=================
(တစ်)
ဟိတ်ကြီးဟန်ကြီးနှင့်
တိုင်းပြည်ကိုကယ်တင်ဖို့
ဟုတ္တိပတ္တိအကွန်ဆောင်
ကျုတ်မှာမြုတ်တေခါ
တိုင်းပြည်ကရာ အပြန်ကယ်နှုတ်
အကျွန်ုပ်ဘဝ။
လူထက်လည်းထူး
သာလှဧူး မောင်ပေါက်တူး။
အနီက ပန်းရောင်
ပန်းရောင်က အဖြူ
အဖြူက အမဲ
တဖြည်းဖြည်း အရောင်ပြောင်းလဲ။
ငဖယုံကိုက်ခါ ချောင်းသားမတုတ်
ချောင်းသားတုတ်ခါ ငဖယုံမကိုက်
အလွဲလွဲ အချော်ချော်။
စားခါငကျော် ယော်ခါငကျီး
ထောင်မှာကျကေ လကန်းကြီး။
နောက်ကျခြီထောက် သစ္စာဖောက်
ပြီးခါပြီး လိုက်ခါလိုက်
သူဌီးဖြစ်လိုက် ခွီးဖြစ်လိုက်။
ဇရာလည်းညှိုး သွားလည်းကျိုးခါ
အတ္တကို ဖျာခင်း
မဆင်းမရ ဆင်းဖို့ကျ။
(နှစ်)
အိပ်ရီးမ၀ တဝ
တချက်ပျောကြည့်ခီမှာ
ဇတ်စင်ထက်မှာဒယွားကို လောကျိတ်လို့
ချောတိုင်တက်လူက တက်
ကော်နှက်သူက ကော်နှက်။
အမတ်ခံလည်း လေးနှစ်မကြာ
စစ်အာဏာသိမ်း
မင်းအောင်လှိုင်ကို အစိမ်းစားပစ်လိုက်ချင်ရေ
ယလောက်ထိ အသဲနာရေ
အခဲမကြီ
ကမ္ဘာတည်သရိ မကျီ။
လူတိကလည်း ဇွတ်
ပန်းကုံးမစွပ်
ပန်းကွင်းစွပ် ဝဋ်။
အစခါ သူရဲကောင်း
နောက်ခါ ဘူဖောင်း
လူမပြောင်း မူမပြောင်း
အေဂုခါ ဂူအောင်း။
စတန့်လည်းထွင် လစန့်ကင်
ဒုံးပေါက်ဆောက်ဖို့ ပျင်။
ကြက်ဖလားလို့
ယေမှာ ကြက်မ
သိုင်ခေါင်ကျော်မှာ ထလို့က။
အရုပ်က အားလာကြီး
အထာကြီးပီးလို့။
လူမြှောက်လို့ ခုန်ပေါက်လိုက်တေ
ဘုံပျောက်။
အတိတ်က ကျင်သန်
အေဂု ပြင်ခံ တပွဲပြန်။
ပကန္ဓရ ဆောင်းမိုးရ
အရည်မရ အဖတ်မရ
ဒူလာပါဒရ ဇတ်သိမ်းမလှ။
အလှပလှ သာလှဧူး
လူထက်လည်းထူး မောင်ပေါက်တူး
အဖျားမချူး အရင်းချူး
ပရစ်မျက်နှာ ပြုတ်မနူး
သိုက်နဖူး အဖတူး သာလှဧူး။
လူအထင်ကြီးဖို့လားလို့
လိုင်ဖင်းမှာ ကြောင်လျှာသီးစွပ်
ဒေါက်တာဘွဲ့တပ်ကြည့်ခီမှာ
ခွီးနှင့်စိုးတိုက် ကိုက်ဖို့လိုက်
လူတိက ချစ်ကတ်တေ။
ဘူးခေါင်းပေါ်လို့
ကျောက်တုံးမြုတ်စွာ မဆန်းကေလည်း
နွားထီးက ဝမ်းကြီးခါ
လွန်းရေ။
ရီမမြင့်ဘဲ ကြာမြင့်
စားပိုးနင့်နင့် ဝမ်းကြင့်ကြင့်
အခန်းမသင့် လစန့်ကင်
လားယာ။
(သုံး)
တဒင်္ဂ တခဏ တဘဝ
တခန်းရပ်ပြဇတ်
ပတ်စာခွာ ဖျာသိမ်း မီးဇာငြိမ်းခါ
ခတ်မှာတင် လေးကွင်နင်း
ခွာသံပြင်းပြင်း
ယမမင်း၏မရဏခံတွင်း
ဒိုးယိုပေါက်ဆင်း။
ဇရပ်မှာ ဘုန်းကြီးက ကမ္မာဝါစာဖတ်
အရပ်မှာ လူတိက ကမင်ညှပ်
သီရာသီ ဝမ်းမတန့်
ပဒရီစွပ် ကြောင်ရီဝတ် ဝိပါကဝဋ်
မကျွတ်။
အနောက်အရပ်က
ခဲဝါအူသံကြားခါ
ညည့်သိုင်ခေါင်မှာ တဆီလာခြောက်
အရောင်ပြောက်ပြောက် ခေါင်တောက်
ပရိတ်မကြောက်။
ဧဝံမေ သုတံ အခါသမယံ
အာရက္ခ ပူရံ
အတ္ထုပ္ပတ္တိ အမှန်။ ။
သာလှဧူး (မြောက်ဧူး) (June 6, 2024)
No comments:
Post a Comment