Thursday, July 22, 2010

ဂေါင်းပေါင်းဆောင်း မင်းသား


ဂေါင်းပေါင်းဆောင်း မင်းသား
==================

အတောင်ပါကေလည်း
ယင်ကောင်ဖြစ်ရ
ငါ့ဘ၀က မစားသာ --။

အစွယ်ပါကေလည်း
ပူးချေဖြစ်ရ
ငါ့ဘ၀က မစားသာ --။

ဘုရင်တကာ့ ဘုရင်
ဘုရင်မင်းဘုရား
ပုဏ္ဏားဂေါင်းပေါင်း
ဆောင်းကာ ကပြ
ဇတ်စင်ထက်က
ငါ့ဘ၀ ဖြစ်ရမစားသာ --

(သာလှဦး)