Sunday, May 18, 2025

ဇာကိုလားလို့ ဖြေရမည်

ဇာကိုလားလို့ ဖြေရမည်
(What Shall I Do?)
=================

ဆီးနှင်းစိုစို ပြာသိုလည်းလွန်
လက်ပံပွင့်ဖူး ရာသီပြောင်း၍
တပေါင်းကူးသော် --။

ဝမ်းနူးစဖွယ် တောမြိုင်လယ်မှာ
တွန်မြည်ယင့်ယင့် ရင်ကိုဖွင့်လျှက်
ပင်မြင့်ထိပ်ချာ ကိုင်းအညှာမှာ
နားကာလှမ်းထောက် မြကန်သာကို
ဝဲလာရောက်ကာ ရီသောက်လာသော
ဥသြရွယ်ပျို သာခြင်းဆိုကေ
ဇာကိုလားလို့ဖြေရမည် --။

တောင်ကမူမှာ ဂူလည်းပြိုပျက်
နွယ်မြက်ဆောင်းဆောင်း တရောင်းရောင်းဖြင့်
ရှိဟောင်းဘုရား ဥက္ခောင်းကျိုးမှာ
ဂြိုးညိုနားကေ ဇာကိုလားလို့ဖြေရမည် --။

ညောင်ကြက်မြီမျို ဇာတီအိုလည်း
ပြိုပျက်ယိုယွင်း ကိုးကွယ်သူလေ
လူသျှင်ကင်းလို့ သတင်းနီဝင်
လပပြင်မှာ ဟင်းလင်းမြင်ကေ
ဇာကိုလားလို့ဖြေရမည် --။ ။

(သာလှဦး)
(မည်) ကို (မေ) ဟု အသံထွက်ဖတ်ပါ။



No comments:

Post a Comment