မိုးကြိုးစစ်ဆင်ရေး
=============
(၁)
ပြောက်ကျားလို့ခေါ်ရေ တော်လှန်စစ်သားသုံးယောက်
တယောက်တလက် လက်နက်ကိုယ်စီကိုင်လျှက်
တယောက်က AK47 တယောက်က M16
တယောက်က ရန်သူ့သနတ် G3
ကြောပိုးအိပ် ကိုယ်စီလွယ်
Equipment ကို ခါးပတ်
ရီပူးကိုခါးချိတ် ဒါးကိုခါးထိုး
ကျားပြောက်အင်္ကျီနန့်
သတင်းအရ ရန်သူ့စခန်းသို့ချီတက်
ညည့်နက်သန်းခေါင် မှောင်မှောင်မဲမဲ
မိုးရိပ်ခဲခဲ
ဖြောက်စိတ်ကြယ်ချေတချို့ မလင်းတလင်း
မှိတ်တုံလင်းတုံ (ဘုရားဝါ) စခန်းက ထွက်ခွာ
ညတိုက်ပွဲဆင်ဖို့ ခရီးနှင်
မြောင်ကိုကျော် တောင်ကိုပတ်
ချောင်းကိုကွေ့ယှောင် ခြုံကိုဖောက်
တောက်လျှောက်ချီတက်လားကတ်တေ --။
ခြင်ကတမှောင့် ဖြုတ်ကလည်းကိုက်
ကြွတ်ကလည်းတွယ်
ဂရုမစိုက်နိုင်အား စကားမပြောနိုင်အား
အချက်ပြ သင်္ဂေတသဖောနန့်
အရေးပေါ်လမ်းကွဲခသော်
စုရပ်ကို (သမင်တောင်) ထိပ်ကို သတ်မှတ်တေ --။
စစ်ဆင်ရေးနာမည်က (မိုးကြိုး)
တဟုန်ထိုးစစ်ခင်းလို့ ရန်သူကိုဖြိုခွင်းဖို့
ပြင်းပြင်းကြီးချီတက်
စကားဝှက်ကို (ကြောင်နက်) လို့ သုံးရေ --။
ရိက္ခာအတွက် မသိုးထမင်း မသိုးဟင်း
ထမင်းခြောက်ကို ပျားနန့်နှယ်လို့
ဂျီသားခြောက်ကို
တယောက်တသိုက်ခွဲလောက်
တပတ်စာအတွက် ထည့်ပီးလိုက်တေ --။
(၂)
ညည့်အမှောင်မှာ ရန်သူမမြင်ရအောင်
လကွယ်ညကိုအဖော်ပြု
ဝတ္ထုထဲက ဇတ်ကောင်များသဖွယ် --။
လမ်းခုလပ်မှာ ရည်းစားကိုတမ်း ရွာကိုလွမ်း
တေးခြင်းတပုဒ်ကို လီသသွတ်ချေနန့်
ရွာလည်ရေ အခါမျိုးပိုင် တောင်ကုန်းထက်က
ဇကုန်အော်လို့ ဆိုလိုက်ချင်ရေ --။
အချစ်နှင့်စစ်မှာ အပြစ်က အသူလဲ
ကြားလူဖျက်လို့ ပျက်ရရေ အချစ်
မချစ်မနှစ်သက်သောသူနှင့် ပေါင်းသင်းရရေ အချစ်
ချစ်ယင့်သားနန့် သီကွဲကွဲရရေ အချစ်
ချစ်ယင့်သားနန့် ရှင်ကွဲကွဲရရေ အချစ်
အချစ်အဘိဓမ္မာ မပြုချင်ပါ
အပြစ်ပြုသူကိုရှာ
ချစ်ကတ်သူတိုင်း ပေါင်းရဖို့ရာ
မေတ္တာပန်းခင်း ပေါင်းယှင်းပီးချင်သူက
စူး အစူးခံကာ အနစ်နာခံကာ ကြိတ်မှိတ်ခံကာ
တခါတခါ အံကြိတ်ပနာ
(အချစ်နန့်စစ်) စစ်နှစ်ပွဲကို
တပြိုင်တည်း တိုက်နီရသူပါ --။
(မောင်းမောင်ပြန်လာလတ်ပါပလင်) တေးခြင်းသံကို
