Monday, May 12, 2025

သင်္ချိုင်းကုန်းဇရပ်က တခန်းရပ်ပြဇတ်



သင်္ချိုင်းကုန်းဇရပ်က တခန်းရပ်ပြဇတ်
=====================

ပန်းကုံးစွပ်ဖို့လားမှတ်တေမှာ
ပန်းကုံးမစွပ်
ပန်းကွင်းရာ လာစွပ်။

လက်ကမ်းလို့
ဖက်နမ်းကတ်ဖို့လားမှတ်တေမှာ
စမ်းဖီစမ်းဖတ်
"ကောင်းရသုဂတိလားပါစီ" လတ်။

သာလှဧူးကို
အရူးအမူးချစ်ကတ်။
လမ်းခွဆုံမှာ
လေးဂွင်နင်းလို့
ဖုတ်ကြမ်းတလား ကကတ်။

တယောက်က
လက်ကိုင်ပုဝါချေအုပ်
မျက်ရည်ကိုသုတ်
တချုတ်ချုတ်ငိုရေ။

အကျင့်ကောင်း
စာရိတ္တကောင်း
သူတော်ကောင်း
မင်းလောင်း
ဘုရားလောင်း။

ခေတ်မကောင်းခါ
ခေါင်းထဲက အလောင်း။

ပါရမီသျှင်
ဂရုဏာသျှင်
တိုင်းချစ်ပြည်ချစ် အမျိုးချစ်
အဖိုးထိုက်
မွန်မြတ်ရတနာ
ပြန်မရယာ။

တိုင်းပြည်အတွက်
အစားထိုးမရရေ ဆုံးယူံးမှု
ရပ်စောက်ရပ်လို့
တမိနိ ငြိမ်သက်အလေးပြု။

"စာပီရွီးခြစ်
ကလောင်ခေတ်မှီ
သုတေသီ"

"လူရာသီလား
သူကားမသီ
အာဇာနီ"

တယောက်က ကဗျာရွတ်လို့
ဂုဏ်ပြု။

ပရဟိတစိတ်ဓါတ်နှင့်
စွန့်လွှတ်အနစ်နာခံသူ။

တိုင်းပြည်အတွက်
ကိုယ်ကျိုးမဖက်
အသက်ကိုစွန့် ရဲဝံ့စွန့်စား
ပြတ်သားသူ။

လှုမှုရေးနှင့် ရပ်ရေးရွာရေး
သာရေးနာရေး
စီးပွားရေ ကျမ္မာရေး ပညာရေး
ဘာသာရေး
အလေးထားသူ။

အချစ်ရေးမှာလည်း
ခွင့်လွှတ်တတ်သူ
ပီးဆပ်တတ်သူ။

မိကောင်းဖခင်သားသမီး
ခြီမွှီးလက်မွှီး မီးမလောင်
ရွှီအဆင်းနှင့် အချင်းဆီးသူ။

သစ္စာဟိသူ ဖြောင့်မတ်သူ
စိတ်ထားမွန်မြတ်သူ
စိတ်ကောင်းနှလုံးကောင်းဟိသူ
သဘောထားပြည့်ဝသူ
အလှူဒါနရက်ရောသူ
စိတ်ထားဖြူစင်သူ
နုညံ့သိမ်မွေ့သူ
အပြစ်ကင်းစင်သူ
သီလသမာဓိနှင့်ပြည့်စုံသူ
လက်ရုံးရည် နှလုံးရည်ပြည့်ဝသူ
အကြားအမြင်ဟိသူ
အမြော်အမြင်ကြီးမြတ်သူ
ထက်မြက်ပြောင်မြောက်သူ
နာယကဂုဏ်ပြည့်စုံသူ
ဝေဖန်ထောက်ရှုသူ
ဗဟုသုတများပြားသူ
အပြောအဟောကောင်းသူ
သမာသမတ်ကျသူ
ယောက်ကျားကောင်းပီသသူ
ဥပဓိရုပ်ခန့်ငြားသူ။

စာပီဂီတ သုခုမ စွယ်စုံရ
အာဂလူ။

ပြည်တန်ပတ္တမြား
မတထောင်မှာ တကောင်ဖွား
အလွန်တရာယှားရေလူ။

မဟုတ်မခံ မမှန်မလုပ်
စစ်အာဏာသျှင်ကို တိုက်ထုတ်သူ။

စွန်းဦးတီထွင် လိုလျှင်ကြံဆ
လမ်းညွှန်နည်းပြသူ။

ရှိကဦးဆောင် ဂုဏ်ထွန်းပြောင်
နီရောင်တောက်ပလင်းစီသူ။

ဂုဏ်ဒြပ် အထပ်ထပ်
မဟာမုနိမှာ ရွှေကပ်။

လက်ကမ်းလို့
ဖက်နမ်းကတ်ဖို့လားမှတ်တေမှာ
စမ်းဖီစမ်းဖတ်
ပန်းကွင်းရာ လာစွပ်။

ဇရပ်မှာ ကမ္မာဝါစာဖတ်
မကျွတ်။

ပန်းကုံးမစွပ်
ပန်းကွင်းစွပ်သည် အရပ်
ဇရပ်။

အရပ်အခေါ်
အိပ်ပျော်။

သီခါ ချီကျူး
မသီခင် သာလှဧူး။

သီခါ တမိပေါက် တယောက်ထွန်းကား
မသီခင် စောက်ကန်းသား။

မသီခင် အထူးထူးလုပ်
သီခါ ဖူးဖူးမှုတ်။

မသီခင် ဝိုင်းကိုက်
သီခါ ဝိုင်းချစ်။

မသီခင် ဦးဆောင်
သီခါ ဖူးဖူးရောင်။

သာလှဧူး (မြောက်ဧူး)
March 10, 2023 (Friday)(သောက္ကြာနိ)



No comments:

Post a Comment