အပိုဒ် (၁) မှ အပိုဒ် (၃၁) ထိ
===========================
(၁)
ကြားဘိသူမြတ်၊ အမြဲမှတ်စီ
ဟိတတ္တိက၊ သြဝါဒဖြင့်
ဆုံးမပီးလီ၊ နားဝင်စီလော။
နီသို့ထင်ရှား၊ ဘုရားတရားသံဃာ
ရတနာထွတ်ထား၊ မြတ်သုံးပါးကို
ဦးဖျားထိပ်တက်၊ အမြဲရွက်၍
စုံမက်သဒ္ဓါ တည်စီမင်း။ ။
(၂)
အသက်ရှည်စွာ၊ အနာမဲ့ကြောင်း
ကောင်းလှစီချင်၊ ပဲ့ပြင်နိစ္စ
ကွပ်ဆုံးမသား၊ မိဘဆရာ
စကားနာ၍၊ ကျမ်းစာသိမြင်
တတ်အောင်သင်လော။
ပေါ်လွင်မပြု၊ ကောင်းရာတုလျှက်
ကောင်းမူမြတ်နိုး၊ ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်စီမင်း။ ။
(၃)
သက်ကြီးမိဘ၊ ဆရာစသား
စိုးရသခင်၊ ကျေးဇူသျှင်ရို့
ပြစ်တင်မောင်းမဲ၊ ခတ်ပုတ်ဆဲလည်း
ဝမ်းထဲယုံ့ယုံ့၊ ယုန်လျှင်ကျုံ့သို့
နူတ်တုံ့မဝံ့၊ စောင်မာန်ညံ့၍
ကြောက်ရွံ့ရိုသီ၊ သည်းခန္ထီဖြင့်
ပတ်ခွီရိုကျိုး နိုင်စီမင်း။ ။
(၄)
ဆန္ဒဒေါသ၊ ဘယာမောဟ
အပါယ်ကျသား၊ ဓမ္မလေးမည်
ကတိတည်၍၊ လူ့ပြည်နတ်ရွာ
အလာကောင်းမွန်၊ ဆန်စုန်ဆန်လျှက်
နိဗ္ဗာန်ရောက်ကြောင်း၊ ကျင့်ကောင်းသီလ
လှူဒါနနှင့်၊ ပုညလယ်မြီ
စိုက်ကြဲလီလင့်
ပျိုးခြီအပင် စည်စီမင်း။ ။
(၅)
ကိုယ်နူတ်နှလုံး၊ စောင့်သုံးမြဲစွာ
သတ္တဝါကို မေတ္တာသက်လီ
လှူဖို့ဝီ၍၊ ခန္ထီသည်းခံ
သဘောမှန်သား၊ ပစ္စုပ္ပန်သံသရာ
ချမ်းသာကြီးပွား၊ နှစ်ပါးမြင်တတ်
သူတော်မြတ်ကို၊ မပြတ်ချစ်ခင်
မိတ်ကျွမ်းဝင်၍
မြဲပင်စင်းလျှင်း ပေါင်းယှဉ်မင်း။ ။
(၆)
ပညာမျက်စိ၊ မြင်မဟိ၍
မသိတရား၊ အယူမှားစွာ
စီးပွားမပေါ်၊ ကျိုးမမြော်သည်
သူတော်မဟုတ်၊ ယုတ်သည့်စရိုက်
လူသူမိုက်ကို၊ မကြိုက်မချစ်
ရန်သူစစ်လို့၊ မနှစ်သက်ဘဲ
ဝီးစွာချဲ၍ ဖယ်ကြည်မင်း။ ။
(၇)
ပါဏာတိပါတ်၊ မသတ်သူ့သက်
ခိုးဝှက်မမူ၊ မယူသီစာ
အိမ်ရှာမမှား၊ မုသားမဆို
ကိုယ်ကိုနှိမ့်ချ၊ စောင့်သီလနှင့်
