲက
မှုတ်ထုတ်ပစ်လိုက်တေ --။

ဒေါသအငွေ့ကြောင့်
ထွက်လီ၏အပူရသ
ကြောင်းလို့ ခံစားလိုက်ရရေ --။

နားဂျီနှစ်ဖက်က
စမုတ်ကြောများ ထောင်တက်တင်းမာ
သံချောင်းများ ပမာ --။

ကုတ်ထားသည်မျက်မှုန်
ရှုန့်တက်လာရေ တွန့်ကြောင်း
အပေါင်းများစွာ --။

ခံစားချက်များ ပြင်းထန်
အောင့်အည်း သည်းမခံနိုင်ရေ အဆုံး
မချိပြုံ့ ပြုံ့လိုက်မိသည် --။

(၂)
နီရာတကာ မသမာမှုတိကြီးစိုး
ကကောင်း အရုပ်ဆိုး၏ --။

ဒုက္ခကို ဂြင့်ခါးသီးပိုင်
ချိုမြိန်စွာ စွဲလမ်း
တမ်းတမ်းတတ လောဘရမက်
သက်ပြင်းချရ အခါခါ --။

မကောင်းမှုကို ချိုမြိန်စွာ သောက်သုံး
ယစ်မှုးနီကတ်သူများ
ဝင်းကြွားမင်းမူ အောင်လံထူလျှက် --။

အဆိုးအညှက် အမှိုက်သရိုက်တိကို
တိုက်စားပစ်ဖို့
တော်လှန်ရေးမြစ်ရီခမ်းခြောက်
မျက်တွင်းဟောက်ပက် လူမမာ --။

နာရီစက်ဝန်း မိနစ်စက္ကန့်ရို့သည်
အခိုက်အတန့်လိုက် ကုန်ဆုံး
နီလုံးညိုညို ညရိပ်ခို --။

အတ္တ အတ္တ
အတ္တ အမှောက်ထု တွင်းနက်အောက်
တယောက်ပြီးတယောက်
ဒိုးယိုပေါက် တောက်လျှောက်ကြီးဆင်း
ခွာသံပြင်းပြင်း --။

နောက်ကျိကျိ အမှောင်အတိပြီးသော
ငရဲအိုင်ကြီးထဲက
လွတ်လမ်းမဲ့ ငါးချေတိပိုင်
ကျုပ်ပုတ်ရည် ညစ်ညမ်းသည်ရာ
အသက်ရှင်ရာလား လွတ်မြောက်ရာလား --။

အရောင်နှမ်းနှမ်း မွဲခြောက်ခြောက်
လိုင်တံတို ပျိုင်းအိုတချို့ကလည်း
ပွက်သည့်ငါးကို အလိုက်ချောင်း
အကြောင်းအားလျှော်စွာ --။

ဘုရားသခင် ဖန်တီးထားသည့်
ဤကမ္ဘာမြီကြီးသည်ကား
ဒုက္ဖအတိမွှမ်း ဆိုးသွမ်းလှပါဘိတကား --။.

ပူလောင်ထန်ပြင်း
ဆင်းရဲလှပါတကား --။

အပူမီးများချုပ်ငြိမ်း
အီးချမ်းသော အနာဂါတ် မိုးထက်ကောင်းခင်
စက္ကြာဝဠာတခွင်လုံး
လှပသာယာ ကြည်လင်လာဖို့
ရတနာမိုး ပေါက္ခရ၀ဿမိုး
ထိန့်ကြိုးရွာသွန်း လောင်းဖြန်းပီးပါဖိလော့ --။

(သာလှဦး)
29/5/2000

မိုးထက်မင်္ဂလာ


အိုပြည်သူရို့
ထကတ် ထကတ်
အရှိဖက်မှာ
ရောင်ဖြူလာဗျာလေ --။

ရှောက်ပနီငှက်ချေ
နီဆာလှုံလို့
အကိုင်းဖျားမှာ
နားနီဗျာ --။

စာချေတရွီ
ညီညီညွတ်ညွတ်
တသုတ်ပြီး တသုတ်
တအုပ်ပြီး တအုပ်
လှည့်ပျံလားခဗျာ --။

အလယ်တရိုး
ဝက်မတိုးရအောင်
ခြံထိုးလို့ ကာကွယ်ရဖို့ --။

ကျီးကျလို့ မပျက်ရအောင်
မီးထလို့ ဖော်ကတ်ရဖို့ --။

ရွာဦးကျောင်းက
ခတက်ခေါက်ပျာ
မချေလားလို့ ဆွမ်းပို့ခီ --။

မောင်ချေ ပျိုးကြဲ
အကိုကြီး လယ်ထွန်
အကိုလတ် ငါးရှာလားကတ်လီ --။

မကြီးဆန်ဖွတ်
အမိဆန်ပြာ
အဘာ တောသို့လားပတ်စီ --။

တက်ညီလက်ညီ
ရီကြိုင်မြမြ
ဂစ္ဆပနဒီ
နှင်းဝီ၀ီမှာ --။

(သာလှဦး)