ကြားတိုင်းမျက်ရည်ကျ
ပျော့ညံ့ရေလို့ ဆိုချင်ဆို
ယောက်ကျားလည်း ငိုတတ်ပါရေ
တော်လှန်နှလုံးသားတိုင်းမမာပါ --။
(၃)
ခုနှစ်စဉ်ကြယ် ခြီထောင်လို့
မိုးလင်းစပြုချိန်
တောင်ကုန်းချေတခုထက်မှာ
သုံးယောက်သား ကင်းစောင့်မနီအား
ညောင်းညောင်းနန့် အိပ်ချလိုက်ကတ်တေ --။
ဝါးတောနန့် ပြိုင်းတောကိုကွယ်
ဖင်ကို နီထိုးမှ နိုးရေ --။
မိုးလင်းချိန်ခါ ရောင်နီလာလို့
အဝီးတနီရာက ခမောင်းပင်ထိပ်ချေမှာ
ဂြိုးချေကကြူ ငှက်ဝါချေတွန်မြည်လတ်က
ရွာကအချစ်ကို အတွက်ရရေ --။
စမ်းချောင်းချေက တောင်စောင်းနားက စီးဆင်းလို့
ခြီမျက်စိလောက်ရာနက်တေရီမှာ
မိုးထမျက်နှာသစ်လိုက်ကတ်တေ --။
ကြိုင်အီးရေရီကို လက်ခုပ်ချေနန့်ယူသောက်
တယောက်က ကင်းစောင့်တာဝန်ယူရေ --။
တတောကိုကျော် တမော်ကိုသန်း
တစခန်းခရီးရောက်ဖို့ တထောက်ခရီးမနား
နိခြင်းထမင်းမစားသိမ့်ခင် အပြင်းနှင်
တက်နီကစူး ဂေါင်းကမူး ချွေးတပြစ်ပြစ်
နောက်ကုန်းချောင်းဖြစ်လားရေ --။
ထမင်းကညင် ဝမ်းကညင် လွင်ပြင်ခရီး
အပြီးတခါ အမှောက်တလှည့် အထောက်တဖန်
ရန်သူကို သတိမူလို့
ရှိကကင်းထောက် နောက်လှည့်လို့ခေါ်ခါ
အရောက်အမြန် ချီတက်ရပြန်ပါရေ --။
ကြောပိုးအိပ်ထဲက အိပ်ရာခင်းပါးပါး
တာလပတ်ချာပါးပါး ခါးမှာချိတ်ထားရေ ဒါး
အသေးအမွှားတိက
လားယင်းလားယင်း တအိအိ
ပိယင်းနန့်ပိ ကြားဖူးနားဝဟိအောင်
ပြောပြလိုက်ချင်ရေ
စက္ကန့်နန့်အမျှ ကမ္ဘာထက်လီးရေ --။
(၄)
ယင်းပိုင်နန့် နှစ်ရက်ခရီး အပြင်းနှင်လို့
သုံးရက်မြောက်ည
(ပီချောင်း) ရွာကို ရောက်တေ --။
မြန်မာစစ်တပ်က ရွာ၏မြောက်ဖက်
ဗျူဟာကျရေ တောင်ကုန်းအမြင့်မှာ
နီရာယူထားရေ --။
ကျောက်ပေါက်မြှာနန့် အရုပ်ဆိုးဆိုး
အသားမဲမဲ နခေါင်းရောင်ကောက်ကောက်
အညာသားစစ်ဗိုလ်က
မြောက်ကြွမြောက်ကြွ မျောက်မှာသပြာရယှောင်
မြန်မာစစ်တပ်ကိုဦးစီး
ထမင်းတောင်းစား ဟင်းတောင်းစား
ယစ်မူးယမ်းကားပေတေ
အောက်တန်းကျလွန်းရေ --။
ဝက်ထက်ညှက်တေအမျိုး
ရွာကမိမ္မချေတိကို
ထိုအကြောင်းပြ ဒေအကြောင်းပြ
နိမအား ညမအား အလုပ်ခိုင်း
ရိုင်းစိုင်းယုတ်ညံ့
ကကောင်းညစ်ပတ်တေ --။
ညကျကေ မတော်မတရား ခြီတော်တင်လို့
အပျိုရည်ပျက်လို့