ဒါနလှူဝတ်၊ ရက်မချွတ်လျှင်
မပြတ်ဆောက်တည်၊ ဆုကြီးရွယ်၍
မကြေခြစ်ရန်၊ သူကျူးလွန်လည်း
မျက်မာန်မပြင်း ကောင်းယဉ်မင်း။ ။
(၈)
မိခင်ဖခင်၊ ကျေးဇူးသျှင်ကို
ချစ်ခင်မြတ်နိုး၊ ဂူပုထိုးသို့
ရှိခိုးဣတင်၊ ကြည်လင်မြတ်လေး
လုပ်ကျွေးခယ၊ ရိုတုတ်ကွလျှက်
ကြီးမသက်အို၊ မျိုးဆွီကိုလည်း
ကြည်ညိုညွှတ်တိမ်း
ပိုက်ထုပ်သိမ်း၍ ငြိမ်းစီမင်း။
(၉)
စတုဒိသာ၊ လေးမျက်နှာက
ရောက်လာအများ၊ ပုဏ္ဏားရဟန်း
ဆွမ်းပန်းချို့တဲ့၊ ရိက္ခာမဲ့ကို
သိလှည့်ဣစွာ၊ ဤလောကာ၌
ကျွတ်လာထသူ၊ ထိုသည်လူကို
ကိုယ်တူမှတ်သား၊ သနားရင်းနှီး
ဝတ်စားပီး၍
ကျွေးမွီးထံရင်း တည်စီမင်း။
(၁၀)
အနိစ္စ ဒုက္ခ အနတ္တဟု
သုံးပါးလက္ခဏာ၊ မခြာအောက်မိ
တစိစိလျှင်၊ နိတဓူဝ
ကွပ်ဆုံးမသား၊ ပဉ္စခန္ဓာ
ငါးဖြာနာမ်ရုပ်၊ ပျက်ဆုတ်ကြိမ်ဖန်
စက်အဟန်သို့၊ တဖန်လဲလဲ
ဝဋ်ဆင်းရဲကို၊ ဝမ်းထဲသံဝေ
ထိတ်လန့်သည်ဖြင့်
မာန်ပြေကင်းငြိမ်း အီးစီမင်း။ ။
(၁၁)
လောဘဒေါသ၊ မောဟသူပျက်
နိတိုင်းဖျက်လည်း၊ မပျက်သီလံ
တဖြန်ဆင်ခြင်၊ အာရုံမြင်၍
ချင်ချင်မွတ်မွတ်၊ ဖြစ်လတ္တံ့သော်
တုတ်ကန့်မဆိုင်း၊ စိတ်ဆင်ရိုင်းကို
နိတိုင်းမကြာ၊ ယဉ်စီငှာဖြင့်
ပညာအုပ်ထိန်း ငြိမ်းစီမင်း။ ။
(၁၂)
လယ်လုပ်ကုန်သွယ်၊ ကြွီးဆယ်မြီချ
တွက်ဆစီးပွား၊ အပွားအရင်း
လချင်းတင်တိုး၊ ထပ်ပိုးနှစ်လီ
ချသည်မပြတ်၊ အိမ်ထောင်ဝတ်၌
အမှတ်မြဲမြံ၊ လုပ်ကြံကြိုးစား
ကျွဲနွားဆိတ်ဝက်၊ ဝမ်းဘဲငှက်နှင့်
ကြက်လည်းမကြွင်း၊ သိမွီးခြင်းဖြင့်
များခြင်းစုံစီ၊ ဖန်လီဝယ်ရောင်း
ထပ်ခါလောင်းလျှင်၊ ပဲပြောင်းစပါး
ကျီပြည့်ထား၍၊ ခွက်ပွားရွှီမွီ
ဖြည့်တင်းသည်ဖြင့်
မျိုးဆွီမှီတင်း ကြွယ်စီမင်း။ ။
(၁၃)
ထုံးထားနည်းနာ၊ အဖြာဖြာကို
ပညာရှာမှီး၊ မကြီးသက်ရွယ်
အငယ်သော်က၊ ကြိုးလုံ့လ၍
တုပ်ကွပုဆစ်၊ ဆရာစစ်၌
