===========
လက်သန်းမယေ ဓါတ်တော်
ဦးခိုက်မျှော်
ကော်ရော်ရိုညွတ်
စောမဲကျီလေ စေတီမြတ်ကို
ဖူးကတ်ခီခါ မယ်မပါ
ဖူးချင်ပါလျှက် မဖူးရ။
မဖူးရလည်း ဟိပါပတ်စီ
စံကားဝါဝါ
မောင်ပြန်လာ လက်ဆောင်ယူခ
မှာလိုက်ရစီ။
အင်္ဂရားနှင့် စံကားဝီဝီ
လက်ဦးချီ
မာပါစီကြောင်း သာစီကြောင်း
စောမဲကျီလေ စေတီရင်းမှာ
ဆုမွန်တောင်း။
အောင်သာလှ (နတ်ဆိပ်)
No comments:
Post a Comment