Saturday, May 6, 2017

လိပ်ဂေါင်း

လိပ်ဂေါင်း
=====

မိုးခါသား
ရွီစွတ်နီရေ လမုသားနှင့်
ထမင်းချက်တေပိုင်
လိပ်ဂေါင်းထွက်ယောင်
ပြောင်းကျည်နှင့်မီးမှုတ်လို့ မတောက်
မီးခိုးအလှိုင်းပြတ်
ထမင်းလည်း ဖောက်ဆပ်
မနပ်တနပ်
စားခီကေ အစာမကြီ --။

ရခိုင်သားကို ရခိုင်စာရွီးကတ်မေ
ပြောခီကေ
ရီစွတ်နီရေ လမုသားနှင့်
ထမင်းချက်ရစွာထက် ညှက်တေ
လိပ်ဂေါင်းရာထွက်ဖို့
အားလုံး ယဉ်ပျက်တိကျည်းယာ
မြန်မာကဗျာ မြန်မာစာ
မဂ္ဂဇင်းစာတအုပ်မှာ
ဆောင်းပါးတပုဒ်ပါလာစွာနှင့်
လူကြီးလူကျယ် ခါးချေမှာလက်ထောက်
မြှောက်လီ မြောက်လီ
စောင်းကီစောင်းကန်း
မောင်ငယောင်းမှာ
ပြောင်းကျည်လွမ်း --။

ထိပ်မကောင်းကေ
လိပ်ဂေါင်းထွက်ယောင်
မှုတ်ပါလီဖိ ငါ့သျှင် --။

(သာလှဦး)(April 27, 2017)(ကသစ်ဗုဒ္ဓိနိ)

ဒေါင်းပြောက်

ဒေါင်းပြောက်
=========
ဒေါင်းပြောက်အချစ်နှင့်
တော်လှန်ရီးမလုပ်သင့်
အများမကြာ လက်နက်ချဖို့ --။

အခေါင်းကျယ် ပြောင်းကျယ်လို့လည်း
လွတ်လပ်ရီးကို
ကောင်းရေ ကောင်းရေ မအော်သင့်
အများမကြာ ဒူးထောက်ဖို့ ---။

(သာလှဦး)(April 27, 2017)(Thursday)(ကသစ်ဗုဒ္ဓိနိ)

ရလီတခါ

ရလီတခါ
======

အခုခေတ်က ပဇောင်ပိုင်လေ
ဒေနိ ဒုံးပေါက်ဆောက်နီပါယင့်
ဇာမဟုတ်တေ ငနဲတိက
ဂေါင်းပေါင်းစွပ်လို့ အမတ်ဖြစ်တေ --။

လွှတ်တော်တက်ကေ မြင်ပါရေ
ဘိန်းစားပိုင်ယှောင် ငိုက်လို့
စစ်တပ်က အမတ်တိ
ခြူးခြူးမွှမ်လို့ အိပ်ပျော် --။

ထလို့ပြောကေ မစားသာ
တူကိုနာနာ ထုပါလို့
လွှတ်တော်က ငှက်ကဥ
စတုဒီသ မျက်နှာ --။

ရွီးကောက်ပွဲ ၀င်ရေခါ
ဟောင်ဖွာဟောင်ဖွာ ပြောပါလို့
လွှတ်တော်ထဲ ရောက်ခါက
ပါးစပိတ်လို့ တခွန်းမအော် --။

နောက်တခေါက် ပေါ်လာကေ
မတ်ရို့ပိုင်ယှောင် အမတ်တိကို
ခွီးနန့် စိုးတိုက်လို့
(နောက်က) ကျောက်ကန်ပစ်လိုက်မေ --။

(ဟေး...လေး လေး. လေး. လေး)

(သာလှဧူး)(မြောက်ဧူး)