Sunday, May 18, 2025

ငှက်ပန်ဇင်း



ငှက်ပန်ဇင်း
========

ချောင်းကမ်းထောင့်မှာ
လမုယေ ပင်စောက်
ခေါက်တုန့်ခေါက်ပြန်
လီယာဉ်ပျံယှောင် အတောင်ဖြန့်လို့
မတန့်မနား ငှက်အထာလေ
ဘာသာဘာ၀ အစာရဖို့
ငါးရှာစားရေ --။

ဂြိုးယောင်လည်း မကြူတတ်
ဥသြယောင်လည်း မကျူးတတ်
ငှက်ဝါချေပိုင် တွတ်တီတွတ်တတ်
မမြည်တတ် --။

နာမည်က ပန်းဇင်း
ဘဝက တံငါ
သမုဒ္ဒရာ ဝမ်းတထွာတွက်
သမ္မာအာဇီ၀ ငါးရှာစားရေ --။

မြှုံးချေကိုလွယ် ကွန်ချေကိုထမ်း
ဖြားရီခမ်းကေ ငါးဖမ်းရေ --။

တနပ်စာ ဝမ်းစာရကေ
အိမ်ကမယား သမီးသားနန့်
မှိုဟင်းချေကို ငါးပိယေကြူကြူ
ငါးခုံးချေကို အိုးပူယေ ကပ်ကပ်
ခါးသီခါးသပ်
တောကြိမ်ဖူးကို တူးပါလားယောင်
မီးမှာညွှတ်လို့ ငရုပ်သီးစပ်စပ်
တို့စားကတ်တေ ကောင်းကောင်းရေ --။

နက်ဖန်ခါကို ငါကားမသိ
လာဖို့ရက်ကို တွက်လို့မပူ
လပပြင် ကောင်းခင်ဟင်းလင်း
အိမ်တန်းပျင်းမှာ
ဆီးလိပ်ဖွာ လျှိုက်ကာလျှူလို့
လူသူမနီး ကျွန်းတောရွာမှာ
လွန်ချမ်းအီးရေ အီးချမ်းရေ
သာယာအီးလေ သာစွလေ
ရခိုင်သားလေ သာစွလေ --။

(သာလှဦး)(မြောက်ဦး)
August 2nd, 2017 (ဗုဒ္ဓူးနိ)



No comments:

Post a Comment