မျက်ရည်စက်လက်နန့် ရွာပြန်အဝင်
မောင်ကြီးမြင်ယောင်ပါသိမ့်ရေ --။
ရွာသားတိကိုလည်း
နောက်ပြန်ကြိုးတုတ် နီပူလှန်း
ကျောက်ခါကျောက် ဆောင့်ခါဆောင့်
မှောက်ခါမှောက် လှန်ခါလှန်
သနတ်ပေါင်နန့်ထောင်းခါထောင်း
ဝါးရင်းဒုတ်နန့် သတ်ခါသတ်
ရက်စက်နည်းမျိုးပေါင်းစုံ
ယုတ်မာမှုမျိုးပေါင်းစုံ
လက်နက်အားကိုး အနိုင်ကျင့်
(ခွီးထက်ညှက်တေအမျိုး)
ကျားထိုးလို့သတ် ဂေါင်းဖြတ်လို့သတ်
အရှင်လတ်လတ် ထူးခတ်လို့သတ်
မြီမြှုတ်လို့သတ် ခြီတွဲလက်တွဲလို့သတ်
သွီးရဲသံရဲ ရွာလုံးပြတ် တန်းစီပစ်သတ်
အမိတကွဲ အဖတကွဲ
သားတကွဲ မယားတကွဲ
ကြီကွဲစရာမြင်ကွင်း ခံစားချက်ပြင်းထန်လွန်းလို့
တော်လှန်ရေးထဲ ရောက်လာရစွာပါ --။
ခြီမျက်စိလောက် ဇောက်မနက်
အပ်နဖားထက် အပေါက်ကျပ်တေအကောင်တိ
မျက်ကန်းမျိုးချစ်အမြင်နန့်
မြီလှန်မျိုးဖျောက် စစ်ခင်းနီကတ်လို့
ကိုယ့်ပြည်ကိုယ့်ရွာအလှ မပျက်ရလီအောင်
ဆောင်ရွက်ဖို့
မောင်ကြီးမှာ တာဝန်ဟိရေ --။
(၅)
ရွာသားများအကူအညီနန့် ပြောက်ကျားသုံးယောက်
တန်းဆောင်ဘုန်းလဆုတ် (၁၃) ရက်
တလင်္ဂုနီနိညည့် သုံးချက်တီးကျော်မှာ
ရွာကို ဝိုင်းထားလိုက်ကတ်တေ
ခွီးဟောင်သံ တချက်နှစ်ချက် ကြားရရေ --။
တယောက်က ကင်းစောင့် တယောက်က တန်းခါးခေါက်
သတင်းအရ တက်အိပ်နီရေ အိမ်၏
အရှိဖက် တန်းပျင်းထက်မှာ
မြန်မာစစ်တပ်က အညာသားစစ်ဗိုလ်ကို
နဖူးတည့်တည့် ပစ်သတ်လိုက်ကတ်တေ --။
(အယုတ်တမာရို့၏အဆုံးစွန်လမ်းသည်ကား
ကျဆုံးခန်းပင်တည်း --။)
နောက်တနိ ပီချောင်းရွာက
တလိပ်လိပ်တက်နီရေ မီးခိုးတိရေ
တစုံတခုသော ရင်ဆို့နင့်ဖွယ် ဇတ်လမ်းတပုဒ်ကို
ပြန်ပြောပြလျှက်ဟိရေ --။
မြန်မာစစ်တပ်က
ရွာသူကြီးနန့် အိမ်သျှင်ဝါကြီးကိုခေါ်လို့
စစ်တပ်စခန်းနား ပီချောင်းကမ်းထောင့်မှာ
နိခြင်းကြောင်တောင် ပစ်သတ်လိုက်ကတ်တေ --။
နှစ်ယောက်စလုံး ဒူးထောက်လဲမှောက်
ရုပ်ပျက်ဆင်းပျက် --။
ရီစီးပြင်းရေ ပီချောင်းတရိုး
သွီးအတိ စီးဆင်းလျှက် --။ ။
(ရခိုင်ပေါင်းကူး သာလှဦး)
(4/6/2000)
မှတ်ချက်။ ။ ဖြစ်ရပ်မှန်ဇတ်လမ်းကို ကဗျာဝတ္ထုအဖြစ် ခံစားရွီးဖွဲ့ပါသည်။
No comments:
Post a Comment