ကြောက်ချစ်ရိုသီ၊ စာပီတတ်ကြောင်း
တချောင်းချောင်းလျှင်၊ ဆဲမောင်းလည်းခံ
သင်အံမှတ်သိ၊ တနိတခြား
မှတ်သားစုံစီ၊ ဝမ်းထဲခွီ၍
တလီတထူး၊ ဂုဏ်ကျေးဇူးကို
ဆည်းပူးသိမြင် ကြွယ်စီမင်း။ ။
(၁၄)
ဖီးဖိုးစိုင်ဆက်၊ မပျက်သုံးစွဲ
ကျင့်မြဲလုံ့လ၊ စာရိတ္တဖြင့်
မိဖအလိုက်၊ စရိုက်ကျင့်ရိုး
အမျိုးနွယ်လျဉ်၊ စွဲလက်ကိုင်၍
အယှဉ်အပေါင်း၊ ခင်ပွန်းကောင်းနှင့်
သူဟောင်းသက်ကြီး၊ ထုံးနည်းမှီး၍
မညီးမငွေ့၊ မှတ်ကျက်လေ့လော။
ချစ်ဖွဲ့စကား၊ စပ်ကြားသူပျက်
ကုန်းတိုက်ဖျက်လည်း
ရက်ရက်မယုံ လွယ်စီမင်း။ ။
(၁၅)
သူတော်တကာ၊ တတ်စရာသား
အဋ္ဌာရသ၊ သိပ္ပအပြား
အတတ်များကို၊ မှတ်သားသတိ
ပညာဟိရို့၊ တတ်သိအပ်စွ
ထိုသိပ္ပကို၊ နှုတ်မှလုံးခြုံ
မတတ်တုံလည်း၊ တစုံတခု
တတ်အောင်ပြု၍ လူမူကုန်အောင်
စီးပွားဆောင်လော့။
ညည့်မှောင်မသိ၊ ကြက်မျက်စိသို့
မိမိကိုယ်ဖို့၊ အတတ်ချို့သော်
လူရို့ပြစ်တင်၊ ဆင်းရဲမြင်အံ့။
ထင်ထင်မျက်မော်၊ မကော်ရော်သည်
အိုသော်သူ့ကို မရယ်စီမင်း။ ။
(၁၆)
ဃရာဝါသ၊ ကိစ္စမြားမြောင်
လူရို့ဘောင်ဝယ်၊ အိမ်ထောင်သက်မွီး
ခြနှယ်ကြီးသား။ လူရီးကျယ်စွာ
အဖြာဖြာကို၊ လိမ္မာသိတတ်
ချားရဟတ်သို့၊ လည်ပတ်ပြီးမှ
ကြံတွက်ဆလော။
လုံ့လပင်စည်၊ အရင်းတည်၍
ခက်ရှည်ပညာ၊ ချမ်းသာသတိ
တရွိရွိဖြင့်၊ မမိမကျန်
တတ်သိပြန်သော်၊ စောင်မာန်နည်းဆုံး
သူတော်ထုံးကို
နှလုံးစိတ်ဝမ်း ကြည်စီမင်း။
(၁၇)
လေးကျွန်းထိပ်ခေါင်၊ မြင်းမိုရ်တောင်နှင့်
ပုံဆောင်ကာခိုင်း၊ ပမာနှိုင်းသား
တံတိုင်းအရှိ၊ ကျေးဇူးဟိစွ
အမိကားတိုက်၊ အသိုက်မယား
သားကားနွယ်ဆက်၊ စိုင်မပျက်တည်း။
ခက်လက်မျိုးဆွီ၊ ကျွန်ခြွီရွီနှင့်
မကြီမကွဲ၊ လူခပဲအား
ဆင်းရဲပျောက်ပယ်၊ ချမ်းသာတည်၍
လူဝယ်လူကောင်း၊ သူတော်ကောင်းဟု
လူပေါင်းပြောပြ၊ ချီမွမ်းရလျှက်
