Sunday, May 18, 2025

မငိုပါကဲ့ နှမချေ

မငိုပါကဲ့ နှမချေ
==========

မငိုပါကဲ့ နှမချေ
မျက်ရည်ကို အသာသုတ်လိုက်ပါ --။

အမိကိုလည်း သူရို့ကြိုးတုတ်
ဒုတ်နန့်လည်း သတ်သိမ့်ရေ --။

အဖကိုလည်း ဝရမ်းပြီးလတ်
သူရို့ စွပ်စွဲကတ်တေလေ --။

ရွာကိုလည်း သူရို့မီးလျှို့
နွားဝက်တိကိုလည်း ယူ
(သူရို့ရေ) တိရိစ္ဆာန်ထက်
ညှက်တေလူ --။

ရွာက သက်ကြီးရို့ကိုလည်း
(အမေ အမေ) လို့
သူရို့ခေါ်ကတ်တေ
ပြီးကေ အမိပစ္စည်း သူရို့ခိုးရေ --။

မယိုင်ကျေးရေ လူရိုင်းတိက
ငါရို့တိကို
ဝန်သယ်ခိုင်းကတ်တေ --။

သူရို့ရေ
အငတ်တိုင်းပြည်က
လာကတ်တေလူ --။

ငါရို့ယာကို ဝင်ရေဆိုကေယင့်
ထိုချင့်ခူး ဒေချင့်ခူး
အသားငါးကိုလည်း မမြင်ဖူး
အစားလည်း ကြူးကတ်တေ --။

ငါရို့ပြည်ကို
ကျူးကျော်လာရေ လူတိက
(ငါရို့ကို )
သူပုန်ကို အားပီးရေလတ် --။

ဆန်ပြာဖို့ခေါ်လားရေ
နင့်သူငယ်ချင်း (----) လည်း
နောက်နိမိုးလင်းမှ
ရွာပြန်ရောက်တေ --။

သက်ကြီးရွာသူကြီး
အဖိုးသျှင်ကိုလည်း
သူရို့နှိပ်စက်
(နောက်ဆုံးကျ)
ပစ်သတ်လိုက်ကတ်တေ --။

ခါးကုန်းကုန်းနန့်
အဘောင်မ ဂေါက်မကိုလည်း
သူရို့စခန်းအတွက် ရီခပ်ခိုင်း
ပယိုင့်တောင်းတိ ရက်ခိုင်း
လုပ်ချင်တိုင်းလုပ်
အမှန်သူရို့ ယုတ်မာရေ --။

နင့်ကိုလည်း နောက်ဆုံးမှာ
မုဒိန်းကျင့်ခကတ်တေ --။

(မငိုပါကဲ့ နှမချေ)
မျက်ရည်ကို အသာသုတ်လိုက်ပါ
ကလက်ချောင်းကို ဆန်တက်
ခရီးဆက်ရခန့်သိမ့်လေ --။

တနိနိ တချိန်ချိန်ကျ
ငါရို့ပြည်
လွတ်ကို လွတ်မြောက်ရမေ --။

(သာလှဦး)
UNDC မဂ္ဂဇင်း အမှတ် (2)



No comments:

Post a Comment