Sunday, September 18, 2016

ကြက်မ

ကြက်မ
====

တန်းထက်က ကြက်မ
မာနက ထောင်ထောင်
ညည့်သိုင်ခေါင်မှာ
အတောင်ကို ဘုန်းဘုန်းခတ်
အီကရီးအီးမတွန်တတ်
အောက်အီးအီးအွတ် --။

ညည့်ဦးယံမှာ
အသံပြဲပြဲ အာခေါင်ကွဲကေ
ခဲဝါကိုက်ဆွဲလားဖို့ယေ --။

(သာလှဦး)(၇၇) ကြိမ်မြောက်ဆရာတော်ဦးဥတ္တမနိ။

သူ့ကျွန်မခံ


သူ့ကျွန်မခံ
=======

Graddock, Get Out!!!
ရဲရဲတောက်တေ မီး
ရခိုင်သွီး --။

ကြောက်မွှီးတမျှင် တပင်မဟိ
ဝံသာနုရက္ခိတ --။

တရားဟောကေ အဖမ်းခံ
ထွက်ကထွက်ကေ တရားဟော
သွီးကပြောရေ စကား --။

ကြီးရုပ်မှာ ရညှိတက်နီကေလည်း
ရပ်စောက်ရပ်လို့
ဖက်ခွက်နယ်ချဲ့အစုတ်ပလုတ်ကို တော်လှန်ဖို့
ကနိထက်ထိ တရားဟောနီပါသိမ့်ရေ --။

(သာလှဦး)(၇၇) ကြိမ်မြောက်ဆရာတော်ဦးဥတ္တမနိ။

Friday, September 9, 2016

ဘ၀ကျွန်


ဘ၀ကျွန်
=====

ဦးဥတ္တမနိ
ထိန့်ထိန့်ကြိုးလားအောင်
ရခိုင်သားတိ ကျင်းပကတ် --။


မျိုးဆက်သစ်တိ အနာဂါတ်
ဆရာကြီးတိ ကဗျာစပ်
ဦးဥတ္တမစိတ်ဓါတ်
အထွဋ်တမြတ်
အချေတိက ကဗျာရွတ်
အောက်အီးအီးအွတ် --။

(သာလှဦး)
(၇၇) ကြိမ်မြောက် ဆရာတော်ဦးဥတ္တမနိတွင် အမှတ်တရစပ်ဆိုသည်။

Sunday, September 4, 2016

Online ထက်က အချစ်


Online ထက်က အချစ်
================

အသဲနစ်အောင်ချစ်တေ
ချစ်ကေလည်း မဖြစ်နိုင်ဗျာယ် --။

ဆံပင်ဖြူအောင်
အသူစောင့်နီနိုင်ဖို့လဲ
လင်ယူလားခကေလည်း
ကြည်ဖြူပါရေ --။

လာချင်ကေလည်း
လာလို့မရရေ ဘဝ
စစ်အစိုးရ ပြုတ်မကျသိမ့်
ဒီမိုကရေစီလည်း မရသိမ့်ရေ ခေတ်မှာ
ငါရို့နှစ်ယောက်ကြား
နိုင်ငံခြားထားရေ --.။

အခု မင်း လုံးဝ ပေါ်မလာ
စိတ်နာ လားခယာ ထင်ရေ --။

ယေကေလည်း
အသစ်ပို့တင်ခြင်းမဟိရေ
မင်းထောင်ထားခရေ Blog ထက်က
မင်းကဗျာ မင်းစာ
ဟာသချေတိကို
ညိတိုင်း လားလားခိုးဖတ်ဖြစ်တေ
မင်းကို သတိရလို့ ---။

(သာလှဦး) (August 18, 2016)(Thursday)(ကသစ်ဗုဒ္ဓိနိ)