Sunday, May 18, 2025

မိုးပေါက်မျက်ရည်

မိုးပေါက်မျက်ရည်
===========

ဖုန်ငွေ့ဆောင်းဆောင်း
လတပေါင်း
တပေါင်းလည်းလွန်
ခါသင်္ကြန်
သင်္ကြန်လည်းရောက်
မိုးဖြောက်ဖြောက်။

မိုးဖြောက်ဖြောက်မှာ
နှစ်ယောက်တူပြိုင်
နံသာဖြူကို ပြိုင်တူသွီးကေ
မွှီးကြိုင်ကြိုင်လေ
ရခိုင်ဘုရား လားကတ်တေ။

ကံ့ကော်ပွင့်နှင့် ငုံးပွင့်ဝီဝီ
စေတီတော်လေ
ထံတော်ရင်းမှာ လက်ဦးချီ
မာပါစီကြောင်း သာစီကြောင်း
အခါလွန် သင်္ကြန်ရက်မှာ
ပေါင်းရစီကြောင်း ဆုမွန်တောင်း။

ဆုမွန်တောင်း ဆုတောင်းမပြည့်
သန်းခေါင်ကျော်ညည့် လမပြည့်။

မပြည့်ဆုတောင်း
ကံမကုန်ကေ ပြန်ဆုံပေါင်းဖို့
တပေါင်းလည်းလွန် ခါသင်္ကြန်
သင်္ကြန်လည်းရောက်
မိုးဖြောက်ဖြောက်။

မိုးဖြောက်ဖြောက်မှာ
မိုးပေါက်မျက်ရည်
မေ့ဥက္ခောင်းမှာ ကျလတ်တေ။

သနားပါကေ
နောက်နှစ်အတာ ရောက်ယောင်လာလတ်
ပြန်မလွှတ်ယာ။

ကမ္ဘာ့အစွန် လွန်ရေခြီထောက်
ကျောက်ဆွဲလို့ ထားဖို့ယာ။

အလာလာကေ အလာလည်းကောင်း
ဘုန်းကြီးကျောင်မှာ ဆွမ်းကြီးလောင်း။

တဝါဝါကေ ဝါဝါလည်းဝင်း
ပုယေခြီမှာ ရွှီအဆင်း။

တဝင်းဝင်းကေ ဝင်းဝင်းလည်းပြောင်
ပိုးထပိန်မှာ သိန်းစွန်တောင်။

မောင်မယ်နှစ်ဖြာ နဖူးစာ
ဘုန်းကြီးကျောင်းသို့ ဆွမ်းပို့လာ။

ဘယ်ဖက်ကေမှာ
ရတနာ သဲချာသမီး
ညာဖက်မှာကေ
အဘာခေါ် သာကျော်ကြီး။

မိနှင့်ဖမှာ ချစ်လို့ မွီးကေ
ပန်းယောင်မွှီးလေ ပန်းယောင်မွှီး။

အောင်လှခိုင် (ဒိုက်ကလူ)



No comments:

Post a Comment