ကြောင့်ကြဖီးသန်း၊ ဖျောက်နိုင်စွမ်းသည်
စိတ်ဝမ်းဖြောင့်တန်း၊ ဆွီခင်ပွန်းကို
ချစ်ပန်းအနံ့ မပြယ်စီမင်း။ ။
(၁၈)
စိပ်မြဲသိပ်သိပ်၊ ရွှိရွိဖိတ်သော်
ဇရိတ်အိုးခွက်၊ ကြီးစွာလျှက်တည့်။
တစက်ကျများ၊ ပြည့်သော်လားသို့
ပျား၏နည်းထုံး၊ မှတ်ကျင့်သုံး၍
ခြပုံးတောင်ပို့၊ ဖို့သည့်ခြင်းရာ
လူလိမ္မာရို့၊ ဥစ္စာပွားစီ
များလှစီလော။
ကြွက်သီတခု၊ အရင်းပြု၍
စတုမာသ၊ လေးလတွင်ဝယ်
ကိုးသိန်းကြွယ်သို့၊ ကြွယ်မှုသက်ဆုံး
သူတော်ထုံးကို၊ နှလုံးမူလျှက်
ကြံစည်နက်၍
သူ့ထက်လွန်ကျူး ကြွယ်စီမင်း။ ။
(၁၉)
လုံ့လပညာ၊ လိမ္မာတတ်တုံ
ဆင်စွယ်စုံသို့၊ ကိုယ်ရုံမြဲမြံ
ကောင်းအောင်ကြံသား၊၊
လုပ်ကြံသေသပ်၊ ယောက်ျားမြတ်ရို့
မှတ်သည့်အတိုင်း၊ ပြည့်လှိုင်းချမ်းသာ
ကြီးပွားလာအံ့။
ပညာချို့တဲ့၊ လုံ့လမဲ့ဟု
ကဲ့ရဲ့သင်္ဂြိုဟ်၊ လူများဆိုအံ့။
မလိုမချစ်၊ အခြင်းညစ်ဟု
အပြစ်ဖွဲ့သို့၊ လူသွမ်းရို့ကား
မှည်သို့မသိ၊ ပျင်းရိရိလျှင်
ဟိသည်ကောင်းဖို့၊ ကြမ္မာပို့က
ငါရို့နီရာ စီးပွားလာအံ့။
ကြမ္မာကိုချည်း၊ မှတ်တည်းလင့်လင့်
ကျင့်နည်းသွမ်းဆုံး၊ သူပျက်ထုံးကို
နှလုံးမငြိ တွယ်စီမင်း။ ။
(၂၀)
ကြောင်းတောခရီး၊ လမ်းအနီး၌
ပင်ကြီးပြိုင်ညောင်၊ မြစ်တထောင်နှင့်
များမြောင်ခက်လက်၊ ရွက်လည်းသိပ်သိပ်
စိပ်လည်းစိပ်လျှက်၊ ရိပ်လည်းမြိုင်မြိုင်
လီမနိုင်တည်း၊ ပွင့်ခိုင်သီးမှည့်
အပြည့်ကျီးငှက်၊ စားလျှက်သောင်းသဲ
မှီဝဲလူဗိုလ်၊ ရိပ်ခိုအများ
ခရီးလားရို့၊ နီနားပျော်ရွှင်
ထိုသစ်ပင်ဝယ်၊ ဝင်လာသောသူ
ခပ်သိမ်းသူကို၊ ဆာပူငြိမ်းအောင်
စီးပွားဆောင်သို့၊ လူ့ဘောင်ကောင်းကြွယ်
သူတော်ဝယ်ကား၊ ထို့နှယ်လည်းကောင်း
မျိုးပေါင်းဆွီသား၊ လူအများကို
စီးပွားရှာရာ၊ ချမ်းသာမကင်း
မစခြင်းဖြင့်
