=======
လော်စပီကာက
မာမာအေး အသံကြား။
နားဆိမ့်ရေ။
ပန်းဖဲဖော်က
ဆူဆူညံညံ တူထုသံ
တယောက်ချေလည်း သည်းမခံ။
သတ္တိဟိကေထွက်ပါလတ်
ကော်နှက်သူက ကော်နှက်
ခေါ်တောင်းသူက ခေါ်တောင်း။
တချို့က စာအကြောင်း ပီအကြောင်း
မင်းထီးမင်းဗာအကြောင်း
မုန့်တီရောင်းသူက ရောင်း။
အတိတ်အကြောင်းကို စမုံ့ပြန်
ဒန်းခံမှာ လီခံသူက လီခံ။
လလည်းကွယ် ပြည်လည်းဆုံး
ပြည်ဖုံးကားကို ကလကာချ
တခန်းရပ်ပြဇတ် ကသူကက ဂုတ်ကျသူက ကျ။
သံဖရာသီးခွဆုံမှာ ထိုင်
ဒုတ်ထောက်တောင်ကို ကျော်ခန့်သိမ့်
ကဗျာရွတ်သူကရွတ်။
နာမည်ကြီးထမင်းငတ်
အထည်ကြီးပျက်
ငါရို့ရပ်ကွက်ထဲမှာ။
အယင်ခါ ကျင်သန်
အေဂု (ငသရွေး)
ငါရို့ ရပ်ကွက်ထဲမှာ။
အယင်ခါ အောင်ပြည့်စုံ
အေဂု ပြောင်သလင်းကုန်
ငါရို့ ရပ်ကွက်ထဲမှာ။
အယင်ခါ ဘုရားရောက်
အေဂု ကရားငါးပါးမှောက်
ငါရို့ရပ်ကွက်ထဲမှာ။
အယင်ခါ အစိုးရ
အေဂု သူခိုးဓမြ
ငါရို့ရပ်ကွက်ထဲမှာ။
အယင်ခါ အမတ်
အေဂု ဖွတ်
ငါရို့ရပ်ကွက်ထဲမှာ။
အနောက်ရပ်က
သတ်ပုံထွင်ပြ ဦးနန္ဒလည်း
စာပီဂီတ စွယ်စုံရ၏
အာဂယောက်ျားမြောက်ပေသတည်း။
သာလှဧူး (မြောက်ဧူး)
No comments:
Post a Comment