Sunday, May 18, 2025

ချစ်ခြင်းဖွဲ့ဇမ်းကဗျာ



ချစ်ခြင်းဖွဲ့ဇမ်းကဗျာ
==============

ယမင်းမယေပျိုဖြူ
ရခိုင်သူကို ဒေလူရင်ထဲ
အသည်းစွဲလေ။

လွမ်းရက်တာရှည် ဖြေမဆည်ကေ
တပြည်ကွာခြား
ကိုယ့်ချစ်သူလေ ပျိုဖြူပါးသို့
ချစ်အားယိုင်ယိုင် လွမ်းနိစိုင်ကေ
ငေးမှိုင်မှန်းဆ
မေဟိရာကို မောင့်မှာတလို့
စိတ်ကမရွှင် ဘဝင်ညှိုးနွမ်း
ချမ်းလို့တုန်ကေ ဇကုန်လွမ်းရေ။

နှစ်လရာသီ အလီလီကေ
ခါမှီချိန်ကူး
ပိတောက်ဝါလေ ဝီဆာဖူးလို့
မြူးထူးကခုန်
တနှစ်ကုန်လည်း တူဆုံမတွိ
မောင်ကြီးသျှင်မှာ ပြည်ရွာခြားကို
လားလို့ဟိရေ။

ပူချိပူချာ လွမ်းဒဏ်ရာကို
လင်္ကာသီကုံး
ဇမ်းကဗျာလေ ဖွဲ့ကာထုံးလို့
နှလုံးဘဝင် သည်းရင်ပြင်မှာ
သဇင်နှမ
ကိုယ့်ချစ်သူလေ ပျိုဖြူလှကို
လွမ်းလို့တရေ။

ဖြေမပြေကေ ပုယေမေနား
နောက်နှစ်ခါလေ ရောက်ယောင်လားဖို့
ချစ်အားထက်သန်
သစ္စာမှန်ကေ ငှက်စွန်အတတ်
မောင်းမောင်ကြီးမှာ
ထက်ဝဠာကို ကျော်ကာဖြတ်လို့
လှမ်းလတ်ပါမေ ။

အောင်အောင် (နတ်ဆိတ်)



No comments:

Post a Comment