Tuesday, May 13, 2025

နာမဝိသေသနကဗျာ



နာမဝိသေသနကဗျာ
============

ထမင်းညီးယာလား
ရှိကနွား ကောက်ကောက်လား
ကဏန်းပိုင်ယှောင် ဘေးတိုက်လား
ဖောင်ပျက်ဝါး
တတ်ယောင်ကား
နတ်ယောင်ကား
ခွတ်ခါတခြား ပြတ်ခါတခြား
နွား ခရမ်းသီးစား။

ကိုယ့်အိပ်ကိုယ်ဖိတ်
လူလွယ်အိပ် ပြင်သာလိပ်။

သာလှဧူး
မောင်ပေါက်တူး
ကိုယ့်ဂိုးကိုယ်ချူး
မရွတ်ပိုင် အဖျားချူး
ကိုယ့်အတတ် ကိုယ်စူး
ပြုတ်မနူး။

တသက်လုံးစားရေကွမ်း
သံဖရာတခြမ်း
လပကဏန်း
ကြမ်းပိုးကို ဖျစ်လည်းဖျစ် နမ်းလည်းနမ်း
အလားမတော် တလှမ်း။

ဆရာများသားသီ
မျက်ဖြူဆိုက်လီ ဆရာကြိုက်လီ
နီမြင့်လီ အရူးရင့်လီ
အစိမ်းကြီးသီ။

ကျားမမြင် ကြောင်လန့်
သီရာသီ ဝမ်းမတန့်
ထော်လော်ကန့်လန့်။

စတန့်လည်းထွင် လစန့်ကင်
လူမွဲနတ်မြင်
ယုံကိုမြင်လို့ ခြုံကိုထွင်
ဒုဗလကမ်းတင်
မျောက်နှောင် ရွာဝင်။

မျောက်သစ်ကိုင်းလက်လွတ်
ကံမကောင်းခါ ကျားဂေါင်းမှာ အိုးစွပ်
မပြည့်ရေအိုး ဘောင်ဘင်ခတ်
ဘောက်ကတတ် ဖောက်ဆတ်
ခွီးနှင့်ခဲဝါ အတူလာ ခဲဝါကိုလွှတ် ခွီးကိုသတ်
ပွေသာကုန် မောင်ပုံစာမတတ်
ပိန္နဲသီး ဒုတ်သတ်
ကြက်မဘန္ဒတ် မပျံတတ်
အောက်အီးအီးအွတ်
ကုလားထိုင်မွတ် ပြင်ခံဝတ်။

ငါးမဟိလို့မျိုင်စွံ
မစားရဘဲညှော်ခံ
မိုးပွဲမှ လယ်ထွန်
အယင်ခါ ကျင်သန်
အေဂုခါ ပြင်ခံ နရန်းလန်
လွတ်လားရေငါး အကြီးမသန်
ဝကန်။

မသူတော်
လူမပေါ်ခင် အထုတ်ပေါ်
ကြိုးမဖြုတ်ဘဲ လောင်းလှော်
ရွှေယင်ကျော်။

တက်လာအစိုးရ တို့အစိုရ
ဝါးလုံးခေါင်းထဲမှာလပ
ကိုယ့်စကား နွားရ
ရစွာမလို လိုစွာမရ
အရည်မရ အဖတ်မရ
ဟက္ကရီကျ
ဒူလာပါဒရ ပကန္တရ ဆောင်းမိုးရ။

လူမသုံး သျှင်မသုံး
ကြက်ခြံမှာ ရီဆုံး
လလည်းကွယ် ပြည်လည်ဆုံး
ဒယွားလည်းဆုံး ဒါးလည်းဆုံး။

