Tuesday, December 6, 2016

လူပိန္နဲ


လူပိန္နဲ
======

မသင့်မြတ်လို့
(နဲ့) လို့ တလုံး ထောက်ပြဝေဖန် ---။

မသင့်မြတ်လို့
(ဧ့) လို့ တလုံး ထောက်ပြဝေဖန် --။

မသင့်မြတ်လို့
(မာ) လို့ တလုံး ထောက်ပြဝေဖန် --။

နောက်ဘိတ်ဆုံးမှာ
ကိုယ်ရာ မုန်းစာခံ --။

ပိန္နဲသီးကို ဒုတ်နှင့်သတ်လို့ မှည့်ကေလည်း
လူပိန္နဲကို ဒုတ်နှင့်သတ်လည်း မမှည့် --။

(သာလှဦး)
December 5, 2016 (င်္အဂါနိ)။

ရခိုင်သား ဆရာကြီး


ရခိုင်သား ဆရာကြီး
=============

ဆရာကြီး၏ကဗျာ
ကာရန်က လှပါ၏ --။

 ဆရာကြီး၏စာ
ဂန္တ၀င်မြောက်ပါ၏ --။

စာပီရသ ဗဟုသုတ
စွယ်စုံရပါ၏ --။

သို့ပါသော်လည်း
ဆရာကြီး၏ကဗျာ
မြန်မာပိုင်ပါ --။

အချေခါကြိုက်ကေလည်း
အခု မကြိုက်လိုက်ပါယာ --။

 ဝေဖန်ကေ မာန်မပါတန်း
တည့်တည့်ပြောရကေ
စစ်တွေထုတ် ရခိုင်မဂ္ဂဇင်းနှင့်
မဆလခေတ်မှာ
စော်လည်စွာပါရာ ဆရာကြီး --။

အမျိုးချစ်စွာ
ကိုယ့်စကားနှင့်ချစ်လို့မရလား --။

(မုန်းစာတုံးချေ)

Saturday, December 3, 2016

ရခိုင်ပြည်


ရခိုင်ပြည်
======

မိုးရီချိန်လက်မ (၂၀၀) ကျော်ရွာပြီးကေ
ရီယှားရေ တိုင်းပြည် --။

ကိုယ့်စာကို ကိုယ့်စကားနှင့်မရွီး
သူများစကားနှင့် အငှားရွီးရေ တိုင်းပြည် --။

ရွှေကျင် သုဓမ္မ ကံဒွါရ
မြန်မာဘုန်းကြီးဂိုဏ်းတိ ထွန်းကားရေ တိုင်းပြည် --။

စေတီအပြိုအပျက်နှင့်
ဘုရားမျက်ပြူးပေါရေ တိုင်းပြည် --။

အမြင်ကျယ် အာကျယ် လူကျယ် လူတွင်ကျယ်
(---) ကျယ်တိများရေ တိုင်းပြည် --။

ရခိုင်ပြည်မှာနီပြီးကေ
ကုလားခွတ်လို့
ထွက်ပြီးရရေ တိုင်းပြည် --။

အဆိုးထုပ်နှင့်
အညှက်ဆိုးပေါရေ တိုင်းပြည် --။

အာရီယံဆိုပြီးကေ
အသားမဲရေ တိုင်းပြည် --။

ဘုရားပွဲမှာ
ခရမ်းသီးဇတ်ကရေ တိုင်းပြည် --။

တော်လှန်ရီးလုပ်တိုင်း
ဒုံးပေါက်ဆောက်တေ တိုင်းပြည် --။

ရခိုင်ဧက ဒွေးမရ
အမည်နာမမှာ
မင်းရူးများရေ တိုင်းပြည် --။

လိမ္မာမြင်ပြင်း ဆင်းရဲအားရ
ကြွယ်ဝမနာလို ကိုယ့်ထက်သာမကြိုက်
အမိုက်လေးပါး ထွန်းကားရေ တိုင်းပြည် --။