ထံရင်းမှီခို လွယ်စီမင်း။ ။
(၂၁)
ပျူပျူငှာငှာ၊ လူတကာကို
သာသာချိုချို၊ ချစ်ဖွယ်ဆို၍
စိုစိုပြည်ပြည်၊ လည်လည်ပတ်ပတ်
လောကဝတ်၌၊ ပြတ်ပြတ်သားသား
အပြားပြားလျှင်၊ မှုများခပ်သိမ်း
ဆောင်တိုင်းငြိမ်းလျှက်၊ သူစိမ်းသူကျက်
ပေါင်းဖက်သရိ၊ မိဘတွိသို့
မွိမွိလျော်လျော်၊ ပျော်ပျော်ပါးပါး
နှုတ်ချိုပျားနှင့်၊ ဝတ်စားထောက်ပံ့
ဖြန့်ဖြူးနှံ့လျှက်၊ ယုတ်ညံ့မရွီး
ဆွီသားမြီးကို
ကျွေးမွီးမညှိုးငယ်စီမင်း။ ။
(၂၂)
ပြည်သူထိပ်ဦး ဘုန်းရောင်ကျူးသား
အမှုးလူ့ဘောင် ထွဋ်ခေါင်ရာဇာ
ဆုံးမနာလော့။
ကမ္ဘာအစ မဟာသမ္မတ ခတ္တိယရို့
နာထကျင့်ရိုး ကောင်းကျိုးအလှူ
အယူဖြောင့်စင်း နူးညံ့ခြင်းနှင့်
သီတင်းစောင့်စည်း မျက်နည်းသည်းခံ
ခြိုးခြံစုစု အမှုညှင်းဆဲ
ဆင်းရဲမရှာ မေတ္တာသက်ဖြန့်
ပြည်အနှံ့ကို မဆန့်မကျင်
စီရင်ပြတ်သား ဆယ်ပါးစောင့်ကြပ်
ကတိဝတ်ဖြင့်
မချွတ်မကြွင်းမကျန်စီမင်း။ ။
(၂၃)
ပြည်ကြီးသနင်း မင်းတရားသော်ကား
သူတပါးထက်: ဆယ်ဆတက်၍
အိပ်စက်နည်းပါး လူအများကို
စီးပွားချမ်းသာ နိတိုင်းရှာလော့။
အခါခပ်သိမ်း မုဒိမ်းခိုးသူ
မပူစီရ ဆုံးမကွပ်ညှပ်
ပညတ်မလွန် ရှိမင်းမွန်များ
ညွန်ထားသော်တိုင်း ကျင့်သမိုင်းဖြင့်
မဆိုင်းမလင့် အကျင့်မချွတ်
တည့်မတ်မတ်လျှင် လူနတ်ချစ်ဖွယ်
ကျေးဇူးကြွယ်၍
ကျင့်နွယ်လမ်းကြောင်းကောင်းစီမင်း။ ။
(၂၄)
မမိမလျော့ မပေါ့လုပ်ကြံ
ကျွန်ကိုယ်ရံလည်း မြဲမြံစောင့်ရှောက်
ထက်အောက်တွင်းပြင် မွမ်းဖျင်အပြည့်
အိပ်ပြန်ထည့်လျှက် အကြည့်အရှု
အမှုမလင့် အကျင့်မကောင်း
အဟောင်းအသစ် ထွက်ဝင်စစ်၍
ကျွန်ချစ်ကျွန်ယုံ ထမ်းကုန်လူများ
ပိုင်းခြားမြော်မြင် တိုင်ပင်ကြံမှီး
အမတ်ကြီးကို အနီးထံပါး
သက်စောင့်ထား၍ ယုံမှားမဲ့ကင်း
နှလုံးသွင်းလျှက်
ချစ်ခြင်းသူ့ထက်လွန်စီမင်း။ ။
(၂၅)
