=======
ချရှားကုံးကို
ဆံထုံးထက်မှာ ပန်လို့လာ
ကြိုင်စွာလည်းမွှီး
ရင်လုံးအီးရေ။
မကြီးမငယ်
မရှည်မပု နုနုထွဋ်ထွဋ်
ပျောင်းလို့ညွတ်ကေ
လက်မထွတ်။
ပန်းဝတ်ဆံ ညှာတံအဖျား
ပျားဝတ်ရည် တည်ကာစုသို့
နုနုနွယ်နွယ် ။
ကတ္တီပါမှာ ကြိုးကြာငှက်နှင့်
ပိုးသားညက်ကေ
မျက်ငါးသွယ်။
ပုတီးသွယ်လေ ပုယေမေနား
လားပြီးကေလျှင်
ချစ်လို့ကြင် ရင်ခွင်စကား
ပြောကြားချင်ရေ။
သနားဖွယ် ပုယေမောင့်မှာ
ကြောင့်ကြကြီး ရင်မီးပူရေ။
ချစ်လို့ကြင်ကေ ရွှင်ရွှင်ပြုံးပြုံး
ဆံထုံးထက်က ချရှားကုံးကို
ပုန်းကာလည်းဝှက်
မေကြီးလက်နှင့် နက်ဖန်ရက်ခါ
ဘုရားပေါ်သို့ တက်လို့လာ
ပီးပါခလိုက်
မောင်ကြီးအချစ် မောင့်အချစ်။
အောင်သာလှ (နတ်ဆိတ်)
No comments:
Post a Comment