Saturday, May 17, 2025

ရှိဟောင်းပီမူ ရခိုင်အချစ်ရတု



ရှိဟောင်းပီမူ ရခိုင်အချစ်ရတု
=================

သာကြည်ယုယ
မပျော်ရသည်ကြာလှပြီ အသျှင့်သား
အရွှီသည် ပန်းနှင့်တူစွ
စန္ဒာဖြူသည်
ကြိုးကြာမယ်ထက်ပူ၍
တကြူကြူလွမ်းရုတ
မောင်ကြောင့်ပူဆာ
မခံသာသည်
ကြီးစွာဝဋ်ဒုက္ခတည်း --။

ပူခြင်းလှသည်ကြီး၍ပေ
ဦးဂေါင်းထိပ်ပြင်
လက်စုံတင်ကေ
ကျွန်လျှင်ကန်တော့ပေ၏ --။

ကြောင်းခြင်းစစ် မှာလိုက်မည်
စက္ကြာပိုင်သား
မေ့သက်ထားသည်
ရွှီနားတဖန်တည်လော့ --။

ရှိကဝယ်ကုသိုလ်ဟောင်း
ဘုရားစိန္ဒေ
မြတ်ဗုဒ္ဓေမှာ
ညောင်ရည်ပန်းသာလောင်း၍
ဆုပန်တောင်းပြုခမည်
ကြမ္မာကျိုးစက်
ဒါနဖက်ကေ
မပျက်သစ္စာလွယ်၍
ဤလူ့ပြည်ဤဌာန
မောင်နှင့်အတူ
တောင်းဆုယူကေ
နှစ်ဆူပေါင်းဖော်ကြ၍
အော် - တူတကွသည် နီစိုင်တွင်
အလှယင့်ယူ
ချစ်သူသားဖခင်လည်း
ဝီးရပ်ခွင်သည်တိုင်းတပါး
သူ့တိုင်းပြည်ကို
လားသည်ဤကြောင်းလျားကြောင့်
အို ဝမ်းနည်းသည် စားသောက်မခြီ
ညည့်နှင့်နိသည်
ခြောက်ဆယ်ပေါင်းနာရီတွင်
လွမ်းသက်ဝီညှိုးနှမ
ကမ်ဖာခိုးထူ
မှိုင်းမှိုင်းလူသည်
နှစ်ဆူနီနှင့်လကို
တောင့်တဘိ နီစိုင်တွင်
အချစ်မပြီ
မောင့်သက်ဝီကေ
ဒါလီမောင်ပန်းပင်ကို
လွန်ကြည်ညိုသည်
လူကိုမပြော
ချစ်တေအားကို
မေလျှင်ဝမ်းတွင်ထား၏ --။

ဂြိုးလှညို ရွှီငှက်မ
နိညမဆို
တောမြိုင်ညိုမှာ
ဖိုကိုလွမ်းရို့တ၍
နိညဝယ်အပြန်ပြန်
နာရီခတ်တွင်
မောင့်ကိုတွက်ကျပြန်ကာ
ကေသာဆံ သျှောင်အုံးလုံး
ပန်းကုံးမဆင်
ဆီမပျင်ကေ
မေလျှင်ဖြစ်နီပါ၏ --။

နှလုံးသည် စိတ်ဝီဆာ
နံသာဆီကြိုင်
ကတိုးရိုင်လည်း
နှမကိုယ်နှင့်ကွာ၍
မောင်ကြောင့်သာ စိတ်ဆိုးညစ်
ပတင်းညိုကေ
လီချိုသလွန်သာက
ငိုစိတ်ဖြစ် နီစိုင်ခါ
ဥသြဖိုးခေါင်
ကုက္ကလောင်ကေ
ဝါရောင်ကျူးမြည်လာလည်း --။

တသင်္ကြန်လွန်လီမြောက်
အို - ရတုတဖန်
ရာသီပြန်ကေ
ဝဿန်မိုးဦးရောက်၍
တောင်မြောက်ရပ်သျှစ်မျက်နှာ
စိမ်းမြညိုဝီ
ကမ်ဖာမြီမှာ
ရီလျှင်အီးမြမြနှင့်
အင်းအိုင်ထဲဖားများစွာ
မစဲအသံ
တကြံကြံသည်
ဝဿန်မိုးကိုခေါ်၍
ထက်အာကာဘုံတရိုး
ကြီးလှအသံ
တညံညံကေ
ရုံလျှင်ဟစ်ကာကြိုး၍
တဖြိုးဖြိုးသွန်းကျလာ
ဝဿန်ရာသီ
မိုးဦးချီသော်
တောင်လီဖြူးကာကာနှင့်
မေလျှင်ရင်လုံးအီး
နဂရစ်တောင်ယောင်
ဝင်းလင်းပြောင်သည်
မေကမပျော်ဘိလည်း --။

