Saturday, May 17, 2025

ပန်းသဇင်

ပန်းသဇင်
========

နှင်းမိုးရာလည်းစီစီ တဝီဝီကေ
စုံညီပွင့်လန်း
သဇင်ပန်း။

တိုင်းကမ္ဘာမှာ
နှိုင်းစရာမဟိ
တိုင်းသိပြည်ကျော် ဟိုးဟိုးကျော်လေ။

ဆံကေသာမှာ ပန်ဆင်မြန်းဖို့
လက်လှမ်းဆွတ်ကေ
မြတ်နိုးစဖွယ် ပန်းမျိုးနွယ်လေ။

အခိုင်မာလေ စိုင်လာမပျက်
ရင်မှာဝှက်လို့
တွဲလက်မြဲခိုင် စောင့်စွမ်းနိုင်လို့
ရခိုင်သဇင် ပြည်သူရင်ထဲ
အသဲစွဲလေ။

အဏ္ဏဝါရိုးဟန် [နတ်ဆိတ်]



No comments:

Post a Comment