=======
မိုးစက်ကေ ဖြောက်ဖြောက်
ခေါင်မိုးထက်မှာ
ပြောက်ပြောက် ပြောက်ပြောက်ရွာလတ်တေ။
အညာရီ ဖြားရီကြီးကြီး
ဒေါက်လျှောက်စီးကေ
တုံးဆွီးတောင်းဆွီး မျိုးလတ်တေ။
ဝါဆိုဝါခေါင် ရီဖောင်ဖောင်
ကန်းသားဘောင် ကန်ဘောင်အပြည့်
ရီလည်းဖြိုးဖြိုး
မိုးလည်းကြိမ်းကြိမ်း ကြိုးလတ်တေ။
ဝါးတရာကို တောင်းတရာ
တင်းပြည့်စပါး အထွက်ကောင်းကေ
ဈီးကောင်းကောင်းနှင့် မြို့တက်ရောင်းလို့
ဆောင်းလွန်လျှင်
သားသျှင်ပြုပြီး
သံစည်ကြီးကို ညံညံတီးလို့
ရွာနီးရွာနား ပြည်လုံးကြားယောင်
ဝါးပြန်တရာ
စပီကာကို ကျော်ကျော်လည်းဖွင့်
တင်းခွန်ရွှင့်လို့
စင်းပြွန်းသီးနှင့် ဓပြုတ်နှင့်
သင်္ဘောထိုးနှင့် ဝက်သားနှင့်
စဉ်းစားကြံကေ
လယ်ထွန်ယောက်ျား
တလင်းပြင် တောင်ခွင်နားမှာ ကျားလားလားရေ။
ဝမ်းစာကလည်း မဖုံ
နွားချေကလည်း ကြုံကြုံ
တမိုးရာ ကုန်ရေ
ကျုပ်ကျွံလို့ နွံနစ်
ပထဝီကိုချစ်လို့
တီဖြစ်လည်းဖြစ်လီပတ်စီ
ကိုယ်ခြီကေ လီမဖြစ်
ဒေမြီကို ငါချစ်တေ။
မိုးဖြောက်ဖြောက်နှင့်
ခယောက်ဒယွား
ဒူးထက်တင် လောတင်ကျိတ်ပျာ
တီးတီးပါးပါး
လယ်ကွင်းပြင် တောင်ခွင်နားမှာ
လိပ်တွားတွားရေ
သာယာအီး သာစွလေ
ရခိုင်သားလေ သာစွလေ။
သာလှဦး (မြောက်ဦး)
No comments:
Post a Comment