Tuesday, May 13, 2025

လူမိုက်ရာဇဝင်



လူမိုက်ရာဇဝင်
==========

အဖသည်က နောက်မယားမြန်မာမနှင့်
ခိုးရွာလိုက်ပြီးလားခလို့
အမိသည်မှာ အချေတရွီ ဘုစုခရုတိနှင့်
မဆမဖြစ်ကျန်ခရေ --။

ယေကေလည်း ဘုစုခရုအချေတရွီ
မျက်နှာမငယ်ရအောင်
သမ္မာအာဇီ၀ လမ်းဘေးခွဆုံမှာ
ပြောင်းကျည်နှင့် မီးမှုတ်
ယပ်တလက်နှင့် ယင်လိုက်လို့
ငါရို့တိကို မုန့်တီရောင်းလို့ လုပ်ကျွေးခရေ --။

လူမွဲကိုနတ်မြင်
ကံမကောင်း အကြောင်းမလှစွာမှာ
အရာတခါ
ဇရာလာထောင်းကေ
နဂိုက လေးဟပ်ယိုင်နီစွာကို
နောက်က ကျောက်သတ်ပစ်လိုက်စွာနှင့်တူရေ --။

ဆီးရုံတက်လို့
သွီးသွင်းခီပြန်ကေလည်း
သွီးလှူသျှင်ကိုယ်တိုင်၌က
(ဧ့) ကပ်ပါလာ
အများမကြာ
အမိသည်မှာ
ဆီးရုံကဆင်းလို့ နှစ်ရက်မကြာ
ချောပါလားခရေ --။

အမိသီကျလားခကေလည်း
အားမငယ်လီပါကဲ့
မဖြစ်နိုင်ရေ
ကျောက်ထရံကို
ဂေါင်းနန့်တိုက်ဖို့
သားလူမိုက်
အသက်ဆက်ရှင်နီသိမ့်ရေ --။ ။

(ရခိုင်ပေါင်းကူး သာလှဦး)
ဇန္နဝါရီလ (၁၃) ရက် အင်္ဂါနိ။ ၂၀၁၅။



No comments:

Post a Comment