Sunday, May 11, 2025

"ရခိုင့်တော်လှန်ရီးနိ" အား ကြိုဆိုခြင်း

ဇန္နဝါရီလ (၁) ရက် နှစ်ဆန်းတရက်နိ
"ရခိုင့်တော်လှန်ရီးနိ" အား ကြိုဆိုခြင်း
=======================

ဒီဇင်ဘာ (၃၁)
ရခိုင်သားလဒမှိုင်နိကို
(---) မှာ နောက်လင်ရယှောင်
ပျော်ကြီးကျ ကျင့်ပ
တတိုင်က ကခါက ခုန်ခါခုန်
အလှပလှ ဘုံပျောက် --။

တော်လှန်ရီးလုပ်တေဆိုပြီးသနာ
"ရခိုင့်တော်လှန်ရီးနိ" ကျ
ကျင့်ပ၀န့်ရေ သတ္တိမဟိ
ဖုံပြာပြာနှင့် လဒမှိုင်မျှက်နှာတိကို
မကြာခင် မြင်တွိရဖို့ယာ --။

နှစ်သစ်ကို တော်လှန်ရီးနှင့်မကြို
အသုဘ မသာချယှောင်
အခြင်းကြီးချငိုလို့
အသူတယောက်ကလည်း မသနား
ပြင်ကကြည့်လို့
ဝိုင်းဟားနီကတ်ယင့် --။

တကမ္ဘာလုံးသားက
နှစ်သစ်ကို မင်္ဂလာနှင့်ကြိုချိန်မှာ
ရခိုင်သား ငယောင်းဖလာတိက
အမင်္ဂလာနှင့်ကြိုလို့
ကြက်သရေတုံးလိုက်တေ --။

ဇန္နဝါရီလ (၁) ရက် နှစ်ဆန်းတရက် မင်္ဂလာမိုးထက်မှာ
"ရခိုင့်တော်လှန်ရီးနိ" ကို
ကမ္ဘာထိန့်ထိန့်ကြိုးလားအောင်
အောင်စည်အောင်မောင်းတီးလို့
လက်ခေါင်းဖြောင်းဖြောင်းခတ်လို့
ခြိမ့်ခြိမ့်သဲ ကျင့်ပကတ်မည်
ဂုတ်ကျပြီးသနာ လဒမှိုင် မှိုင်မနီကတ်ကဲ့
သတ္တိဟိကေ ထွက်ပါလတ်ကတ် လူရို့ --။

(သာလှဦး)
(December 15, 2015)(အင်္ဂါနိ)။



No comments:

Post a Comment