Tuesday, May 13, 2025

မောင်သံချောင်း

မောင်သံချောင်း
==========

လက်ဖံလက်မောင်း
ခွန်အားကောင်းကောင်း
မောင်သံချောင်း။

စိတ်လည်းလွန်ကောင်း
ယောက်ဖနွား အလကားကျောင်း။

သံချောင်း သံချောင်း
မောင်သံချောင်း
ခေတ်ကမကောင်း ခရမ်းသီးရောင်း။

အလုံးကြီးကြီး
ခရမ်းသီး
စားလို့မပြီး
ထပ်ချင်းညီး။

ခရမ်းသီးဝမ်းပူ
အခေါက်ထူ
ခဲဝါဥနှင့်တူ။

ခရမ်းသီးဝမ်းဖား
ချက်လို့စား
အဘာကြီးသား
ဝမ်းကားကား။

အောက်ကျ နောက်ကျ
ယောက်ဖကိုလွမ်း အဝမ်းဖောင်းဖောင်း
တောင်စဉ်ကမ်းက မောင်သံချောင်း။

အရည်ရွှမ်းရွှမ်း အဝမ်းဟောင်းလောင်း
ခရမ်းသီးကို ဈီးမှာရောင်း။

မသိကေ ရွှေအိုး
(++++)(အာနိုး)။

သာလှဧူး (မြောက်ဧူး)


No comments:

Post a Comment