Saturday, May 10, 2025

ပေါက်ပွင့်နီနီ

ပေါက်ပွင့်နီနီ
==========


နီကလည်းပူ
ခွီးလည်းအူ။

ပူနီမကြောက်
လူတယောက်။

ဥသြသံကြား
မခံစား။

တောင်ယာကိုလား
နွားကျောင်းသား။

မလားပါလီ လားပါလီ
ရီကြိုင်ချောင်းမှာ
မြက်ကောင်းကောင်းကို စားရစီ
နွားတရွီကို
ဒုတ်တချောင်းနှင့် ကြိမ်းလို့မောင်းကေ
ကျောင်းလို့နီ။

လက်ပံပွင့်နှင့် ပေါက်ပွင့်နီနီ
တောင်ခြီရင်းမှာ ပွင့်လို့နီ
တချို့ပွင့်က ရင့်လို့ကြွီ။

ပေါက်ပွင့်ကြွီ နီရင့်ရင့်
ပေါက်ပွင့်ပွင့်ကေ ပင်မြင့်မြင့်။

အောင်လှခိုင် (ဒိုက်ကလူ)



No comments:

Post a Comment