Saturday, May 17, 2025

ရခိုင်မုန့်တီ

ရခိုင်မုန့်တီ
========

ပု ဆိုကေ ပု
ယောင်းဆိုကေယောင်း
နှူးလို့နှပ်ကေ ဆုံမှာဖွတ်လို့
မုန့်တီဖတ်ကို ထုလို့ထောင်း။

ပွက်ပွက်ဆူ ရီပူမှာပြုတ်
ဖက်နှင့်ထုပ်။

ဆွဲလို့ငင် အမျှင်တန်းလန်း
ဗန်းခံထဲမှာ ထည့်လို့လှန်း။

မွှီးလို့ကြိုင်ကေ ရခိုင်မုန့်တီ
ပဒကောနှင့် သင်္ဘောထိုးကို
အရိုးနှုတ်လို့ အိုးနှင့်ပြုတ်
လက်သုပ်သုပ်ကေ စားကတ်လီ။

သာလှဦး (မြောက်ဦး)



No comments:

Post a Comment