သီဖို့အစ ဖျားရေ
ငကြဲစူးကေ တဖျားအီးရေ။

မြတ်ဖို့လားနှင်းခံ တပွာယော့
လိပ်ကျောက်ပိုင် အပြန်ကော့။

စွပ်လိုက်က ဖြောင့်ဖြောင့် ချွတ်လိုက်က ကောက်ကောက်
တောင်းပေါက်နှင့် ဖားကောက်
သင်္ကြန်အမြောက်
နောက်ကျခြီထောက် သစ္စာဖောက်
မျက်ကန်း တဆီမကြောက်
တဟုတ်ချေတောက် ပျောက်
မျောက်ခြောက်
ဆိတ်မသီခင် ကဝိမြှောက်
လူလည်းမကောက် နတ်မကောက်
ဇီးခြောက်။

ခွီးပတုန်း ဂေါင်းတုံးချင်းအတူတူ
သူတော်က တမူးအပို လျှူ။

လူကိုဖျက်အရက်
ဝါးကိုဖျက် ဝါးမျက်
မိုးဦးကျ ငပြီမတက်
ကျွဲတဖက် နွားတဖက်
ဘုရားပြီး ငြမ်းဖျက်
ခြီမျက်စိလောက် ဇောက်မနက်
ဆံပင်ကအမြစ် မုဆိတ်ကထွက်
ဖောင်ပျက် ကျောင်းပျက် အထည်ကြီးပျက်။

ကြက်မတွန်လို့ မိုးမလင်း
ဘုန်းကြီးမှာ သတင်း
လူမှာ အခြင်း
လည်အားကြီး ခွီးနင်း
ကုတ်ကမြင်း
လေးကွင်နင်း။

အရိုးကိုက်
နောက်ကနွား ကောက်ကောက်လိုက်
ချောင်းသားတုတ်ခါ ငဖယုံမကိုက်
ဟောင်ရေခွီးမကိုက်
မြီနိမ့်ရာ လှံစိုက်
နွားကွဲကျားကိုက်။

ပြူလိုက်ထွက်လိုက် လိပ်ဂေါင်း
သီချင်ရေကျား တောပြောင်း
ခွီးမသားပြောင်း
ယောက်ဖနွား အလကားကျောင်း။

ဆရာကဝိ အာစရိ ဂျီဝါဂျီဝိ
နွားထီးမှန်း နွားမမှန်း မသိ
ဘုမသိ ဘမသိ
လျှာမှာ အရိုးမဟိ
ကျောင်းမှန်းကန်မှန်း မသိ
ပဒကာပင်ပိုင် အနှစ်မဟိ
ယုန်ထောင် ကြောင်မိ။

ပိဋကတ် သုံးဖုံ
သုံးဆယ့်တဖုံ
အယင်ခါ အောင်ပြည့်စုံ
အေဂု ပြောင်သလင်းကုန်
သံဖရာသီး ခွဆုံ
ဖားကိုတုလို့ ခရုခုန်
စစ်မရောက်ခင် မျှားကုန်
ဥပမာစုံ ရခိုင်စကားပုံ။

ကျွဲအာသီး စာအုပ်ကြီး
မသိကေမီး မစင်ကေဆီး
ကျည်ကုန်သေနပ် တုံးပိုင်းထက်လီး
အိမ်ကလဆွီး မောင်းကာကြီး
မစားရရေခွီး ဂေါင်းညီး
ကျွဲနား စောင်းတီး
ကိုယ့်ငပိ ကိုယ်မွှီး
အဆောက်ထက် အမောက်ကြီး
အားနာလို့ ဘူးသီး
ကြီးလီချဉ်လီ သံဖရာသီး
ပေါ်စခရမ်းသီး ထပ်ချင်းညီး
စားခါငကျော် ယော်ခါငကျီး
ထောင်မှာကျ လကန်းကြီး
ကောက်ရိုးမီး
အကောင်ကြီးလို့ အလီးမစီး
အားလာကြီး။