ပါတီဥက္ကဌက
မဲမရရေ တိုင်းပြည် --။

ဓည၀တီပက္ခဒိန်ကို
မြန်မာနိနှင့်ထုတ်တေ တိုင်းပြည် --။

အမျိုးသားနိတခုတည်းကို
(နိန့်) (နေ့) (နိ့)(နိ)
လေးစိကွဲရေ တိုင်းပြည် --။

တတိုင်က (နဲ့)
တတိုင်က (ဧ့)
တတိုင်က (မာ)
ရခိုင်ဝဏ္ဏအက္ခရာ ထွန်းကားရေ တိုင်းပြည် --။

ကျောက်စာနှင့်
မျောက်စာထွန်းကားရေ တိုင်းပြည် --။

အတတ်ဆန်းနှင့်
အချွန်းတပ်တိများရေ တိုင်းပြည် --။

မြန်မာ (တစ်) ကေ ရခိုင် (တစ်)
မြန်မာ (ပြူး) ကေ ရခိုင် (ပြူး)
သာလှဦးတိပေါရေ တိုင်းပြည် --။

ရခိုင်မဂ္ဂဇင်းကို
မြန်မာပိုင်ယှောင်ရွီးရေ တိုင်းပြည် --။

ရခိုင်ဖြစ်ပြီးကေ
မြန်မာကို မဲပီးရေ တိုင်းပြည် --။

မြန်မာစစ်တပ်မှာ
ရခိုင်သား သူရဘွဲ့ရရေ တိုင်းပြည် --။

သဇင်
ရိုးထက်မှာ မပွင့်
တုံးထက်မှာပွင့်ရေ တိုင်းပြည် --။

ရခိုင်ဘုရင်
ပုဏ္ဏားခေါင်းပေါင်း ဆောင်းရေတိုင်းပြည် --။

အိမ်ကထွက်တေ (Gas) ကို
သူများတိုင်းပြည်ရောင်းပြီးကေ
ထင်းနှင့် ထမင်းချက်တေ တိုင်းပြည် --။

မြစ်ချောင်းအင်းအိုင်ပေါပြီးကေ
ရီအားလျပ်စစ်မဟိရေ တိုင်းပြည် --။

ပင်လယ်လီကို လျှူ
ဝမ်းပူပူနှင့်
လီအားလျပ်စစ်ထုတ်တေ တိုင်းပြည် --။

နွီခါ ရီခမ်း
မိုးခါ ရီကြီးရေ တိုင်းပြည် --။

လူဂတုံးနှင့်
တောင်ဂတုံးပေါရေ တိုင်းပြည် --။

သစ်ပင်ကို ခွတ်
ပြန်မစိုက်တတ်တေ တိုင်းပြည် --။

ပင်လယ်ကမ်းစပ်မှာ မွီးပြီးကေ
ထိုင်းဘုတ်မှာ
ငါးဖမ်းလုပ်တေ တိုင်းပြည် --။

(ဖက်ခွက်) ကို
(ယောက်ဖ) ခေါ်ရေ တိုင်းပြည် --။

(ဗချီး) က
(ယခီး) လို့ ခေါ်ရေ တိုင်းပြည် --။

"မြေပွေးနဲ့ရခိုင်တွေ့ရင်
ရခိုင်ကို အလျင်သတ်"
"မြေခွေးမြန်မာ တတူလာ
မြန်မာကိုသတ် ခွီးကိုလွှတ်"
"(ဗ) ပါကေ (ဗူး) ပင်ကိုလည်းခွတ်"
လှောင်ကြက်အချင်းချင်း
အိုးမဲသုတ် ခွတ်နီကတ်တေ တိုင်းပြည် --။

ဇန္န၀ါရီလ (၁) ရက် "ရခိုင့်တော်လှန်ရီးနိ" ကျ
ကျင့်ပကတ်ဖို့ သတိမရ
ဒီဇင်ဘာလ (၃၁) ရက် "လဒမှိုင်နိ" ကျ
အခြင်းကြီးချ ငိုကတ်တေ တိုင်းပြည် --။

