Monday, May 12, 2025

ပဒကာသီးလက်သုပ် (၁)


ပဒကာသီးလက်သုပ် (၁)
================

ဖော်ရွေပျူငှာ ယဉ်ကျေးစွာဖြင့်
ဆင်ကာဝတ်စား စကားချိုချို
အစ်ကိုမောင်ကြီး အရီးအခင်
မင်္ဂလာပါ သာလီစွပါ လာပါစားပါ
ပဒကာသီး ကောင်းကောင်းမွှီးရေ။

မကြီးလက်သုပ် ငရုပ်သီးပေါက်ပေါက်
ချဉ်ပေါက်ပေါက်နှင့် ကောက်ညှင်းပေါင်းပါ
ပေါင်းထားပါရေ။

ပျာလာလောင်ပွန်း ဇွန်းနှင့်စားစား
ဟင်းစားအပြည့် ထည့်ပီးထားရေ။

အားကေတချက် Online ထက်ကို
တက်ပါလာလတ်
စားပါခလိုက် အမျိုးချစ်တိ။

အောင့်မိတမ်းတ သတိရပြီး
ချစ်အားကြီးလို့ တင်ပီးလိုက်တေ
အီးယောင်ဘားဘာ မိဖို့ယေ။

ပီးလိုက်ကတ်တေ Likes
ချစ်လိုက်ကတ်တေအမျိုး
Comments ပေါင်း သောင်းခြောက်ထောင်
Animations သိန်းသန်းကုဋေ
Hearts ရွီတွက်မရ။

ရခိုင်သားတိ ပဒကာသီးလက်သုပ်
ကောင်းကောင်း ကြိုက်မှန်း
အေခုမှ သိရေ။

မနာလို ဝန်တိုဖြစ်လို့
တင်လိုက်စွာရာ ငါ့ကဗျာ
တခါချေလည်း Like မရဖူး။

အထူးထူးလေ
နဖူးခတ်တေ ဒူးခတ်တေ
ဘူးကတ်တေ လူရို့လေ။ 😛 😛 😛။

သာလှဧူး (မြောက်ဧူး) 



No comments:

Post a Comment