ပြည်ထဲအရေး ကြံတွေးလှည့်ကာ
အရာရာမြင် မဖြစ်ခင်က
တိုင်ပင်မပြတ် ကျွန်မှူးမတ်နှင့်
အတတ်ဟူးရား ပညာများသား
ပုဏ္ဏားရဟန်း ရှိတွင်ဝန်းလျှက်
ကိန်းခန်းပြကတိ အရှိအနောက်
တောင်မြောက်ဝန်းလှည့် စောင့်ကြည့်ရံတား
ကင်းထောက်ထား၍
တိုင်းခြားရန်မူ မပြူစီမင်း။ ။
(၂၆)
သူ့ပြည်သူ့ရွာ သူ့ရပ်မှာ၌
ခြင်းရာအကြောင်း အပေါင်းသိမြင်
တိုင်ပင်ကြံစည် တမန်စေ၍
ရိပ်ခြေစုံစမ်း ကြိုးပမ်းလုပ်ဆောင်
နောက်နောင်စီးပွား ကြီးပွားအရှည်
တည်စီမည်ကြောင်း နှုတ်ကောင်းခွန်းသာ
လက်ဆောင်စာနှင့် ခါခါစင်းလျင်း
ထိုထိုမင်းကို ချစ်ခြင်းမည်မှန်း
ဆွီခင်ပွန်းဟု မိတ်ကျွမ်းဖွဲ့ဆို
ကျမ်းကျိန်ဆို၍
နှစ်ကိုယ်စကားတည်စီမင်း။
(၂၇)
ကိုယ့်ပြည်ကိုယ့်ရွာ ကိုယ့်ရပ်ရွာ၌
ဇာတာအလို ဂြိုဟ်လည်းမကောင်း
မင်းမကောင်းသော် အကြောင်းခြင်းရာ
စနည်းနာလျှက် ယတ္တရာမန္တရား
တရားကွယ်ကာ လွတ်စီငှာဖြင့်
ဂါရာဝါသ လောကထွဋ်ထား
မြတ်ဘုရားကို ညွတ်တွားကော်ရော်
ပူဇော်ကပ်ချည်း ဆင်းရဲပြည်သူ
စွန့်ကြဲလှူ၍
ကြည်ဖြူသဒ္ဓါတည်စီမင်း။ ။
(၂၈)
ခပ်သိမ်းပြည်သူ လူရဟန်းကို
သိမ်းမြန်းပိုက်ထုပ် ကြက်သားအုပ်သို့
မယုတ်မလွန် တုတ်ခွန်မပြင်း
မစခြင်းနှင့် နှိပ်နင်းကလူ
မပူစီရ ကွပ်ဆုံးမလော့၊။
ထွန်းပပြောင်ပြောင် ထက်မိုးခေါင်၌
အရောင်ဝင်းလျံ လဗိမှာန်လျှင်
ပူပန်မဟိ ငြိမ်းချမ်းဘိသို့
ကြယ်တိရံကာ တင့်တယ်စွာသား။
ပမာနှိုင်းချင့် လနှယ်ကျင့်သား
တင့်တင့်တယ်တယ် ထွန်းလင်းစည်၍
တိုင်းပြည်ချမ်းအီးသာစီမင်း။ ။
(၂၉)
လူရို့ဦးထိပ် စိုးကွပ်နှိပ်သား
တံဆိပ်မှန်ကင်း မင်းဟူသည်ကား
ဖန်လည်စီးစစ် ရင်းအမြစ်ကို
တူးပစ်နိုင်စီ ရန်စစ်သီမှ
ငြိမ်းစီရာ၏၊
ထိုခါငဲ့စောင်း သူရဲကောင်းကို
များကြောင်းဆည်းပူး
ကျေးဇူးအလိုက် ချစ်ကြိုက်သနား
ရင်ဝယ်သားသို့
