=============
နွယ်ချိုဖိုးခေါင် ရိုးမတောင်သည်
စိမ်းရောင်ညိုမြ သာလီစွတည်း။
နဒီမြစ်မ ကစ္ဆပလည်း
စီးကျသွင်သွင် အသက်ရှင်လျှက်။
ပင်လယ်ကမ်းခြီ သန္တာမြီလည်း
စီရီသွယ်တန်း သာစခန်းတည်း။
စိတ်ချမ်းသာစွ အလှကြက်သရေ
လွန်တင့်တယ်သည် ရွှီပြည်ရခိုင်
မဏ္ဍိုင်ပြည်ကြီး ငြိမ်းအီးပါစီ။
သိင်္ဂီရောင်ဝင်း ရွှီအဆင်းနှင့်
ထွန်းလင်းရွှန်းပြောင် တိုက်တိုင်းအောင်၍
အခေါင်ထွဋ်ထိပ် ရန်ကိုနှိပ်သည်
ဘိက်သိက်တံဆိပ်ခတ်စီသတည်း။
(နရသီဟ)
January 17, 2024 (Wednesday)(ဗုဒ္ဓူးနိ)
No comments:
Post a Comment