ဆုတ်လခြမ်း
လေးခြမ်းခြမ်းရေ တိုင်းပြည် --။

ဘုရားရောက်တေဆိုပြီးကေ
ကရားငါးပါးမှောက်တေ တိုင်းပြည် --။

"သာကီဝင်" လို့
ဘ၀င်မြင့်ပြီးကေ
အောက်ခြီလွတ်တေ တိုင်းပြည် --။

ဝါးလုံးခေါင်းထဲက
လပရေ တိုင်းပြည် --။

ခြင်ထောင်ထဲက
ပစိကိုက်ပြ လျှာထုတ်ပြ
လက်သီးဆုတ်ပြ သွားခြဲပြ
မျောက်ခြောက် တိုင်းပြည် --။

တွင်းအောင်းဖား
အသံကြောင့်သီရေ တိုင်းပြည် --။

မမနှင့်နှုံးရန်ဖြစ်
မဆီမဆိုင် ပရံလူကို
အမိအဖနှင့်တရစ် တိုက်ခိုက်
အောက်တန်းစားတိလည်း ဟိရေ တိုင်းပြည် --။

တခုပြီးတခု
ပြဿနာစု
မလာဥ တိုင်းပြည် --။ ။

(ရခိုင်ပြည်)
ဇန္န၀ါရီ (၁) ရက် ရခိုင့်တော်လှန်ရီးနိကို မကျင့်ပ။ ဒီဇင်ဘာ (၃၁) ရက် ၂၀၁၆ လဒမှိုင်နိအကြို ရွီးစပ်သည်။ :)

ရခိုင်သမ ဆရာမ


ရခိုင်သမ ဆရာမ
==========

ဆရာမ၏ကဗျာ
ကာရန်က လှပါ၏ --။

ဆရာမ၏စာ
ဂန္တ၀င်မြောက်ပါ၏ --။

စာပီရသ ဗဟုသုတ
စွယ်စုံရပါ၏ --။

သို့ပါသော်လည်း
ဆရာမ၏ကဗျာ
မြန်မာပိုင်ပါ --။

အချေခါကြိုက်ကေလည်း
အခု မကြိုက်လိုက်ပါယာ --။

ဝေဖန်ကေ မာန်မပါတန်း
တည့်တည့်ပြောရကေ
စစ်တွေထုတ် ရခိုင်မဂ္ဂဇင်းနှင့်
မဆလခေတ်မှာ
စော်လည်စွာပါရာ ဆရာမ --။

(မုန်းစာတုံးချေ)

ငါးကင်


ငါးကင်
=====
ငါးသတ္တ၀ါ
အစာကိုရာ မြင်
မျှားကို မမြင်
မကြာခင်
ငါးကင်ဖြစ်လိမ့် အလျင် --။

(သာလှဦး) December 2, 2016 (သောက္ကြာနိ)။

ငါ၏အဘိဓမ္မာ (၂)


ငါ၏အဘိဓမ္မာ (၂)
=========
အနောက်တိုင်း အဘိဓမ္မာမှာ
အသက် (၄၀) မှ လူ့ဘ၀စ --။

ငါ့အဘိဓမ္မာမှာ
အသက် (၆၀) ထိ လူ့ဘ၀မစ --။

ကုန်လွန်ခရေ ကာလ
အရည်မရ မဖတ်မရ --။

သက္ကရာဇ်ရာကြီး
င်္သချိုင်းနှင့်ရာနီး
အကောင်ကြီးလို့ အလီးမစီး --။

(သာလှဦး) December 2, 2016 (သောက္ကြာနိ)

ငါ၏အဘိဓမ္မာ


ငါ၏အဘိဓမ္မာ
===========

သင်၏အဘိဓမ္မာမှာ
God is Love.
ဘုရားသခင်သည် ချစ်ခြင်းမိတ္တာဖြစ်တော်မူ၏ --။

ငါ၏အဘိဓမ္မာမှာ
Love is God.
ချစ်ခြင်းမိတ္တာသည် ဘုရားသခင်ဖြစ်တော်မူ၏ --။

သင်၏အဘိဓမ္မာမှာ
Might is Right.
အင်အားသည် အမှန်တရား --။

ငါ၏အဘိဓမ္မာမှာ
Right is Might.
အမှန်တရားသည် အင်အား --။

(သာလှဦး)
December 2, 2016 (သောက္ကြာနိ)။