မခြားမင်းရေးကြွယ်စီမင်း။ ။
(၃၀)
မာဃဒေဝ စသည်အပြား
နတ်လေးပါးတွင် တပါးမည်မှတ်
လောကနတ်ဟု လူ့ထွဋ်ဦးစွန်း
ဘုန်းတော်ထွန်းသား။
ဦးစွန်းခေါင်ခိုက် မင်းသို့လိုက်၍
တစစ်မပြား ပြည်သားပြည်သူ
ထို့အတူလျှင် အယူမြဲစွာ
ကျင့်ဆောင်ရာ၏။
ရှိဆောင်နွားလား ဖြောင့်ဖြောင့်လားသော်
နောက်နွားစိုက်စိုက် နောက်ကလိုက်သို့
ဖြစ်သည်အကြောင်း
မင်းကောင်းဖြောင့်မတ်မှန်စီမင်း။ ။
(၃၁)
"မာသုကုဇ္ဈိမဟာရာဇ၊ မာသုကုဇ္ဈိရထေသဘ"
သမ္ဗုဒ္ဓလျှင် ဆုံးမဟောကြား
ဤတရားကို မှတ်သားလည်းပြု
သည်းခံမှုဖြင့် ပြည်သူ့ခမည်း
မျက်တော်နည်းလော့။
ချုပ်တည်းအမျက် ထွက်လည်းမပြင်း
လူခပင်းကား မင်းကိုဟူက
လောင်ပူရဲရဲ မီးကျည့်ခဲသို့
ဝမ်းထဲနဲ့နဲ့ အမျက်မဲ့လည်း
တုန်လှည့်လိပ်ပြာ ကြောက်လန့်ရာ၏။
ပြင်းစွာအမျက် ထွက်ထပြီးကား
ကြက်သီးဝှန်ဝှန် ဦးဖျားစွန်မှ
အလွန်အကြူး ကြောက်မိမူးလိမ့်။
စူးစူးကားကား အမျက်အားကို
တရားချုပ်ကိုင် မထိမ်းနိုင်လည်း
စိတ်ခိုင်တည်တံ့ ဆင်ခြင်အံ့ဟု
နှံ့နှံ့နှိုက်နှိုက် ကြိမ်ဖန်စစ်လျှက်
အပြစ်အလျှောက် သုံးကြိမ်မြောက်မှ
သီလောက်သောဖီး မင်းဒဏ်ပီးလည်း
ကွပ်ရီးမမှားစီနှင့်မင်း။ ။
(အချပ်ပို)
လောကသာရ ဆုံးမစကား
နာနာကြားလော့။
စကားမနာ ပညာမဲ့ငြား
ဝါဝင့်ကြွားသော် နွားဥပမာ
တုံးနည်းနာဘိ ရှိကနွားလား
ကောက်ကောက်လားသော် နောက်နွားစိုက်စိုက်
ကောက်ကောက်လိုက်သို့
ဖြစ်ရလီခြင်း
မင်းလောင်းလမ်းကြောင်းမှန်စီမင်း။ ။
(ရခိုင်ပေါင်းကူး သာလှဦး) ကောင်းမှုတော် ဖြစ်ပါသည် ဘုရား။
December 27, 2024 (Wednesday)(ဗုဒ္ဓူးနိ)
1st January, 2024 (ရခိုင့်တော်လှန်ရီးနိ) အား ကြိုဆိုသောအားဖြင့် လောကသရပျို့ အပိုဒ် (၁) မှ (၃၁) ထိ (ရခိုင်မူ) ကို ဖြန့်ဝီပါသည်။
No comments:
Post a Comment