ကာလနဂါးမိုးလင်းလို့ မနိုး
ကျားကိုကြောက်လို့ ဆင်ကြီးကိုး
ဆင်ကြီးကျားထက်ဆိုး
ဝက်ထီးအားကိုး တိုးနိုး
အလုပ်မဟိ ကြောင်ရီချိုး
နောက်ကျ လဒမှာအရိုး လူမှာအိုး
ကုလားဖန်ထိုး
အရိပ်ကိုခို အခက်ကိုချိုး။

မိုးလင်းခဲဝါ
မှိုရမျက်နှာ
ဝမ်းရီဆာ
ယနာနာ
နှစ်ပိုင်းတပွာ
ကြောင်နံသာ
ပရွက်စိတ်မလာ သကာလာ
မပီကလာ ပီကလာ
ဗလိမဟုတ် ကဏန်းမဟုတ် ဒုံကျာ။

ဝက်ကိုအစာကျွေးစွာ ချစ်လို့မဟုတ်
ငဖယုံကိုက်ခါ ချောင်းသားမတုတ်
ဝမဟိဘဲ ဝိလုပ်
ပုဇွန်ဖြူငါးမဟုတ်
အစားမတော် တလုတ်
ကျောက်ကမမြုတ် ဗူးခေါင်းမြုတ်။

လုပ်စား မိုးခေါင်
ခိုးစား ခွီးဟောင်
ဓမြတိုက် အချုပ်ထောင်
ကိုက်တေခွီး မဟောင်
ဝမ်းပြည့်ဝမ်းရောင်
သီချင်ရေနွား တောနားယောင်
မျောက်မှာသပြာရယှောင်
ကဏန်းပိုင် လက်မထောင်
ငါးယောက်ပေါင်း ငါးတန်းမအောင်
ဆိတ်ကျပ်လို့ ဆင်ချောင်။

မကောင်း ကျောင်းပို့
ကြွက်မနိုင် ကျီမီးလျှို့
ကြက်ရိနာကျယှောင် ငိုက်လို့။

မစားရရေအမဲ တွန်းဆီးပစ်
လဒထိပ်ပိုင် အထစ်အထစ်
ကိုယ်ခြီလီမဖြစ်
တပ်ပျက်မှာ ဗိုလ်ဖြစ်
ငါးစိမ်းမြင် ငါးကင်ပစ်
ကုန်းထက်မှာ ကွန်ပစ်
လှမ်းမမှီ လက်ခဲပစ်
ချစ်လည်းချစ် ဖျစ်လည်းဖျစ်။

အပြင်မှာ လက်အုပ်ချီမိုး
အတွင်းမှာ (-----) (အသေဆိုး) (ခွေးသူခိုး)။

မရခါ ခြီကိုင် ရခါ ဆံကိုင်
ကိုယ်ဖော်ဆီးကိုယ်မနိုင်
လဒမှိုင်မှိုင် အခန်းဒေါင့်မှာ ထောင့်ခြောင်ထိုင်။

ဆင်လားလမ်းမလို
နွားလား ကမ်းပြို
နခေါင်းငို။

အိုးမပူဘဲ ခွက်ပူ
ခွီး တူ ဝက် တူ။

မှန်ကင်းတလှည့် ထင်းတလှည့်
လှည်းလည်းမလှည့် ကြည့်လည်းမကြည့်
ကျောက်ရုပ်ခြင်္သေ့။

ဗုံကမကျယ် ပတ်ကကျယ်
ဆံပင်ထက် မုဆိတ်ရှည်
လူကအစိတ်ကေ စိတ်ကနတ်ပြည်
ကြာကလပ်မှာ ကြွက်သိုက်တည်။

နွားပြီးရာမှာ ဖျာဆိုးရွင့်
ဘူးသီးရင့်ရင့် ဝမ်းကြင့်ကြင့်
အိုးမလုံ အုံပွင့်
လက်ပံပင်မှာ ချရားပွင့်
ရီကမမြင့် ကြာကမြင့်။

(မောင်ပေါက်တူး)
January 5 , 2024 (Friday)(သောက္ကြာနိ)







No comments:

Post a Comment