Wednesday, April 14, 2010

က၀ိအမော် ရခိုင်မဟာပညာကျော်


ရခိုင်ပြည်ကြီး လွတ်လပ်ရီးတွက်
အသက်ကိုပီး သွီးချောင်းစီးလော့
လက်သီးလက်မောင်း ဖြောင်းဖြောင်းဆန့်တန်း
လမ်းကောင်းညွှန်ပြော သူဆော်သြ၏ --။

အမျိုးဘာသာ သာသနာမှာ
ကွယ်ကာမပျောက် တိမ်းမမှောက်အောင်
ဂုဏ်ရောင်ဘုန်းမီး ညီးညီးတောက်အောင်
အာပေါက်အောင်ပြော သူဆော်သြ၏ --။

သို့ပါသော်ငြား
သူဆော်သြစာ ကဗျာမှာကား
မြန်မာပိုင်ယှောင်ဖြစ်နီသတည်း --။

သူများနခေါင်းနှင့် အသက်လျှူ
သူများလျှာနှင့် အငှားယက်ကေ
မရှက်လားဝေး သူငယ်ချင်း --။

မြင်လိုက်ကေပင် အံလိုက်ချင်သည်
ရင်မှာ နလုံးပျို့သောကြောင့် --။


(၀ရင်းတုတ်)

Saturday, April 10, 2010

ပြည်ကြီးရခိုင်


ရက္ခပူရီ၊ တိုင်းဌာနီကား
ရီကြိုင်မြမြ၊ ဂစ္ဆပနှင့်
စိမ်းမြညိုရောင်၊ ရိုးမတောင်နှင့်
ကမ်းမြောင်ရှည်စွာ၊ ပင်လယ်ပြာနှင့်
ရောင်ဝါသွယ်ဖြာ၊ သာသနာနှင့်
စိုင်လာသမိုင်း၊ ဤတိုင်းနိုင်ငံ
နက်သန်ဘုမ္မိ၊ ရာဇ၀င်ဟိ၏ --။

ရက္ခပူရီ၊ ဤသည်နိုင်ငံ
အောင်လံဝင့်ဝင့်၊ ထီးဖွင့်နန်းတည်
ပိတောက်စည်နှင့်၊ နယ်ပြည်သမုဒ်
အချုပ်အချာ၊ အာဏာပိုင်စိုး
မြင်းမျိုးသိန္ဓ၀၊ ကေသရာဇာ
ဗျာလပဉ္စရူ၊ ဆင်ဖြူဆင်နီ
သက်သီသာဓက၊ သင်္ဂေတနှင့် --။

ရက္ခပူရီ၊ ဤမြီဇာတိ
သီရိမဟာ၊ ရာဇာသွီးရင်း
မြတ်ခြင်းသီလ၊ စောင့်ထမျိုးရိုး
ထိန့်ကြိုးငလျင်၊ ပဲ့တင့်ဟိန်းဟိန်း
ဗြိန်းစောင်းသံပြိုင်၊ စည်တော်မြိုင်နှင့်
ရခိုင်သားသွီး၊ ထိန်ထိန်ညီးသည်
ဘုန်းမီးနီလတောက်ထွန်းတည်း --။

(နရသီဟ)

Friday, April 9, 2010

ကျွန်ခွီး (သို့မဟုတ်) ဖက်ခွက်ယက်


ကျွန်ခွီး (သို့မဟုတ်) ဖက်ခွက်ယက်
========================

ယောက်ဖစကား ချီးလို့ငှားလို့
ရွီးလို့ခြီလား သကာစား --။

သကာစားမှာ ဇာတိနာ
ဖျောက်လို့ဖျက်လို့ မရပါ --။

တော်လှန်ရေးကို ဗန်းပြ
ပစက ယောက်ဖယောက်ဖ
ချမကျ --။

ဘာသာရေးကို ဗန်းပြ
ပစက ယောက်ဖယောက်ဖ
ချမကျ --။

သာရေးနာရေးကို ဗန်းပြ
ပစက ယောက်ဖယောက်ဖ
ချမကျ --။

နတ်ပူးစွာမှာတောင်က
ပစက ယောက်ဖယောက်ဖ
ချမကျ --။

ထိုဝပ်ဆိုက်ကိုကြည့်လည်း
ပစက ယောက်ဖယောက်ဖ
ချမကျ --။

ဒေ၀ပ်ဆိုက်ကိုကြည့်လည်း
ပစက ယောက်ဖယောက်ဖ
ချမကျ --။

ထိုသတင်းကိုဖတ်လည်း
ပစက ယောက်ဖယောက်ဖ
ချမကျ --။

ဒေသတင်းကိုဖတ်လည်း
ပစက ယောက်ဖယောက်ဖ
ချမကကျ --။

အာရီယံမဟုတ် ဘီဟာရီယုတ်
ခွီးပုတ်လောက်ကျ
ကြောက်ကြီးသံဖက်
ဖက်ခွက်ယက်
တပျက်ပျက်လေ တပျက်ပျက် --။

(ထိုးကန်းချေ)

Saturday, April 3, 2010

သုတေသီ


သုတေသီ
======

သုတေသီဟု ပညတ်ပြုလျှက်
ဗဟုသုတ လွန်ကြွယ်ဝသော ဆရာ --။

မြန်မာရာဇ၀င် ကျမ်းစုံလင်ကို
ရင်သတ်မိမော ဟောပြောနိုင်သော ဆရာ --။

ကမ္ဘာ့သမိုင်း ဖြစ်စဉ်တိုင်းကို
ပိုင်းခြားဝေဖန် တိကျမှန်သော ဆရာ --။

ပိဋကတ်သုံးဖုံ အလုံးစုံကို
အာဂုံဆောင်လျှက် နှုတ်ကျက်ရသော ဆရာ --။

ရခိုင်သမိုင်း ရခိုင်စာကျ
လေ့လာကြိုးကုတ် ဖော်ထုတ်ဖို့ရန်
သူက မိကွန်ဆောင်နီ၏ --။

ဟက္ကရီကျမသား ၀မ်းဖားဖား
ကားရီကားရား ၀က်ပိုင်ယောင်လား
ဝက်ပိုင်ယှောင်စား --။