တယောက်တည်း မေ့တကိုယ်
ဟိလတ်မနော်
စက်တော်ခေါ်ကေ
မေကမပျော်လိုလည်း --။

တယောက်တည်း လုံးချင်းသာ
ခန်းမဆယ်တောင်
တိုက်ခန်းဆောင်မှာ
မောင့်ကိုယ်ကိုမွှီ၍စမ်း
မောင်ကိုယ်ငွိ
မတွိသောခါ
မေရို့မှာကေ
တုံစွာတချမ်းချမ်းနှင့်
တ,နိုးနိုးကြက်သီးဝှန်
ပူပန်ပျောင်းပျ
မောင့်ကိုတကေ
အလှရင်လုံးနွမ်၍
မိုးသောက်ပြန်ထတုံသောခါ
ဗိမှာန်အိမ်နား
ပန်းစံကားသည်
သစ်ဖျားအခက်မှာကား
ငှက်ရွှီဝါကေ တတွတ်တွတ်
(ရောက်ပျာ ရောက်ပျာ)
တြင်းငြာကေ
ကျူးကာနမိတ်ဖတ်၍
မြည်တမ်းရွတ်သည် ငှက်ရွှီဝါ
နိညမဟူ
မောင့်ချစ်သူလေ
မေဖြူကြားလီပါက
အဂယင့်သာ ဟုတ်စနိုး
ချစ်မိုးစုံလင်
ရာသက်ကြင်သည်
အယင်မောင်ရောက်ဖို့ဟု
လွမ်းစိတ်ဖြစ်နီစိုင်တွင်
ပဉ္စင်တူရိယာ
နှဲခရာကေ
ညီညာတီးမှုတ်ကျင်၍
လွန်ပျော်ရွှင် လူအများ
ဇကြော့ကခြီ
ရုပ်မျိးစီကေ
အညီယိုးဒယားနှင့်
သဘင်များပွဲရံရာ
လက်ဖျားကိုချီ
သူ့သက်ဝီသည်
ကိုယ်စီသားနှင့်လာ၍
မိပျော်ငြားဖသက်နှံ
မောင်ဇံပူဆာ
ဖကိုရှာကေ
မြီမှာလှူးကာပြန်၍
တကြံကြံ ငိုလိုက်လတ်က
အလှယင့်ယူ
မေဖြူစိတ်ပူဆာလည်း --။

ပြောစရာ ဆိုမတတ်
မွီးမိခင်မှာ
ရင်ကိုထုထောင်းသတ်၍
ဖခင်တွက်မည်ကြောင့်
မွီးမေအသက်ပင်
သီလျှင်တော့မည်ဟူ၍
အူသဲခြီ တုံလို့ချိ
ဆီးဝါးဂါထာ
မရသာသော်
ပြင်းစွာလောင်သည့်မီးကို
စောင့်ထိမ်းသည် ငြိမ်းသက်အောင်
စေတနာကေ
မေတ္တာဆွမ်းဖြင့်လောင်း၍
(-- ပီပျောက် --)

တိုင်းရပ်မြီ မိဇ္ဈိမ
မိဘဌာန
ရောက်လတ်သောခါ
နှစ်ပါးမောင်နှံ
ဆရာ့ထံမှာ
ဝပ်စင်းလျှောက်တောင်းပန်၍
ဇေတဝန်မြတ်ကျောင်းတော်
လုပ်လတ်ပြီးခါ
တိုင်းသူပြည်သား
ကောင်းမှုဖက်ကေ
မေတ္တာရီစက်ချ၍
ဝသုမ်ဒရီမြီစောင့်နတ်
ဘော်သျှင်မနတ်လူဗြဟ္မာ
ကောင်းချိမ့်ပြုကေ
နတ်လူသာထုခေါ်စီသောဝ်လည်း --။

(နာမည်မသိ စာဆို)



No comments:

Post a Comment