Sunday, May 18, 2025

မိုးထက်မင်္ဂလာ



မိုးထက်မင်္ဂလာ
=======

အိုလူရို့
ထကတ်ဖိ
မိုးလင်းဗျာ --။

ရှောက်ပနီငှက်ချေ
နီဆာလှုံလို့
အကိုင်းဖျားမှာ
နားနီဗျာ --။

စာချေတရွီ
ညီညီညွတ်ညွတ်
တသုတ်ပြီး တသုတ်
တအုပ်ပြီး တအုပ်
လှည့်ပျံလားခဗျာ --။

အလယ်တရိုး
၀က်မတိုးရအောင်
ခြံထိုးလို့ ကာကွယ်ရဖို့ --။

ကျီးကျလို့ မပျက်ရအောင်
မီးထလို့ ဖော်ကတ်ရဖို့ --။

ရွာဦးကျောင်းက
ခတက်ခေါက်ပျာ
မချေလားလို့ ဆွမ်းပို့ခီ --။

မောင်ချေ ပျိုးကြဲ
အကိုကြီး လယ်ထွန်
အကိုလတ် ငါးရှာလားကတ်လီ --။

မကြီးဆန်ဖွတ်
အမိဆန်ပြာ
အဘာ တောသို့လားပတ်စီ --။

တက်ညီလက်ညီ
ရီကြိုင်မြမြ
ကစ္ဆပနဒီ
နှင်းဝီ၀ီမှာ --။ ။

(ရခိုင်ပေါင်းကူး သာလှဦး)



No comments:

Post a Comment