Saturday, May 17, 2025

မိုးလင်းအာရုဏ် နှင်းမြုံမြုံ

မိုးလင်းအာရုဏ် နှင်းမြုံမြုံ
=================

ကျားကုတ်ကျားခဲ
စွန်လက်သဲ
ရဲရဲချီတက်
ဝံလက်ငှက်။

လင်းယုန်တောင်ဖံ
အောင်ပွဲခံ
တိမ်ကိုခွဲလို့ ဝဲလို့ပျံ။

အဟုန်ပြင်းပြင်း
ရန်ကိုခွင်း
မိုးလင်းအာရုဏ်
နှင်းမြုံမြုံ
သဇင်ပန်းနှင့် လွှမ်းလို့ခြုံ။

အဏ္ဏဝါသား (နတ်ဆိတ်) 



No comments:

Post a Comment