ကကြီးခငယ်
========
နတ်ပြည်ခြောက်ထပ်
ထက်အာကာမှာ ကြာကလပ်နှင့်
တလတ်လတ်ကေ ဖြတ်ဖြတ်တောက်လို့
စိန်ကျောက်ရတနာ
စေတီတော်လေ ဘောင်းတော်ဖျားမှာ
ဝင်းလို့ဝါ။
ဆရာတော် သျှင်ကျော်ကျောင်းမှာ
ကကြီးခငယ် သုံးဆယ်သုံးလုံး
နမောတဿ စလို့သင်ကေ
မောင်သျှင်လုံးလုံး
ကျောက်သင်ပုန်းနှင့်။
သုံးလေးငါးခြောက်
အမြှောက်အလီ ရွီလို့တွက်
အမြှုတ်ထွက်ယောင် ကျက်ရရေ။
ကျက်ယင်းကျက်ယင်း မျက်စိနှိတ်
အိပ်လို့လည်းပျော် ဆရာတော်
တုတ်ကြိမ်လုံးနှင့် နှိုးလို့ဆော်။
မခံချင် မောင်သျှင်လူထွက်
ကုလားကွက်
ချောင်းကမ်းနားမှာ ရှာလို့စားကေ
ငါးမပွက်။
နာလို့ကြင် မောင်သျှင်ကြိုးစား
စွမ်းပကား
ထက်အာကာမှာ ကြိုးကြာငှက်ယှောင်
တက်လို့ပျံကေ
ဈာန်နှင့်လားလေ ဈာန်နှင့်လား။
(အောင်လှခိုင်)
October 31, 2021 (Sunday) (တလင်္ဂုနီနိ)
========
နတ်ပြည်ခြောက်ထပ်
ထက်အာကာမှာ ကြာကလပ်နှင့်
တလတ်လတ်ကေ ဖြတ်ဖြတ်တောက်လို့
စိန်ကျောက်ရတနာ
စေတီတော်လေ ဘောင်းတော်ဖျားမှာ
ဝင်းလို့ဝါ။
ဆရာတော် သျှင်ကျော်ကျောင်းမှာ
ကကြီးခငယ် သုံးဆယ်သုံးလုံး
နမောတဿ စလို့သင်ကေ
မောင်သျှင်လုံးလုံး
ကျောက်သင်ပုန်းနှင့်။
သုံးလေးငါးခြောက်
အမြှောက်အလီ ရွီလို့တွက်
အမြှုတ်ထွက်ယောင် ကျက်ရရေ။
ကျက်ယင်းကျက်ယင်း မျက်စိနှိတ်
အိပ်လို့လည်းပျော် ဆရာတော်
တုတ်ကြိမ်လုံးနှင့် နှိုးလို့ဆော်။
မခံချင် မောင်သျှင်လူထွက်
ကုလားကွက်
ချောင်းကမ်းနားမှာ ရှာလို့စားကေ
ငါးမပွက်။
နာလို့ကြင် မောင်သျှင်ကြိုးစား
စွမ်းပကား
ထက်အာကာမှာ ကြိုးကြာငှက်ယှောင်
တက်လို့ပျံကေ
ဈာန်နှင့်လားလေ ဈာန်နှင့်လား။
(အောင်လှခိုင်)
October 31, 2021 (Sunday) (တလင်္ဂုနီနိ)
No comments:
Post a Comment