Saturday, June 27, 2015

ရိုးရာ

ရိုးရာ
====

ရိုးရာ
ကော်လံမပါ
လိုင်ဖင်းတိတုံး
ရင်ဖုံးကအမဲ
ဆံထုံးက  အုံးသီးလုံးလောက်
သဇင်ဥကလည်း
အမြစ်ဖွားဖွား
ကုလားမုဆိတ်ပိုင် --။

ထပိန်က ရွှေရောင်
ဒေါင်လိုက်အစင်းက အမဲ
တခုပိုင်လည်း မလိုက်ဖက် --။

စိန်ခေါက် စိန်ခေါက်
ညာခြီတခေါက်တင်
ဘယ်ခြီတခေါက်ချ
ယေထက် တိုးလို့မလာ --။

ရိုးရာ ရိုးရာ ဖရိုးဖရာ
ရိုးလားခယာ --။

(ငပေါက်)(27/06/2015)(စနီနိ)

Tuesday, June 23, 2015

တန်ရာတန်ကြေး

တန်ရာတန်ကြေး
===========

ဒါးနှင့်မရယာ
ကျည်သင့်ကေ
အူပွင့်ရေ --။

(သာလှဦး)

Saturday, June 20, 2015

ဆရာသမား


ဆရာသမား
========

ဆရာ ...
ဆရာ အရုပ်ကလှပါ၏ --။

ဆရာ ...
ဆရာ နှုတ်ကချို၏ --။

ပြီးလျှင်ဆရာ ...
ဆရာ သမုဒ်ကကျယ်၏ --။

(၀ရင်းတုတ်)

မြန်မာများလည်းနားလည်ယောင် ရခိုင်မဂ္ဂဇင်းများတွင် မြန်မာကဗျာရွီးစပ်နီကတ်တေ ရခိုင်သား၊ ရခိုင်သမများအား ဤကဗျာဖြင့် ဂုဏ်ပြုပါသည်။

Friday, June 19, 2015

ဆရာဒေါင်းပြောက် မောင်ဂေါင်းစောက်


ဆရာဒေါင်းပြောက် မောင်ဂေါင်းစောက်
==========================

ဆရာဒေါင်းပြောက်
မောင်ဂေါင်းစောက်
ဦးနှောက်မမှန်
မောင်အရွှန်
အကြံကြီးကြီး
စာလိုက်ရွီး --။

ပုတီးလည်းစိတ်
မျက်စိမှိတ်
ပရိတ်လည်းရွတ်
ဘောက်ကတတ် --။

အတတ်ချွန်းချွန်း
လူထက်ဆန်း
အစွန်းလည်းရောက်
(ဧ့) ကပေါက် -။

(သာလှဦး)
June 19, 2015 သောက်ကြာနိ။

Thursday, June 18, 2015

ရောင်းပန်းလှ


ရောင်းပန်းလှ
=========

ငါးမဟိလို့
မျှိုင်စွံ --။

(သာလှဦး)

Tuesday, June 2, 2015

ကျွန်အာရီယံ


ကျွန်အာရီယံ
=======

ကိုယ့်အမျိုးသားနိကို
ကိုယ့်စကားနှင့် စာတန်းထိုးခွင့်မရ
ကုလားပါးမှာလည်း အသတ်ခံ
မြန်မာပါးမှာလည်း အသတ်ခံ
ကျွန်အာရီယံ ရခိုင်သားတိဘ၀ --။

အမျိုးသားနိကျင်းပရစွာက
အမျိုးသားရီးစိတ်ဓါတ်
နိုးထလာစီဖို့မဟုတ်လား --။

"အမျိုးသားနေ့" လတ်
အတုလမာရဇိန်ဘုရားကြီး
ရခိုင်အမျိုးသားနိပွဲအပြီးမှာ
ရခိုင်သားတိ အားကောင်းမောင်းသန်
ဘ၀ဂ်ညံအောင် ကမ္ဘာပထ၀ီမြီကြီး
ထိန့်ထိန့်တုန်အောင်
အသံကို ဇကုန်အော်လို့
ဝင်သီးကွဲအောင်
လိပ်ဂေါင်းထွက်အောင်
ကြွေးကြော်လိုက်သည့်အသံ
ကျွန်အာရီယံ
ရခိုင်မျိုးဟေ့ ဒို့မြန်မာ --။

(မောင်ပေါက်)(ရခိုင်ပြည်)
ဒုတိယအကြိမ်မြောက် ရခိုင်အမျိုးသားနိ။ June 2nd, 2015 အင်္ဂါနိ။ အမှတ်တရ ရွီးစပ်ပါသည်။

ရွှေမောင်းတန်းကျင်သန်ကြီးများသို့


ရွှေမောင်းတန်းကျင်သန်ကြီးများသို့
==========================

နိုင်ငံရီးစကားပြောချင်ကေ
နိုင်ငံရီးထဲ ၀င်လုပ် --။

တော်လှန်ရီးစကားပြောချင်ကေ
တော်လှန်ရီးထဲ ၀င်လုပ် --။

နိုင်ငံရီးထဲကိုလည်း မ၀င်ရဲ
လူကြီးလူကျယ် နိုင်ငံရီးစကားပြောလို့
အစိုးရအလုပ်ပြုတ်လို့
ထမင်းငတ်ဖို့စွာကြောက်ကေ
Facebook ထက်မှာ
ကျင်ကွင်းပြနီကတ်တေ --။

တော်လှန်ရီးထဲကိုလည်း မ၀င်ရဲ
လူကြီးလူကျယ် တော်လှန်ရီးစကားပြောလို့
တော်လှန်ရီးကွင်ထဲရောက်ကေ
ကဗျာရွီးဖို့ အကြောင်းပြ
ယနာနာနှင့် ထွက်ပြီးပါလတ်ကတ်တေ --။

အမောင်ရခိုင်သား
စကားကြီးကေ လူမယုံ
(------) ကေ ခွီးမစား ---။

(သာလှဦး)